(Zawgyi)
တစ္ေန႔ သူငယ္ခ်င္းတစ္ေယာက္က အကူအညီေတာင္းထားလို႔ သူ႔ေဆးခန္းမွာ ေဆးခန္းထိုင္ေနတုန္း အသက္ငယ္ငယ္ အမ်ိဳးသမီးတစ္ေယာက္ ေဆးခန္းျပခ်င္လို႔ဆိုၿပီး ဝင္လာပါတယ္။ ထိုင္ခုံမွာ ဝင္ထိုင္ရင္း
‘ ဆရာ သမီး ေျခေထာက္ ျပခ်င္လို႔ပါ ေျခစြယ္ငုတ္ေနလို႔ ‘
ၾကည့္လိုက္ေတာ့ျဖင့္ ေျခမတစ္ဖက္ရယ္ ေျခသည္းထိပ္ေဘးႏွစ္ဖက္လုံး တင္းၿပီး ေယာင္ကိုင္းေနတာပဲ။ ျပည္ေတာင္တည္ေနေလာက္တယ္။
‘ ဒါ ျဖစ္ေနတာဘယ္ေလာက္ေတာင္ ရွိေနၿပီလဲ’
ပါးစပ္ကအလိုလိုထြက္သြားတဲ့ေမးခြန္း
‘ တစ္ပတ္ေလာက္ရွိၿပီဆရာ။ အိမ္မွာမလုပ္ရဲလို႔။ အထိကိုမခံတာ။ နာေနတာပဲ။ သမီးက ခဏခဏ ျဖစ္တတ္တယ္ ဆရာ။ ျဖစ္တိုင္း ေဆးခန္းျပေနရတယ္ ေဆးခန္းမွာပဲ ေျခစြယ္ ထုတ္ရဲတယ္’။
ေၾသာ္ …စိတ္ထဲကေန ေရ႐ြတ္မိတာပါ။
‘ ေျခစြယ္ ခဏခဏ ငုတ္တတ္တာလား။ အခ်ိန္မွန္မညႇပ္ဘူးလား ‘။
‘ ညႇပ္မယ္လုပ္လိုက္ရင္ ေျခစြယ္က အထဲစိုက္ေနၿပီ။ အဲဒါဆိုအရမ္းနာလို႔ မလုပ္ျဖစ္ေတာ့ဘူး။ သက္သာမလားလို႔ေတာ့ ေဆးေသာက္ထားတယ္ ဆရာ ‘
‘ ဘာေဆးေသာက္တာပါလဲ’
‘ ပိုးသတ္ေဆးနဲ႔ အေရာင္က်ေဆးပါ။ ၿပီးခဲ့တဲ့ တစ္ေခါက္က ေဆးခန္းျပတုန္းကေပးတဲ့ေဆးေတြပါ ဆရာ’။
‘ ပိုးသတ္ေဆးေတြကေတာ့ ကိုယ့္သေဘာနဲ႔ကိုယ္မေသာက္ရဘူး။ လူနာေဆးေသာက္ပုံမမွန္တာေတြ ေဆးမတည့္တာေတြ ျဖစ္တတ္တယ္’။
‘ ဟုတ္ကဲ့ပါ ဆရာ။ သက္သာမလားလို႔ ေသာက္ၾကည့္တာပါ။ ဆရာ ဒါေပမယ့္ မသက္သာလို႔။ ‘
‘ ဒါကက်ေတာ့ ဒီေျခစြယ္ထြက္မွ ၿပီးမယ့္ကိစၥပါ။ ပိုးသတ္ေဆးေသာက္ေန႐ုံနဲ႔မၿပီးဘူး။ ေျခစြယ္အထဲကို ေဖာက္ဝင္ၿပီး အနာျဖစ္ၿပီး ျပည္ေတာင္တည္ခ်င္ေနၿပီ။ ဒီေျခစြယ္ကို ထုတ္မွ ျပည္လည္း ထြက္သြားမယ္။ အနာလည္းသက္သာပါမယ္။ ‘
‘ ဟုတ္ကဲ့ပါဆရာ’
‘ဟုတ္ပါၿပီ။ အခုေတာ့ ဒီေျခစြယ္ကိုျပန္ထုတ္ေပးမယ္။ အရမ္းနာေနေတာ့ ထုံေဆးေတာ့ လိုလိမ့္မယ္။ ထုံေဆးေတြ သုံးဖူးေသးလား’။
‘ဟုတ္ကဲ့ဆရာ။ သမီး ပထမတစ္ခါျဖစ္တုန္းကလည္း ထုံေဆးသုံးၿပီး ေျခစြယ္ျပန္ထုတ္ေပးပါတယ္။’
