fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အတွင်းတိမ်

188
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/10/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

မ်က္စိအဆုံး၊ နားအရႈံးဟူသည့္ အတိုင္း မ်က္စိသည္ လူတြင္ အေရးႀကီးေသာ အစိတ္အပိုင္းျဖစ္သည္။ လူတစ္ေယာက္တြင္ အျမင္အာ႐ုံ၊ အၾကားအား႐ုံ၊ အနံ႔အာ႐ုံ၊ အရသာအာ႐ုံ၊ အထိအေတြ႕အာ႐ုံ ဟူသည့္ အာ႐ုံငါးပါးရွိသည္။ ထိုထဲတြင္ အျမင္အာ႐ုံဆုံးရႈံးပါက နိစၥဓူဝကိစၥမ်ား ေဆာင္႐ြက္ရာတြင္ ေတာ္ေတာ္ ဒုကၡမ်ားသြားႏိုင္သည္။

မ်က္စိကြယ္ျခင္းကို ျဖစ္ေစႏိုင္ေသာ အေၾကာင္းရင္းမ်ားတြင္ အတြင္းတိမ္၊ ေရတိမ္၊ တစ္ခုခုေၾကာင့္မ်က္စိထိခိုက္ဒဏ္ရာရျခင္း ႏွင့္ ဆီးခ်ိဳ၊ ေသြးတိုးတို႔ေၾကာင့္ ေနာက္ဆက္တြဲ မ်က္စိကြယ္ျခင္းမ်ား စသျဖင့္ အေၾကာင္းမ်ားရွိသည့္အနက္ ျမန္မာႏိုင္ငံရွိ အျမင္အာ႐ုံကြယ္သူတို႔ရဲ႕ ၆၀ ရာခိုင္ႏႈန္းသည္အတြင္းတိမ္ ေရာဂါေၾကာင့္ ျဖစ္သည္ဟု စစ္တမ္းတစ္ခုက ဆိုထားသည္။

ကမာၻ႔လူဦးေရ သန္းေပါင္းမ်ားစြာရွိသည့္အနက္ သန္း၆၀သည္ အတြင္းတိမ္ေရာဂါ စြဲကပ္ေနၿပီး မ်က္မျမင္တစ္ဝက္သည္ အတြင္းတိမ္ေၾကာင့္ျဖစ္ကာ မ်က္စိမႈန္သူမ်ားရဲ႕ ၃၃ရာခိုင္ႏႈန္းသည္ လည္း အတြင္းတိမ္ေၾကာင့္ပင္ ျဖစ္ရသည္။

အတြင္းတိမ္သည္ မ်က္စိႏွစ္ဖက္စလုံးတြင္ ျဖစ္ႏိုင္ေသာ္လည္း တၿပိဳင္နက္တည္း မျဖစ္ဘဲ တစ္ဖက္ဖက္ က အရင္ဆုံးစ၍ ျဖစ္ေလ့ျဖစ္ထ ရွိပါသည္။ ေနာက္ၿပီးက်မွ က်န္တစ္ဖက္က ဆက္၍ျဖစ္ပါသည္။လူနာက သတိမူမိေသာ အခ်ိန္တြင္ေတာ့ မ်က္စိ ႏွစ္ဖက္လုံးတြင္ အတြင္းတိမ္ ျဖစ္ေနတတ္ပါသည္။

