(Zawgyi)
ေခြး႐ူးေရာဂါဟာ ေခြးကိုက္လို႔ ျဖစ္တယ္လို႔ပဲ ေတာ္ေတာ္မ်ားမ်ား သိၾကပါတယ္။ အမွန္တကယ္ကေတာ့ Rhabdo Virus (ရက္ဒိုဗိုင္းရပ္စ္)ပိုး ကူးစက္ခံရလို႔ျဖစ္တာပါ။
ဒီဗိုင္းရပ္စ္က လူကို ေခြးကိုက္တာကေနပဲ ကူးစက္ႏိုင္တာ မဟုတ္ပါဘူး။
ဗိုင္းရပ္စ္ပိုးရွိတဲ့ ေၾကာင္၊ လင္းႏို႔၊ ေျမေခြး၊ ေခြးအ၊ ဝံပုေလြစတဲ့ ႏို႔တိုက္သတၱဝါ ေတာ႐ိုင္းတိရစာၦန္အႏြယ္ဝင္ေတြရဲ႕ ကုတ္ျခင္း၊ ကိုက္ျခင္းခံရရင္ေသာ္လည္းေကာင္း၊ မိမိတြင္ရွိသည့္ အေရျပားအနာ သို႔မဟုတ္ ပြန္းပဲ့ဒဏ္ရာနဲ႔ ထိုတိရစာၦန္မ်ားရဲ႕သြားရည္နဲ႔ ထိမိရင္ေသာ္လည္းေကာင္း၊ ေခြး႐ူးေရာဂါနဲ႔ေသဆုံးမွန္းမသိဘဲ ထိုသူထံမွ မ်က္ၾကည္လႊာ အားယူၿပီး အစားထိုး ကုသမႈခံယူခဲ့ရင္ေသာ္လည္းေကာင္း ကူးစက္ႏိုင္ပါတယ္။
ပိုးဝင္ဝင္ခ်င္းေတာ့ ေရာဂါလကၡဏာ မျပတတ္ပါ။ ကိုက္တဲ့ဒဏ္ရာ အနည္းအမ်ားရယ္၊ ကိုက္တဲ့ေနရာေပၚရယ္ မူတည္ၿပီး ေရာဂါလကၡဏာျပဖို႔ ပိုးဝင္တဲ့အခ်ိန္ကေန ၉ရက္ သို႔မဟုတ္ ေလးပတ္ကေန ရွစ္ပတ္အထိလည္းၾကာတတ္ပါတယ္။
ေခြး႐ူးေရာဂါတြင္ အၾကမ္းအားျဖင့္ Furious Rabies နဲ႔ Dumb Rabies ဆိုၿပီး အမ်ိဴးအစား ႏွစ္မ်ိဴးရွိသည္။ ျမန္မာလို ေခၚေလ့ရွိတာကေတာ့ အျပင္းစားအမ်ိဴးအစားနဲ႔ အေပ်ာ့စား သို႔မဟုတ္ အၿမဳံအမ်ိဴးအစားလို႔ ေယဘုယ်ေခၚပါတယ္။ အေပ်ာ့စား သို႔မဟုတ္ အၿမဳံအမ်ိဴးအစားလို႔ ေျပာေပမယ့္ အဲ့အမ်ိဴးအစားကလည္း အသက္ေသဆုံးသည္အထိ ျဖစ္ႏိုင္ပါတယ္။
အျပင္းစား(Furious Rabies)ရဲ႕ လကၡဏာေတြကေတာ့ စစခ်င္းမွာ ဖ်ားတာ၊ ကိုက္တဲ့ေနရာမွာထုံတာ ယားတာ၊ ေနာက္ၿပီး Hydrophobia ေရေၾကာက္တာ(ဆိုလိုတာက ေရေသာက္ဖို႔ ႀကိဳးစားတဲ့အခါမွာ ေရမ်ိဴႁပြန္မွာရွိတဲ့ ႂကြက္သားေတြက တအားက်ဳံတာမ်ိဴးေၾကာင့္ ေရမေသာက္ႏိုင္တာပါ) ေလေၾကာက္တာ Aerophobia ေတြလည္းျဖစ္ႏိုင္တယ္။ ေနာက္ပိုင္းက် ပါးစပ္ကေန သြားရည္က်လာတာ ျမင္ျမင္သမွ် လႈပ္ရွားေနသည့္အရာမ်ားႏွင့္ သတၱဝါမ်ားကို ရန္လိုကိုက္ဆြဲလာတာမ်ိဴးေတြပါ ျဖစ္လာပါတယ္။ ဒီလိုေတြျဖစ္လာၿပီးရင္ေတာ့ တစ္ပတ္အတြင္းမွာတင္ အသက္ေသဆုံးႏိုင္ပါတယ္။
