fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ခေါင်းမူးခြင်း

675
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/10/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

ေခါင္းမူးေဝဒနာကို လူေတာ္ေတာ္မ်ားမ်ား ခံစားဖူးၾကမွာပါ။ သို႔ေသာ္ ျဖစ္ရတဲ့ အေၾကာင္းရင္းကိုေသခ်ာသိဖို႔ကေတာ့ စမ္းသပ္စစ္ေဆးမႈေတြ မလုပ္ဘဲနဲ႔ အတိအက် သိဖို႔မလြယ္ပါဘူး။

ေခါင္းမူးရင္ အၾကမ္းအားျဖင့္ ႏွစ္မ်ိဴးခြဲၿပီး စဥ္းစားရပါတယ္။ ရိပ္ရိပ္ ရိပ္ရိပ္နဲ႔မူးတာလား သို႔မဟုတ္ ပတ္ခ်ာလည္ေအာင္ မူးတာလား ဆိုၿပီးေတာ့ပါ။

ပတ္ခ်ာလည္ေအာင္ မူးတာဆိုရင္ေတာ့ ၈၅ရာခိုင္ႏႈန္းခန႔္ဟာ နားမွာျဖစ္တဲ့ေရာဂါေတြေၾကာင့္ မူးတာျဖစ္ႏိုင္ပါတယ္။ က်န္တဲ့၁၅ရာခိုင္ႏႈန္းကေတာ့ တျခားအေၾကာင္းေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ နားမွာျဖစ္တဲ့ ဘယ္လိုေရာဂါေတြက ခ်ာခ်ာလည္ေအာင္ မူးေစလဲဆိုေတာ့ အတြင္းနား တစ္ဖက္စီမွာရွိတဲ့ ႁပြန္သုံးခုမွာ အနည္ထတာ၊ နားထဲမွာရွိတဲ့ အာ႐ုံေၾကာဆဲလ္ေတြ ေရာင္ရမ္းေနတာ၊ နားထဲရွိတဲ့ေရအိတ္ေတြ ေရခ်ိန္မမွန္တာ၊ ေရခ်ိန္ထိန္းတဲ့ ႁပြန္ေလးေတြမွာ အေၾကာင္းအမ်ိဴးမ်ိဳးေၾကာင့္ ေရခ်ိန္မမွန္တာ စတာေတြပါ။

ကုသနည္းကေတာ့ နား ႏွာေခါင္း လည္ေခ်ာင္းေဆး႐ုံ သို႔မဟုတ္ ႏွားႏွာေခါင္း လည္ေခ်ာင္းဆရာဝန္ ရွိတဲ့ ေဆးခန္းေတြမွာ ျပသစစ္ေဆး သင့္ပါတယ္။

ေခါင္းမူးျခင္းကို ျဖစ္ေစႏိုင္တဲ့ တျခားအေၾကာင္းေတြကို ဆက္ေျပာျပပါ့မယ္။

၁။ ခႏၶာကိုယ္တြင္း ေရဓာတ္ခမ္းေျခာက္ေသာေၾကာင့္ မူးျခင္း
ကားအၾကာႀကီးစီးရတာမ်ိဴး၊ ရာသီဥတုပူခ်ိန္မွာ ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းမ်ား အျပင္းအထန္ လုပ္မိတာမ်ိဴး၊ ေနပူထဲတြင္ တစ္ေနကုန္နီးပါး အလုပ္လုပ္ရတာမ်ိဴး၊ အလုပ္ေတြ ရႈပ္လြန္းသျဖင့္ စားဖို႔၊ ေသာက္ဖို႔ပင္ အခ်ိန္ မေပးႏိုင္တာမ်ိဳးေတြဆိုရင္ လူ႔ခႏၶာကိုယ္မွာ ေရဓာတ္ခမ္းေျခာက္ သြားတတ္ပါတယ္။ ထိုသို႔ ျဖစ္ေနစဥ္တြင္ ႐ုတ္တရက္ ထလိုက္ပါက မူးခနဲ၊ မိုက္ခနဲ ျဖစ္သြားႏိုင္ပါတယ္။