‘ ပထမတစ္ခါျဖစ္ၿပီး ဘယ္ေလာက္အၾကာျပန္ျဖစ္တာလဲ။ ဒီဘက္မွာပဲလား ။’
‘ ဟုတ္တယ္ဆရာ။ ဒီဘက္ပဲ။ တစ္လေလာက္ရွိၿပီဆရာ။ ပထမတစ္ခါလုပ္ၿပီး ပစ္ထားလိုက္သလိုျဖစ္သြားတာ ထပ္လည္း မညႇပ္ျဖစ္လိုက္ဘူး။ သတိထားမိေတာ့ ေျခစြယ္က စိုက္ေနၿပီ။’
‘ ဟုတိပါၿပီ။ အခုတစ္ခါၿပီးရင္ေတာ့ ေသခ်ာဂ႐ုစိုက္ေပးပါ။ ခဏခဏ ေျခစြယ္ငုတ္ၿပီး အနာျဖစ္ေနတယ္ဆို လူနာအတြက္လည္း မေကာင္းဘူး။ ‘
‘ ဟုတ္ကဲ့ပါဆရာ ‘
ပထမတစ္ခါထုံေဆးနဲ႔ လုပ္ထားလည္း စိတ္ခ်ရေအာင္ေတာ့ အၿမဲ ျပန္စမ္းတတ္တဲ့အက်င့္ရွိေတာ့
‘ ထုံေဆးထိုးေပးရမွာဆိုေတာ့ စိတ္ခ်ရေအာင္ေတာ့ အရင္ဆုံး ထုံေဆး စမ္းထားမယ္’။
‘ ဟုတ္ကဲ့ ဆရာ’
ထုံေဆးစမ္းထားတုန္းမွာပဲ လိုအပ္တာေတြေမးၿပီး ေျခစြယ္ ျပန္ထုတ္ဖို႔အတြက္ ျပင္ဆင္ရတယ္။ လိုရမယ္ရလည္း ေဆးခန္းမွာကူေပးတဲ့ ေကာင္ေလးကို လက္သည္းညႇပ္အသစ္တစ္ခုဝယ္ထားဖို႔ ေျပာရတယ္။
အကုန္အဆင့္သင့္ျဖစ္ေတာ့ ထုံေဆးနဲ႔ပဲ ေျခစြယ္ကို ျပန္ထုတ္ေတာ့ ေျခစြယ္ကေျခမေထာင့္ႏွစ္ဘက္လုံးမွာ အထဲထဲကို ကုပ္ၿပီးေတာ့ကို ဝင္ေနတာ။ ေျခစြယ္ကို ကေလာ္ထုတ္ေတာ့ အစပိုင္းမွာ ေတာ္ေတာ္ ခက္တယ္။ ေတာ္ေသးတာေပါ့ ထုံေဆးနဲ႔မို႔။ ကိုယ္ကစိတ္ႀကိဳက္ ေျခစြယ္ ကေလာ္ေနတာ Dressing box ထဲ က ကတ္ေၾကးအေသးေရာ လက္သည္းညႇပ္အသစ္ေရာ ခြသုံးေနတာ လူနာကိုနာလားေမးၾကည့္ေတာ့ ေျခေထာက္ကို ထိေနတာပဲ သိတယ္ဆိုေတာ့ စိတ္ခ်လက္ခ်ကိုလုပ္ေနတာ။
ေနာက္ဆုံးေတာ့ ေျခစြယ္လည္း ထြက္ အထဲက ျပည္ေတြေရာ ေသြးေတြေရာ လိုက္ထြက္လာတယ္။ ဒါေတြေသခ်ာသုတ္ရင္း ထြက္လာတဲ့ေျခစြယ္ေရာ ေျခသည္းကိုပါ လက္သည္းညႇပ္နဲ႔ စိတ္ခ်ရေလာက္တဲ့အထိ ညႇပ္ေပးလိုက္တယ္။
အားလုံးၿပီးေတာ့ အနာေသခ်ာျပန္ေဆးၿပီး ေဆးထည့္ ပတ္တီးစည္းေပးရင္း
‘ ေျခစြယ္လည္း ထုတ္ေပးလိုက္ၿပီ။ ေျခသည္းလည္း တိေပးထားတယ္။ အထဲမွာေတာ့ အနာနည္းနည္းျဖစ္ေနတယ္။ ေဆးလည္း ဆက္ထည့္ရမယ္။ ပိုးသတ္ေဆးလည္း ေသာက္ဖို႔လိုတယ္။ စိတ္ခ်ရေအာင္ေတာ့ ေမးခိုင္ကာကြယ္ေဆးထိုးထားဖို႔လိုပါတယ္’။
‘ ဟုတ္ကဲ့ ဆရာ လိုအပ္တာကိုၫႊန္ၾကားေပးပါ’