အေပ်ာ့စား(Dumb Rabies)ရဲ႕ လကၡဏကေတာ့ အေပၚကဟာနဲ႔ ဆန႔္က်င္ဘက္ပါ။ ၾကမ္းၾကမ္းရမ္းရမ္း ပုံစံေတြမရွိပါဘူး။ တျဖည္းျဖည္း ေအာက္ပိုင္းကေနစၿပီး အေပၚပိုင္း ေနာက္ဆုံးတစ္ကိုယ္လုံးေလျဖတ္သြားသလိုမ်ိဴး ျဖစ္ပါတယ္။ စစခ်င္းမွာ ေျခေထာက္လႈပ္လို႔ မရဘူး။ ေနာက္ေပါင္ေတြ လႈပ္လို႔မရဘူး။ ေနာက္ေအာက္ပိုင္း တစ္ခုလုံး လႈပ္လို႔မရေတာ့ဘူး။ စျဖစ္တာကေန ေလးပတ္အတြင္း အသက္ေသဆုံးႏိုင္ပါတယ္။ ဒီအမ်ိဳးအစားကက် ေခြး႐ူးေရာဂါျဖစ္မွန္းသိဖို႔ ေတာ္ေတာ္ခက္ပါတယ္။
ေခြး႐ူးျပန္ေရာဂါသည္ ေရာဂါလကၡဏာျပမွ ကုသမႈခံယူပါက မည္သည့္ကုသမႈမွ် ျပဳလုပ္လို႔မရဘဲ ေသဆုံးသည္အထိျဖစ္ႏိုင္ၿပီး အာ႐ုံေၾကာမ်ားကို အဓိကထိခိုက္ေစသည့္ ေရာဂါျဖစ္သည္။ ဒါေၾကာင့္အေပၚမွာေျပာခဲ့တဲ့ တိရစာၦန္ေတြရဲ႕အကိုက္ခံရတာ အကုတ္ခံ၇ရတာ ရွိခဲ့ပါက မေပါ့ဆဘဲ ဒဏ္ရာကိုခ်က္ခ်င္း ေရနဲ႔ဆပ္ျပာနဲ႔ ေသခ်ာေဆးပါ။ ၿပီးရင္ ေဆးခန္းသို႔မဟုတ္ ျပည္သူ႔ေဆး႐ုံကို သြားပါ။ အဲ့မွာ ေမးခိုင္ကာကြယ္ေဆးထိုးတာ၊ ပိုးသတ္ေဆးေပးတာဈ ဒဏ္ရာအေျခအေနေပၚ မူတည္ၿပီး ေခြး႐ူးျပန္ကာကြယ္ေဆးတစ္မ်ိဳး သို႔မဟုတ္ ႏွစ္မ်ိဳးထိုးတာမ်ိဳးေတြ လုပ္ဖို႔လိုပါတယ္။
ေခြး႐ူးေရာဂါလကၡဏာျပၿပီး အသက္ရွင္တဲ့သူဆိုလို႔ ကမာၻေပၚမွာ လက္ခ်ိဳးေရလို႔ လက္တစ္ဖက္ေတာင္ မျပည့္ပါဘူး။ ဒါေၾကာင့္ ေခြး႐ူးကာကြယ္ေဆးကို အကိုက္၊ အကုတ္ မခံရခင္ကတည္းက ႀကိဳထိုးထားသင့္ပါတယ္။ တိရစာၦန္ ကုသေသာ ဆရာဝန္မ်ား ၊ ေခြး႐ူးေရာဂါပိုးရွိ၊ မရွိ စစ္ေဆးေနရေသာ ဓာတ္ခြဲခန္း ဝန္ထမ္းမ်ား၊ ေခြးေပါေသာအရပ္ သို႔မဟုတ္ ေခြး႐ူးေရာဂါ အျဖစ္မ်ားေသာ အရပ္မွာေနထိုင္သူမ်ားဆိုရင္ မျဖစ္မေန ကာကြယ္ေဆး ထိုးထားသင့္ပါတယ္။
