(Zawgyi)
လူေတာ္ေတာ္မ်ားမ်ားက သံဓာတ္ခ်ိဳ႕တဲ့တာပဲ ၾကားဖူးၾကပါလိမ့္မယ္။ ဒါေပမယ့္ တစ္ခါတေလမွာ ကိုယ္ထဲမွာ သံဓာတ္ေတြ လိုတာထက္ပိုၿပီး မ်ားေနတာလည္း ျဖစ္တတ္ပါတယ္။
သံဓာတ္ေတြ လိုတာထက္ပိုမ်ားေနတာကို haemochromatosis လို႔ေခၚပါတယ္။ ဒီေရာဂါက ေမြးတည္းက ျဖစ္ေနတာလည္းရွိသလို၊ ေနာက္ပိုင္းေတြမွ ျဖစ္လာတာလည္းရွိပါတယ္။ ေမြးရာပါျဖစ္ေနတာေတြကေတာ့ chromosomes ေတြ ပုံမွန္မဟုတ္တာေတြေၾကာင့္ ျဖစ္တတ္ပါတယ္။ တစ္ခ်ိဳ႕ေသာေသြးေရာဂါေတြမွာ ေသြးေတြ ခဏခဏသြင္းဖို႔လိုေနတတ္တဲ့အခါ ကိုယ္ထဲမွာ သံဓာတ္ေတြ လိုတာထက္ပိုၿပီး မ်ားေနတတ္ပါတယ္။
ဒီေရာဂါက အမ်ိဳးသမီးေတြထက္စာရင္ အမ်ိဳးသားေတြမွာ ပိုျဖစ္တတ္ပါတယ္။ သံဓာတ္မ်ားေနတဲ့ လူနာေတြမွာ အစပိုင္းေတြမွာ ေမာတာ၊ ႏုန္းေနတာေတြ၊ အဆစ္နာတာေတြ ျဖစ္တတ္ပါတယ္။ ဒါေတြက ေသြးအားနည္းတဲ့အခါလည္း ျဖစ္တတ္တာေတြပါ။ အဲ့လိုအခါမွာ သံဓာတ္အားေဆးေပးရင္ ေရာဂါကို မသက္သာေစပါဘူး။ သံဓာတ္ေတြေတာင္ ပိုမ်ားလာပါလိမ့္ဦးမယ္။
သံဓာတ္ေတြ ခႏၶာကိုယ္ထဲမွာ လိုတာထက္ပိုမ်ားေနတာၾကာလာတာနဲ႔အမွ် ပိုေနတဲ့သံဓာတ္ေတြက ေနရာအႏွံ႔မွာ လိုက္ၿပီးပုံတတ္ပါတယ္။ အေရျပားမွာ သံဓာတ္ေတြ လာပုံေနတတ္တဲ့အခါ အသားအရည္ ညိဳညစ္ညစ္ေတြ ျဖစ္လာတတ္တယ္။ အရင္ထက္စာရင္ သိသိသာသာ အသားမည္းလာတာလည္းျဖစ္ႏိုင္တယ္။
ႏွလုံးမွာလည္း သံဓာတ္ေတြလာပုံေနတာၾကာလာတဲ့အခါ ႏွလုံးႀကီးလာတာေတြ၊ အေမာမခံႏိုင္တာေတြနဲ႔အတူ ႏွလုံးေရာဂါေတြ ျဖစ္လာတတ္ပါတယ္။ အသည္းမွာလည္း သံဓာတ္ေတြလာပုံေနတဲ့အခါ အသည္း ႀကီးတာလည္းျဖစ္ႏိုင္တယ္။ ၾကာလာတဲ့အခါ အသည္းေျခာက္ၿပီး အသည္းေျခာက္တာရဲ႕ေနာက္ဆက္တြဲ အသည္းကင္ဆာအထိပါျဖစ္လာႏိုင္ပါတယ္။
မုန႔္ခ်ိဳအိတ္လို႔ ေခၚတဲ့ pancreas မွာလည္း သံဓာတ္ေတြ လာပုံေနတတ္ပါတယ္။ အဲလိုအခါမွာ ဆီးခ်ိဳလည္းျဖစ္လာေစပါတယ္။ အဆစ္ေတြၾကားလည္း သံဓာတ္ေတြ လာပုံေနတတ္တယ္။ အဆစ္ေသးေတြေရာ၊ ဒူးဆစ္လိုအဆစ္ႀကီးေတြေရာ ျဖစ္ႏိုင္ပါတယ္။ အဲလိုအခါမွာ အဆစ္ေတြ နာေနတတ္တယ္။ တစ္ခါတေလ အဆစ္ေတြေတာင္ေရာင္လာတတ္ပါတယ္။
