(Zawgyi)
ပါးတစ္ျခမ္း႐ြဲ႕တဲ့ လူနာတခ်ိဳ႕ က တစ္ခါတစ္ေလမွာ ပါး႐ြဲ႕တာကို မသိၾကဘဲ ဆရာေရ ပါးႀကီးတစ္ဖက္ အလိုလို ေယာင္ေနလို႔ဆိုၿပီး ေဆးခန္းလာျပတတ္ၾကတယ္။ ေသခ်ာစမ္းသပ္ၾကည့္လိုက္မွ ပါးေယာင္တာမဟုတ္ဘဲ ပါးတစ္ျခမ္း႐ြဲ႕ေနတာလည္း ျဖစ္တတ္တယ္။
ပါးတစ္ျခမ္း႐ြဲ႕တာေလျဖတ္တာလား၊ ဦးေႏွာက္အထဲပိုင္းနဲ႔ဆိုင္လား လို႔ေမးရင္ ဆိုင္ႏိုင္တယ္။ ေလျဖတ္တာလည္းျဖစ္ႏိုင္တယ္ေရာ၊ ေလျဖတ္တာနဲ႔မဆိုင္တာလည္းျဖစ္ႏိုင္တယ္ပဲ ေျပာရမွာပါ။ ပါးတစ္ျခမ္း႐ြဲ႕တာက မ်က္ႏွာကို လာတဲ့အာ႐ုံေၾကာမွာ ျပႆနာျဖစ္တာပါ။ ဒီ အာ႐ုံေၾကာက ဦးေႏွာက္ထဲကေနမ်က္ႏွာကိုေရာက္တဲ့အထိ အရွည္ႀကီးပါ။ အဲဒီ့အာ႐ုံေၾကာစျဖစ္တဲ့ေနရာကေန အာ႐ုံေၾကာေတာက္ေလွ်ာက္တစ္ေနရာရာမွာထိလိုက္တာနဲ႔ ပါးတစ္ျခမ္း႐ြဲ႕တာျဖစ္ႏိုင္ပါတယ္။
ဦးေႏွာက္ထဲမွာျဖစ္တာဆိုရင္ အက်ိတ္တစ္ခုခုနဲ႔ဖိမိတာေတြ၊ ေသြးေၾကာေပါက္လို႔လာဖိတာေတြ မွာလည္းျဖစ္ႏိုင္ပါတယ္။ ဒီအာ႐ုံေၾကာစျဖစ္တဲ့ brainstem လို႔ေခၚတဲ့ အစိတ္အပိုင္းမွာပဲ သီးသန႔္ထိတဲ့ ေရာဂါေတြလည္း ရွိပါတယ္။ ဦးေႏွာက္အေျမႇးပါးေရာင္တာေတြေၾကာင့္လည္း ျဖစ္တတ္တယ္။ ဒီေနရာေတြမွာ ထိခိုက္လို႔ ပါးတစ္ျခမ္း႐ြဲ႕တာဆိုရင္ ေလျဖတ္တာပါ။ လူနာမွာ ပါးတစ္ျခမ္း႐ြဲ႕တာတစ္ခုတည္းလည္း ျဖစ္ႏိုင္သလို ကိုယ္တစ္ျခမ္းမလႈပ္တာေတြ၊ တစ္ျခား အာ႐ုံေၾကာေတြပါ ထိခိုက္ပ်က္စီးတာေတြ တြဲျဖစ္တတ္ပါတယ္။
ဒီ အာ႐ုံေၾကာ ပဲ ဦးေႏွာက္ထဲကထြက္ၿပီးမွ ထိခိုက္တာဆိုရင္ေတာ့ ေလျဖတ္တယ္လို႔ မေျပာေတာ့ပါဘူး။ ႐ိုး႐ိုးပဲ ပါးတစ္ျခမ္း႐ြဲ႕တယ္လို႔ ေျပာၾကတာလည္းရွိတယ္။ ေလဖ်န္းတယ္လို႔ေျပာၾကတာလည္းရွိပါတယ္။
ေလျဖတ္တာမဟုတ္ဘဲ ဘယ္လိုေတြေၾကာင့္ ထိခိုက္ႏိုင္လဲေပါ့။ အျဖစ္အမ်ားဆုံးကေတာ့ အလိုလိုေနရင္းျဖစ္သြားတာပဲ။ ဘာအေၾကာင္းမွ ရွာမရတတ္တာပါ အေအးခံလြန္းလိုက္လည္း ႐ုတ္တရက္ျဖစ္တတ္တယ္။ တျခားေတြကေတာ့ ဗိုင္းရပ္စ္ပိုးေတြေၾကာင့္လည္းျဖစ္ႏိုင္တယ္။ ဥပမာအားျဖင့္ herpes, hiv, polio, GB, EB virus အစရွိတဲ့ ဗိုင္းရပ္စ္ပိုးေတြေၾကာင့္ ျဖစ္တတ္ပါတယ္။ ပါးနားမွာရွိတဲ့ Parotid