နိဂုံးခ်ဴပ္အေနနဲ႔ကေတာ့ Prevention Is Better Than Cure(ကာကြယ္ျခင္းဟာ ကုသျခင္းထက္ ပိုေကာင္းပါတယ္လို႔) ဆိုတဲ့အတိုင္း ေခြး႐ူးေရာဂါျဖစ္ပြားမႈ ေလ်ာ့နည္းေအာင္ ႏိုင္ငံေတာ္ကပါ ဝိုင္းဝန္းေဆာင္႐ြက္ေပးဖို႔ လိုပါတယ္။ ေလလြင့္ေခြးမ်ားကို ဖမ္းဆီးၿပီး သင့္ေတာ္ရာစခန္းမွာ ထိန္းသိမ္းထားတာ၊ သို႔မဟုတ္ သက္သာတဲ့နည္းနဲ႔ သုတ္သင္ရွင္းလင္းတာ သို႔မဟုတ္ ေလလြင့္ေခြးမ်ိဳးပြားမႈကိုထိန္းခ်ဳပ္တာ၊ ေခြးေမြးတဲ့သူမ်ားကိုလည္း ေခြးမွတ္ပုံတင္လုပ္ခိုင္းတာမ်ိဳးေတြကို တြင္တြင္က်ယ္က်ယ္လုပ္သင့္ပါတယ္။
ေနာက္ၿပီး ေခြးက လူတစ္ေယာက္ကိုကိုက္ၿပီဆိုရင္ ေနာက္ထပ္မကိုက္ႏိုင္ေအာင္ စည္ပင္ သို႔မဟုတ္ သက္ဆိုင္ရာဌာနကေန အဲ့ေခြးကို ဖမ္းဆီးၿပီး ၄၅ ရက္အနည္းဆုံး ေစာင့္ၾကည့္စစ္ေဆးသင့္သည္။ေစာင့္ၾကည္လို႔ ေခြး႐ူးလကၡဏာေတြ ေပၚလာပါက သက္သာတဲ့နည္းနဲ႔ ရွင္းလင္းတာမ်ိဳးေတြ လုပ္ေပးဖို႔လိုပါတယ္လို႔ အႀကံျပဳခ်င္ပါတယ္။ ေခြးကိုက္ခံရတဲ့သူကလည္း သတင္းေပးဖို႔လိုႏိုင္ပါတယ္။
Author : Dr. 528
(Unicode)
ခွေးရူးရောဂါဟာ ခွေးကိုက်လို့ ဖြစ်တယ်လို့ပဲ တော်တော်များများ သိကြပါတယ်။ အမှန်တကယ်ကတော့ Rhabdo Virus (ရက်ဒိုဗိုင်းရပ်စ်)ပိုး ကူးစက်ခံရလို့ဖြစ်တာပါ။
ဒီဗိုင်းရပ်စ်က လူကို ခွေးကိုက်တာကနေပဲ ကူးစက်နိုင်တာ မဟုတ်ပါဘူး။
ဗိုင်းရပ်စ်ပိုးရှိတဲ့ ကြောင်၊ လင်းနို့၊ မြေခွေး၊ ခွေးအ၊ ဝံပုလွေစတဲ့ နို့တိုက်သတ္တဝါ တောရိုင်းတိရစ္ဆာန်အနွယ်ဝင်တွေရဲ့ ကုတ်ခြင်း၊ ကိုက်ခြင်းခံရရင်သော်လည်းကောင်း၊ မိမိတွင်ရှိသည့် အရေပြားအနာ သို့မဟုတ် ပွန်းပဲ့ဒဏ်ရာနဲ့ ထိုတိရစ္ဆာန်များရဲ့သွားရည်နဲ့ ထိမိရင်သော်လည်းကောင်း၊ ခွေးရူးရောဂါနဲ့သေဆုံးမှန်းမသိဘဲ ထိုသူထံမှ မျက်ကြည်လွှာ အားယူပြီး အစားထိုး ကုသမှုခံယူခဲ့ရင်သော်လည်းကောင်း ကူးစက်နိုင်ပါတယ်။
ပိုးဝင်ဝင်ချင်းတော့ ရောဂါလက္ခဏာ မပြတတ်ပါ။ ကိုက်တဲ့ဒဏ်ရာ အနည်းအများရယ်၊ ကိုက်တဲ့နေရာပေါ်ရယ် မူတည်ပြီး ရောဂါလက္ခဏာပြဖို့ ပိုးဝင်တဲ့အချိန်ကနေ ၉ရက် သို့မဟုတ် လေးပတ်ကနေ ရှစ်ပတ်အထိလည်းကြာတတ်ပါတယ်။