အတြင္းတိမ္ဆိုသည္မွာ မ်က္စိအတြင္းရွိ မွန္ဘီလူးကို ထိခိုက္ေသာ ေရာဂါျဖစ္သည္။ ကြၽန္ေတာ္တို႔ရဲ႕မ်က္စိအတြင္းထဲက မွန္ဘီလူးကို ေရဓာတ္နဲ႔ ပ႐ိုတင္းဓာတ္မ်ားျဖင့္ ဖြဲ႕စည္းတည္ေဆာက္ထားသည္။ ပုံမွန္ဆိုရင္ မ်က္စိမွန္ဘီလူးသည္ ၾကည္လင္ေနရမည့္အစား အေၾကာင္းတစ္ခုခုေၾကာင့္ ႏို႔အနယ္ အႏွစ္ကဲ့သို႔ ေနာက္က်ိလာၿပီး၊ ပုံရိပ္အလင္းတန္းမ်ား ျဖတ္သန္းဝင္ေရာက္ႏိုင္ျခင္း မရွိေတာ့ဘဲ (ႏို႔ခဲကဲ့သို႔) အလင္းပိတ္အဆင့္ သို႔ တျဖည္းျဖည္း ေရာက္ရွိသြားျခင္းမ်ိဴးျဖစ္သည္။ တင္စားေျပာရရင္တိမ္တိုက္ေလးတစ္ခု မွန္ဘီလူးအတြင္းထဲ ေရာက္ေနသလိုျဖစ္သျဖင့္ အတြင္းတိမ္လို႔ ေခၚျခင္းျဖစ္ဟန္တူသည္။

ဒီလိုမ်ိဴးျဖစ္ေစတဲ့အေၾကာင္းရင္းေတြကေတာ့

အသက္အ႐ြယ္ႀကီးရင့္လာျခင္း
ေသြးသြင္းအဆီဓာတ္မ်ားျခင္း
ေနေရာင္ျခည္မွ ခရမ္းလြန္ေရာင္ျခည္ မ်က္စိကိုထိေတြ႕မႈမ်ားေသာေၾကာင့္ျဖစ္ျခင္း
မ်က္စိထိခိုက္ ဒဏ္ရာရျခင္းရဲ႕ ေနာက္ဆက္တြဲအေနနဲ႔ျဖစ္ျခင္း
အျခားေရာဂါမ်ားရဲ႕ ေနာက္ဆက္တြဲ အေနနဲ႔ျဖစ္ျခင္း(ဥပမာ ဆီးခ်ိဳေရာဂါ၊ ေသြးတိုးေရာဂါ)
ေဆးလိပ္ေသာက္ျခင္း
စတီး႐ြိဳက္ ပါေသာေဆးမ်ားကို ေရရွည္ေသာက္ျခင္း
ေရတိမ္(Glaucoma)ခြဲစိတ္ ကုသမႈရဲ႕ ေနာက္ဆက္တြဲေၾကာင့္ျဖစ္ျခင္း  စသျဖင့္ အေၾကာင္းရင္းမ်ားစြာ ရွိသည္။
အတြင္းတိမ္ရဲ႕လကၡဏာေတြကေတာ့

နာက်င္မႈမရွိဘဲ တျဖည္းျဖည္း မ်က္စိမႈန္လာျခင္း၊ အလင္းေရာင္ထဲတြင္ မ်က္စိမႈန္ၿပီး၊ အရိပ္ထဲ၌ ပိုမို၍ ျမင္ရျခင္း၊ အေရာင္ေတြရဲ႕ ေတာက္ပမႈကို အရွိတိုင္း ထက္ေလ်ာ့ၿပီးျမင္ျခင္း၊ ေနာက္ ညဘက္ကားေမာင္းဆိုင္ကယ္ေမာင္းတဲ့အခါ တစ္ဖက္မ်က္ႏွာခ်င္းဆိုင္မွ လာေသာ ကားမီး၊ ဆိုင္ကယ္မီးတို႔သည္ စူးရွမႈမရွိဘဲ ဝါးတားတားျဖစ္ေနျခင္းတို႔ ျဖစ္သည္။

အသက္အ႐ြယ္ႀကီးလာလို႔ျဖစ္တဲ့ အတြင္းတိမ္(Senile Cataract) မွာက် အလင္းစူးတဲ့ဒဏ္ကို ခါတိုင္း ထက္ကိုပိုၿပီး မခံမရပ္ႏိုင္တာမ်ိဳး ျဖစ္လာတတ္ပါတယ္။ တစ္ခါတေလဆိုရင္ ဒီလိုအတြင္းတိမ္ျဖစ္ခါမွ အစ က မ်က္လုံးမႈန္ေနတာေလးေတြ ျပန္ေကာင္းသြားတတ္ပါတယ္။ ဒါေၾကာင့္ အစတုန္းက အနီးမႈန္ျဖစ္ေနတဲ့ သူတစ္ေယာက္မွာ အတြင္းတိမ္ လည္းျဖစ္ေရာ အနီးမွာရွိတဲ့အရာေတြ၊ စာေတြကိုၾကည့္ လို႔ ျပန္ေကာင္းသြားတာမ်ိဳး ျဖစ္တတ္ပါတယ္။

