ဆရာမရယ် ဗိုက်ကိုပုတ်လိုက်ရင် တဗုတ်ဗုတ်နဲ့အမြဲလေပွနေလို့ စိတ်ညစ်နေရတယ်လို့ မေးသူများအတွက် ဖြေပေးလိုက်ပါတယ်။ အစာအိမ်နဲအူလမ်းကြောင်းမှာ လေ နဲ့ ဂတ်စ်တွေပြည့်နေခဲ့ရင် လေပွတာခံစားရပါတယ်။ လေပွခြင်းကြောင် ဝမ်းဗိုက်ဖောင်းကားတောင့်တင်းပြီး နေရတာ ပြည့်အင့်နေသလိုဖြစ်တတ်ပါတယ်။ တခါတရံလေပွတာဆိုးရွားပြီး ဗိုက်အောင့်မယ်၊ လေအန်မယ်၊ လေထိုးမယ် စတာတွေပါ ခံစားရပါမယ်။ လေပွခြင်းကြောင့် ကိုယ်လက်မအီမသာဖြစ်ကာ မိမိပုံမှန်အလုပ်များတောင်မလုပ်နိုင်သည်အထိဆိုးရွားပါတတ်ပါတယ်။ လေပွခြင်းက လူငယ်လူရွယ်များနှင့်ကလေးများမှာ အဖြစ်များပါတယ်။
အစာစားပြီးနောက်လေပွခြင်းက ဂတ်စ်ကြောင့်အဖြစ်များပါတယ်။ အစာမကြေရာမှထွက်သော gas များနှင့် မျိုချလိုက်သောလေများကြောင့် လေပွပါတယ်။ အစာအစားများအမြန်မျိုချခြင်း၊ ပီကေဝါးခြင်း ၊ဆေးလိပ်သောက်ခြင်း၊ သွားမခိုင်ခြင်းတို့ကြောင့် လေများဗိုက်ထဲ ဝင်သွားပြီး လေပွပါတယ်။ တခြားဖြစ်စေနိုင်တဲ့ရောဂါများကတော့ အူရောင်ရမ်းခြင်း၊ အစာအိမ်နဲ့အူလမ်းကြောင်းမကောင်းခြင်း၊ ရင်ပူခြင်း၊ဝခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ ကပ်ပါးပိုးကြောင့်ရောဂါဖြစ်ခြင်း၊ အစာစားချိန် မမှန်ခြင်း၊ စိတ်ရောဂါဖြစ်ခြင်းနှင့် ဆေးဝါးအချို့ကြောင့် ဖြစ်နိုင်ပါတယ်။
ဂတ်စ်ထွက်ပြီးလေပွရတဲ့အကြောင်းရင်းများကတော့ အစာအိမ်နဲ့အူလမ်းကြောင်းအတွင်းရှိ ပိုးပွားခြင်း သို့မဟုတ် ပိုးမရှိခြင်း၊ ဂတ်စ်စုခြင်း၊ အူလူပ်ရှားမှုပြောင်းလဲခြင်း၊ မူမမှန်အချဉ်ပြန်ခြင်း၊ အစာနဲ့ကာဗွန်ဟိုက်ဒရိတ် စုပ်ယူမူနည်းခြင်းနှင့် ဝမ်းချုပ်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ တချို့ရောဂါ ပြင်းထန်မူကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဥပမာ ကင်ဆာရောဂါများကြောင့် ရေဖျင်းစွဲခြင်း၊ ပန်ကရိယရောဂါနှင့် အူပေါက်ခြင်းကြောင့် ဂတ်နှင့် ပိုးများ ဗိုက်ထဲပျံ့နှံ့ခြင်းတို့ပဲ ဖြစ်ပါတယ်။