ခွေးရူးရောဂါတွင် အကြမ်းအားဖြင့် Furious Rabies နဲ့ Dumb Rabies ဆိုပြီး အမျိူးအစား နှစ်မျိူးရှိသည်။ မြန်မာလို ခေါ်လေ့ရှိတာကတော့ အပြင်းစားအမျိူးအစားနဲ့ အပျော့စား သို့မဟုတ် အမြုံအမျိူးအစားလို့ ယေဘုယျခေါ်ပါတယ်။ အပျော့စား သို့မဟုတ် အမြုံအမျိူးအစားလို့ ပြောပေမယ့် အဲ့အမျိူးအစားကလည်း အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။
အပြင်းစား(Furious Rabies)ရဲ့ လက္ခဏာတွေကတော့ စစချင်းမှာ ဖျားတာ၊ ကိုက်တဲ့နေရာမှာထုံတာ ယားတာ၊ နောက်ပြီး Hydrophobia ရေကြောက်တာ(ဆိုလိုတာက ရေသောက်ဖို့ ကြိုးစားတဲ့အခါမှာ ရေမျိူပြွန်မှာရှိတဲ့ ကြွက်သားတွေက တအားကျုံတာမျိူးကြောင့် ရေမသောက်နိုင်တာပါ) လေကြောက်တာ Aerophobia တွေလည်းဖြစ်နိုင်တယ်။ နောက်ပိုင်းကျ ပါးစပ်ကနေ သွားရည်ကျလာတာ မြင်မြင်သမျှ လှုပ်ရှားနေသည့်အရာများနှင့် သတ္တဝါများကို ရန်လိုကိုက်ဆွဲလာတာမျိူးတွေပါ ဖြစ်လာပါတယ်။ ဒီလိုတွေဖြစ်လာပြီးရင်တော့ တစ်ပတ်အတွင်းမှာတင် အသက်သေဆုံးနိုင်ပါတယ်။
အပျော့စား(Dumb Rabies)ရဲ့ လက္ခဏကတော့ အပေါ်ကဟာနဲ့ ဆန့်ကျင်ဘက်ပါ။ ကြမ်းကြမ်းရမ်းရမ်း ပုံစံတွေမရှိပါဘူး။ တဖြည်းဖြည်း အောက်ပိုင်းကနေစပြီး အပေါ်ပိုင်း နောက်ဆုံးတစ်ကိုယ်လုံးလေဖြတ်သွားသလိုမျိူး ဖြစ်ပါတယ်။ စစချင်းမှာ ခြေထောက်လှုပ်လို့ မရဘူး။ နောက်ပေါင်တွေ လှုပ်လို့မရဘူး။ နောက်အောက်ပိုင်း တစ်ခုလုံး လှုပ်လို့မရတော့ဘူး။ စဖြစ်တာကနေ လေးပတ်အတွင်း အသက်သေဆုံးနိုင်ပါတယ်။ ဒီအမျိုးအစားကကျ ခွေးရူးရောဂါဖြစ်မှန်းသိဖို့ တော်တော်ခက်ပါတယ်။
ခွေးရူးပြန်ရောဂါသည် ရောဂါလက္ခဏာပြမှ ကုသမှုခံယူပါက မည်သည့်ကုသမှုမျှ ပြုလုပ်လို့မရဘဲ သေဆုံးသည်အထိဖြစ်နိုင်ပြီး အာရုံကြောများကို အဓိကထိခိုက်စေသည့် ရောဂါဖြစ်သည်။ ဒါကြောင့်အပေါ်မှာပြောခဲ့တဲ့ တိရစ္ဆာန်တွေရဲ့အကိုက်ခံရတာ အကုတ်ခံ၇ရတာ ရှိခဲ့ပါက မပေါ့ဆဘဲ ဒဏ်ရာကိုချက်ချင်း ရေနဲ့ဆပ်ပြာနဲ့ သေချာဆေးပါ။ ပြီးရင် ဆေးခန်းသို့မဟုတ် ပြည်သူ့ဆေးရုံကို သွားပါ။ အဲ့မှာ မေးခိုင်ကာကွယ်ဆေးထိုးတာ၊ ပိုးသတ်ဆေးပေးတာဈ ဒဏ်ရာအခြေအနေပေါ် မူတည်ပြီး ခွေးရူးပြန်ကာကွယ်ဆေးတစ်မျိုး သို့မဟုတ် နှစ်မျိုးထိုးတာမျိုးတွေ လုပ်ဖို့လိုပါတယ်။