ထိုအခါ သင္သည္ ေရဓာတ္ျပန္ျဖည့္ေပးဖို႔လိုပါတယ္။ ဓာတ္ဆားရည္သို႔မဟုတ္ ေဖ်ာ္ရည္ တစ္ခုခုေသာက္ႏိုင္ပါက ပိုသင့္ေတာ္ပါသည္။ နည္းနည္းျခင္း အရင္ေသာက္ပါ။ ေသာက္ၿပီး ၁၅မိနစ္ေလာက္ေစာင့္ၾကည့္ပါ။ မသက္သာဘူး၊ ပိုမူးလာတယ္ဆိုရင္ေတာ့ လုပ္ေဖာ္ကိုင္ဖက္ သို႔မဟုတ္ အနီးနားကလူတစ္ေယာက္ေယာက္ကို အကူအညီေတာင္းၿပီး ေဆးခန္းသြားပါ။

၂။ ေသြးေပါင္က်ျခင္း သို႔မဟုတ္ တက္ျခင္းေၾကာင့္မူးျခင္း

ပုံမွန္ရွိသင့္တဲ့ ေသြးေပါင္ခ်ိန္သည္ အေပၚေသြး၁၂၀ ေအာက္ေသြး၈၀ ျဖစ္သည္။

အေပၚေသြး (၁၀၀) ေအာက္၊ ေအာက္ေသြး (၆၀) ေအာက္က်သြားလွ်င္ကား ေသြးေပါင္က်ေနၿပီဟု သတ္မွတ္ႏိုင္ၿပီး အေပၚေသြး ၁၄၀နဲ႔အထက္၊ ေအာက္ေသြး ၉၀နဲ႔အထက္ဆိုပါက ေသြးေပါင္တက္ေနၿပီဟု အၾကမ္းအားျဖင့္ သတ္မွတ္ႏိုင္ပါသည္။ ထိုအခါ ႐ုတ္တရက္ ထလိုက္လွ်င္ မူးခနဲ မိုက္ခနဲ ျဖစ္ျခင္းမ်ိဳးနဲ႔ ႀကဳံရႏိုင္သည္။

ေဆးခန္းသြားၿပီး ေသြးေပါင္ခ်ိန္ ခ်ိန္ၾကည့္ပါ။ က်ေနပါက ဓာတ္ဆားရည္ ေသာက္ပါ။ ေသြးတိုးရွိရင္ေတာ့ ဆရာဝန္က စြဲစားရမယ့္ ေသြးတိုးက်ေဆး ေပးပါလိမ့္မယ္။

၃။ ေသြးတြင္း သၾကားဓာတ္ နည္းပါး ေနျခင္းေၾကာင့္ မူးျခင္း
ေသြးတြင္း သၾကားဓာတ္နည္းေနသည့္အခါ လူသည္ ေခြၽးထြက္လြန္၊ ဂဏာမၿငိမ္ ျဖစ္လာ တတ္သည္။ စိတ္လည္း ဂေယာက္ဂယက္ ျဖစ္လာတတ္သည္။ ေသြးေပါင္လည္း က်သြားကာ ေနာက္ဆုံးတြင္ လုံး၀ မူးလဲသြားသည့္အဆင့္ထိ ေရာက္သြားရသည္။ ဆီးခ်ိဳေရာဂါရွိသူမ်ားတြင္ ပိုအျဖစ္မ်ားႏိုင္ပါတယ္။ ဆီးခ်ိဳေရာဂါ မရွိသူမ်ားတြင္လည္း ျဖစ္ႏိုင္ပါတယ္။

အလုပ္ အလြန္အကြၽံ လုပ္ျခင္း၊ အလြန္အမင္း စိတ္အားလူအားစိုက္ျခင္း၊ တစ္ေန႔လုံး နီးပါးေရႏွင့္ အစားအေသာက္ မဆိုသေလာက္ သာ စားေသာက္ၿပီး အလုပ္ခ်ည္း ဖိလုပ္ေနျခင္းမ်ားေၾကာင့္ ေသြးတြင္း သၾကားဓာတ္ က်ဆင္းသြားရတတ္သည္။

ထိုအခါမ်ိဴးတြင္ အခ်ိဳဓာတ္ပါတာေတြ စားေပးပါ။ အခ်ိဳရည္ တစ္မ်ိဳးမ်ိဳး ေသာက္ပါ။ မသက္သာပါက ေဆးခန္းျပပါ။

၄။ ေသြးတြင္း သံဓာတ္ေလ်ာ့နည္းေနျခင္းေၾကာင့္ မူးျခင္း။

ဒါကေတာ့ သတ္သတ္လြတ္စားတဲ့သူေတြမွာ ပိုအျဖစ္မ်ားႏိုင္ပါတယ္။ ေသြးထဲမွာ သံဓာတ္ေလ်ာ့နည္းေနပါက လူသည္နည္းနည္းေလး လႈပ္ရွားတာနဲ႔ေမာပန္းတာ၊ ႏုံးေနတာ၊ ျဖဴေဖ်ာ့ေနတာေတြ ျဖစ္တတ္ပါတယ္။ ၿပီးလွ်င္ မူးခနဲ၊ မိုက္ခနဲလည္းပိုၿပီး ျဖစ္တတ္သည္။

