fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ရေယုန် မကြာခဏပေါက်တဲ့ အကြောင်းရင်း

4.6k
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/09/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ရေယုန်ပေါက်တာကို အများစုကကြားဖူးပြီးသားဖြစ်မှာပါ။ ကိုယ်တိုင်လည်းဖြစ်ဖူးကြတာလည်းရှိပါတယ်။ ရေယုန်ပေါက်ရင်သေတတ်သလား လို့လည်း မေးတတ်ကြပါတယ်။ ရေယုန်အကြောင်းပြောကြရအောင်ပါ။

ရေယုန်ဆိုတာ Herpes လို့ ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာပါ။ Herpes Virus က ဖြစ်စေနိုင်တာတွေ အများကြီးပါ။ ဒီထဲမှာ ရေယုန်ပေါက်တာလည်း တစ်ခုအပါအဝင်ပါ။ ရေယုန် ဘယ်လိုစဖြစ်လဲပေါ့။ အသက်ရှူလမ်းကြောင်းကတစ်ဆင့်ကူးတာလည်းဖြစ်နိုင်တယ်။ အထိအတွေ့ကနေလည်းကူးနိုင်တယ်။ ရေယုံဖြစ်တဲ့သူမှာ အရည်ကြည်ဖုကပေါက်တဲ့အခါ ထွက်တဲ့အရည် ကတစ်ဆင့်ကူးနိုင်တာပါ။

ရေယုန် ပေါက်ပြီဆို နေရာတစ်နေရာမှာ အရည်ကြည်ဖုတွေ စုပြီးထွက်လာတတ်တယ်။ အရည်ကြည်ဖုမဖြစ်ခင်တည်းက နာနေတတ်တယ်။ ပြီးမှအရည်ကြည်ဖုတွေဖြစ်လာတာပါ။ ရေယုန်ဖြစ်တာမှာ တခြားဖျားနာတာမျိုးတော့အမြဲမတွဲတတ်ပါဘူး။ ဗိုင်းရပ်စ်ပိုးဝင်ပြီး ချက်ချင်းဖြစ်တတ်တာလည်းရှိတယ်။ အိပ်ရေးပျက်တဲ့အခါ ပင်ပန်းတဲ့အခါ မှ ဖြစ်တာလည်းရှိပါတယ်။

ရေယုန်ပေါက်တာက သက်ဆိုင်ရာအာရုံကြောဧရိယာမှာပဲဖြစ်ပါတယ်။ တစ်နေရာမှာဖြစ်လို့ နောက်တစ်နေရာကူးမယ်ဆိုရင်လည်း အာရုံကြောစနစ်တူတဲ့နေရာမှာပဲ ထပ်ဖြစ်တတ်ပါတယ်။ တစ်ခါဖြစ်ဖူးထားရင် နောက်တစ်ခါဖြစ်တဲ့အခါ ပထမနေရာမှာပဲ ခဏခဏ ပြန်ဖြစ်တတ်တာလည်းရှိပါတယ်။

ရေယုန်ဖြစ်ပြီးဆို ပထမတစ်ရက်နှစ်ရက် အရေပြားတစ်နေရာရာမှာ နာနေတတ်တယ်။ ဘာမှ မရှိသေးဘူး။ နောက်ပိုင်းမှ အရည်ကြည်ဖုတွေ စဖြစ်လာတတ်တယ်။ ခပ်တင်းတင်းလေးတွေပါ။ နာပါတယ်။ စပ်ဖျင်းဖျင်းလည်းခံစားရတတ်တယ်။ ဘေးလေးတွေလည်းနီနေတတ်တယ်။

ရေယုန်က ပုံမှန်အားဖြင့်တော့ ဆေးမလိုပါဘူး။ အလိုလိုပြန်ပျောက်တတ်တယ်။ ဒါပေမဲ့ ပိုများလာတယ်၊ အရမ်းနာတယ်၊ တခြား ဖျားနာတာချောင်းဆိုးတာတွေရှိလာရင် ဆေးကုဖို့လိုပါတယ်။