ေမးခိုင္ကာကြယ္ေဆးထိုးေပးၿပီး ေဆးေသာက္ပုံ ေဆးထည့္ပုံေတြပါ ေသခ်ာေျပာျပရင္း
‘ အေရးႀကီးဆုံးတစ္ခုက ေျခသည္းဂ႐ုစိုက္ဖို႔ပဲ။ ကိုယ့္ေျခသည္းက ခဏခဏ ေျခစြယ္ငုတ္တတ္တယ္ဆို အရမ္းသတိထားရမယ္။ ဖိနပ္ထိပ္ပိတ္ေတြ မဝတ္ပါနဲ႔။ ေျခသည္းကအရွည္ေႏွးေတာ့ ႏွစ္ပတ္တစ္ခါမွ ညႇပ္ဖို႔လိုတတ္ေပမယ့္ ႏွစ္ရက္ျခားသုံးရက္ျခားေတာ့ ေျခေထာက္ကို ၁၅မိနစ္ေလာက္ေရေႏြးစိမ္ပါ ။ေရေႏြးစိမ္ၿပီးတဲ့အခါမွာ တံစဥ္းနဲ႔ ေျခသည္းကို ေၾကးထုတ္တာ ေျခစြယ္တိတာေတြ လုပ္ေပးေနရပါမယ္။ ဒါဆို ေျခစြယ္လည္း လြယ္လြယ္ ျပန္မငုတ္ႏိုင္ပါဘူး ‘။
‘ ဟုတ္ကဲ့ပါ ဆရာ ဆရာေျပာသလို ေသခ်ာလုပ္ပါ့မယ္။ ေျခစြယ္ငုတ္တာလည္း ေတာ္ေတာ္နာလို႔မွတ္သြားပါၿပီ။ ေနာက္ထပ္မငုတ္ေအာင္ ဂ႐ုစိုက္ပါ့မယ္ ဆရာ’
‘ ဟုတ္ကဲ့ပါဗ်ာ’
လူနာျပန္သြားၿပီးေတာ့မွ ကိုယ္တိုင္လည္း ေျခစြယ္ငုတ္တတ္တဲ့ ေျခသည္းမ်ိဳးမို႔ အၿမဲဂ႐ုစိုက္ေနရတာကို ေတြးရင္း …
Author : Dr. CST
(Unicode)
တစ်နေ့ သူငယ်ချင်းတစ်ယောက်က အကူအညီတောင်းထားလို့ သူ့ဆေးခန်းမှာ ဆေးခန်းထိုင်နေတုန်း အသက်ငယ်ငယ် အမျိုးသမီးတစ်ယောက် ဆေးခန်းပြချင်လို့ဆိုပြီး ဝင်လာပါတယ်။ ထိုင်ခုံမှာ ဝင်ထိုင်ရင်း
‘ ဆရာ သမီး ခြေထောက် ပြချင်လို့ပါ ခြေစွယ်ငုတ်နေလို့ ‘
ကြည့်လိုက်တော့ဖြင့် ခြေမတစ်ဖက်ရယ် ခြေသည်းထိပ်ဘေးနှစ်ဖက်လုံး တင်းပြီး ယောင်ကိုင်းနေတာပဲ။ ပြည်တောင်တည်နေလောက်တယ်။
‘ ဒါ ဖြစ်နေတာဘယ်လောက်တောင် ရှိနေပြီလဲ’
ပါးစပ်ကအလိုလိုထွက်သွားတဲ့မေးခွန်း
‘ တစ်ပတ်လောက်ရှိပြီဆရာ။ အိမ်မှာမလုပ်ရဲလို့။ အထိကိုမခံတာ။ နာနေတာပဲ။ သမီးက ခဏခဏ ဖြစ်တတ်တယ် ဆရာ။ ဖြစ်တိုင်း ဆေးခန်းပြနေရတယ် ဆေးခန်းမှာပဲ ခြေစွယ် ထုတ်ရဲတယ်’။
သြော် …စိတ်ထဲကနေ ရေရွတ်မိတာပါ။
‘ ခြေစွယ် ခဏခဏ ငုတ်တတ်တာလား။ အချိန်မှန်မညှပ်ဘူးလား ‘။
‘ ညှပ်မယ်လုပ်လိုက်ရင် ခြေစွယ်က အထဲစိုက်နေပြီ။ အဲဒါဆိုအရမ်းနာလို့ မလုပ်ဖြစ်တော့ဘူး။ သက်သာမလားလို့တော့ ဆေးသောက်ထားတယ် ဆရာ ‘
