fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုယ်ခံစွမ်းအားနှင့် ပတ်ဝန်းကျင် ရှိပိုးမွှားများ

420
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/09/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ကိုယ္ခံစြမ္းအားႏွင့္ ပတ္ဝန္းက်င္ ရွိပိုးမႊားမ်ား

(Zawgyi)

ကြၽႏု္ပ္တို႔သည္ ေန႔စဥ္ႏွင့္အမွ် ပတ္ဝန္းက်င္ရွိ ပိုးမႊားမ်ားႏွင့္ ထိေတြ႕ေနၾကရသည္။ အမ်ားစုေသာ ပိုးမႊားမ်ားသည္ ကိုယ္ခံအားေကာင္းေသာ ပုံမွန္လူတစ္ေယာက္ကို ေရာဂါျဖစ္ပြားႏိုင္ျခင္းငွာ မစြမ္းႏိုင္ပါ။

ပတ္ဝန္းက်င္ရွိပိုးမႊားမ်ားသည္ နည္းလမ္းအမ်ိဳးမ်ိဳး အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ခႏၶာကိုယ္တြင္းသို႔ ဝင္ေရာက္ရန္ အၿမဲႀကိဳးစားေနၾကသည္။ ခႏၶာကိုယ့္ရဲ႕ သဘာဝကိုယ္ခံစြမ္းအားကလည္း ပိုးမႊားမ်ား ဝင္ေရာက္ၿပီး ေရာဂါ မျဖစ္ပြားႏိုင္ေအာင္ အၿမဲတြန္းလွန္ ေနပါသည္။

ေလထဲရွိ ပိုးမႊားမ်ားသည္ အသက္ရွဴလမ္းေၾကာင္းမွ တဆင့္ ခႏၶာကိုယ္တြင္းသို႔ ဝင္ေရာက္ရန္ ႀကိဳးစားၾကသည္။ ခႏၶာကိုယ္၏ သဘာဝ ခုခံစြမ္းအားကလည္း ဝင္ေရာက္လာေသာ ပိုးမႊားမ်ား ႏွင့္ ဖုန႔္မႈန႔္မ်ားကို ႏွာေခါင္းအေမႊးအမွ်င္မ်ား အသုံးျပဳ၍ အျပင္ဘက္သို႔ ျပန္လွန္ တြန္းထုတ္ျခင္းျဖင့္ လည္းေကာင္း၊ ႏွာေခါင္းထဲရွိ ႏွာေစးအခြွ်ဲအက်ိမ်ားက ဖမ္းယူလိုက္ၿပီး ႏွာေခ်းမ်ားအျဖစ္သို႔ ေျပာင္းလဲ ျခင္းျဖင့္လည္းေကာင္း၊ ေခ်ာင္းဆိုးျခင္း၊ ႏွာေခ်ျခင္း စသျဖင့္ ျပင္ပသို႔ ျပန္လည္တြန္းထုတ္ျခင္း ျဖင့္လည္းေကာင္း၊ အသက္ရွဴလမ္းေၾကာင္း တေလွ်ာက္ရွိ အခြွ်ဲအက်ိမ်ားထဲမွ enzyme မ်ား၊ Antibodies မ်ားက ဝင္ေရာက္လာေသာ ပိုးမႊားမ်ားကို သတ္ျဖတ္ေခ်မႈန္းျခင္း ျဖင့္လည္းေကာင္း ခုခံၾကသည္။ ထိုအဆင့္မ်ားကို ေက်ာ္လြန္၍ ေသြးထဲသို႔ ေရာက္လာၾကေသာ ပိုးမႊားမ်ားကို စစ္သားမ်ားသဖြယ္ အၿမဲကင္းလွည့္ေနၾကေသာ ေသြးျဖဴဥမ်ားက သတ္ျဖတ္ေခ်မႈန္းၾကျပန္သည္။