ထိုအေျခအေနမ်ိဳးတြင္ ေသြးေဖာက္စစ္ကာ ေသြးတြင္းသံဓာတ္ နည္းလား၊ မ်ားလား စစ္ေဆးရမည္။ ရလဒ္ကိုသိလာသည့္အခါ ဆရာဝန္အေနျဖင့္ ေသြးတြင္း သံဓာတ္အားေကာင္း လာေအာင္ေဆးဝါးမ်ား ၫႊန္ၾကားေပးႏိုင္သည္။ ေသြးတြင္းသံဓာတ္ အားေကာင္းလာသည့္အခါ မူးခနဲ မိုက္ခနဲ ျဖစ္ျခင္းလည္း အလိုလို သက္သာလာႏိုင္ပါတယ္။

ဒါေတြကေတာ့ အျဖစ္မ်ားတဲ့အေၾကာင္းရင္းေတြပါ။ ဒါေတြအျပင္ အာ႐ုံေၾကာ အားနည္းလို႔ မူးတာ၊ ဦးေႏွာက္မွာ အက်ိတ္ျဖစ္လို႔ မူးတာေတြလည္း ရွိႏိုင္ပါတယ္။

အဆုံးသတ္အေနနဲ႔ အႀကံေပးလိုတာကေတာ့ ျမင့္ေသာေနရာတြင္ ရပ္ေနခ်ိန္ မူးခနဲမိုက္ခနဲ ျဖစ္သြားပါက ျပဳတ္က်ျခင္းေၾကာင့္ ထိခိုက္ဒဏ္ရာရျခင္းမွသည္ အသက္ အႏၲရာယ္ထိပါ စိုးရိမ္ရပါတယ္။ မူးခနဲ၊ မိုက္ခနဲ ျဖစ္သြားလွ်င္ အရင္ဆုံးထိုင္ခ်လိုက္ပၚ။ သို႔မွသာ လဲက် သြားျခင္းကို ကာကြယ္ႏိုင္မည္။ မူးခနဲ၊ မိုက္ခနဲ ျဖစ္သြားၿပီး မၾကာခင္မွာပင္ ကားေမာင္းျခင္းကို လုံးဝေရွာင္ပါ။

ေဆးခန္း ေဆး႐ုံသြားမည္ဆိုပါက အေဖာ္တစ္ေယာက္ေယာက္နဲ႔ သြားပါ။ တစ္ေယာက္တည္း မသြားပါနဲ႔။

Author : Dr.528

(Unicode)

ခေါင်းမူးဝေဒနာကို လူတော်တော်များများ ခံစားဖူးကြမှာပါ။ သို့သော် ဖြစ်ရတဲ့ အကြောင်းရင်းကိုသေချာသိဖို့ကတော့ စမ်းသပ်စစ်ဆေးမှုတွေ မလုပ်ဘဲနဲ့ အတိအကျ သိဖို့မလွယ်ပါဘူး။

ခေါင်းမူးရင် အကြမ်းအားဖြင့် နှစ်မျိူးခွဲပြီး စဉ်းစားရပါတယ်။ ရိပ်ရိပ် ရိပ်ရိပ်နဲ့မူးတာလား သို့မဟုတ် ပတ်ချာလည်အောင် မူးတာလား ဆိုပြီးတော့ပါ။

ပတ်ချာလည်အောင် မူးတာဆိုရင်တော့ ၈၅ရာခိုင်နှုန်းခန့်ဟာ နားမှာဖြစ်တဲ့ရောဂါတွေကြောင့် မူးတာဖြစ်နိုင်ပါတယ်။ ကျန်တဲ့၁၅ရာခိုင်နှုန်းကတော့ တခြားအကြောင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ နားမှာဖြစ်တဲ့ ဘယ်လိုရောဂါတွေက ချာချာလည်အောင် မူးစေလဲဆိုတော့ အတွင်းနား တစ်ဖက်စီမှာရှိတဲ့ ပြွန်သုံးခုမှာ အနည်ထတာ၊ နားထဲမှာရှိတဲ့ အာရုံကြောဆဲလ်တွေ ရောင်ရမ်းနေတာ၊ နားထဲရှိတဲ့ရေအိတ်တွေ ရေချိန်မမှန်တာ၊ ရေချိန်ထိန်းတဲ့ ပြွန်လေးတွေမှာ အကြောင်းအမျိူးမျိုးကြောင့် ရေချိန်မမှန်တာ စတာတွေပါ။

