fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အူရောင်ငန်းဖျား

179
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/10/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အူရောင်ငန်းဖျား

မြန်မာလိုတော့ တိုက်ဖွိုက်ရောဂါလို့လည်းခေါ်ပါတယ်။ ဆာမွန်နဲလား (Samonella) ဆိုတဲ့ ဘက်တီးရီးယား ပိုးတစ်မျိူး ကြောင့်ဖြစ်တာပါ။ ဆာမွန်နဲလားမှာမှ ဆာမွန်နဲလားတိုက်ဖီ (Salmonella Typhi) ဆိုတဲ့ အမျိူးအစား ပိုးဝင်လို့ ဖြစ်တာပါ။

ဒီပိုးက လူ့ခန္ဓာကိုယ်ထဲကို ဘယ်လိုဝင်လဲဆိုတော့ မသန့်တဲ့ အစားအသောက်တွေ စားမိ သောက်မိရာမှ တဆင့် ဝင်ပါတယ်။ ဥပမာဆိုရင် ယင်ကောင်လို သတ္တဝါမျိုးဟာ ပထမ မစင်ကိုနားမယ်၊ ပြီးရင် အစားအသောက်တွေပေါ်ကို နားမယ်။ အစားအသောက်တွေ ပေါ်နားချိန်မှာ ပထမ မစင်ပေါ်မှာ နားထားတာတွေကို အစားအသောက်တွေပေါ် ပြန်အန်ချမယ်။ ဒါက ယင်ကောင်ရဲ့ လုပ်ရိုးလုပ်စဉ်ပါ။ အဲလို ယင်နားထားတဲ့ မသန့်တဲ့ အစားအသောက်တွေကို စားမိသောက်မိရင် ရောဂါ ကူးစက်ခံရနိုင်ပါတယ်။

နောက်ဥပမာတစ်ခုက အိမ်သာတက်ပြီး လက်ကိုဆပ်ပြာနဲ့ စင်အောင်မဆေးဘဲ အစားအသောက်ပြင်တာပဲဖြစ်ဖြစ် အစားအသောက်ကို အဲ့လက်နဲ့ စားမိတာပဲဖြစ်ဖြစ်လည်း ဖြစ်နိုင်ပါတယ်။ အဓိကကတော့ အစားအစာထဲမှာ ဖော်ပြပါ ရောဂါပိုးပါလာရင် ကူးစက်နိုင်ပါတယ်။

ရောဂါပိုးဝင်ဝင်ခြင်း ရောဂါလက္ခဏာတွေ ပေါ်တာမဟုတ်ပါဘူး။ အနည်းဆုံးတစ်ပတ်ကနေ နှစ်ပတ်ကြာပါတယ်။ ဒါကြောင့် ပြောနိုင်တာ တစ်ခုက လူတစ်ယောက်ဟာ တိုက်ဖွိုက်ရောဂါ ဖြစ်နေပြီဆိုရင် ဒီနေ့စားတဲ့အစာ၊ မနေ့ကစားတဲ့ အစာတွေ မသန့်လို့ မဟုတ်ဘဲ အနည်းဆုံး လွန်ခဲ့တဲ့ ရက်သတ္တပတ်က စားခဲ့တဲ့ အစာကြောင့် ဖြစ်ရတယ်ဆိုတာပါပဲ။

ရောဂါပိုး ကူးစက်ခံရတဲ့သူ စွန့်ထုတ်လိုက်တဲ့ မစင်ထဲမှာလည်း ရောဂါပိုးတွေ ပါနိုင်ပါတယ်။ ဒီလိုနည်းနဲ့အူရောင်ငန်းဖျားရောဂါဟာ ကူးစက်ပါတယ်။ ရောဂါပိုးများသည် သွေးလှည့်ပတ်မှု စနစ်အတွင်းသို့ ဝင်ရောက်ပြီး ရက်အနည်းငယ် ကြာပြီးနောက် ရောဂါပိုးသည် အူသိမ်ရဲ့ပြန်ရည်တစ်သျှူး(Lymphoid tissue)တွေဖြစ်တဲ့ Peyer’s Patches and Follicles များတွင် နေထိုင်သည်။ ထို့နောက်တွင်တော့ အဲ့နေရာများကို ရောင်စေတာ အနာဖြစ်တာတွေ ဖြစ်စေသည်။ ပြင်းထန်ပါက အူပေါက်တာအထိ ဖြစ်နိုင်ပါသည်။

ရောဂါလက္ခဏာများကတော့

ပထမအပတ်အစမှာဆိုရင် ဖျားတာ၊ ခေါင်းကိုက်တာ၊  ကြွက်သားတွေ ညောင်းကိုက်တာ၊ ဗိုက်မအီမသာဖြစ်တာ၊ ဝမ်းချုပ်တာ (ကလေးတွေမှာ ဆိုရင်တော့ အန်တာ၊ ဝမ်းလျှောတာမျိူးလည်း ဖြစ်နိုင်ပါတယ်)။