သဘာဝ၏ ခုခံစြမ္းအားမ်ား ေလ်ာ့နည္းေနတတ္တဲ့သူေတြ ကေတာ့  ေဆးလိပ္အရက္ေသာက္သုံးသူမ်ား၊ အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါအခံရွိသူမ်ား၊ ႏွလုံးေရာဂါရွိသူမ်ား၊ ခုခံစြမ္းအား ေကာင္းေကာင္း မဖြံၿဖိဳးေသးေသာ ကေလးသူငယ္မ်ား၊ ခုခံစြမ္းအား ယို႔ယြင္းလာေသာ သူႀကီး႐ြယ္အိုမ်ား၊ ခုခံစြမ္းအား က်ဆင္းေသာ ေရာဂါခံစားေနရသူမ်ား (ဥပမာ-AIDS)၊ ကင္ဆာေရာဂါ အတြက္ ေဆးကုသမႈ ခံယူေနၾကသူမ်ား၊ Corticosteriod ေဆးမ်ား ေသာက္သုံးေနသူမ်ား ျဖစ္ပါသည္။ ထိုသူမ်ားတြင္ သဘာဝကိုယ္ခံစြမ္းအားမ်ား ေလ်ာ့နည္း ေနတတ္သည့္အတြက္ သာမန္လူေကာင္းတစ္ေယာက္ထက္ ပိုၿပီးေရာဂါ ျဖစ္ႏိုင္ေခ် မ်ားပါသည္။

အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါပိုုးမႊား ဝင္ေရာက္မႈတြင္ Upper Respiratory Tract Infection လို႔ေခၚတဲ့ အေပၚပိုင္း အသက္ရွဴလမ္းေၾကာင္း တေလွ်ာက္တြင္ ျဖစ္တတ္ေသာ ေရာဂါမ်ား ႏွင့္ Lower Respiratory Tract Infection လို႔ေခၚတဲ့ ေအာက္ပိုင္း အသက္ရွဴလမ္းေၾကာင္း တေလွ်ာက္တြင္ ျဖစ္တတ္ေသာ ေရာဂါမ်ား ဆိုၿပီး အပိုင္း (၂) ပိုင္းခြဲျခားႏိုင္ပါသည္။

အာသီးေရာင္ျခင္း၊ အေအးမိ၍ အသံဝင္ျခင္း၊ ထိပ္ကပ္နာ၊ အသက္ရွဴလမ္းေၾကာင္း မွတဆင့္ ပိုးဝင္ေရာက္ျခင္းေၾကာင့္ နားျပည္ယိုျခင္း၊ ရာသီတုပ္ေကြးျဖစ္ျခင္း၊ အေအးမိဖ်ားနာျခင္း စေသာေရာဂါမ်ားသည္ ပိုးမႊားမ်ားေၾကာင့္ျဖစ္ပြားေသာ အေပၚပိုင္းအသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါမ်ား ျဖစ္ပါသည္။ ေရာဂါလကၡဏာမ်ားမွာ ေခ်ာင္းဆိုးျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ႏွာေခ်ျခင္း၊ ႏွာရည္က်ျခင္း၊ ႏွာေခါင္းပိတ္ျခင္း၊ ေခါင္းကိုက္ျခင္း၊ ဖ်ားနာျခင္း တို႔ျဖစ္ပါတယ္။

ေအာက္ပိုင္း အသက္ရွဴလမ္းေၾကာင္း ဆိုင္ရာေရာဂါမ်ားသည္ ျဖစ္ပြားပါက ျပင္းထန္ၿပီး ေသဆုံးမႈႏႈန္းလည္း မ်ားပါတယ္။ ၎တို႔တြင္ Bronchitis လို႔ေခၚတဲ့ အဆုတ္ေလႁပြန္ေလးမ်ား ေရာင္ရမ္းျခင္း ႏွင့္ Pneumonia လို႔ေခၚတဲ့ အဆုတ္ေရာင္ ေရာဂါတို႔ဟာ အျဖစ္မ်ားတဲ့ ေရာဂါေတြ ျဖစ္ပါတယ္။

