fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အူအတက်ရောင်ခြင်း

360
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/10/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

Appendicitis

ျမန္မာလိုေတာ့ အူအတက္ေရာင္ျခင္းပါ။ အူအတက္(Appendix)ဆိုတာက အူမႀကီး(Large Intestine) ရဲ႕ Caecumဆိုတဲ့ အပိုင္းကေန ထြက္ေနတဲ့ တစ္ဖက္ပိတ္ အေခါင္းပါ ကိုယ္တြင္းအဂၤါတစ္ခုျဖစ္ပါတယ္။ လူတိုင္းမွာ အူအတက္ပါ ပါတယ္။ အရွည္ကေတာ့ ၅စင္တီမီတာေလာက္ အၾကမ္းအားျဖင့္ ရွိပါတယ္။ အူအတက္က ဝမ္းဗိုက္ေနရာရဲ႕ ညာဘက္ေအာက္နား (Right Iliac Fossa)မွာ ရွိပါတယ္။

အူအတက္ေရာင္တာ ဘာလို႔ျဖစ္လဲဆိုေတာ့ အၾကမ္းအားျဖင့္ေျပာရရင္

အူအတက္ရဲ႕ တစ္ဖက္ပိတ္အေခါင္းထဲကို တစ္ခုခုလာပိတ္ရာကေနၿပီး ဘက္တီးရီးယားေတြ ေပါက္ပြားလာျခင္းေၾကာင့္ျဖစ္ပါတယ္။ အဲ့လာပိတ္တဲ့တစ္ခုခုက အူမႀကီးကေနျဖစ္တဲ့ ကင္ဆာအလုံးအက်ိတ္လည္းျဖစ္ႏိုင္တယ္။ စားလိုက္တဲ့အစာထဲက မာတာ(ဥပမာ- မာလကာသီးအေစ့၊ ဆီးသီးအေစ့) လည္းျဖစ္ႏိုင္တယ္။ အစာေဟာင္း(မစင္ခဲ)လည္း ျဖစ္ႏိုင္တယ္။

အဲ့လိုတစ္ခုခု လာပိတ္တဲ့အခါမွာ အူအတက္ကို ေထာက္ပံ့တဲ့ ေသြးနည္းလာတဲ့အတြက္ ဘက္တီးရီးယားေတြ ေပါက္ပြားလာၿပီး အူေရာင္ရမ္းျခင္း ဆိုတာ ျဖစ္လာပါတယ္။

ဘက္တီရီးယားပိုးေတြ ေပါက္တဲ့အခါမွာ ခုခံအားစနစ္ကေန ဘက္တီးရီးယားေတြကို သတ္မယ့္ ကိုယ္ခံအား ဆဲလ္အမ်ိဳးအစားေတြ အမ်ားႀကီး ေရာက္လာတယ္။ ေသြးလႊတ္ေၾကာေလးေတြက က်ယ္လာၿပီး ဆဲလ္ေတြေရာက္လာဖို႔ ကူညီပံ့ပိုးၾကတယ္။ အက်ိဳးဆက္ကေတာ့ အူအတက္ဆိုတဲ့ ေနရာက်ဥ္းက်ဥ္းေလးမွာ အရည္ေတြထြက္လာၿပီး အူအတက္ေရာင္ပါတယ္။

ေနာက္ပိုင္းမွာျပည္ ေတြအမ်ားႀကီးနဲ႔ ျပည့္ႏွက္လာကာ(Appendicular Abscess) ျဖစ္လာပါတယ္။ေနာက္ဆုံးျပည့္လြန္းမက ျပည့္ၾကပ္လာတဲ့အခါမွာ အူအတက္ေပါက္တာ (Burst Appendix) ျဖစ္သြားႏိုင္တယ္။ ထို႔ေနာက္ ဗိုက္ေခါင္း(Peritoneum)ထဲကို ေပါက္ထြက္ရာကေန ဗိုက္အေခါင္းေရာင္တာ(Peritonitis) ဆက္ျဖစ္ႏိုင္တယ္။