ရေယုန်တစ်ခုပဲ ဖြစ်နေတာကတော့ အရည်ကြည်ဖုတွေကို သန့်သန့်ရှင်းရှင်းထားပေးပါ။ လက်နဲ့ ခဏခဏမကိုင်ရပါဘူး။ ကိုယ်ခံအားကောင်းစေတာတွေ စားပေးပါ။ အသီးအနှံပိုစားပါ။ Vitamin C သောက်ပါ။ အိပ်ရေးလည်းဝဖို့လိုပါတယ်။ စိတ်မဖိစီးစေပါနဲ့။ ရေယုံပေါက်ရင်ရေချိုးလို့လည်းရပါတယ်။ ရေချိုးတာမှာ အရည်ကြည်ဖုကိုအရမ်း ပွတ်ဖို့မလိုပါဘူး။ ချိုးပြီးသေချာဖိသုတ်ပါ။ အရည်ကြည်ဖုပေါက်သွားတယ်ဆိုရင်လည်း Septadine သေချာပြန်ထည့်ပါ။

တစ်ခါတလေမှာတော့ ရေယုန်က ပွားလွယ်တယ်။ အရမ်းလည်းနာတတ်တယ်။ ရင်ဘတ်လို နေရာမျိုးမှာ ဖြစ်တယ်ဆိုရင် ဟိုဘက်ဒီဘက်နှစ်ဖက်လုံးဖြစ်နိုင်တယ်။ အာရုံကြောဧရိယာအတိုင်းဖြစ်တော့ ကိုယ်လုံးပတ်လည် ဖြစ်လာတတ်တယ်။ အရမ်းများလာတဲ့အခါ အသက်ရှူရတောင် ခက်လာတယ်။ နဂိုကိုယ်ခံအားမကောင်းရင် ပိုဖြစ်တတ်ပါတယ်။

အဲဒီလိုဖြစ်လာတယ်ဆိုရင်တော့ ဆေးသောက်ဖို့၊ ဆေးလိမ်းဖို့ လိုတတ်ပါတယ်။ ရေယုန်အတွက် ဆေးလိမ်း၊ ဆေးသောက်ဆိုရင် Acyclovir ကိုသုံးလို့ရပါတယ်။ သောက်ဆေးအနေနဲ့ကတော့ ဆေးရဲ့ ပမာဏလည်းမှန်ဖို့လိုတာကြောင့် လိုအပ်ရင် ဆေးခန်းပြရပါတယ်။ ရေယုန်က နာတတ်တာကြောင့်မခံနိုင်ရင် အကိုက်အခဲ ပျောက်ဆေး တစ်လုံးကို အစာစားပြီးသောက်ပေးလို့ရပါတယ်။ တစ်ခြားသော အာရုံကြောဆေးများလည်း သောက်ပေးလို့ရပါတယ်။

ရေယုန်ပေါက်ရင် သေတတ်လား မေးတတ်ကြပါတယ်။ ပုံမှန်ကတော့ မသေတတ်ပါဘူး။ ဒါပေမဲ့ ရေယုံအရမ်းပွားပြီး ကိုယ်ပတ်ပတ်လည် ဖြစ်လာတဲ့အခါ အသက်ရှူရခက်ခဲတတ်ပါတယ်။ အရမ်းလည်းနာပါတယ်။ ရေယုန်ဖြစ်ရာကနေပိုးဝင်သွားတာတွေဆို ပြည်တည်နာလည်းဖြစ်မယ်။ တခြားပိုးသတ်ဆေးတွေလည်း လိုကောင်းလိုနိုင်ပါတယ်။

ရေယုန်က တစ်ခါဖြစ်ပြီးရင် နောက်ထပ် ခဏခဏပြန်ပြန်ဖြစ်တတ်ပါတယ်။ အထူးသဖြင့်တော့ အားနည်းတာတစ်ခုခုဆို ပြန်ဖြစ်တတ်ပါတယ်။ ပထမနေရာမှာပဲ ပြန်ပြန်ဖြစ်တတ်ပါတယ်။ ဒါကြောင့် အာဟာရ မျှတအောင် စားသုံးဖို့ မှာကြားရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်အပ်ပါတယ်။

Author: Dr. CST

Previous Post

အရပ်ရှည်စေလိုလျှင်

Next Post

စိတ်ဓာတ်ကျခြင်းနဲ့ အစားအသောက်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
849
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စိတ်ဓာတ်ကျခြင်းနဲ့ အစားအသောက်

ရောဂါနှင့်ဆေးမကိုက်ညီပါက နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်တဲ့ သွေးလေးဖက်နာ 

သားဆက်ခြား ပဋိသန္ဓေတား နည်းလမ်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.