တုပ္ေကြးဗိုင္းရပ္စ္ပိုး သည္ အသက္ရွဴလမ္းေၾကာင္း အေပၚပိုင္းေရာ ေအာက္ပိုင္းကိုပါ ဒုကၡ ေပးႏိုင္စြမ္း ရွိပါသည္။

ဘက္တီးရီးယား ႏွင့္ ဗိုင္းရပ္စ္ပိုးမ်ားသည္ ႏွာေခ်ျခင္း၊ ေခ်ာင္းဆိုးျခင္း၊ စကားေျပာျခင္း ျဖင့္  ေလထုထဲမွတဆင့္ အသက္ရွဴလမ္းေၾကာင္း တေလွ်ာက္ဝင္ေရာက္ ကူးစက္လာႏိုင္ပါသည္။ ထိုအျပင္ ေရာဂါရွိသူမွ ႏွာေခါင္း၊ ပါးစပ္၊ မ်က္လုံး စတာေတြကို ကိုင္တြယ္ထားၿပီး တျခားသူမ်ားကို ကိုင္တြယ္ျခင္း၊ အရာဝတၳပစၥည္းမ်ား ကိုင္တြယ္ျခင္းမ်ားမွ တဆင့္လည္း တစ္ေယာက္နဲ႔ တစ္ေယာက္ ကူးစက္ျပန႔္ပြားႏိုင္ပါတယ္။ ဒါေၾကာင့္ ေရာဂါျဖစ္ပြားေနစဥ္ ကာလအတြင္းတြင္ ေရာဂါပိုးမႊားမ်ား ပတ္ဝန္းက်င္သို႔ ျပန႔္ႏွံမႈ မရွိရေအာင္ ႏွာေခ်ေခ်ာင္းဆိုးတိုင္း လက္ကိုင္ပဝါျဖင့္ အုပ္၍ ျပဳလုပ္ေသာ အေလ့အက်င့္ကို ေမြးျမဴရပါမယ္။

ဘက္တီးရီးယား ႏွင့္ ဗိုင္းရပ္စ္ ပိုးမ်ားသည္ ပတ္ဝန္းက်င္တြင္ အၿမဲတမ္းရွိေနပါသည္။ အနည္းအမ်ား ကေတာ့ ရာသီဥတုအေျခအေန ႏွင့္ ပတ္ဝန္းက်င္ေနရာ ေပၚမူတည္ပါသည္။ ဥပမာ- မိုးရာသီတြင္ ပတ္ဝန္းက်င္၌        တုပ္ေကြးေရာဂါပိုးမ်ား မ်ားျပားစြာရွိေနႏိုင္ပါသည္။ ေဆး႐ုံေဆးခန္းမ်ား ႏွင့္ လူထူထပ္ေသာေနရာမ်ား တြင္လည္း ေလထုထဲ၌ ေရာဂါပိုးမ်ားစြာ ရွိေနႏိုင္ပါသည္။

ေရာဂါပိုးမႊားမ်ား ဝင္ေရာက္ၿပီး အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါမ်ား မျဖစ္ပြားႏိုင္ေအာင္ အထက္မွာ ေဖာ္ျပထားတဲ့ ကိုယ့္ခံစြမ္းအားမ်ား ေကာင္းမြန္ေနဖို႔ အထူးပဲ လိုအပ္ပါတယ္။ ဒါေၾကာင့္ မိမိရဲ႕ ကိုယ့္ခံစြမ္းအားေတြ အၿမဲ အသင့္အေနအထားျဖင့္ ေကာင္းမြန္ေအာင္

၁။ အာဟာရျပည့္ဝေအာင္ စားေသာက္ရန္ လိုအပ္ပါတယ္။ အထူးသျဖင့္ ဗီတာမင္ ႂကြယ္ဝေသာ အသီးအနံွ ဟင္းသီးဟင္း႐ြက္မ်ားကို ေန႔စဥ္စားသုံးေပးသင့္ပါတယ္။

၂။ အိပ္ေရးဝဝ အိပ္ဖို႔ လိုအပ္ပါတယ္။ အိပ္ခ်ိန္ကို တစ္ေန႔ ၇ နာရီ မွ ၉ နာရီ ထားသင့္ပါတယ္။