‘ ဘာဆေးသောက်တာပါလဲ’
‘ ပိုးသတ်ဆေးနဲ့ အရောင်ကျဆေးပါ။ ပြီးခဲ့တဲ့ တစ်ခေါက်က ဆေးခန်းပြတုန်းကပေးတဲ့ဆေးတွေပါ ဆရာ’။
‘ ပိုးသတ်ဆေးတွေကတော့ ကိုယ့်သဘောနဲ့ကိုယ်မသောက်ရဘူး။ လူနာဆေးသောက်ပုံမမှန်တာတွေ ဆေးမတည့်တာတွေ ဖြစ်တတ်တယ်’။
‘ ဟုတ်ကဲ့ပါ ဆရာ။ သက်သာမလားလို့ သောက်ကြည့်တာပါ။ ဆရာ ဒါပေမယ့် မသက်သာလို့။ ‘
‘ ဒါကကျတော့ ဒီခြေစွယ်ထွက်မှ ပြီးမယ့်ကိစ္စပါ။ ပိုးသတ်ဆေးသောက်နေရုံနဲ့မပြီးဘူး။ ခြေစွယ်အထဲကို ဖောက်ဝင်ပြီး အနာဖြစ်ပြီး ပြည်တောင်တည်ချင်နေပြီ။ ဒီခြေစွယ်ကို ထုတ်မှ ပြည်လည်း ထွက်သွားမယ်။ အနာလည်းသက်သာပါမယ်။ ‘
‘ ဟုတ်ကဲ့ပါဆရာ’
‘ဟုတ်ပါပြီ။ အခုတော့ ဒီခြေစွယ်ကိုပြန်ထုတ်ပေးမယ်။ အရမ်းနာနေတော့ ထုံဆေးတော့ လိုလိမ့်မယ်။ ထုံဆေးတွေ သုံးဖူးသေးလား’။
‘ဟုတ်ကဲ့ဆရာ။ သမီး ပထမတစ်ခါဖြစ်တုန်းကလည်း ထုံဆေးသုံးပြီး ခြေစွယ်ပြန်ထုတ်ပေးပါတယ်။’
‘ ပထမတစ်ခါဖြစ်ပြီး ဘယ်လောက်အကြာပြန်ဖြစ်တာလဲ။ ဒီဘက်မှာပဲလား ။’
‘ ဟုတ်တယ်ဆရာ။ ဒီဘက်ပဲ။ တစ်လလောက်ရှိပြီဆရာ။ ပထမတစ်ခါလုပ်ပြီး ပစ်ထားလိုက်သလိုဖြစ်သွားတာ ထပ်လည်း မညှပ်ဖြစ်လိုက်ဘူး။ သတိထားမိတော့ ခြေစွယ်က စိုက်နေပြီ။’
‘ ဟုတိပါပြီ။ အခုတစ်ခါပြီးရင်တော့ သေချာဂရုစိုက်ပေးပါ။ ခဏခဏ ခြေစွယ်ငုတ်ပြီး အနာဖြစ်နေတယ်ဆို လူနာအတွက်လည်း မကောင်းဘူး။ ‘
‘ ဟုတ်ကဲ့ပါဆရာ ‘
ပထမတစ်ခါထုံဆေးနဲ့ လုပ်ထားလည်း စိတ်ချရအောင်တော့ အမြဲ ပြန်စမ်းတတ်တဲ့အကျင့်ရှိတော့
‘ ထုံဆေးထိုးပေးရမှာဆိုတော့ စိတ်ချရအောင်တော့ အရင်ဆုံး ထုံဆေး စမ်းထားမယ်’။
‘ ဟုတ်ကဲ့ ဆရာ’
ထုံဆေးစမ်းထားတုန်းမှာပဲ လိုအပ်တာတွေမေးပြီး ခြေစွယ် ပြန်ထုတ်ဖို့အတွက် ပြင်ဆင်ရတယ်။ လိုရမယ်ရလည်း ဆေးခန်းမှာကူပေးတဲ့ ကောင်လေးကို လက်သည်းညှပ်အသစ်တစ်ခုဝယ်ထားဖို့ ပြောရတယ်။