အူရောင်ငန်းဖျားမှာ ဖျားတဲ့ပုံစံက အဖျားက တဖြည်းဖြည်းချင်းတက်တဲ့ပုံစံပါ (ဥပမာ ပထမရက်မှာ ၉၉ဒီဂရီဖာရင်ဟိုက်ဆို နောက်ရက်တွေကျ ၁၀၀ ၁၀၁ ၁၀၂ စသဖြင့် တက်သွားပါတယ်) နောက်ထူးခြားတဲ့အချက်က ပုံမှန်ဖျားနေတဲ့ သူတစ်ယောက်ကို သွေးခုန်နှုန်းစမ်းကြည့်ရင် သွေးခုန်နှုန်းက မြန်နေပေမယ့် တိုက်ဖွိုက်ဖြစ်ပြီး ဖျားတဲ့သူမှာကျ သွေးခုန်နှုန်း နှေးနေတာမျိူးပါ (Pulse Temperature Desociation လို့လည်း ခေါ်ပါတယ်)

ပထမပတ် အဆုံးမှာ(ဒုတိယပတ် အစပိုင်း)ဆိုရင် နောက်ကျောဘက်မှာ အနီပြင်များ ထွက်လာတတ်ပါသည်။ Maculopapular rash (rose spot) လို့လည်း ခေါ်သည်။

လက်ဖြင့် ဖိကြည့်လျှင် ပျော့သွားလေ့ရှိပါသည်။ တချို့တွင် ချောင်းဆိုးခြင်း၊ နှာခေါင်းသွေးလျှံခြင်းတို့
ဖြစ်နိုင်ပါသည်။ ဘေလုံးကြီးတာ၊ အသည်းကြီးတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဝမ်းချုပ်နေရာမှ ဝမ်းပျက်လာပြီး ဝမ်းဗိုက်သည် တင်းနေနိုင်ပါသည်။

ဆေးကုသမှု မခံယူဘူးဆိုရင် ဒုတိယအပတ် အဆုံးမှာ လူနာဟာ ပြင်းထန်စွာ ဖျားရာကနေ သွေးဆိပ်သင့်ပြီး သတိလစ်တာ၊ အသက်သေဆုံးတာတွေ ဖြစ်နိုင်ပါတယ်။

အလွန်ကံကောင်းထောက်မစွာ အသက်မသေဘဲ ပြန်ကောင်းသွားလျှင်လည်း ဆာမိုနဲလား ရောဂါပိုးဟာ ထိုသူများရဲ့ သည်းခြေအိတ်ထဲမှာ လပေါင်းများစွာ နှစ်ပေါင်းများစွာ ကြာအောင်နေနိုင်သောကြောင့် ၅ ရာခိုင်နှုန်းခန့်သော လူများသည် နာတာရှည် ရောဂါ သယ်ဆောင်သူများ
ဖြစ်သွားနိုင်ပြီး အခြားသူများကို ရောဂါ ကူးစက်စေ နိုင်ပါတယ်။

ဒါကြောင့် အထက်ပါ လက္ခဏာများရှိပါက နီးစပ်ရာဆေးခန်းမှာ ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်ရပါမယ်။ ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေလဲ ဆိုတော့ သွေးစစ်တာ၊ ဆီးစစ်တာ၊ ဝမ်းစစ်တာ စသဖြင့်ပါ။

သွေးကိုယူပြီး ပိုးမွေးတာ(Blood Culture) ၊ သွေးဖြူဥနည်း မနည်းကြည့်တာ Blood for CP) Widal test (antibodies to Salmonella) လုပ်တာ တွေလည်း လုပ်နိုင်ပါတယ်။

ကုသမှု အနေနဲ့ကတော့ ပိုးသတ်ဆေးတွေကို ၂ပတ်လောက်ထိ သောက်ရတာမျိူး ဖြစ်နိုင်ပါတယ်။နောက်တစ်ချက်အနေနဲ့က တိုက်ဖွိုက်ဖြစ်ရင် အစာမာ လုံးဝမစားရတာတော့ မဟုတ်ပါဘူး။ အူပေါက်ခြင်းသည် ဒုတိယပတ် အဆုံးနှင့် တတိယပတ်တို့တွင်သာ ဖြစ်ပေါ်နိုင်တဲ့အတွက် စဖျားဖျားချင်း ပထမအပတ်မှာဆိုရင် အစာစားလို့ ရပါတယ်။ ဒုတိယပတ်လောက်ရောက်မှသာ အစာမာရှောင်ပြီး အရည်ပဲ တိုက်သင့်တာပါ။

နောက်ဆုံးအနေနဲ့ အကြံပြုချင်တာကတော့ တိုက်ဖွိုက်ရောဂါသည် မသန့်ရှင်းသော အစားအသောက်များကို စားမိရာမှ တဆင့်ဖြစ်တဲ့အတွက် အစားအစာတွေကို ပူပူနွေးနွေး ချက်ပြုတ်စားသောက်ဖို့ ၊ယင်နားစာတွေ မစားဖို့နဲ့၊ အစားမစားခင်နဲ့ အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင်ဆေးဖို့ မှာကြားချင်ပါတယ်။

Author : Dr.528

Previous Post

အစာအိမ်ကင်ဆာ

Next Post

အာသီးရောင်ခြင်းနဲ့ အစားအသောက်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
843
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
842
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အာသီးရောင်ခြင်းနဲ့ အစားအသောက်

ခွေးရူးကာကွယ်ဆေး

အတွင်းတိမ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.