သို႔မဟုတ္ ျပည္ေတြနဲ႔ ျပည့္တဲ့အဆင့္မွာပဲ သက္သာသြားတာလဲ ရွိမယ္။ သက္သာရာကေန အလုံးအခဲ(Appendicular Mass) ျဖစ္သြားတာလည္း ရွိတယ္။ သက္သာသြားရာကေန ေနာက္တစ္ခါ ျပန္နာႏိုင္တယ္။ ၁၅ ေယာက္မွာ ၁ ေယာက္ေလာက္ ျဖစ္တယ္။ က်ားမ အ႐ြယ္မေ႐ြးဘူး။ ၂ ႏွစ္ေအာက္ကေလးမွာျဖစ္တာေတာ့ ရွားတယ္။

အူအတက္ေရာင္ျခင္းရဲ႕လကၡဏာေတြကေတာ့
စစခ်င္းမွာ ဗိုက္ေအာင့္တယ္။ ဗိုက္တစ္ျပင္လုံးက စၿပီးေအာင့္တာကေန တျဖည္းျဖည္းနာတဲ့ေနရာက အူအတက္ရွိတဲ့ေနရာ (ညာဖက္ေပါင္ရင္းအေပၚပိုင္းနား ) ကိုေရာက္ သြားေလ့ရွိတယ္။ ဒါေပမယ့္ ေလွနံဓါး ထစ္မွတ္လို႔မရဘူး။ အူအတက္ေရာင္တဲ့သူကဖ်ားတာ ၊ ေအာ့အန္ခ်င္တာ ၊ ဝမ္းခ်ဳပ္တာ စတဲ့ေဝဒနာေတြလည္း ခံစားရႏိုင္ေသးတယ္။ ၿခဳံေျပာရရင္ နာ အန္ ဖ်ား ေပါ့။ အရင္ဆုံး ဗိုက္ေအာင့္ဗိုက္နာမယ္။ ၿပီးရင္အန္မယ္။ ေနာက္ဆုံး ဖ်ားမယ္ေပါ့။ ဒါကို ေဆးဘက္ဆိုင္ရာ အေခၚအေဝၚနဲ႔ (Murphy’s Triad)လို႔ေခၚပါတယ္။

အဲလကၡဏာသုံးခုရွိရင္ ေသခ်ာေအာင္ အာထရာေဆာင္း႐ိုက္တာ၊ ေသြးစစ္တာ စသျဖင့္ ထပ္စစ္ၾကည့္ဖို႔လိုပါတယ္။ ဘာလို႔လဲဆိုေတာ့ အူအတက္ရွိတဲ့ေနရာ မွာတျခားအဂၤါအစိတ္အပိုင္းေတြလည္း ရွိေသးလို႔ပါ။ အဲဒီအဂၤါေတြမွာ ေရာဂါတစ္ခုခုျဖစ္ပြားလို႔လည္း ဗိုက္ေအာင့္ဗိုက္နာျဖစ္ႏိုင္တယ္။
ဥပမာ ဆီးလမ္းေၾကာင္းပိုးဝင္တာ ၊ ဆီးလမ္းေၾကာင္း ေက်ာက္တည္တာ ၊ အူမႀကီးေရာင္ရမ္းတာေတြ ၊ သားအိမ္ႁပြန္( fallopian tube ) တြင္ သေႏၶတည္တာေတြမွာလည္း ဗိုက္ေအာင့္ဗိုက္နာျဖစ္ၿပီး အန္တာ ဖ်ားတာေတြရွိႏိုင္လို႔ပါ။

ကုသနည္းကေတာ့ အူအတက္ေရာင္တာဟာ အေရးေပၚအေျခအေနျဖစ္တဲ့အတြက္ ခြဲစိတ္ကုသမႈခံယူဖို႔လိုပါတယ္။ ဒါေၾကာင့္ အခ်ိန္မေတာ္ ညသန္းေခါင္ျဖစ္ပါက ျပည္သူ႔ေဆး႐ုံႀကီးကိုသာ တန္းသြားပါလို႔အႀကံေပးခ်င္ပါတယ္။

