(Zawgyi)
ေဘလုံး (Spleen) အေၾကာင္းနည္းနည္းရွင္းျပပါရေစ။
ေဘလုံးဟာ ခႏၶာကိုယ္ဝမ္းဗိုက္ရဲ႕ ဘယ္ဘက္အေပၚျခမ္း (Left Hypochondrium) နံ႐ိုးနံပါတ္၉နဲ႔ ၁၁ၾကားမွာ ရွိပါတယ္။ သူ႔ရဲ႕အေရွ႕ဘက္မွာ အစာအိမ္ရွိၿပီး သူ႔ေဘးနားေလးမွာ ဘယ္ဘက္ေက်ာက္ကပ္ရွိပါတယ္။ လူတစ္ေယာက္ရဲ႕ ေဘလုံးအ႐ြယ္အစားဟာ အၾကမ္းအားျဖင့္ ထိုလူရဲ႕ လက္သီးဆုပ္ အ႐ြယ္ရွိပါတယ္။လက္သီးဆုပ္ အ႐ြယ္ႀကီးရင္ ေဘလုံးအ႐ြယ္လည္း ႀကီးႏိုင္သလို လက္သီးဆုပ္ေသးရင္ ေဘလုံးအ႐ြယ္အစားလည္း ေသးႏိုင္ပါတယ္။
ခႏၶာကိုယ္အတြက္ ဘာအသုံးဝင္လဲဆိုရင္ ေဘလုံးဟာ ေသြးေၾကာထဲမွာရွိတဲ့ သက္တမ္းျပည့္ခါနီး ေသြးနီဥေတြ ပိုးေတြကို ဖယ္ရွားေပးပါတယ္။ ေနာက္ၿပီး ခုခံအား အန္တီေဘာ္ဒီ(Antibody Ig M)ကိုထုတ္ေပးၿပီး ကိုယ္ခံအားစနစ္ကို အေထာက္အကူျပဳ ေပးပါတယ္။ ေသြးနီးဥရဲ႕ ၈ရာခိုင္ႏႈန္းကိုလည္းသိုေလွာင္ထားႏိုင္ၿပီး လိုအပ္တဲ့အခါက် ထုတ္ေပးႏိုင္ပါတယ္။
ကြၽန္ေတာ္တို႔ လူသားေတြသည္ ေန႔စဥ္ ႐ုန္းကန္လႈပ္ရွားေနရင္ အမွတ္မထင္ ထိခိုက္ဒဏ္ရာရတာ၊ မေတာ္တဆ အက္ဆီးဒန႔္ ျဖစ္တာေတြနဲ႔ ႀကဳံရတတ္ပါတယ္။ အဲ့အခါမွာ အမ်ားစုက ခြၽန္ထက္တဲ့အရာဝတၳဳေတြနဲ႔ ခိုက္မိၿပီး ေသြးထြက္တာမ်ိဴး မဟုတ္ရင္ ေပါ့ေပါ့ဆဆ ေနတတ္ပါတယ္။
ေဘလုံးထိခိုက္ဒဏ္ရာ ဘယ္အခ်ိန္မွာ ရတတ္လဲဆိုရင္ ဝမ္းဗိုက္အေပၚပိုင္းကို ခိုက္မိတာ(ဥပမာ အရွိန္ျပင္းတဲ့ေဘာလုံးဗိုက္ကိုမွန္တာ၊ လက္ေဝွ႔သမားေတြမွာဆိုရင္ ဘယ္ဘက္နံၾကားကို အထိုးခံရတာ၊ ကားအက္စီးဒန႔္ျဖစ္ၿပီး ဗိုက္ခိုက္မိတာ) စတဲ့ တုံးတိတိအရာဝတၳဳေတြနဲ႔ ခိုက္မိၿပီး ေသြးမထြက္တဲ့ဒဏ္ရာ(Blunt Injury)ေတြမွာ အျဖစ္မ်ားပါတယ္။
ေဘလုံးထိခိုက္ဒဏ္ရာရျခင္းမွာ အမ်ိဴးအစား၃ခုခြဲထားပါတယ္။
၁။Sudden Death Type
ဒီအမ်ိဴးအစားကက် ျဖစ္တာေတာ့ ရွားပါတယ္။ ခိုက္မိတဲ့ဒဏ္ရာက တအားကို ျပင္းလြန္းတဲ့အတြက္ ေဘလုံးဟာ အညႇာကေနကို ကြာက်ၿပီး ကြာတဲ့ေနရာကေန ဝမ္းဗိုက္အတြင္းမွာ ေသြးတအားထြက္ပါတယ္။ ဝမ္းဗိုက္ထဲမွာ ေသြးအထြက္မ်ားလြန္းတာေၾကာင့္ ဒဏ္ရာလကၡဏာ ျပခ်ိန္ေတာင္မရဘဲ လူနာက အခင္းျဖစ္တဲ့ေနရာမွာပဲ ခ်က္ခ်င္းကို ေသပါတယ္။