၃။ ေဆးလိပ္၊ အရက္ ေသာက္သုံးျခင္းမွ ေရွာင္ၾကဥ္သင့္ပါတယ္။

၄။ တစ္ကိုယ္ေရသန႔္ရွင္းမႈကို ဂ႐ုတစိုက္ ျပဳလုပ္ေပးရပါမယ္။

၅။ လူထူထပ္ရာ ပတ္ဝန္းက်င္မွ ျပန္လာၿပီးတိုင္း လက္ကိုဆပ္ျပာျဖင့္ ေဆးေသာ အေလ့အက်င့္ ကို ေမြးျမဴရပါမယ္။

အထက္ေဖာ္ျပပါ အေလ့အက်င့္ေကာင္းမ်ားကို ေမြးျမဴျခင္းျဖင့္ အသက္ရွဴလမ္းေၾကာင္း တေလွ်ာက္ ေရာဂါပိုးမႊားမ်ား ဝင္ေရာက္ျခင္းမွ ကာကြယ္တားဆီးၾကပါစို႔။

Author : Dr. မိုးေဆြ

(Unicode)

ကျွနု်ပ်တို့သည် နေ့စဉ်နှင့်အမျှ ပတ်ဝန်းကျင်ရှိ ပိုးမွှားများနှင့် ထိတွေ့နေကြရသည်။ အများစုသော ပိုးမွှားများသည် ကိုယ်ခံအားကောင်းသော ပုံမှန်လူတစ်ယောက်ကို ရောဂါဖြစ်ပွားနိုင်ခြင်းငှာ မစွမ်းနိုင်ပါ။

ပတ်ဝန်းကျင်ရှိပိုးမွှားများသည် နည်းလမ်းအမျိုးမျိုး အကြောင်းအမျိုးမျိုးဖြင့် ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်ရန် အမြဲကြိုးစားနေကြသည်။ ခန္ဓာကိုယ့်ရဲ့ သဘာဝကိုယ်ခံစွမ်းအားကလည်း ပိုးမွှားများ ဝင်ရောက်ပြီး ရောဂါ မဖြစ်ပွားနိုင်အောင် အမြဲတွန်းလှန် နေပါသည်။

လေထဲရှိ ပိုးမွှားများသည် အသက်ရှူလမ်းကြောင်းမှ တဆင့် ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်ရန် ကြိုးစားကြသည်။ ခန္ဓာကိုယ်၏ သဘာဝ ခုခံစွမ်းအားကလည်း ဝင်ရောက်လာသော ပိုးမွှားများ နှင့် ဖုန့်မှုန့်များကို နှာခေါင်းအမွှေးအမျှင်များ အသုံးပြု၍ အပြင်ဘက်သို့ ပြန်လှန် တွန်းထုတ်ခြင်းဖြင့် လည်းကောင်း၊ နှာခေါင်းထဲရှိ နှာစေးအခွျှဲအကျိများက ဖမ်းယူလိုက်ပြီး နှာချေးများအဖြစ်သို့ ပြောင်းလဲ ခြင်းဖြင့်လည်းကောင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း စသဖြင့် ပြင်ပသို့ ပြန်လည်တွန်းထုတ်ခြင်း ဖြင့်လည်းကောင်း၊ အသက်ရှူလမ်းကြောင်း တလျှောက်ရှိ အခွျှဲအကျိများထဲမှ enzyme များ၊ Antibodies များက ဝင်ရောက်လာသော ပိုးမွှားများကို သတ်ဖြတ်ချေမှုန်းခြင်း ဖြင့်လည်းကောင်း ခုခံကြသည်။ ထိုအဆင့်များကို ကျော်လွန်၍ သွေးထဲသို့ ရောက်လာကြသော ပိုးမွှားများကို စစ်သားများသဖွယ် အမြဲကင်းလှည့်နေကြသော သွေးဖြူဥများက သတ်ဖြတ်ချေမှုန်းကြပြန်သည်။