ဒီလိုျဖစ္တဲ့အတြက္ အသက္ႀကီးတဲ့သူအမ်ားစုက ငါအသက္ေျခာက္ဆယ္ေက်ာ္လို႔ အနီးျပန္ျမန္ရတာပဲဆိုၿပီး ဝမ္းသာအားရ ရွိတတ္ပါတယ္။ သို႔ေသာ္ ဒီလိုျပန္ေကာင္းတာမ်ိဳးဟာ တခဏသာျဖစ္တတ္ ၿပီး ေရာဂါရင့္လာတဲ့အခါ မွန္ဘီလူးရဲ႕အေျခအေနဟာ ပိုဆိုးလာတာမို႔ ဒီလိုျမင္ေနရတာေလးပါ ျပန္ေပ်ာက္ သြားပါေတာ့တယ္။

အတြင္းတိမ္ တအားဆိုးဝါးေနၿပီဆိုလွ်င္ အျမင္အာ႐ုံ၌ ဘာမွ် မျမင္ရေတာ့ဘဲ ႏွင္းမႈန္က်ေနသကဲ့သို႔ ဝါးေနတတ္ၿပီး ထိုသူရဲ႕မ်က္စိအနက္ဆံသည္ အျဖဴေရာင္ ျဖဴေဖြး၍ေနသည္ကို ေတြ႕ရမည္ျဖစ္သည္။ အတြင္းတိမ္ႏုစဥ္တြင္ မ်က္မွန္ျဖင့္ျမင္ႏိုင္ေသာ္လည္း အတြင္းတိမ္ရင့္လာၿပီး မ်က္စိမွန္ဘီလူး အလင္းပိတ္မတတ္ ျဖစ္လာပါက ခြဲစိတ္ကုသမွ အျမင္အာ႐ုံ ေကာင္းမြန္စြာ ျပန္လည္ရရွိႏိုင္မည္ ျဖစ္သည္။

အတြင္းတိမ္ကုသရာမွာ ေခတ္မွီႏိုင္ငံမ်ားတြင္ေတာ့ ေနာက္ဆုံးေပၚကုသနည္းအျဖစ္ အသံလြန္လႈိင္းျဖင့္ အတြင္းတိမ္ကိုေခ်ၿပီး ေသးငယ္ၾကည္လင္ေသာ ေခါက္မွန္ကို ေသးငယ္ေသာ အေပါက္ေလးမွ တဆင့္ ထည့္သြင္းျခင္းျဖင့္ ကုသၾကပါသည္။ သို႔ေသာ္လည္း ထိုနည္းစနစ္မွာ ကုန္က်စရိတ္တအားမ်ားျခင္း၊ နည္းပညာကြၽမ္းက်င္မႈ လိုအပ္ျခင္းတို႔ေၾကာင့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားတြင္ တြင္က်ယ္စြာ မသုံးႏိုင္ေသးဘဲ ေသးငယ္ခြဲစိတ္ အတြင္းတိမ္ကုသျခင္း (Small Incision Cataract Surgery)ကိုပဲ သုံးတာမ်ားပါသည္။

ကြၽန္ေတာ္တို႔ႏိုင္ငံမွာ စိုးရိမ္စရာတစ္ခုက ေဆးကုသခြင့္ လိုင္စင္မရွိေသာ ရမ္းကုမ်ား တခ်ိဳ႕ေသာ တိုင္းရင္းဆရာမ်ားသည္ အတြင္းတိမ္ဆိုသည္ႏွင့္ မ်က္စိ အတြင္းပိုင္း မွန္ဘီလူးေပၚမွာ ဖုံးေနတဲ့ အျဖဴလႊာ ကို အပ္နဲ႔ ျဖစ္ေစ၊ စူးနဲ႔ျဖစ္ေစ ထိုးၿပီး ဖယ္တဲ့နည္းကို မေၾကာက္မ႐ြံ႕ တြင္က်ယ္စြာ လုပ္ၾကသည္။ အမွန္တကယ္က ထိုနည္းသည္ အရင္ ေခတ္မွီေဆးဝါးကိရိယာမ်ား သုေတသနျပဳလုပ္မႈမ်ား မေပၚခင္ေရွးရာစုႏွစ္မ်ားစြာက သုံးခဲ့ေသာနည္း ျဖစ္သည္။

