fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးအဆိပ်သင့်ခြင်း

463
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/09/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

Organophosphte ဆိုတာဟာ ဓါတုပစၥည္းတစ္မ်ိဳးပါ။ ယင္းကိုအပင္ပိုးသတ္ေဆး၊ ေပါင္းသတ္ေဆး စတာေတြမွာ အမ်ားႀကီးထည့္သြင္းထားပါတယ္။ ဒါေၾကာင့္စိုက္ပ်ိဳးေရးႏိုင္ငံျဖစ္တဲ့ ကြၽန္ေတာ္တို႔ႏိုင္ငံမွာအျဖစ္မ်ားပါတယ္။

ဘယ္သူေတြမွာပိုျဖစ္လဲ။

Organophosphate Poisoning ဟာ စိုက္ပ်ိဳးေရးလုပ္တဲ့သူေတြ၊ ၿပီးေတာ့ သူတို႔နဲ႔ဆက္ႏြယ္တဲ့မိသားစုဝင္ေတြမွာ အျဖစ္မ်ားပါတယ္။

ဘယ္လိုနည္းေတြနဲ႔အဆိပ္သင့္တာျဖစ္ႏိုင္လဲ။

ရႈမိတာ
အေရျပားနဲ႔ ခဏခဏထိေတြ႕တာ
ေသာက္သုံးမိတာ စတဲ့နည္းလမ္းေတြနဲ႔အဆိပ္သင့္ႏိုင္ပါတယ္။
အဆိပ္သင့္တာက မေတာ္တဆ လည္းျဖစ္ႏိုင္သလို တမင္ရည္႐ြယ္ခ်က္ရွိရွိ ကိုယ့္ကိုကိုယ္သတ္ေသတာမ်ိဳးလည္းျဖစ္ႏိုင္ပါတယ္။

အဆိပ္သင့္တဲ့လကၡဏာေတြကေတာ့

ေခါင္းထဲမူးေနာက္ေနာက္ျဖစ္လာတာ၊ ပါးစပ္ထဲမွာတံေတြးေတြအရမ္းမ်ားလာတာ(Salivation)၊ မ်က္ရည္ေတြအလိုလိုေနရင္း စီးက်လာတာ(Lacrimation)၊ ဆီးတအား ခဏခဏသြားခ်င္လာတာ(Urination)၊ ဝမ္းေလွ်ာတာ(Diarrhoea)၊ ဗိုက္နာတာ၊ ပ်ိဳ႕အန္တာ၊ သူငယ္အိမ္က်ဥ္းသြားတာ(Pin-point pupil) စသျဖင့္ပါ။

ဒါ့အျပင္ထူးျခားတာက Organophosphate အဆိပ္သင့္တဲ့ လူနာဆီကေန ၾကက္သြန္ျဖဴနံလိုမ်ိဳး စူးရွရွ ရနံ႔ ရတတ္ပါတယ္။ ပိုဆိုးလာရင္ သတိလစ္တာ ေမာလာတာ ေလျဖတ္သလိုျဖစ္တာ အသားတဆတ္ဆတ္ တုန္တာေတြပါ ျဖစ္ႏိုင္ပါတယ္။

ျဖစ္ျဖစ္ခ်င္း ဘယ္လိုအေရးေပၚျပဳစုရမလဲ။

ျဖစ္တဲ့ေနရာကေန ေလေကာင္းေလသန႔္ရတဲ့ေနရာကိုေ႐ြ႕ပါ။ ဥပမာ စိုက္ခင္းထဲမွာ ပိုးသတ္ေဆးျဖန္းရင္း အထက္ပါလကၡဏာမ်ားျဖစ္သူရွိပါက ျဖစ္တဲ့သူကို စိုက္ခင္းနဲ႔ေဝးရာကိုေခၚသြားပါ။ ပိုးသတ္ေဆးရည္စိုေနတဲ့ အဝတ္အစားေတြကို ခြၽတ္ေပးၿပီး အေရျပားကို ေရနဲ႔ေဆးေပးပါ။ သတိလစ္ေနပါက ေဘးတေစာင္းအေနအထား ထားေပးပါ။ ၿပီးတာနဲ႔ေဆး႐ုံကို အျမန္ဆုံးပို႔ပါ။