သဘာဝ၏ ခုခံစွမ်းအားများ လျော့နည်းနေတတ်တဲ့သူတွေ ကတော့  ဆေးလိပ်အရက်သောက်သုံးသူများ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူများ၊ နှလုံးရောဂါရှိသူများ၊ ခုခံစွမ်းအား ကောင်းကောင်း မဖွံဖြိုးသေးသော ကလေးသူငယ်များ၊ ခုခံစွမ်းအား ယို့ယွင်းလာသော သူကြီးရွယ်အိုများ၊ ခုခံစွမ်းအား ကျဆင်းသော ရောဂါခံစားနေရသူများ (ဥပမာ-AIDS)၊ ကင်ဆာရောဂါ အတွက် ဆေးကုသမှု ခံယူနေကြသူများ၊ Corticosteriod ဆေးများ သောက်သုံးနေသူများ ဖြစ်ပါသည်။ ထိုသူများတွင် သဘာဝကိုယ်ခံစွမ်းအားများ လျော့နည်း နေတတ်သည့်အတွက် သာမန်လူကောင်းတစ်ယောက်ထက် ပိုပြီးရောဂါ ဖြစ်နိုင်ချေ များပါသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုုးမွှား ဝင်ရောက်မှုတွင် Upper Respiratory Tract Infection လို့ခေါ်တဲ့ အပေါ်ပိုင်း အသက်ရှူလမ်းကြောင်း တလျှောက်တွင် ဖြစ်တတ်သော ရောဂါများ နှင့် Lower Respiratory Tract Infection လို့ခေါ်တဲ့ အောက်ပိုင်း အသက်ရှူလမ်းကြောင်း တလျှောက်တွင် ဖြစ်တတ်သော ရောဂါများ ဆိုပြီး အပိုင်း (၂) ပိုင်းခွဲခြားနိုင်ပါသည်။

အာသီးရောင်ခြင်း၊ အအေးမိ၍ အသံဝင်ခြင်း၊ ထိပ်ကပ်နာ၊ အသက်ရှူလမ်းကြောင်း မှတဆင့် ပိုးဝင်ရောက်ခြင်းကြောင့် နားပြည်ယိုခြင်း၊ ရာသီတုပ်ကွေးဖြစ်ခြင်း၊ အအေးမိဖျားနာခြင်း စသောရောဂါများသည် ပိုးမွှားများကြောင့်ဖြစ်ပွားသော အပေါ်ပိုင်းအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပါသည်။ ရောဂါလက္ခဏာများမှာ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာချေခြင်း၊ နှာရည်ကျခြင်း၊ နှာခေါင်းပိတ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်း တို့ဖြစ်ပါတယ်။

အောက်ပိုင်း အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများသည် ဖြစ်ပွားပါက ပြင်းထန်ပြီး သေဆုံးမှုနှုန်းလည်း များပါတယ်။ ၎င်းတို့တွင် Bronchitis လို့ခေါ်တဲ့ အဆုတ်လေပြွန်လေးများ ရောင်ရမ်းခြင်း နှင့် Pneumonia လို့ခေါ်တဲ့ အဆုတ်ရောင် ရောဂါတို့ဟာ အဖြစ်များတဲ့ ရောဂါတွေ ဖြစ်ပါတယ်။

တုပ်ကွေးဗိုင်းရပ်စ်ပိုး သည် အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းရော အောက်ပိုင်းကိုပါ ဒုက္ခ ပေးနိုင်စွမ်း ရှိပါသည်။