အ႐ိုးေတြမွာ သံဓာတ္ေတြ လာပုံေနတာၾကာလာတာနဲ႔ အ႐ိုးပြတာေတြ ပိုၿပီးျဖစ္လြယ္လာပါတယ္။ အ႐ိုးေတြ ပိုက်ိဳးလြယ္ပါတယ္။ အမ်ိဳးသားေတြမွာဆိုရင္ ေဝွးေစ့မွာလည္း သံဓာတ္ေတြ လာပုံေနတတ္တဲ့အခါ သုတ္ထုတ္တာမွာ အားနည္းတာ၊ အေႏွာင့္အယွက္ျဖစ္တာေတြရွိတတ္ပါတယ္။
Pitutary လို႔ေခၚတဲ့ ဦးေႏွာက္ထဲကေဟာ္မုန္းထုတ္တဲ့ ေနရာမွ သံဓာတ္ေတြလာပုံေနတာလည္းျဖစ္တတ္တယ္။ အဲလိုအခါဆိုရင္ေတာ့ pitutary က ထုတ္ေပးေနတဲ့ေဟာ္မုန္းမွန္သမွ် ေကာင္းေကာင္းမထုတ္ႏိုင္ေတာ့ဘဲ လိုတာထက္ပိုၿပီးနည္းလာတတ္ပါတယ္။ အဲလိုအခါေတြမွာ သိုက္႐ြက္ေဟာ္မုန္းျပႆနာေတြ၊ ပန္းေသပန္းညႇိဳးျပႆနာေတြ၊ ကေလးမရတဲ့ ျပႆနာေတြ၊ အားနည္းၿပီးႏုန္းခ်ိေနတာေတြ ျဖစ္ႏိုင္ပါတယ္။
ဒီလိုလကၡဏာေတြ ခံစားေနရတာနဲ႔ ကိုယ္ထဲမွာ သံဓာတ္မ်ားမမ်ားေသခ်ာဖို႔အတြက္ လိုအပ္တာေတြစစ္ေဆးရပါတယ္။ ေသြးစစ္႐ုံတင္မကပါဘူး။ လူနာခံစားရတဲ့ ေဝဒနာအရ တစ္ျခား လိုအပ္တာေတြပါစစ္ေဆးရမယ္ ႏွလုံး အသည္း စသျဖင့္ပါ။
ဒီေရာဂါလို႔ ေသခ်ာၿပီဆိုတာနဲ႔ ဘယ္လိုကုမလဲကိုစဥ္းစားၾကရမယ္။ ေမြးတည္းကျဖစ္တာလား၊ ေသြးသြင္းမ်ားတာေတြေၾကာင့္ျဖစ္တာလား ေပါ့။ ေသြးသြင္းမွျဖစ္မယ့္လူနာကေတာ့ ေသြးေတာ့ဆက္သြင္းရမွာပဲ။ ဒါေပမယ့္ ေသြးသြင္းတာနဲ႔အမွ် မ်ားလာတဲ့သံဓာတ္ေတြကို ေခ်ဖ်က္ဖို႔ တစ္ျခားေသာေဆးဝါးေတြ လိုအပ္ပါတယ္။ ျဖစ္ေနတဲ့ ပင္မေသြးေရာဂါကိုလည္း ဘယ္လိုကုဖို႔လိုတယ္ဆိုတာ သက္ဆိုင္ရာဆရာဝန္ေတြနဲ႔ တိုင္ပင္ဖို႔လိုပါတယ္။
ေသြးသြင္းတာနဲ႔မဆိုင္ဘဲ chromosomes ျပႆနာေတြေၾကာင့္ျဖစ္တဲ့ လူနာေတြမွာေတာ့ ေသြးအားနည္းတာမ်ိဳး မရွိရင္ ေသြးကိုျပန္ထုတ္ေပးဖို႔လိုတတ္ပါတယ္။ တစ္ပတ္ဘယ္ႏွစ္ႀကိမ္ တစ္လဘယ္ႏွစ္ႀကိမ္ဆိုတာက သံဓာတ္ပမာဏေပၚလည္းမူတည္ပါတယ္။ လိုအပ္ရင္ေတာ့ သံဓာတ္ကိုေခ်ဖ်က္မယ့္ေဆးေတြပါ ကူေပးရတတ္ပါတယ္။
ကိုယ္ထဲမွာ သံဓာတ္ လိုအပ္တာထက္ပိုမ်ားေနတဲ့သူေတြမွာ အားေဆးေသာက္ခ်င္တယ္ဆို သံဓာတ္ပါတာေတြ ေသာက္လို႔မရပါဘူး။ ထို႔အတူပါပဲ အစားအေသာက္စားတဲ့အခါမွာလည္း သံဓာတ္မ်ားေစတဲ့ အနီေရာင္အသား၊ အသည္း၊ ကန္စြန္း႐ြက္၊ ႏို႔၊ ပဲ စတာေတြ ကို ေရွာင္ဖို႔လိုတတ္ပါတယ္။ ဒီလိုလူနာေတြက သက္ဆိုင္ရာဆရာဝန္ေတြနဲ႔အၿမဲမျပတ္ တိုင္ပင္ကုသေနဖို႔လည္း လိုအပ္တတ္ပါတယ္
Author: Dr. CST
(Unicode)