ပါးစပ္ထဲဝင္သြားတာ ဆိုရင္ ဝင္ၿပီးၿပီးခ်င္း ၁နာရီကေန ၂နာရီအတြင္းမွာ အစာအိမ္ေဆးတာ(Gastric Lavage) ၊ ႏွာေခါင္းပိုက္ကေနစုပ္တာ(Nasogastric tube suction) လုပ္တာမ်ိဳးလုပ္ႏိုင္ပါတယ္။ လိုအပ္ရင္ ေဆး႐ုံကအဆိပ္ေျဖေဆးထိုးေပးမွာပါ။ အဆိပ္ေျဖေဆး အမ်ားႀကီးထိုးရတာမ်ိဳးလည္းရွိႏိုင္ပါတယ္။

Organophosphate အဆိပ္မသင့္ေအာင္ဘယ္လိုကာကြယ္မလဲ။

စိုက္ပ်ိဳးေရးသမားေတြ ပိုးသတ္ေဆး၊ ေပါင္းသတ္ေဆးေတြျဖန္းတဲ့အခါ ပိုးသတ္ေဆးျဖန္းရန္အတြက္ သီးသန႔္ထုတ္ထားတဲ့ အကာအကြယ္ဝတ္စုံျပည့္ ဝတ္ႏိုင္ရင္ပိုေကာင္းပါတယ္။ အဲ့လိုဝတ္စုံဝယ္ရန္အခက္အခဲရွိပါကလည္း အက်ီရၤွည္ ၊ေဘာင္းဘီရွည္ ၊လည္ရွည္ဖိနပ္၊ လက္အိတ္၊ ႏွာေခါင္းစည္း ၊ဦးထုတ္၊ မ်က္လုံးအကာဝတ္ဆင္ၿပီးျဖန္းပါ။ ေလျပင္းတိုက္ေနခ်ိန္မွာ မျဖန္းပါနဲ႔။

ပိုးသတ္ေဆးျဖန္းေနတဲ့ေနရာမွာ အစားေသာက္စားျခင္း၊ ေသာက္ျခင္းမ်ိဴးမလုပ္ပါနဲ႔။ ပိုးသတ္ေဆးျဖန္းတဲ့အလုပ္လုပ္ၿပီးၿပီးခ်င္း ကိုယ္လက္ေသခ်ာမသန႔္စင္ဘဲ အစာေရစာ စားေသာက္ျခင္းမ်ိဴးကို ေရွာင္ပါ။ ပိုးသတ္ေဆးပုလင္းမ်ားကို (ပါကင္ပိတ္ပင္ျဖစ္ေစကာမူ) တျခားအစားေသာက္ပစၥည္းမ်ားနဲ႔ေရာေႏွာသယ္ေဆာင္လာျခင္းကိုေရွာင္ပါ။

ပိုးသတ္ေဆးပုလင္းအကုန္မ်ားကို လက္လြတ္စပယ္ လြင့္ပစ္တာမ်ိဴးမလုပ္ပါနဲ႔။ ေသခ်ာေျမက်င္းတူးၿပီး ျမဳပ္သင့္ပါတယ္။ တခ်ိဳ႕ေတာင္သူဦးႀကီးေတြက ပိုးသတ္ေဆးရည္ျပင္း၊ မျပင္းကိုအနံ႔ရႈၾကည့္တာ ဓါတ္ေျမၾသဇာကိုေကာင္း၊မေကာင္း အခ်ဥ္၊အငံ လွ်ာနဲ႔အရသာခံၾကည့္တာေတြ လုပ္တာမ်ိဴးေတြလုပ္တတ္ၾကပါတယ္။ ဒါမ်ိဴးအမူအက်င့္ေတြက အႏၲရာယ္ရွိတဲ့အတြက္ လုံးဝမလုပ္သင့္တဲ့ အမူအက်င့္ေတြပါ။

အိမ္မွာ ပိုးသတ္ေဆး၊ ေပါင္းသတ္ေဆးပုလင္းမ်ားကို သိမ္းမည္ဆိုပါက ပုလင္းမ်ား၊ ဘူးမ်ားအဖုံးကိုလုံေအာင္ဖုံးပါ။ အထူးသျဖင့္ ကေလးေတြ လက္လွမ္းမမွီတဲ့ေနရာမွာထားပါ။ ေသာက္မိ၊ ထိမိ၊ ရႈမိပါက အဆိပ္ျဖစ္ႏိုင္ေၾကာင္း အတူေနမိသားစုမ်ားကို ေျပာထားပါ။ မိမိကိုယ္မိမိသတ္ေသဖို႔အတြက္ ေသာက္ခဲ့တာမ်ိဳးဆိုရင္ သက္သာလာၿပီးေနာက္ပိုင္းမွာ စိတ္ဆရာဝန္နဲ႔ ေဆြးေႏြးျပသဖို႔လိုပါတယ္။