၂။Classical Type
ဒီအမ်ိဴးအစား ျဖစ္တာကေတာ့ အျဖစ္အမ်ားဆုံးပါ။ ျဖစ္ျဖစ္ခ်င္း ေရာဂါလကၡဏာ(ဒဏ္ရာလကၡဏာ)လည္း ျပပါတယ္။
၃။Delayed Type
ဒီအမ်ိဴးအစားလည္း အျဖစ္မ်ားပါတယ္။ သူကက် ျဖစ္ျဖစ္ခ်င္း လကၡဏာမျပဘဲ ေနာက္၂ပတ္ေလာက္ၾကာမွျပတာပါ။
ေဘလုံးထိခိုက္ ဒဏ္ရာရျခင္းရဲ႕ လကၡဏာေတြကေတာ့
ရင္ဘတ္ဘယ္ဘက္ ေအာက္ဖက္အျခမ္းမွာ နာက်င္မႈကိုခံစားရတာ သို႔မဟုတ္ ဝမ္းဗိုက္ဘယ္ဘက္အေပၚျခမ္းမွာ နာက်င္ေနတာ၊ ေရာင္ရမ္းညိဳမည္းေနတာပါ။ ေနာက္ၿပီး ဗိုက္အတြင္းထဲမွာ ေသြးထြက္ပါက လူနာဟာ ျဖဴေဖ်ာ့လာတာ၊ ေျခဖ်ားလက္ဖ်ား ေအးစက္လာတာ၊ ဂနာမၿငိမ္ ျဖစ္လာတာစတဲ့ေရွာ့(Shock)ရတဲ့ လကၡဏာေတြပါ ခံစားရႏိုင္ပါတယ္။
ေဘလုံးထိခိုက္ဒဏ္ရာရရင္ ဘယ္လိုလုပ္ရမလဲ။
အထက္မွာေျပာခဲ့တဲ့ ေရွာ့လကၡဏာေတြရွိရင္ေတာ့ ေဆး႐ုံကို ခ်က္ခ်င္းအျမန္ ပို႔ရပါမယ္။ အသက္အႏၲရာယ္ စိုးရိမ္ရလို႔ပါ။ ေဆး႐ုံေရာက္တာနဲ႔ အရင္ဆုံး ေရွာ့ရေနတဲ့အေျခအေနကေန လူနာသက္သာေအာင္ ပုလင္းခ်ိတ္တာ သို႔မဟုတ္ ေသြးသြင္းတာ၊ ေအာက္စီဂ်င္ေပးတာ စသျဖင့္ အရင္လုပ္ရပါမယ္။ ၿပီးရင္ ျဖစ္ခဲ့ပုံအေသးစိတ္နဲ႔ တျခားဒဏ္ရာေတြ ရွိ၊မရွိ ၾကည့္ရပါမယ္။
ေနာက္မွ ေဘလုံးထိခိုက္တာလား ဆိုတာ အေသအခ်ာ သိဖို႔အတြက္ရယ္၊ ထိခိုက္မိၿပီဆိုလည္းဘယ္ေလာက္ ထိခိုက္တာလဲ သိဖို႔ရယ္အတြက္ ျမန္ျမန္ဆန္ဆန္ရတဲ့ အာထရာေဆာင္း႐ိုက္တာ (Focused Abdominal Sonography For Trauma)၊ ဝမ္းဗိုက္ဓါတ္မွန္႐ိုက္တာ (Plain X Ray Abdomen)၊ စီတီ႐ိုက္တာ(CT Scan)၊ Diagnostic Peritoneal Lavage ေတြလုပ္ရပါတယ္။
ကုသမႈကေတာ့ ေဘလုံးထိခိုက္မႈေပၚ မူတည္ၿပီး တအားဆိုးရင္ ေဘလုံးတစ္ခုလုံးကို ထုတ္ပစ္ရတာ(Splenectomy)၊ ဘာမွသိပ္မျဖစ္ ေသြးလည္း ဆက္မထြက္ဘူးဆိုရင္ ဘာမွမလုပ္ဘဲ ဒီအတိုင္းထားခဲ့တာ၊ ေသြးကမမ်ားဘူး ဒါေပမယ့္ ထြက္ေနတယ္ဆိုရင္ ေသြးတိတ္ေအာင္ ဒိုင္ရာသမီ(Diathermy)တို႔တာ၊ သို႔မဟုတ္ ေကာ္သုံးၿပီးကုတာ [Application of adhesive substances e.g. fibrin glue] ေတြလုပ္ႏိုင္ပါတယ္။