Author : Dr.528

(Unicode)

Appendicitis

မြန်မာလိုတော့ အူအတက်ရောင်ခြင်းပါ။ အူအတက်(Appendix)ဆိုတာက အူမကြီး(Large Intestine) ရဲ့ Caecumဆိုတဲ့ အပိုင်းကနေ ထွက်နေတဲ့ တစ်ဖက်ပိတ် အခေါင်းပါ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပါတယ်။ လူတိုင်းမှာ အူအတက်ပါ ပါတယ်။ အရှည်ကတော့ ၅စင်တီမီတာလောက် အကြမ်းအားဖြင့် ရှိပါတယ်။ အူအတက်က ဝမ်းဗိုက်နေရာရဲ့ ညာဘက်အောက်နား (Right Iliac Fossa)မှာ ရှိပါတယ်။

အူအတက်ရောင်တာ ဘာလို့ဖြစ်လဲဆိုတော့ အကြမ်းအားဖြင့်ပြောရရင်

အူအတက်ရဲ့ တစ်ဖက်ပိတ်အခေါင်းထဲကို တစ်ခုခုလာပိတ်ရာကနေပြီး ဘက်တီးရီးယားတွေ ပေါက်ပွားလာခြင်းကြောင့်ဖြစ်ပါတယ်။ အဲ့လာပိတ်တဲ့တစ်ခုခုက အူမကြီးကနေဖြစ်တဲ့ ကင်ဆာအလုံးအကျိတ်လည်းဖြစ်နိုင်တယ်။ စားလိုက်တဲ့အစာထဲက မာတာ(ဥပမာ- မာလကာသီးအစေ့၊ ဆီးသီးအစေ့) လည်းဖြစ်နိုင်တယ်။ အစာဟောင်း(မစင်ခဲ)လည်း ဖြစ်နိုင်တယ်။

အဲ့လိုတစ်ခုခု လာပိတ်တဲ့အခါမှာ အူအတက်ကို ထောက်ပံ့တဲ့ သွေးနည်းလာတဲ့အတွက် ဘက်တီးရီးယားတွေ ပေါက်ပွားလာပြီး အူရောင်ရမ်းခြင်း ဆိုတာ ဖြစ်လာပါတယ်။

ဘက်တီရီးယားပိုးတွေ ပေါက်တဲ့အခါမှာ ခုခံအားစနစ်ကနေ ဘက်တီးရီးယားတွေကို သတ်မယ့် ကိုယ်ခံအား ဆဲလ်အမျိုးအစားတွေ အများကြီး ရောက်လာတယ်။ သွေးလွှတ်ကြောလေးတွေက ကျယ်လာပြီး ဆဲလ်တွေရောက်လာဖို့ ကူညီပံ့ပိုးကြတယ်။ အကျိုးဆက်ကတော့ အူအတက်ဆိုတဲ့ နေရာကျဉ်းကျဉ်းလေးမှာ အရည်တွေထွက်လာပြီး အူအတက်ရောင်ပါတယ်။

နောက်ပိုင်းမှာပြည် တွေအများကြီးနဲ့ ပြည့်နှက်လာကာ(Appendicular Abscess) ဖြစ်လာပါတယ်။နောက်ဆုံးပြည့်လွန်းမက ပြည့်ကြပ်လာတဲ့အခါမှာ အူအတက်ပေါက်တာ (Burst Appendix) ဖြစ်သွားနိုင်တယ်။ ထို့နောက် ဗိုက်ခေါင်း(Peritoneum)ထဲကို ပေါက်ထွက်ရာကနေ ဗိုက်အခေါင်းရောင်တာ(Peritonitis) ဆက်ဖြစ်နိုင်တယ်။