လေပွတာသက်သာအောင်ဘယ်လိုကုရမလဲ? ဦးစွာမိမိနေထိုင်မူပုံစံပြောင်းပါ။ ဝိတ်လျော့ပါ။ ပီကေဝါးခြင်း၊ ကာဗွန်ဟိုက်ဒရိတ် အချိုရည်များအလွန်အကျွံသောက်ခြင်းကိုရှောင်ခြင်း၊ လေပွစေသော အစားအသောက်များရှောင်ခြင်း၊ အစာကိုဖြည်းဖြည်းစားခြင်း၊ လက်တို့စ်မပါသော နို့ထွက်ပစ္စည်းများ စားသုံးခြင်းတို့ပဲဖြစ်ပါတယ်။
ပရိုဘိုင်အိုတစ်ကသက်သာစေလို့ ဒိန်ချဉ်သောက်ပါ။ လေထိုးလေအောင့်သက်သာစေသော လေဆေးသောက်သုံးပါ။ အကယ်ရျ် သင်သည် လေပွခြင်းအပြင် အလွန်အမင်းဗိုက်နာခြင်း ၊ဝမ်းမဲသွားခြင်း၊
ဝမ်းလျောခြင်း၊ မျို့အန်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်းတွေကိုပါ ခံစားနေရရင်တော့ နားလည်တတ်ကျွမ်းသောဆရာဝန်နှင့် အမြန်ဆုံး ကုသမှုခံယူပါ။
လေပွစေသောအစာအစားများကတော့
(၁)ပဲ
ပဲသည် လေပွစေသောအစာအားများတွင်ထိပ်ဆုံးကဖြစ်ပါတယ်။ ပဲတွင်ပါသောဓာတ်တစ်မျိုးသည် လေပွစေပါတယ်။ ဒါကြောင့်လေပွခြင်းသက်သာရန် ပဲကို တစ်ညရေစိမ်ပြီးမှ စားသုံးပါ။
(၂)နို့နှင့်နို့ထွက်ပစ္စည်း
နို့ထဲတွင်ပါသော လက်တို့စ်ကြောင့် ဂတ်စ်များပြီးလေပွစေပါတယ်။ ဒါကြောင့် လက်တို့စ်မပါသောနို့နှ
င့်နို့ထွက်ပစ္စည်းများသာ စားသုံးပါ။
(၃)အစေ့အဆန်များ ဥပမာဂျုံ
အစေ့အဆန်များစားသုံးလျှင် ဂတ်စ်ပိုမိုထွက်စေပြီး လေပွစေပါတယ်။
(၄)အသီးအရွက်များ
အချို့အသီးအရွက်များဥပမာ ဂေါ်ဖီ ၊မုန်လာထုပ်၊ပန်းဂေါ်ဖီများက လေပွစေပါတယ်။
(၅)ဆော်ဒါ
ဆော်ဒါနှင့်ကာဗွန်ဟိုက်ဒရိတ်ပါသောအချို့ရည်များသည် လေပွစေပါတယ်။ ထို့ကြောင့် လတ်ဆတ်သော အသီးဖျော်ရည်များသာသောက်သုံးပါ။
(၆)အသီးများ
ပန်းသီးနှင့်သစ်တော်သီများ အလွန်အကျွံစားလျှင်လည်း လေပွစေပါတယ်။
(၇)သကြားလုံးအမာများနှင့်ပီကေများ ဝါးခြင်း
သကြားလုံးအမာများစုပ်ခြင်းကြောင့်လည်း လေပွစေပါတယ်
(၈)စည်သွပ်ဘူးများ
စည်သွပ်ဘူးဖြင့်ထည့်ထားသော အစာအစားများနှင့် ပြုပြင်ထားသောအစာအစားများသည်လည်း လေပွစေပါတယ်။ ထို့ကြောင့်လေပွစေသောအစာအစားများရှောင်ပါ။ အစာကို ဖြည်းဖြည်းမှန်မှန်စားပါ။ လမ်းလျှောက်ပါ။ အစားစားပြီးချင်း လှဲလျောင်းခြင်းများ မလုပ်သင့်ပါ။ လေထိုးလေအောင့် ဖြစ်လာပါက Simethicone ပါဝင်သော လေဆေးဝါးစားပါ။ အားလုံး လေထိုးလေအောင့် ဖြစ်ပြီး ဗိုက်ပွခြင်းမှ ကင်းဝေးကြပါစေ။
Author : Dr. ပြည့်ရှင်း