ခွေးရူးရောဂါလက္ခဏာပြပြီး အသက်ရှင်တဲ့သူဆိုလို့ ကမ္ဘာပေါ်မှာ လက်ချိုးရေလို့ လက်တစ်ဖက်တောင် မပြည့်ပါဘူး။ ဒါကြောင့် ခွေးရူးကာကွယ်ဆေးကို အကိုက်၊ အကုတ် မခံရခင်ကတည်းက ကြိုထိုးထားသင့်ပါတယ်။ တိရစ္ဆာန် ကုသသော ဆရာဝန်များ ၊ ခွေးရူးရောဂါပိုးရှိ၊ မရှိ စစ်ဆေးနေရသော ဓာတ်ခွဲခန်း ဝန်ထမ်းများ၊ ခွေးပေါသောအရပ် သို့မဟုတ် ခွေးရူးရောဂါ အဖြစ်များသော အရပ်မှာနေထိုင်သူများဆိုရင် မဖြစ်မနေ ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။
နိဂုံးချူပ်အနေနဲ့ကတော့ Prevention Is Better Than Cure(ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းပါတယ်လို့) ဆိုတဲ့အတိုင်း ခွေးရူးရောဂါဖြစ်ပွားမှု လျော့နည်းအောင် နိုင်ငံတော်ကပါ ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ လိုပါတယ်။ လေလွင့်ခွေးများကို ဖမ်းဆီးပြီး သင့်တော်ရာစခန်းမှာ ထိန်းသိမ်းထားတာ၊ သို့မဟုတ် သက်သာတဲ့နည်းနဲ့ သုတ်သင်ရှင်းလင်းတာ သို့မဟုတ် လေလွင့်ခွေးမျိုးပွားမှုကိုထိန်းချုပ်တာ၊ ခွေးမွေးတဲ့သူများကိုလည်း ခွေးမှတ်ပုံတင်လုပ်ခိုင်းတာမျိုးတွေကို တွင်တွင်ကျယ်ကျယ်လုပ်သင့်ပါတယ်။
နောက်ပြီး ခွေးက လူတစ်ယောက်ကိုကိုက်ပြီဆိုရင် နောက်ထပ်မကိုက်နိုင်အောင် စည်ပင် သို့မဟုတ် သက်ဆိုင်ရာဌာနကနေ အဲ့ခွေးကို ဖမ်းဆီးပြီး ၄၅ ရက်အနည်းဆုံး စောင့်ကြည့်စစ်ဆေးသင့်သည်။စောင့်ကြည်လို့ ခွေးရူးလက္ခဏာတွေ ပေါ်လာပါက သက်သာတဲ့နည်းနဲ့ ရှင်းလင်းတာမျိုးတွေ လုပ်ပေးဖို့လိုပါတယ်လို့ အကြံပြုချင်ပါတယ်။ ခွေးကိုက်ခံရတဲ့သူကလည်း သတင်းပေးဖို့လိုနိုင်ပါတယ်။
Author : Dr. 528