အကုန်အဆင့်သင့်ဖြစ်တော့ ထုံဆေးနဲ့ပဲ ခြေစွယ်ကို ပြန်ထုတ်တော့ ခြေစွယ်ကခြေမထောင့်နှစ်ဘက်လုံးမှာ အထဲထဲကို ကုပ်ပြီးတော့ကို ဝင်နေတာ။ ခြေစွယ်ကို ကလော်ထုတ်တော့ အစပိုင်းမှာ တော်တော် ခက်တယ်။ တော်သေးတာပေါ့ ထုံဆေးနဲ့မို့။ ကိုယ်ကစိတ်ကြိုက် ခြေစွယ် ကလော်နေတာ Dressing box ထဲ က ကတ်ကြေးအသေးရော လက်သည်းညှပ်အသစ်ရော ခွသုံးနေတာ လူနာကိုနာလားမေးကြည့်တော့ ခြေထောက်ကို ထိနေတာပဲ သိတယ်ဆိုတော့ စိတ်ချလက်ချကိုလုပ်နေတာ။
နောက်ဆုံးတော့ ခြေစွယ်လည်း ထွက် အထဲက ပြည်တွေရော သွေးတွေရော လိုက်ထွက်လာတယ်။ ဒါတွေသေချာသုတ်ရင်း ထွက်လာတဲ့ခြေစွယ်ရော ခြေသည်းကိုပါ လက်သည်းညှပ်နဲ့ စိတ်ချရလောက်တဲ့အထိ ညှပ်ပေးလိုက်တယ်။
အားလုံးပြီးတော့ အနာသေချာပြန်ဆေးပြီး ဆေးထည့် ပတ်တီးစည်းပေးရင်း
‘ ခြေစွယ်လည်း ထုတ်ပေးလိုက်ပြီ။ ခြေသည်းလည်း တိပေးထားတယ်။ အထဲမှာတော့ အနာနည်းနည်းဖြစ်နေတယ်။ ဆေးလည်း ဆက်ထည့်ရမယ်။ ပိုးသတ်ဆေးလည်း သောက်ဖို့လိုတယ်။ စိတ်ချရအောင်တော့ မေးခိုင်ကာကွယ်ဆေးထိုးထားဖို့လိုပါတယ်’။
‘ ဟုတ်ကဲ့ ဆရာ လိုအပ်တာကိုညွှန်ကြားပေးပါ’
မေးခိုင်ကာကွယ်ဆေးထိုးပေးပြီး ဆေးသောက်ပုံ ဆေးထည့်ပုံတွေပါ သေချာပြောပြရင်း
‘ အရေးကြီးဆုံးတစ်ခုက ခြေသည်းဂရုစိုက်ဖို့ပဲ။ ကိုယ့်ခြေသည်းက ခဏခဏ ခြေစွယ်ငုတ်တတ်တယ်ဆို အရမ်းသတိထားရမယ်။ ဖိနပ်ထိပ်ပိတ်တွေ မဝတ်ပါနဲ့။ ခြေသည်းကအရှည်နှေးတော့ နှစ်ပတ်တစ်ခါမှ ညှပ်ဖို့လိုတတ်ပေမယ့် နှစ်ရက်ခြားသုံးရက်ခြားတော့ ခြေထောက်ကို ၁၅မိနစ်လောက်ရေနွေးစိမ်ပါ ။ရေနွေးစိမ်ပြီးတဲ့အခါမှာ တံစဉ်းနဲ့ ခြေသည်းကို ကြေးထုတ်တာ ခြေစွယ်တိတာတွေ လုပ်ပေးနေရပါမယ်။ ဒါဆို ခြေစွယ်လည်း လွယ်လွယ် ပြန်မငုတ်နိုင်ပါဘူး ‘။
‘ ဟုတ်ကဲ့ပါ ဆရာ ဆရာပြောသလို သေချာလုပ်ပါ့မယ်။ ခြေစွယ်ငုတ်တာလည်း တော်တော်နာလို့မှတ်သွားပါပြီ။ နောက်ထပ်မငုတ်အောင် ဂရုစိုက်ပါ့မယ် ဆရာ’
‘ ဟုတ်ကဲ့ပါဗျာ’
လူနာပြန်သွားပြီးတော့မှ ကိုယ်တိုင်လည်း ခြေစွယ်ငုတ်တတ်တဲ့ ခြေသည်းမျိုးမို့ အမြဲဂရုစိုက်နေရတာကို တွေးရင်း …
Author : Dr. CST