ဘက်တီးရီးယား နှင့် ဗိုင်းရပ်စ်ပိုးများသည် နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ စကားပြောခြင်း ဖြင့်  လေထုထဲမှတဆင့် အသက်ရှူလမ်းကြောင်း တလျှောက်ဝင်ရောက် ကူးစက်လာနိုင်ပါသည်။ ထိုအပြင် ရောဂါရှိသူမှ နှာခေါင်း၊ ပါးစပ်၊ မျက်လုံး စတာတွေကို ကိုင်တွယ်ထားပြီး တခြားသူများကို ကိုင်တွယ်ခြင်း၊ အရာဝတ္ထပစ္စည်းများ ကိုင်တွယ်ခြင်းများမှ တဆင့်လည်း တစ်ယောက်နဲ့ တစ်ယောက် ကူးစက်ပြန့်ပွားနိုင်ပါတယ်။ ဒါကြောင့် ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်းတွင် ရောဂါပိုးမွှားများ ပတ်ဝန်းကျင်သို့ ပြန့်နှံမှု မရှိရအောင် နှာချေချောင်းဆိုးတိုင်း လက်ကိုင်ပဝါဖြင့် အုပ်၍ ပြုလုပ်သော အလေ့အကျင့်ကို မွေးမြူရပါမယ်။

ဘက်တီးရီးယား နှင့် ဗိုင်းရပ်စ် ပိုးများသည် ပတ်ဝန်းကျင်တွင် အမြဲတမ်းရှိနေပါသည်။ အနည်းအများ ကတော့ ရာသီဥတုအခြေအနေ နှင့် ပတ်ဝန်းကျင်နေရာ ပေါ်မူတည်ပါသည်။ ဥပမာ- မိုးရာသီတွင် ပတ်ဝန်းကျင်၌        တုပ်ကွေးရောဂါပိုးများ များပြားစွာရှိနေနိုင်ပါသည်။ ဆေးရုံဆေးခန်းများ နှင့် လူထူထပ်သောနေရာများ တွင်လည်း လေထုထဲ၌ ရောဂါပိုးများစွာ ရှိနေနိုင်ပါသည်။

ရောဂါပိုးမွှားများ ဝင်ရောက်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ မဖြစ်ပွားနိုင်အောင် အထက်မှာ ဖော်ပြထားတဲ့ ကိုယ့်ခံစွမ်းအားများ ကောင်းမွန်နေဖို့ အထူးပဲ လိုအပ်ပါတယ်။ ဒါကြောင့် မိမိရဲ့ ကိုယ့်ခံစွမ်းအားတွေ အမြဲ အသင့်အနေအထားဖြင့် ကောင်းမွန်အောင်

၁။ အာဟာရပြည့်ဝအောင် စားသောက်ရန် လိုအပ်ပါတယ်။ အထူးသဖြင့် ဗီတာမင် ကြွယ်ဝသော အသီးအနံှ ဟင်းသီးဟင်းရွက်များကို နေ့စဉ်စားသုံးပေးသင့်ပါတယ်။

၂။ အိပ်ရေးဝဝ အိပ်ဖို့ လိုအပ်ပါတယ်။ အိပ်ချိန်ကို တစ်နေ့ ၇ နာရီ မှ ၉ နာရီ ထားသင့်ပါတယ်။

၃။ ဆေးလိပ်၊ အရက် သောက်သုံးခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။

၄။ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုတစိုက် ပြုလုပ်ပေးရပါမယ်။

၅။ လူထူထပ်ရာ ပတ်ဝန်းကျင်မှ ပြန်လာပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် ဆေးသော အလေ့အကျင့် ကို မွေးမြူရပါမယ်။

အထက်ဖော်ပြပါ အလေ့အကျင့်ကောင်းများကို မွေးမြူခြင်းဖြင့် အသက်ရှူလမ်းကြောင်း တလျှောက် ရောဂါပိုးမွှားများ ဝင်ရောက်ခြင်းမှ ကာကွယ်တားဆီးကြပါစို့။

Author : Dr. မိုးဆွေ

Previous Post

ကိုယ်ဝန်ဆောင်နှင့် ကာကွယ်ဆေး

Next Post

သံဓာတ်များခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သံဓာတ်များခြင်း

ရေကြီးရေလျှံခြင်းရဲ့ နောက်ဆက်တွဲများ

ကိုယ်ဝန်ဆောင်မိခင်နှင့် သံဓာတ်ချို့တဲ့ခြင်း သွေးအားနည်းရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.