လူတော်တော်များများက သံဓာတ်ချို့တဲ့တာပဲ ကြားဖူးကြပါလိမ့်မယ်။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ်ထဲမှာ သံဓာတ်တွေ လိုတာထက်ပိုပြီး များနေတာလည်း ဖြစ်တတ်ပါတယ်။
သံဓာတ်တွေ လိုတာထက်ပိုများနေတာကို haemochromatosis လို့ခေါ်ပါတယ်။ ဒီရောဂါက မွေးတည်းက ဖြစ်နေတာလည်းရှိသလို၊ နောက်ပိုင်းတွေမှ ဖြစ်လာတာလည်းရှိပါတယ်။ မွေးရာပါဖြစ်နေတာတွေကတော့ chromosomes တွေ ပုံမှန်မဟုတ်တာတွေကြောင့် ဖြစ်တတ်ပါတယ်။ တစ်ချို့သောသွေးရောဂါတွေမှာ သွေးတွေ ခဏခဏသွင်းဖို့လိုနေတတ်တဲ့အခါ ကိုယ်ထဲမှာ သံဓာတ်တွေ လိုတာထက်ပိုပြီး များနေတတ်ပါတယ်။
ဒီရောဂါက အမျိုးသမီးတွေထက်စာရင် အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ သံဓာတ်များနေတဲ့ လူနာတွေမှာ အစပိုင်းတွေမှာ မောတာ၊ နုန်းနေတာတွေ၊ အဆစ်နာတာတွေ ဖြစ်တတ်ပါတယ်။ ဒါတွေက သွေးအားနည်းတဲ့အခါလည်း ဖြစ်တတ်တာတွေပါ။ အဲ့လိုအခါမှာ သံဓာတ်အားဆေးပေးရင် ရောဂါကို မသက်သာစေပါဘူး။ သံဓာတ်တွေတောင် ပိုများလာပါလိမ့်ဦးမယ်။
သံဓာတ်တွေ ခန္ဓာကိုယ်ထဲမှာ လိုတာထက်ပိုများနေတာကြာလာတာနဲ့အမျှ ပိုနေတဲ့သံဓာတ်တွေက နေရာအနှံ့မှာ လိုက်ပြီးပုံတတ်ပါတယ်။ အရေပြားမှာ သံဓာတ်တွေ လာပုံနေတတ်တဲ့အခါ အသားအရည် ညိုညစ်ညစ်တွေ ဖြစ်လာတတ်တယ်။ အရင်ထက်စာရင် သိသိသာသာ အသားမည်းလာတာလည်းဖြစ်နိုင်တယ်။
နှလုံးမှာလည်း သံဓာတ်တွေလာပုံနေတာကြာလာတဲ့အခါ နှလုံးကြီးလာတာတွေ၊ အမောမခံနိုင်တာတွေနဲ့အတူ နှလုံးရောဂါတွေ ဖြစ်လာတတ်ပါတယ်။ အသည်းမှာလည်း သံဓာတ်တွေလာပုံနေတဲ့အခါ အသည်း ကြီးတာလည်းဖြစ်နိုင်တယ်။ ကြာလာတဲ့အခါ အသည်းခြောက်ပြီး အသည်းခြောက်တာရဲ့နောက်ဆက်တွဲ အသည်းကင်ဆာအထိပါဖြစ်လာနိုင်ပါတယ်။
မုန့်ချိုအိတ်လို့ ခေါ်တဲ့ pancreas မှာလည်း သံဓာတ်တွေ လာပုံနေတတ်ပါတယ်။ အဲလိုအခါမှာ ဆီးချိုလည်းဖြစ်လာစေပါတယ်။ အဆစ်တွေကြားလည်း သံဓာတ်တွေ လာပုံနေတတ်တယ်။ အဆစ်သေးတွေရော၊ ဒူးဆစ်လိုအဆစ်ကြီးတွေရော ဖြစ်နိုင်ပါတယ်။ အဲလိုအခါမှာ အဆစ်တွေ နာနေတတ်တယ်။ တစ်ခါတလေ အဆစ်တွေတောင်ရောင်လာတတ်ပါတယ်။