ဒီလိုမ်ိဴးခြၽန္တဲ့အရာနဲ႔ ထိုးဖယ္တာဟာ သိသေလာက္ေတာ့ ျမန္မာ့တိုင္းရင္းပညာလည္း မဟုတ္တဲ့အျပင္ ဒီနည္းနဲ႔ အျမင္အာ႐ုံ ကို ျပန္ရတယ္ ဆိုတာမွာလည္း ေပအနည္းငယ္ အကြာက မီးအေရာင္ေလာက္ကိုသာ ျပန္ျမင္ရတာေလာက္က လြဲလို႔ ဘာမွမထူးျခားပါ။ ထို႔ျပင္မ်က္လုံးကို အပ္လို အရာနဲ႔ ထိုးၿပီး ကုသတာဟာ ေရာဂါပိုးေတြ ဝင္ေရာက္ႏိုင္ၿပီး ေနာက္ဆက္တြဲအေနနဲ႔ လူနာတြင္ ဆိုး႐ြားတဲ့ေဝဒနာမ်ား ျဖစ္လာႏိုင္တဲ့အတြက္ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးက ၁၈ရာစုေႏွာင္းပိုင္း ေလာက္ကတည္းက မျပဳလုပ္ရန္ တရားဝင္တားဆီး ထားပါတယ္။

ဒါေၾကာင့္ စာဖတ္သူ ပရိတ္သတ္မ်ားအေနနဲ႔ အတြင္းတိမ္ျဖစ္ခဲ့ပါက ထိုကဲ့သို႔ေသာ အခြၽန္နဲ႔ မ်က္စိအတြင္းကို ထိုးျခင္းကုသနည္းအား မခံယူၾကဖို႔အႀကံေပးခ်င္ပါတယ္။ အဆုံးသတ္အေနနဲ႔ကေတာ့ အတြင္းတိမ္ျဖစ္ပြားမႈ ေလွ်ာ့နည္းေအာင္ ေဆးလိပ္ေသာက္ျခင္းကိုေရွာင္ၾကဥ္ပါ။ ဆီးခ်ိဳရွိပါက ဆီးခ်ိဳမတက္ေအာင္ ထိန္းပါ။ ေနပူထဲထြက္ပါက ေနကာမ်က္မွန္သို႔မဟုတ္ ဦးထုပ္ေဆာင္းပါ။ အဆီအဆိမ့္ အငန္ေလွ်ာ့စားပါလို႔ တိုက္တြန္းခ်င္ပါတယ္။

Author : Dr.  528

(Unicode)

မျက်စိအဆုံး၊ နားအရှုံးဟူသည့် အတိုင်း မျက်စိသည် လူတွင် အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။ လူတစ်ယောက်တွင် အမြင်အာရုံ၊ အကြားအားရုံ၊ အနံ့အာရုံ၊ အရသာအာရုံ၊ အထိအတွေ့အာရုံ ဟူသည့် အာရုံငါးပါးရှိသည်။ ထိုထဲတွင် အမြင်အာရုံဆုံးရှုံးပါက နိစ္စဓူဝကိစ္စများ ဆောင်ရွက်ရာတွင် တော်တော် ဒုက္ခများသွားနိုင်သည်။

မျက်စိကွယ်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းများတွင် အတွင်းတိမ်၊ ရေတိမ်၊ တစ်ခုခုကြောင့်မျက်စိထိခိုက်ဒဏ်ရာရခြင်း နှင့် ဆီးချို၊ သွေးတိုးတို့ကြောင့် နောက်ဆက်တွဲ မျက်စိကွယ်ခြင်းများ စသဖြင့် အကြောင်းများရှိသည့်အနက် မြန်မာနိုင်ငံရှိ အမြင်အာရုံကွယ်သူတို့ရဲ့ ၆၀ ရာခိုင်နှုန်းသည်အတွင်းတိမ် ရောဂါကြောင့် ဖြစ်သည်ဟု စစ်တမ်းတစ်ခုက ဆိုထားသည်။

ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာရှိသည့်အနက် သန်း၆၀သည် အတွင်းတိမ်ရောဂါ စွဲကပ်နေပြီး မျက်မမြင်တစ်ဝက်သည် အတွင်းတိမ်ကြောင့်ဖြစ်ကာ မျက်စိမှုန်သူများရဲ့ ၃၃ရာခိုင်နှုန်းသည် လည်း အတွင်းတိမ်ကြောင့်ပင် ဖြစ်ရသည်။

အတွင်းတိမ်သည် မျက်စိနှစ်ဖက်စလုံးတွင် ဖြစ်နိုင်သော်လည်း တပြိုင်နက်တည်း မဖြစ်ဘဲ တစ်ဖက်ဖက် က အရင်ဆုံးစ၍ ဖြစ်လေ့ဖြစ်ထ ရှိပါသည်။ နောက်ပြီးကျမှ ကျန်တစ်ဖက်က ဆက်၍ဖြစ်ပါသည်။လူနာက သတိမူမိသော အချိန်တွင်တော့ မျက်စိ နှစ်ဖက်လုံးတွင် အတွင်းတိမ် ဖြစ်နေတတ်ပါသည်။

အတွင်းတိမ်ဆိုသည်မှာ မျက်စိအတွင်းရှိ မှန်ဘီလူးကို ထိခိုက်သော ရောဂါဖြစ်သည်။ ကျွန်တော်တို့ရဲ့မျက်စိအတွင်းထဲက မှန်ဘီလူးကို ရေဓာတ်နဲ့ ပရိုတင်းဓာတ်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ပုံမှန်ဆိုရင် မျက်စိမှန်ဘီလူးသည် ကြည်လင်နေရမည့်အစား အကြောင်းတစ်ခုခုကြောင့် နို့အနယ် အနှစ်ကဲ့သို့ နောက်ကျိလာပြီး၊ ပုံရိပ်အလင်းတန်းများ ဖြတ်သန်းဝင်ရောက်နိုင်ခြင်း မရှိတော့ဘဲ (နို့ခဲကဲ့သို့) အလင်းပိတ်အဆင့် သို့ တဖြည်းဖြည်း ရောက်ရှိသွားခြင်းမျိူးဖြစ်သည်။ တင်စားပြောရရင်တိမ်တိုက်လေးတစ်ခု မှန်ဘီလူးအတွင်းထဲ ရောက်နေသလိုဖြစ်သဖြင့် အတွင်းတိမ်လို့ ခေါ်ခြင်းဖြစ်ဟန်တူသည်။

ဒီလိုမျိူးဖြစ်စေတဲ့အကြောင်းရင်းတွေကတော့

  • အသက်အရွယ်ကြီးရင့်လာခြင်း
  • သွေးသွင်းအဆီဓာတ်များခြင်း
  • နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည် မျက်စိကိုထိတွေ့မှုများသောကြောင့်ဖြစ်ခြင်း
  • မျက်စိထိခိုက် ဒဏ်ရာရခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ဖြစ်ခြင်း
  • အခြားရောဂါများရဲ့ နောက်ဆက်တွဲ အနေနဲ့ဖြစ်ခြင်း(ဥပမာ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ)
  • ဆေးလိပ်သောက်ခြင်း
  • စတီးရွိုက် ပါသောဆေးများကို ရေရှည်သောက်ခြင်း
  • ရေတိမ်(Glaucoma)ခွဲစိတ် ကုသမှုရဲ့ နောက်ဆက်တွဲကြောင့်ဖြစ်ခြင်း  စသဖြင့် အကြောင်းရင်းများစွာ ရှိသည်။