Author : Dr 528

 (Unicode)

Organophosphte  ဆိုတာဟာ ဓါတုပစ္စည်းတစ်မျိုးပါ။ ယင်းကိုအပင်ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စတာတွေမှာ အများကြီးထည့်သွင်းထားပါတယ်။ ဒါကြောင့်စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံမှာအဖြစ်များပါတယ်။

ဘယ်သူတွေမှာပိုဖြစ်လဲ။

Organophosphate Poisoning ဟာ စိုက်ပျိုးရေးလုပ်တဲ့သူတွေ၊ ပြီးတော့ သူတို့နဲ့ဆက်နွယ်တဲ့မိသားစုဝင်တွေမှာ အဖြစ်များပါတယ်။

ဘယ်လိုနည်းတွေနဲ့အဆိပ်သင့်တာဖြစ်နိုင်လဲ။

  • ရှုမိတာ
  • အရေပြားနဲ့ ခဏခဏထိတွေ့တာ
  • သောက်သုံးမိတာ စတဲ့နည်းလမ်းတွေနဲ့အဆိပ်သင့်နိုင်ပါတယ်။

အဆိပ်သင့်တာက မတော်တဆ လည်းဖြစ်နိုင်သလို တမင်ရည်ရွယ်ချက်ရှိရှိ ကိုယ့်ကိုကိုယ်သတ်သေတာမျိုးလည်းဖြစ်နိုင်ပါတယ်။

အဆိပ်သင့်တဲ့လက္ခဏာတွေကတော့

ခေါင်းထဲမူးနောက်နောက်ဖြစ်လာတာ၊ ပါးစပ်ထဲမှာတံတွေးတွေအရမ်းများလာတာ(Salivation)၊ မျက်ရည်တွေအလိုလိုနေရင်း စီးကျလာတာ(Lacrimation)၊ ဆီးတအား ခဏခဏသွားချင်လာတာ(Urination)၊ ဝမ်းလျှောတာ(Diarrhoea)၊ ဗိုက်နာတာ၊ ပျို့အန်တာ၊ သူငယ်အိမ်ကျဉ်းသွားတာ(Pin-point pupil) စသဖြင့်ပါ။

ဒါ့အပြင်ထူးခြားတာက Organophosphate အဆိပ်သင့်တဲ့ လူနာဆီကနေ ကြက်သွန်ဖြူနံလိုမျိုး စူးရှရှ ရနံ့ ရတတ်ပါတယ်။ ပိုဆိုးလာရင် သတိလစ်တာ မောလာတာ လေဖြတ်သလိုဖြစ်တာ အသားတဆတ်ဆတ် တုန်တာတွေပါ ဖြစ်နိုင်ပါတယ်။

ဖြစ်ဖြစ်ချင်း ဘယ်လိုအရေးပေါ်ပြုစုရမလဲ။

ဖြစ်တဲ့နေရာကနေ လေကောင်းလေသန့်ရတဲ့နေရာကိုရွေ့ပါ။ ဥပမာ စိုက်ခင်းထဲမှာ ပိုးသတ်ဆေးဖြန်းရင်း အထက်ပါလက္ခဏာများဖြစ်သူရှိပါက ဖြစ်တဲ့သူကို စိုက်ခင်းနဲ့ဝေးရာကိုခေါ်သွားပါ။ ပိုးသတ်ဆေးရည်စိုနေတဲ့ အဝတ်အစားတွေကို ချွတ်ပေးပြီး အရေပြားကို ရေနဲ့ဆေးပေးပါ။ သတိလစ်နေပါက ဘေးတစောင်းအနေအထား ထားပေးပါ။ ပြီးတာနဲ့ဆေးရုံကို အမြန်ဆုံးပို့ပါ။

ပါးစပ်ထဲဝင်သွားတာ ဆိုရင် ဝင်ပြီးပြီးချင်း ၁နာရီကနေ ၂နာရီအတွင်းမှာ အစာအိမ်ဆေးတာ(Gastric Lavage) ၊ နှာခေါင်းပိုက်ကနေစုပ်တာ(Nasogastric tube suction) လုပ်တာမျိုးလုပ်နိုင်ပါတယ်။ လိုအပ်ရင် ဆေးရုံကအဆိပ်ဖြေဆေးထိုးပေးမှာပါ။ အဆိပ်ဖြေဆေး အများကြီးထိုးရတာမျိုးလည်းရှိနိုင်ပါတယ်။