အရိုးတွေမှာ သံဓာတ်တွေ လာပုံနေတာကြာလာတာနဲ့ အရိုးပွတာတွေ ပိုပြီးဖြစ်လွယ်လာပါတယ်။ အရိုးတွေ ပိုကျိုးလွယ်ပါတယ်။ အမျိုးသားတွေမှာဆိုရင် ဝှေးစေ့မှာလည်း သံဓာတ်တွေ လာပုံနေတတ်တဲ့အခါ သုတ်ထုတ်တာမှာ အားနည်းတာ၊ အနှောင့်အယှက်ဖြစ်တာတွေရှိတတ်ပါတယ်။
Pitutary လို့ခေါ်တဲ့ ဦးနှောက်ထဲကဟော်မုန်းထုတ်တဲ့ နေရာမှ သံဓာတ်တွေလာပုံနေတာလည်းဖြစ်တတ်တယ်။ အဲလိုအခါဆိုရင်တော့ pitutary က ထုတ်ပေးနေတဲ့ဟော်မုန်းမှန်သမျှ ကောင်းကောင်းမထုတ်နိုင်တော့ဘဲ လိုတာထက်ပိုပြီးနည်းလာတတ်ပါတယ်။ အဲလိုအခါတွေမှာ သိုက်ရွက်ဟော်မုန်းပြဿနာတွေ၊ ပန်းသေပန်းညှိုးပြဿနာတွေ၊ ကလေးမရတဲ့ ပြဿနာတွေ၊ အားနည်းပြီးနုန်းချိနေတာတွေ ဖြစ်နိုင်ပါတယ်။
ဒီလိုလက္ခဏာတွေ ခံစားနေရတာနဲ့ ကိုယ်ထဲမှာ သံဓာတ်များမများသေချာဖို့အတွက် လိုအပ်တာတွေစစ်ဆေးရပါတယ်။ သွေးစစ်ရုံတင်မကပါဘူး။ လူနာခံစားရတဲ့ ဝေဒနာအရ တစ်ခြား လိုအပ်တာတွေပါစစ်ဆေးရမယ် နှလုံး အသည်း စသဖြင့်ပါ။
ဒီရောဂါလို့ သေချာပြီဆိုတာနဲ့ ဘယ်လိုကုမလဲကိုစဉ်းစားကြရမယ်။ မွေးတည်းကဖြစ်တာလား၊ သွေးသွင်းများတာတွေကြောင့်ဖြစ်တာလား ပေါ့။ သွေးသွင်းမှဖြစ်မယ့်လူနာကတော့ သွေးတော့ဆက်သွင်းရမှာပဲ။ ဒါပေမယ့် သွေးသွင်းတာနဲ့အမျှ များလာတဲ့သံဓာတ်တွေကို ချေဖျက်ဖို့ တစ်ခြားသောဆေးဝါးတွေ လိုအပ်ပါတယ်။ ဖြစ်နေတဲ့ ပင်မသွေးရောဂါကိုလည်း ဘယ်လိုကုဖို့လိုတယ်ဆိုတာ သက်ဆိုင်ရာဆရာဝန်တွေနဲ့ တိုင်ပင်ဖို့လိုပါတယ်။
သွေးသွင်းတာနဲ့မဆိုင်ဘဲ chromosomes ပြဿနာတွေကြောင့်ဖြစ်တဲ့ လူနာတွေမှာတော့ သွေးအားနည်းတာမျိုး မရှိရင် သွေးကိုပြန်ထုတ်ပေးဖို့လိုတတ်ပါတယ်။ တစ်ပတ်ဘယ်နှစ်ကြိမ် တစ်လဘယ်နှစ်ကြိမ်ဆိုတာက သံဓာတ်ပမာဏပေါ်လည်းမူတည်ပါတယ်။ လိုအပ်ရင်တော့ သံဓာတ်ကိုချေဖျက်မယ့်ဆေးတွေပါ ကူပေးရတတ်ပါတယ်။
ကိုယ်ထဲမှာ သံဓာတ် လိုအပ်တာထက်ပိုများနေတဲ့သူတွေမှာ အားဆေးသောက်ချင်တယ်ဆို သံဓာတ်ပါတာတွေ သောက်လို့မရပါဘူး။ ထို့အတူပါပဲ အစားအသောက်စားတဲ့အခါမှာလည်း သံဓာတ်များစေတဲ့ အနီရောင်အသား၊ အသည်း၊ ကန်စွန်းရွက်၊ နို့၊ ပဲ စတာတွေ ကို ရှောင်ဖို့လိုတတ်ပါတယ်။ ဒီလိုလူနာတွေက သက်ဆိုင်ရာဆရာဝန်တွေနဲ့အမြဲမပြတ် တိုင်ပင်ကုသနေဖို့လည်း လိုအပ်တတ်ပါတယ်
Author: Dr. CST