အတွင်းတိမ်ရဲ့လက္ခဏာတွေကတော့

နာကျင်မှုမရှိဘဲ တဖြည်းဖြည်း မျက်စိမှုန်လာခြင်း၊ အလင်းရောင်ထဲတွင် မျက်စိမှုန်ပြီး၊ အရိပ်ထဲ၌ ပိုမို၍ မြင်ရခြင်း၊ အရောင်တွေရဲ့ တောက်ပမှုကို အရှိတိုင်း ထက်လျော့ပြီးမြင်ခြင်း၊ နောက် ညဘက်ကားမောင်းဆိုင်ကယ်မောင်းတဲ့အခါ တစ်ဖက်မျက်နှာချင်းဆိုင်မှ လာသော ကားမီး၊ ဆိုင်ကယ်မီးတို့သည် စူးရှမှုမရှိဘဲ ဝါးတားတားဖြစ်နေခြင်းတို့ ဖြစ်သည်။

အသက်အရွယ်ကြီးလာလို့ဖြစ်တဲ့ အတွင်းတိမ်(Senile Cataract) မှာကျ အလင်းစူးတဲ့ဒဏ်ကို ခါတိုင်း ထက်ကိုပိုပြီး မခံမရပ်နိုင်တာမျိုး ဖြစ်လာတတ်ပါတယ်။ တစ်ခါတလေဆိုရင် ဒီလိုအတွင်းတိမ်ဖြစ်ခါမှ အစ က မျက်လုံးမှုန်နေတာလေးတွေ ပြန်ကောင်းသွားတတ်ပါတယ်။ ဒါကြောင့် အစတုန်းက အနီးမှုန်ဖြစ်နေတဲ့ သူတစ်ယောက်မှာ အတွင်းတိမ် လည်းဖြစ်ရော အနီးမှာရှိတဲ့အရာတွေ၊ စာတွေကိုကြည့် လို့ ပြန်ကောင်းသွားတာမျိုး ဖြစ်တတ်ပါတယ်။

ဒီလိုဖြစ်တဲ့အတွက် အသက်ကြီးတဲ့သူအများစုက ငါအသက်ခြောက်ဆယ်ကျော်လို့ အနီးပြန်မြန်ရတာပဲဆိုပြီး ဝမ်းသာအားရ ရှိတတ်ပါတယ်။ သို့သော် ဒီလိုပြန်ကောင်းတာမျိုးဟာ တခဏသာဖြစ်တတ် ပြီး ရောဂါရင့်လာတဲ့အခါ မှန်ဘီလူးရဲ့အခြေအနေဟာ ပိုဆိုးလာတာမို့ ဒီလိုမြင်နေရတာလေးပါ ပြန်ပျောက် သွားပါတော့တယ်။

အတွင်းတိမ် တအားဆိုးဝါးနေပြီဆိုလျှင် အမြင်အာရုံ၌ ဘာမျှ မမြင်ရတော့ဘဲ နှင်းမှုန်ကျနေသကဲ့သို့ ဝါးနေတတ်ပြီး ထိုသူရဲ့မျက်စိအနက်ဆံသည် အဖြူရောင် ဖြူဖွေး၍နေသည်ကို တွေ့ရမည်ဖြစ်သည်။ အတွင်းတိမ်နုစဉ်တွင် မျက်မှန်ဖြင့်မြင်နိုင်သော်လည်း အတွင်းတိမ်ရင့်လာပြီး မျက်စိမှန်ဘီလူး အလင်းပိတ်မတတ် ဖြစ်လာပါက ခွဲစိတ်ကုသမှ အမြင်အာရုံ ကောင်းမွန်စွာ ပြန်လည်ရရှိနိုင်မည် ဖြစ်သည်။

အတွင်းတိမ်ကုသရာမှာ ခေတ်မှီနိုင်ငံများတွင်တော့ နောက်ဆုံးပေါ်ကုသနည်းအဖြစ် အသံလွန်လှိုင်းဖြင့် အတွင်းတိမ်ကိုချေပြီး သေးငယ်ကြည်လင်သော ခေါက်မှန်ကို သေးငယ်သော အပေါက်လေးမှ တဆင့် ထည့်သွင်းခြင်းဖြင့် ကုသကြပါသည်။ သို့သော်လည်း ထိုနည်းစနစ်မှာ ကုန်ကျစရိတ်တအားများခြင်း၊ နည်းပညာကျွမ်းကျင်မှု လိုအပ်ခြင်းတို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တွင်ကျယ်စွာ မသုံးနိုင်သေးဘဲ သေးငယ်ခွဲစိတ် အတွင်းတိမ်ကုသခြင်း (Small Incision Cataract Surgery)ကိုပဲ သုံးတာများပါသည်။