Organophosphate အဆိပ်မသင့်အောင်ဘယ်လိုကာကွယ်မလဲ။

စိုက်ပျိုးရေးသမားတွေ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေဖြန်းတဲ့အခါ ပိုးသတ်ဆေးဖြန်းရန်အတွက် သီးသန့်ထုတ်ထားတဲ့ အကာအကွယ်ဝတ်စုံပြည့် ဝတ်နိုင်ရင်ပိုကောင်းပါတယ်။ အဲ့လိုဝတ်စုံဝယ်ရန်အခက်အခဲရှိပါကလည်း အကျီၤရှည် ၊ဘောင်းဘီရှည် ၊လည်ရှည်ဖိနပ်၊ လက်အိတ်၊ နှာခေါင်းစည်း ၊ဦးထုတ်၊ မျက်လုံးအကာဝတ်ဆင်ပြီးဖြန်းပါ။ လေပြင်းတိုက်နေချိန်မှာ မဖြန်းပါနဲ့။

ပိုးသတ်ဆေးဖြန်းနေတဲ့နေရာမှာ အစားသောက်စားခြင်း၊ သောက်ခြင်းမျိူးမလုပ်ပါနဲ့။ ပိုးသတ်ဆေးဖြန်းတဲ့အလုပ်လုပ်ပြီးပြီးချင်း ကိုယ်လက်သေချာမသန့်စင်ဘဲ အစာရေစာ စားသောက်ခြင်းမျိူးကို ရှောင်ပါ။ ပိုးသတ်ဆေးပုလင်းများကို (ပါကင်ပိတ်ပင်ဖြစ်စေကာမူ) တခြားအစားသောက်ပစ္စည်းများနဲ့ရောနှောသယ်ဆောင်လာခြင်းကိုရှောင်ပါ။

ပိုးသတ်ဆေးပုလင်းအကုန်များကို လက်လွတ်စပယ် လွင့်ပစ်တာမျိူးမလုပ်ပါနဲ့။ သေချာမြေကျင်းတူးပြီး မြုပ်သင့်ပါတယ်။ တချို့တောင်သူဦးကြီးတွေက ပိုးသတ်ဆေးရည်ပြင်း၊ မပြင်းကိုအနံ့ရှုကြည့်တာ ဓါတ်မြေသြဇာကိုကောင်း၊မကောင်း အချဉ်၊အငံ လျှာနဲ့အရသာခံကြည့်တာတွေ လုပ်တာမျိူးတွေလုပ်တတ်ကြပါတယ်။ ဒါမျိူးအမူအကျင့်တွေက အန္တရာယ်ရှိတဲ့အတွက် လုံးဝမလုပ်သင့်တဲ့ အမူအကျင့်တွေပါ။

အိမ်မှာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးပုလင်းများကို သိမ်းမည်ဆိုပါက ပုလင်းများ၊ ဘူးများအဖုံးကိုလုံအောင်ဖုံးပါ။ အထူးသဖြင့် ကလေးတွေ လက်လှမ်းမမှီတဲ့နေရာမှာထားပါ။ သောက်မိ၊ ထိမိ၊ ရှုမိပါက အဆိပ်ဖြစ်နိုင်ကြောင်း အတူနေမိသားစုများကို ပြောထားပါ။ မိမိကိုယ်မိမိသတ်သေဖို့အတွက် သောက်ခဲ့တာမျိုးဆိုရင် သက်သာလာပြီးနောက်ပိုင်းမှာ စိတ်ဆရာဝန်နဲ့ ဆွေးနွေးပြသဖို့လိုပါတယ်။

Author : Dr 528

 

 

 

Previous Post

ရောဂါနှစ်ထပ်ကွမ်း

Next Post

တော်တော်စိတ်ဒုက္ခပေးနိုင်တဲ့အရေပြားရောဂါတွေ( ဆေးမတည့်လို့ဖြစ်တဲ့ အမဲကွက်တွေ) (အပိုင်း ၁)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
830
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
841
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

တော်တော်စိတ်ဒုက္ခပေးနိုင်တဲ့အရေပြားရောဂါတွေ( ဆေးမတည့်လို့ဖြစ်တဲ့ အမဲကွက်တွေ) (အပိုင်း ၁)

တော်တော်စိတ်ဒုက္ခပေးနိုင်တဲ့အရေပြားရောဂါတွေ( ဆေးမတည့်လို့ဖြစ်တဲ့ အမဲကွက်တွေ) (အပိုင်း ၂)

ကြိုတင်ကာကွယ်နိုင်သော အဖြစ်များသည့် ကင်ဆာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.