ေနာက္ၿပီးလိုအပ္ရင္ ေဘလုံးကိုနည္းနည္းလွီးထုတ္ရတာ (Partial Splenectomy)၊ စုတ္ၿပဲတာနည္းနည္းပဲရွိရင္ ျပန္ခ်ဴပ္တာ(Suturing of minor Lacerations) စသျဖင့္လည္း ရွိပါတယ္။
အဆုံးသတ္အေနနဲ႔ ေျပာခ်င္တာကေတာ့ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာဆိုရင္ လမ္းေပၚေဘာလုံးကန္တာေတြလည္း တအားမ်ားတဲ့အတြက္ တကယ္လို႔မ်ား ဗိုက္ကိုေဘာလုံးမွန္ခဲ့ရင္ မေပါ့ဆဖို႔ရယ္၊ အားကစားသမားေတြ လက္ေဝွ႔သမားေတြဆိုလည္း ဝမ္းဗိုက္အေပၚဘက္ဘက္အျခမ္းနာတာ၊ ေရာင္ရမ္းတာေတြရွိခဲ့ရင္ ေရွာ့အေျခအေနေရာက္မွ ေဆး႐ုံအေရးေပၚတက္ရတာမ်ိဴး မျဖစ္ေအာင္ ေဆးခန္းျပၿပီး ဆရာဝန္နဲ႔ စမ္းသပ္စစ္ေဆးမႈေတြ လုပ္ၾကည့္ပါလို႔ အႀကံျပဳပါရေစ။
Author : Dr. 528
(Unicode)
ဘေလုံး (Spleen) အကြောင်းနည်းနည်းရှင်းပြပါရစေ။
ဘေလုံးဟာ ခန္ဓာကိုယ်ဝမ်းဗိုက်ရဲ့ ဘယ်ဘက်အပေါ်ခြမ်း (Left Hypochondrium) နံရိုးနံပါတ်၉နဲ့ ၁၁ကြားမှာ ရှိပါတယ်။ သူ့ရဲ့အရှေ့ဘက်မှာ အစာအိမ်ရှိပြီး သူ့ဘေးနားလေးမှာ ဘယ်ဘက်ကျောက်ကပ်ရှိပါတယ်။ လူတစ်ယောက်ရဲ့ ဘေလုံးအရွယ်အစားဟာ အကြမ်းအားဖြင့် ထိုလူရဲ့ လက်သီးဆုပ် အရွယ်ရှိပါတယ်။လက်သီးဆုပ် အရွယ်ကြီးရင် ဘေလုံးအရွယ်လည်း ကြီးနိုင်သလို လက်သီးဆုပ်သေးရင် ဘေလုံးအရွယ်အစားလည်း သေးနိုင်ပါတယ်။
ခန္ဓာကိုယ်အတွက် ဘာအသုံးဝင်လဲဆိုရင် ဘေလုံးဟာ သွေးကြောထဲမှာရှိတဲ့ သက်တမ်းပြည့်ခါနီး သွေးနီဥတွေ ပိုးတွေကို ဖယ်ရှားပေးပါတယ်။ နောက်ပြီး ခုခံအား အန်တီဘော်ဒီ(Antibody Ig M)ကိုထုတ်ပေးပြီး ကိုယ်ခံအားစနစ်ကို အထောက်အကူပြု ပေးပါတယ်။ သွေးနီးဥရဲ့ ၈ရာခိုင်နှုန်းကိုလည်းသိုလှောင်ထားနိုင်ပြီး လိုအပ်တဲ့အခါကျ ထုတ်ပေးနိုင်ပါတယ်။