ကျွန်တော်တို့နိုင်ငံမှာ စိုးရိမ်စရာတစ်ခုက ဆေးကုသခွင့် လိုင်စင်မရှိသော ရမ်းကုများ တချို့သော တိုင်းရင်းဆရာများသည် အတွင်းတိမ်ဆိုသည်နှင့် မျက်စိ အတွင်းပိုင်း မှန်ဘီလူးပေါ်မှာ ဖုံးနေတဲ့ အဖြူလွှာ ကို အပ်နဲ့ ဖြစ်စေ၊ စူးနဲ့ဖြစ်စေ ထိုးပြီး ဖယ်တဲ့နည်းကို မကြောက်မရွံ့ တွင်ကျယ်စွာ လုပ်ကြသည်။ အမှန်တကယ်က ထိုနည်းသည် အရင် ခေတ်မှီဆေးဝါးကိရိယာများ သုတေသနပြုလုပ်မှုများ မပေါ်ခင်ရှေးရာစုနှစ်များစွာက သုံးခဲ့သောနည်း ဖြစ်သည်။

ဒီလိုမျိူးချွန်တဲ့အရာနဲ့ ထိုးဖယ်တာဟာ သိသလောက်တော့ မြန်မာ့တိုင်းရင်းပညာလည်း မဟုတ်တဲ့အပြင် ဒီနည်းနဲ့ အမြင်အာရုံ ကို ပြန်ရတယ် ဆိုတာမှာလည်း ပေအနည်းငယ် အကွာက မီးအရောင်လောက်ကိုသာ ပြန်မြင်ရတာလောက်က လွဲလို့ ဘာမှမထူးခြားပါ။ ထို့ပြင်မျက်လုံးကို အပ်လို အရာနဲ့ ထိုးပြီး ကုသတာဟာ ရောဂါပိုးတွေ ဝင်ရောက်နိုင်ပြီး နောက်ဆက်တွဲအနေနဲ့ လူနာတွင် ဆိုးရွားတဲ့ဝေဒနာများ ဖြစ်လာနိုင်တဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၁၈ရာစုနှောင်းပိုင်း လောက်ကတည်းက မပြုလုပ်ရန် တရားဝင်တားဆီး ထားပါတယ်။

ဒါကြောင့် စာဖတ်သူ ပရိတ်သတ်များအနေနဲ့ အတွင်းတိမ်ဖြစ်ခဲ့ပါက ထိုကဲ့သို့သော အချွန်နဲ့ မျက်စိအတွင်းကို ထိုးခြင်းကုသနည်းအား မခံယူကြဖို့အကြံပေးချင်ပါတယ်။ အဆုံးသတ်အနေနဲ့ကတော့ အတွင်းတိမ်ဖြစ်ပွားမှု လျှော့နည်းအောင် ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်ပါ။ ဆီးချိုရှိပါက ဆီးချိုမတက်အောင် ထိန်းပါ။ နေပူထဲထွက်ပါက နေကာမျက်မှန်သို့မဟုတ် ဦးထုပ်ဆောင်းပါ။ အဆီအဆိမ့် အငန်လျှော့စားပါလို့ တိုက်တွန်းချင်ပါတယ်။

Author : Dr.  528

Previous Post

ခွေးရူးကာကွယ်ဆေး

Next Post

ဆုတောင်းစရာမလိုဘဲ ရနိုင်မယ့် V-shape မျက်နှာလေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
845
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
842
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆုတောင်းစရာမလိုဘဲ ရနိုင်မယ့် V-shape မျက်နှာလေး

ဘေလုံးထိခိုက်ဒဏ်ရာရခြင်း

ငါ စိတ်ဓာတ်များ ကျနေတာလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.