gland ေရာင္တာမွာလည္း ျဖစ္ႏိုင္တယ္။ ဆီးခ်ိဳသမားေတြ ျဖစ္ႏိုင္တယ္။ နားထဲမွာ အက်ိတ္ျဖစ္တာ ပိုးဝင္တာေတြမွာလည္း ျဖစ္ႏိုင္တယ္။ အနာႀကီးေရာဂါသည္ေတြ နဲ႔ Lyme disease, Sarcoidosis ေရာဂါေတြမွာလည္းျဖစ္ႏိုင္ပါတယ္။ ထိခိုက္မိတာေတြေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။
ပါး႐ြဲ႕တာက မ်ားေသာအားျဖင့္တစ္ျခမ္းထဲပဲ ျဖစ္တတ္ေပမယ့္ တစ္ခါတစ္ရံမွာ ပါးႏွစ္ဖက္လုံးျဖစ္ေနတတ္တယ္။ ပါးတစ္ျခမ္း႐ြဲ႕တာက အသက္အ႐ြယ္မေ႐ြး က်ား၊မ မေ႐ြးျဖစ္ႏိုင္ပါတယ္။
ပါး႐ြဲ႕တဲ့ လူနာေတြကို စမ္းသပ္တဲ့အခါ နဖူးတြန႔္ပါဦး၊ မ်က္ေမွာင္က်ဳံ႔ ၾကည့္ပါဦး၊ မ်က္ခုံးပင့္ၿပီးၾကည့္ပါဦး၊ ပါးေဖာင္းပါဦး၊ သြားစိၾကည့္ပါဦး၊ ေလခြၽန္သလိုလုပ္
ၾကည့္ပါဦး စသျဖင့္ လူနာကိုအမ်ိဳးမ်ိဳးလုပ္ခိုင္းရပါတယ္။ ဒါေတြလုပ္ျခင္းအားျဖင့္ ဦးေႏွာက္ထဲမွာ ထိထားတာလား၊ တစ္ဖက္ပဲလားႏွစ္ဖက္လုံးလားေတာ့ အၾကမ္းဖ်င္းသိႏိုင္ပါတယ္။ ၿပီးမွ တျခားေသာအာ႐ုံေၾကာေတြပါ ထိမထိ လိုက္ၿပီးစစ္ေဆးစမ္းသပ္ေပးဖို႔လိုတတ္ပါတယ္။ ပါးတစ္ျခမ္း႐ြဲ႕တာကို ကုသတဲ့အခါ ႏွစ္ပိုင္းရွိပါတယ္။ တစ္ခုကေတာ့ ဒီအာ႐ုံေၾကာကို ျပန္ေကာင္းေအာင္လုပ္ေပးတာနဲ႔ ၊ ေနာက္တစ္ခုကေတာ့ ျဖစ္ေစတဲ့ အေၾကာင္းကို ကုေပးရတာပါ။
ျဖစ္ေစတဲ့အေၾကာင္းကို ရွာသိတယ္ဆိုရင္ အဲဒါအတြက္ျပန္ကုသေပးရင္း အာ႐ုံေၾကာျပန္ေကာင္းလာဖို႔ကို ႀကိဳးစားရပါတယ္။ အေၾကာင္းအရင္းမေသခ်ာေသးတဲ့အေျခအေနမ်ိဳးမွာေတာ့ စျဖစ္တာနဲ႔ ဒီအာ႐ုံေၾကာျပန္ေကာင္းဖို႔အတြက္ steroid ေဆးေတြ စေပးဖို႔လိုအပ္ပါတယ္။ ေဆးလည္းေသာက္ရင္း လိုအပ္လို႔ရွိရင္ အာ႐ုံေၾကာကို စက္နဲ႔ပါႏွိပ္ေပးရတတ္တယ္။
ပါးတစ္ျခမ္း႐ြဲ႕တာက ျပန္ေကာင္းပါတယ္။ အခ်ိန္ေတာ့ေစာင့္ရတတ္တယ္။ အနည္းဆုံးတစ္လေလာက္ေတာ့ အသာေလးပါ။ ပါးတစ္ျခမ္း႐ြဲ႕တယ္ဆိုတာနဲ႔ ခ်က္ခ်င္းပဲ နီးစပ္ရာေဆး႐ုံေဆးခန္း အျမန္ျပပါ။ ဘာေၾကာင့္ျဖစ္တယ္ဆိုတာစစ္ေဆးဖို႔လည္းလိုတယ္။ ေဆးကုသမႈေတြလည္း လုပ္ေပးဖို႔လိုပါတယ္။ ေလျဖတ္တာလား၊ ေလဖ်န္းတာလား ဆိုတာ မေသခ်ာတတ္လို႔ပါ။
Author: Dr. CST