ကျွန်တော်တို့ လူသားတွေသည် နေ့စဉ် ရုန်းကန်လှုပ်ရှားနေရင် အမှတ်မထင် ထိခိုက်ဒဏ်ရာရတာ၊ မတော်တဆ အက်ဆီးဒန့် ဖြစ်တာတွေနဲ့ ကြုံရတတ်ပါတယ်။ အဲ့အခါမှာ အများစုက ချွန်ထက်တဲ့အရာဝတ္ထုတွေနဲ့ ခိုက်မိပြီး သွေးထွက်တာမျိူး မဟုတ်ရင် ပေါ့ပေါ့ဆဆ နေတတ်ပါတယ်။
ဘေလုံးထိခိုက်ဒဏ်ရာ ဘယ်အချိန်မှာ ရတတ်လဲဆိုရင် ဝမ်းဗိုက်အပေါ်ပိုင်းကို ခိုက်မိတာ(ဥပမာ အရှိန်ပြင်းတဲ့ဘောလုံးဗိုက်ကိုမှန်တာ၊ လက်ဝှေ့သမားတွေမှာဆိုရင် ဘယ်ဘက်နံကြားကို အထိုးခံရတာ၊ ကားအက်စီးဒန့်ဖြစ်ပြီး ဗိုက်ခိုက်မိတာ) စတဲ့ တုံးတိတိအရာဝတ္ထုတွေနဲ့ ခိုက်မိပြီး သွေးမထွက်တဲ့ဒဏ်ရာ(Blunt Injury)တွေမှာ အဖြစ်များပါတယ်။
ဘေလုံးထိခိုက်ဒဏ်ရာရခြင်းမှာ အမျိူးအစား၃ခုခွဲထားပါတယ်။
၁။Sudden Death Type
ဒီအမျိူးအစားကကျ ဖြစ်တာတော့ ရှားပါတယ်။ ခိုက်မိတဲ့ဒဏ်ရာက တအားကို ပြင်းလွန်းတဲ့အတွက် ဘေလုံးဟာ အညှာကနေကို ကွာကျပြီး ကွာတဲ့နေရာကနေ ဝမ်းဗိုက်အတွင်းမှာ သွေးတအားထွက်ပါတယ်။ ဝမ်းဗိုက်ထဲမှာ သွေးအထွက်များလွန်းတာကြောင့် ဒဏ်ရာလက္ခဏာ ပြချိန်တောင်မရဘဲ လူနာက အခင်းဖြစ်တဲ့နေရာမှာပဲ ချက်ချင်းကို သေပါတယ်။
၂။Classical Type
ဒီအမျိူးအစား ဖြစ်တာကတော့ အဖြစ်အများဆုံးပါ။ ဖြစ်ဖြစ်ချင်း ရောဂါလက္ခဏာ(ဒဏ်ရာလက္ခဏာ)လည်း ပြပါတယ်။
၃။Delayed Type
ဒီအမျိူးအစားလည်း အဖြစ်များပါတယ်။ သူကကျ ဖြစ်ဖြစ်ချင်း လက္ခဏာမပြဘဲ နောက်၂ပတ်လောက်ကြာမှပြတာပါ။
ဘေလုံးထိခိုက် ဒဏ်ရာရခြင်းရဲ့ လက္ခဏာတွေကတော့
ရင်ဘတ်ဘယ်ဘက် အောက်ဖက်အခြမ်းမှာ နာကျင်မှုကိုခံစားရတာ သို့မဟုတ် ဝမ်းဗိုက်ဘယ်ဘက်အပေါ်ခြမ်းမှာ နာကျင်နေတာ၊ ရောင်ရမ်းညိုမည်းနေတာပါ။ နောက်ပြီး ဗိုက်အတွင်းထဲမှာ သွေးထွက်ပါက လူနာဟာ ဖြူဖျော့လာတာ၊ ခြေဖျားလက်ဖျား အေးစက်လာတာ၊ ဂနာမငြိမ် ဖြစ်လာတာစတဲ့ရှော့(Shock)ရတဲ့ လက္ခဏာတွေပါ ခံစားရနိုင်ပါတယ်။
ဘေလုံးထိခိုက်ဒဏ်ရာရရင် ဘယ်လိုလုပ်ရမလဲ။