ကုသနည်းကတော့ နား နှာခေါင်း လည်ချောင်းဆေးရုံ သို့မဟုတ် နှားနှာခေါင်း လည်ချောင်းဆရာဝန် ရှိတဲ့ ဆေးခန်းတွေမှာ ပြသစစ်ဆေး သင့်ပါတယ်။

ခေါင်းမူးခြင်းကို ဖြစ်စေနိုင်တဲ့ တခြားအကြောင်းတွေကို ဆက်ပြောပြပါ့မယ်။

၁။ ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်းခြောက်သောကြောင့် မူးခြင်း
ကားအကြာကြီးစီးရတာမျိူး၊ ရာသီဥတုပူချိန်မှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ အပြင်းအထန် လုပ်မိတာမျိူး၊ နေပူထဲတွင် တစ်နေကုန်နီးပါး အလုပ်လုပ်ရတာမျိူး၊ အလုပ်တွေ ရှုပ်လွန်းသဖြင့် စားဖို့၊ သောက်ဖို့ပင် အချိန် မပေးနိုင်တာမျိုးတွေဆိုရင် လူ့ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက် သွားတတ်ပါတယ်။ ထိုသို့ ဖြစ်နေစဉ်တွင် ရုတ်တရက် ထလိုက်ပါက မူးခနဲ၊ မိုက်ခနဲ ဖြစ်သွားနိုင်ပါတယ်။

ထိုအခါ သင်သည် ရေဓာတ်ပြန်ဖြည့်ပေးဖို့လိုပါတယ်။ ဓာတ်ဆားရည်သို့မဟုတ် ဖျော်ရည် တစ်ခုခုသောက်နိုင်ပါက ပိုသင့်တော်ပါသည်။ နည်းနည်းခြင်း အရင်သောက်ပါ။ သောက်ပြီး ၁၅မိနစ်လောက်စောင့်ကြည့်ပါ။ မသက်သာဘူး၊ ပိုမူးလာတယ်ဆိုရင်တော့ လုပ်ဖော်ကိုင်ဖက် သို့မဟုတ် အနီးနားကလူတစ်ယောက်ယောက်ကို အကူအညီတောင်းပြီး ဆေးခန်းသွားပါ။

၂။ သွေးပေါင်ကျခြင်း သို့မဟုတ် တက်ခြင်းကြောင့်မူးခြင်း

ပုံမှန်ရှိသင့်တဲ့ သွေးပေါင်ချိန်သည် အပေါ်သွေး၁၂၀ အောက်သွေး၈၀ ဖြစ်သည်။

အပေါ်သွေး (၁၀၀) အောက်၊ အောက်သွေး (၆၀) အောက်ကျသွားလျှင်ကား သွေးပေါင်ကျနေပြီဟု သတ်မှတ်နိုင်ပြီး အပေါ်သွေး ၁၄၀နဲ့အထက်၊ အောက်သွေး ၉၀နဲ့အထက်ဆိုပါက သွေးပေါင်တက်နေပြီဟု အကြမ်းအားဖြင့် သတ်မှတ်နိုင်ပါသည်။ ထိုအခါ ရုတ်တရက် ထလိုက်လျှင် မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းမျိုးနဲ့ ကြုံရနိုင်သည်။

ဆေးခန်းသွားပြီး သွေးပေါင်ချိန် ချိန်ကြည့်ပါ။ ကျနေပါက ဓာတ်ဆားရည် သောက်ပါ။ သွေးတိုးရှိရင်တော့ ဆရာဝန်က စွဲစားရမယ့် သွေးတိုးကျဆေး ပေးပါလိမ့်မယ်။

၃။ သွေးတွင်း သကြားဓာတ် နည်းပါး နေခြင်းကြောင့် မူးခြင်း
သွေးတွင်း သကြားဓာတ်နည်းနေသည့်အခါ လူသည် ချွေးထွက်လွန်၊ ဂဏာမငြိမ် ဖြစ်လာ တတ်သည်။ စိတ်လည်း ဂယောက်ဂယက် ဖြစ်လာတတ်သည်။ သွေးပေါင်လည်း ကျသွားကာ နောက်ဆုံးတွင် လုံး၀ မူးလဲသွားသည့်အဆင့်ထိ ရောက်သွားရသည်။ ဆီးချိုရောဂါရှိသူများတွင် ပိုအဖြစ်များနိုင်ပါတယ်။ ဆီးချိုရောဂါ မရှိသူများတွင်လည်း ဖြစ်နိုင်ပါတယ်။