(Unicode)
ပါးတစ်ခြမ်းရွဲ့တဲ့ လူနာတချို့ က တစ်ခါတစ်လေမှာ ပါးရွဲ့တာကို မသိကြဘဲ ဆရာရေ ပါးကြီးတစ်ဖက် အလိုလို ယောင်နေလို့ဆိုပြီး ဆေးခန်းလာပြတတ်ကြတယ်။ သေချာစမ်းသပ်ကြည့်လိုက်မှ ပါးယောင်တာမဟုတ်ဘဲ ပါးတစ်ခြမ်းရွဲ့နေတာလည်း ဖြစ်တတ်တယ်။
ပါးတစ်ခြမ်းရွဲ့တာလေဖြတ်တာလား၊ ဦးနှောက်အထဲပိုင်းနဲ့ဆိုင်လား လို့မေးရင် ဆိုင်နိုင်တယ်။ လေဖြတ်တာလည်းဖြစ်နိုင်တယ်ရော၊ လေဖြတ်တာနဲ့မဆိုင်တာလည်းဖြစ်နိုင်တယ်ပဲ ပြောရမှာပါ။ ပါးတစ်ခြမ်းရွဲ့တာက မျက်နှာကို လာတဲ့အာရုံကြောမှာ ပြဿနာဖြစ်တာပါ။ ဒီ အာရုံကြောက ဦးနှောက်ထဲကနေမျက်နှာကိုရောက်တဲ့အထိ အရှည်ကြီးပါ။ အဲဒီ့အာရုံကြောစဖြစ်တဲ့နေရာကနေ အာရုံကြောတောက်လျှောက်တစ်နေရာရာမှာထိလိုက်တာနဲ့ ပါးတစ်ခြမ်းရွဲ့တာဖြစ်နိုင်ပါတယ်။
ဦးနှောက်ထဲမှာဖြစ်တာဆိုရင် အကျိတ်တစ်ခုခုနဲ့ဖိမိတာတွေ၊ သွေးကြောပေါက်လို့လာဖိတာတွေ မှာလည်းဖြစ်နိုင်ပါတယ်။ ဒီအာရုံကြောစဖြစ်တဲ့ brainstem လို့ခေါ်တဲ့ အစိတ်အပိုင်းမှာပဲ သီးသန့်ထိတဲ့ ရောဂါတွေလည်း ရှိပါတယ်။ ဦးနှောက်အမြှေးပါးရောင်တာတွေကြောင့်လည်း ဖြစ်တတ်တယ်။ ဒီနေရာတွေမှာ ထိခိုက်လို့ ပါးတစ်ခြမ်းရွဲ့တာဆိုရင် လေဖြတ်တာပါ။ လူနာမှာ ပါးတစ်ခြမ်းရွဲ့တာတစ်ခုတည်းလည်း ဖြစ်နိုင်သလို ကိုယ်တစ်ခြမ်းမလှုပ်တာတွေ၊ တစ်ခြား အာရုံကြောတွေပါ ထိခိုက်ပျက်စီးတာတွေ တွဲဖြစ်တတ်ပါတယ်။
ဒီ အာရုံကြော ပဲ ဦးနှောက်ထဲကထွက်ပြီးမှ ထိခိုက်တာဆိုရင်တော့ လေဖြတ်တယ်လို့ မပြောတော့ပါဘူး။ ရိုးရိုးပဲ ပါးတစ်ခြမ်းရွဲ့တယ်လို့ ပြောကြတာလည်းရှိတယ်။ လေဖျန်းတယ်လို့ပြောကြတာလည်းရှိပါတယ်။
လေဖြတ်တာမဟုတ်ဘဲ ဘယ်လိုတွေကြောင့် ထိခိုက်နိုင်လဲပေါ့။ အဖြစ်အများဆုံးကတော့ အလိုလိုနေရင်းဖြစ်သွားတာပဲ။ ဘာအကြောင်းမှ ရှာမရတတ်တာပါ အအေးခံလွန်းလိုက်လည်း ရုတ်တရက်ဖြစ်တတ်တယ်။ တခြားတွေကတော့ ဗိုင်းရပ်စ်ပိုးတွေကြောင့်လည်းဖြစ်နိုင်တယ်။ ဥပမာအားဖြင့် herpes, hiv, polio, GB, EB virus အစရှိတဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ ပါးနားမှာရှိတဲ့ Parotid gland ရောင်တာမှာလည်း ဖြစ်နိုင်တယ်။ ဆီးချိုသမားတွေ ဖြစ်နိုင်တယ်။ နားထဲမှာ အကျိတ်ဖြစ်တာ ပိုးဝင်တာတွေမှာလည်း ဖြစ်နိုင်တယ်။ အနာကြီးရောဂါသည်တွေ နဲ့ Lyme disease, Sarcoidosis ရောဂါတွေမှာလည်းဖြစ်နိုင်ပါတယ်။ ထိခိုက်မိတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။
ပါးရွဲ့တာက များသောအားဖြင့်တစ်ခြမ်းထဲပဲ ဖြစ်တတ်ပေမယ့် တစ်ခါတစ်ရံမှာ ပါးနှစ်ဖက်လုံးဖြစ်နေတတ်တယ်။ ပါးတစ်ခြမ်းရွဲ့တာက အသက်အရွယ်မရွေး ကျား၊မ မရွေးဖြစ်နိုင်ပါတယ်။
ပါးရွဲ့တဲ့ လူနာတွေကို စမ်းသပ်တဲ့အခါ နဖူးတွန့်ပါဦး၊ မျက်မှောင်ကျုံ့ ကြည့်ပါဦး၊ မျက်ခုံးပင့်ပြီးကြည့်ပါဦး၊ ပါးဖောင်းပါဦး၊ သွားစိကြည့်ပါဦး၊ လေချွန်သလိုလုပ်
ကြည့်ပါဦး စသဖြင့် လူနာကိုအမျိုးမျိုးလုပ်ခိုင်းရပါတယ်။ ဒါတွေလုပ်ခြင်းအားဖြင့် ဦးနှောက်ထဲမှာ ထိထားတာလား၊ တစ်ဖက်ပဲလားနှစ်ဖက်လုံးလားတော့ အကြမ်းဖျင်းသိနိုင်ပါတယ်။ ပြီးမှ တခြားသောအာရုံကြောတွေပါ ထိမထိ လိုက်ပြီးစစ်ဆေးစမ်းသပ်ပေးဖို့လိုတတ်ပါတယ်။ ပါးတစ်ခြမ်းရွဲ့တာကို ကုသတဲ့အခါ နှစ်ပိုင်းရှိပါတယ်။ တစ်ခုကတော့ ဒီအာရုံကြောကို ပြန်ကောင်းအောင်လုပ်ပေးတာနဲ့ ၊ နောက်တစ်ခုကတော့ ဖြစ်စေတဲ့ အကြောင်းကို ကုပေးရတာပါ။
ဖြစ်စေတဲ့အကြောင်းကို ရှာသိတယ်ဆိုရင် အဲဒါအတွက်ပြန်ကုသပေးရင်း အာရုံကြောပြန်ကောင်းလာဖို့ကို ကြိုးစားရပါတယ်။ အကြောင်းအရင်းမသေချာသေးတဲ့အခြေအနေမျိုးမှာတော့ စဖြစ်တာနဲ့ ဒီအာရုံကြောပြန်ကောင်းဖို့အတွက် steroid ဆေးတွေ စပေးဖို့လိုအပ်ပါတယ်။ ဆေးလည်းသောက်ရင်း လိုအပ်လို့ရှိရင် အာရုံကြောကို စက်နဲ့ပါနှိပ်ပေးရတတ်တယ်။
ပါးတစ်ခြမ်းရွဲ့တာက ပြန်ကောင်းပါတယ်။ အချိန်တော့စောင့်ရတတ်တယ်။ အနည်းဆုံးတစ်လလောက်တော့ အသာလေးပါ။ ပါးတစ်ခြမ်းရွဲ့တယ်ဆိုတာနဲ့ ချက်ချင်းပဲ နီးစပ်ရာဆေးရုံဆေးခန်း အမြန်ပြပါ။ ဘာကြောင့်ဖြစ်တယ်ဆိုတာစစ်ဆေးဖို့လည်းလိုတယ်။ ဆေးကုသမှုတွေလည်း လုပ်ပေးဖို့လိုပါတယ်။ လေဖြတ်တာလား၊ လေဖျန်းတာလား ဆိုတာ မသေချာတတ်လို့ပါ။
Author: Dr. CST