အထက်မှာပြောခဲ့တဲ့ ရှော့လက္ခဏာတွေရှိရင်တော့ ဆေးရုံကို ချက်ချင်းအမြန် ပို့ရပါမယ်။ အသက်အန္တရာယ် စိုးရိမ်ရလို့ပါ။ ဆေးရုံရောက်တာနဲ့ အရင်ဆုံး ရှော့ရနေတဲ့အခြေအနေကနေ လူနာသက်သာအောင် ပုလင်းချိတ်တာ သို့မဟုတ် သွေးသွင်းတာ၊ အောက်စီဂျင်ပေးတာ စသဖြင့် အရင်လုပ်ရပါမယ်။ ပြီးရင် ဖြစ်ခဲ့ပုံအသေးစိတ်နဲ့ တခြားဒဏ်ရာတွေ ရှိ၊မရှိ ကြည့်ရပါမယ်။
နောက်မှ ဘေလုံးထိခိုက်တာလား ဆိုတာ အသေအချာ သိဖို့အတွက်ရယ်၊ ထိခိုက်မိပြီဆိုလည်းဘယ်လောက် ထိခိုက်တာလဲ သိဖို့ရယ်အတွက် မြန်မြန်ဆန်ဆန်ရတဲ့ အာထရာဆောင်းရိုက်တာ (Focused Abdominal Sonography For Trauma)၊ ဝမ်းဗိုက်ဓါတ်မှန်ရိုက်တာ (Plain X Ray Abdomen)၊ စီတီရိုက်တာ(CT Scan)၊ Diagnostic Peritoneal Lavage တွေလုပ်ရပါတယ်။
ကုသမှုကတော့ ဘေလုံးထိခိုက်မှုပေါ် မူတည်ပြီး တအားဆိုးရင် ဘေလုံးတစ်ခုလုံးကို ထုတ်ပစ်ရတာ(Splenectomy)၊ ဘာမှသိပ်မဖြစ် သွေးလည်း ဆက်မထွက်ဘူးဆိုရင် ဘာမှမလုပ်ဘဲ ဒီအတိုင်းထားခဲ့တာ၊ သွေးကမများဘူး ဒါပေမယ့် ထွက်နေတယ်ဆိုရင် သွေးတိတ်အောင် ဒိုင်ရာသမီ(Diathermy)တို့တာ၊ သို့မဟုတ် ကော်သုံးပြီးကုတာ [Application of adhesive substances e.g. fibrin glue] တွေလုပ်နိုင်ပါတယ်။
နောက်ပြီးလိုအပ်ရင် ဘေလုံးကိုနည်းနည်းလှီးထုတ်ရတာ (Partial Splenectomy)၊ စုတ်ပြဲတာနည်းနည်းပဲရှိရင် ပြန်ချူပ်တာ(Suturing of minor Lacerations) စသဖြင့်လည်း ရှိပါတယ်။
အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ ကျွန်တော်တို့ နိုင်ငံမှာဆိုရင် လမ်းပေါ်ဘောလုံးကန်တာတွေလည်း တအားများတဲ့အတွက် တကယ်လို့များ ဗိုက်ကိုဘောလုံးမှန်ခဲ့ရင် မပေါ့ဆဖို့ရယ်၊ အားကစားသမားတွေ လက်ဝှေ့သမားတွေဆိုလည်း ဝမ်းဗိုက်အပေါ်ဘက်ဘက်အခြမ်းနာတာ၊ ရောင်ရမ်းတာတွေရှိခဲ့ရင် ရှော့အခြေအနေရောက်မှ ဆေးရုံအရေးပေါ်တက်ရတာမျိူး မဖြစ်အောင် ဆေးခန်းပြပြီး ဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ကြည့်ပါလို့ အကြံပြုပါရစေ။
Author : Dr. 528