အလုပ် အလွန်အကျွံ လုပ်ခြင်း၊ အလွန်အမင်း စိတ်အားလူအားစိုက်ခြင်း၊ တစ်နေ့လုံး နီးပါးရေနှင့် အစားအသောက် မဆိုသလောက် သာ စားသောက်ပြီး အလုပ်ချည်း ဖိလုပ်နေခြင်းများကြောင့် သွေးတွင်း သကြားဓာတ် ကျဆင်းသွားရတတ်သည်။

ထိုအခါမျိူးတွင် အချိုဓာတ်ပါတာတွေ စားပေးပါ။ အချိုရည် တစ်မျိုးမျိုး သောက်ပါ။ မသက်သာပါက ဆေးခန်းပြပါ။

၄။ သွေးတွင်း သံဓာတ်လျော့နည်းနေခြင်းကြောင့် မူးခြင်း။

ဒါကတော့ သတ်သတ်လွတ်စားတဲ့သူတွေမှာ ပိုအဖြစ်များနိုင်ပါတယ်။ သွေးထဲမှာ သံဓာတ်လျော့နည်းနေပါက လူသည်နည်းနည်းလေး လှုပ်ရှားတာနဲ့မောပန်းတာ၊ နုံးနေတာ၊ ဖြူဖျော့နေတာတွေ ဖြစ်တတ်ပါတယ်။ ပြီးလျှင် မူးခနဲ၊ မိုက်ခနဲလည်းပိုပြီး ဖြစ်တတ်သည်။

ထိုအခြေအနေမျိုးတွင် သွေးဖောက်စစ်ကာ သွေးတွင်းသံဓာတ် နည်းလား၊ များလား စစ်ဆေးရမည်။ ရလဒ်ကိုသိလာသည့်အခါ ဆရာဝန်အနေဖြင့် သွေးတွင်း သံဓာတ်အားကောင်း လာအောင်ဆေးဝါးများ ညွှန်ကြားပေးနိုင်သည်။ သွေးတွင်းသံဓာတ် အားကောင်းလာသည့်အခါ မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းလည်း အလိုလို သက်သာလာနိုင်ပါတယ်။

ဒါတွေကတော့ အဖြစ်များတဲ့အကြောင်းရင်းတွေပါ။ ဒါတွေအပြင် အာရုံကြော အားနည်းလို့ မူးတာ၊ ဦးနှောက်မှာ အကျိတ်ဖြစ်လို့ မူးတာတွေလည်း ရှိနိုင်ပါတယ်။

အဆုံးသတ်အနေနဲ့ အကြံပေးလိုတာကတော့ မြင့်သောနေရာတွင် ရပ်နေချိန် မူးခနဲမိုက်ခနဲ ဖြစ်သွားပါက ပြုတ်ကျခြင်းကြောင့် ထိခိုက်ဒဏ်ရာရခြင်းမှသည် အသက် အန္တရာယ်ထိပါ စိုးရိမ်ရပါတယ်။ မူးခနဲ၊ မိုက်ခနဲ ဖြစ်သွားလျှင် အရင်ဆုံးထိုင်ချလိုက်ပါ်။ သို့မှသာ လဲကျ သွားခြင်းကို ကာကွယ်နိုင်မည်။ မူးခနဲ၊ မိုက်ခနဲ ဖြစ်သွားပြီး မကြာခင်မှာပင် ကားမောင်းခြင်းကို လုံးဝရှောင်ပါ။

ဆေးခန်း ဆေးရုံသွားမည်ဆိုပါက အဖော်တစ်ယောက်ယောက်နဲ့ သွားပါ။ တစ်ယောက်တည်း မသွားပါနဲ့။

Author : Dr.528

 

 

Previous Post

ငါ စိတ်ဓာတ်များ ကျနေတာလား

Next Post

အရိုးပွရောဂါနဲ့ အစားအသောက်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
848
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
842
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရိုးပွရောဂါနဲ့ အစားအသောက်

လေယာဉ်ခရီးစီးကြမယ်ဆိုရင်

မိန်းမကိုယ်အနံ့ဆိုး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.