သို့မဟုတ် ပြည်တွေနဲ့ ပြည့်တဲ့အဆင့်မှာပဲ သက်သာသွားတာလဲ ရှိမယ်။ သက်သာရာကနေ အလုံးအခဲ(Appendicular Mass) ဖြစ်သွားတာလည်း ရှိတယ်။ သက်သာသွားရာကနေ နောက်တစ်ခါ ပြန်နာနိုင်တယ်။ ၁၅ ယောက်မှာ ၁ ယောက်လောက် ဖြစ်တယ်။ ကျားမ အရွယ်မရွေးဘူး။ ၂ နှစ်အောက်ကလေးမှာဖြစ်တာတော့ ရှားတယ်။

အူအတက်ရောင်ခြင်းရဲ့လက္ခဏာတွေကတော့
စစချင်းမှာ ဗိုက်အောင့်တယ်။ ဗိုက်တစ်ပြင်လုံးက စပြီးအောင့်တာကနေ တဖြည်းဖြည်းနာတဲ့နေရာက အူအတက်ရှိတဲ့နေရာ (ညာဖက်ပေါင်ရင်းအပေါ်ပိုင်းနား ) ကိုရောက် သွားလေ့ရှိတယ်။ ဒါပေမယ့် လှေနံဓါး ထစ်မှတ်လို့မရဘူး။ အူအတက်ရောင်တဲ့သူကဖျားတာ ၊ အော့အန်ချင်တာ ၊ ဝမ်းချုပ်တာ စတဲ့ဝေဒနာတွေလည်း ခံစားရနိုင်သေးတယ်။ ခြုံပြောရရင် နာ အန် ဖျား ပေါ့။ အရင်ဆုံး ဗိုက်အောင့်ဗိုက်နာမယ်။ ပြီးရင်အန်မယ်။ နောက်ဆုံး ဖျားမယ်ပေါ့။ ဒါကို ဆေးဘက်ဆိုင်ရာ အခေါ်အဝေါ်နဲ့ (Murphy’s Triad)လို့ခေါ်ပါတယ်။

အဲလက္ခဏာသုံးခုရှိရင် သေချာအောင် အာထရာဆောင်းရိုက်တာ၊ သွေးစစ်တာ စသဖြင့် ထပ်စစ်ကြည့်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ အူအတက်ရှိတဲ့နေရာ မှာတခြားအင်္ဂါအစိတ်အပိုင်းတွေလည်း ရှိသေးလို့ပါ။ အဲဒီအင်္ဂါတွေမှာ ရောဂါတစ်ခုခုဖြစ်ပွားလို့လည်း ဗိုက်အောင့်ဗိုက်နာဖြစ်နိုင်တယ်။
ဥပမာ ဆီးလမ်းကြောင်းပိုးဝင်တာ ၊ ဆီးလမ်းကြောင်း ကျောက်တည်တာ ၊ အူမကြီးရောင်ရမ်းတာတွေ ၊ သားအိမ်ပြွန်( fallopian tube ) တွင် သန္ဓေတည်တာတွေမှာလည်း ဗိုက်အောင့်ဗိုက်နာဖြစ်ပြီး အန်တာ ဖျားတာတွေရှိနိုင်လို့ပါ။

ကုသနည်းကတော့ အူအတက်ရောင်တာဟာ အရေးပေါ်အခြေအနေဖြစ်တဲ့အတွက် ခွဲစိတ်ကုသမှုခံယူဖို့လိုပါတယ်။ ဒါကြောင့် အချိန်မတော် ညသန်းခေါင်ဖြစ်ပါက ပြည်သူ့ဆေးရုံကြီးကိုသာ တန်းသွားပါလို့အကြံပေးချင်ပါတယ်။

Author : Dr.528

 

 

 

 

 

Previous Post

ရွှေဖရုံသီး

Next Post

လေတက်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
852
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လေတက်ခြင်း

Vitamin D အကြောင်းသိကောင်းစရာ

အစာမကြေဖြစ်နေတာ ကြာလာရင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.