fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

စိတ်ထောင်းကိုယ်ကြေ

98
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/10/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

လူတစ္ေယာက္ က်န္းမားေရးျပည့္စုံေကာင္းမြန္ေနဖို႔က ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေန႐ုံနဲ႔တင္ မလုံေလာက္ပါဘူး။ စိတ္ပိုင္းဆိုင္ရာလည္း က်န္းမာေနမွျဖစ္မွာပါ။ စိတ္ပိုင္းဆိုင္ရာ က်န္းမာေပ်ာ္႐ႊင္ဖို႔လိုတယ္ဆိုတဲ့ ေနရာမွာ စိတ္မႏွံ႔တာ၊ စိတ္ေရာဂါ ေဝဒနာခံစားေနရတာေတြကို ေျပာခ်င္တာမ်ိဳးမဟုတ္ပါဘူး။
ပကတိ လူေကာင္းတစ္ေယာက္အဖို႔ စိတ္ပိုင္းဆိုင္ရာ က်န္းမာေပ်ာ္႐ႊင္ဖို႔ လိုတာပါ။

စိတ္ ဆိုတာ အရမ္းကို အေရးႀကီးတဲ့အထဲမွာ ပါပါတယ္။ စိတ္ခ်မ္းသာေပ်ာ္႐ႊင္ဖို႔က အသက္ႀကီးငယ္မေ႐ြးနဲ႔ ဆိုင္ပါတယ္။ တစ္ရက္တာ လုပ္ေဆာင္စရာေတြ လုပ္ေဆာင္ေနတဲ့အခါမွာ စိတ္ကလည္း ေပါ့ပါးတက္ႂကြေနဖို႔လိုပါတယ္။ ဒါမွလည္း လုပ္ေနတဲ့အလုပ္ေတြ လြယ္ကူလ်င္ျမန္စြာ ၿပီးေျမာက္ေအာင္ျမင္မွာပါ။

စိတ္ညစ္စရာ ရွိေနတာဆိုရင္ ကိုယ့္ကိုယ္ကို ဘာလုပ္လုပ္ အားမရတတ္ဘူး။ အလုပ္မွာလည္း စိတ္မပါတတ္ဘူး။ အလုပ္လည္း မတြင္က်ယ္ဘူး။ စိတ္ဓာတ္ပါက်ေနၿပီဆို ပိုဆိုးပါတယ္။ ကိုယ့္ကိုယ္ကိုလည္း ဘာလုပ္လုပ္ အျပစ္ျမင္တတ္တယ္။ သူတစ္ပါးကိုလည္း အျပစ္ျမင္တတ္တယ္။ စားခ်င္စိတ္လည္း မရွိေတာ့ဘူး။ ႏုန္းေနတတ္တယ္။ အလုပ္လုပ္ခ်င္စိတ္လည္းမရွိေတာ့ဘူး။ ၾကာလာတာနဲ႔အမွ် စိတ္ပိုင္းဆိုင္ရာ ျဖစ္ေနတာကေန ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေရးပါထိခိုက္လာႏိုင္ပါတယ္။

လူတိုင္းမွာေတာ့ အဆင္မေျပတာေတြ စိတ္ညစ္စရာျပႆနာေတြ ႀကဳံေနၾကရမွာပါပဲ။ မိသားစုအေရး စီးပြားေရး လူမႈေရးေတြ အမ်ိဳးမ်ိဳးပါ အေကာင္းဆုံးေျဖရွင္းႏိုင္တဲ့ နည္းလမ္းကို စဥ္းစားၾကရမွာပါ။ စိတ္ညစ္တယ္ဆိုၿပီး ဒီအတိုင္း ထိုင္ေနလို႔မရပါဘူး။ ဒါက ျပႆနာမေျဖရွင္းတာအျပင္ လူကိုပါပိုၿပီး ႏြမ္းလ်ေစပါတယ္။ ျပႆနာတိုင္းကို ေျဖရွင္းဖို႔မႀကိဳးစားပါနဲ။့ ေျဖရွင္းလို႔မရေလ ပိုစိတ္ညစ္ရေလပါ။

မေျဖရွင္းႏိုင္ေသးသေ႐ြ႕ေတာ့ အေကာင္းဆုံးရင္ဆိုင္ပါ။ ေသခ်ာစဥ္းစားပါ။ တိုင္ပင္ပါ။ အားနည္းခ်က္ကို ေျပာျပဖို႔ လိုခ်င္တာကိုေျပာျပဖို႔ မေၾကာက္ပါနဲ။့ မတြန႔္ဆုတ္ပါနဲ႔။ ေျပရာေျပေၾကာင္း ေကာင္းေကာင္းေျပာေပးတယ္ဆိုရင္ အဆင္ေျပႏိုင္ပါတယ္။ ျပႆနာတိုင္းကို အစကေနေသခ်ာျပန္စဥ္းစားပါ။ အၿမဲေတာ့ ဒါတစ္ခုတည္းနဲ႔ အခ်ိန္မကုန္ပါနဲ႔။ အိပ္တာစားတာ ပုံမွန္ျဖစ္ပါေစ။ ပုံမွန္လႈပ္ရွားမႈရွိပါေစ။ အလုပ္လုပ္ေနတဲ့အခါ ျပႆနာေတြ ေမ့ထားလိုက္ပါ။

ျပႆနာဆိုတာက ဒီတစ္ခုၿပီးလည္း ေနာက္တစ္ခုက အလိုလိုျဖစ္လာတတ္တယ္။ တစ္ခါတေလဆို စိတ္ညစ္တဲ့အခ်ိန္ ဘာလုပ္လုပ္ အဆင္မေျပတတ္ေတာ့ ျပႆနာက အလုံးအရင္းနဲ႔လာတယ္လို႔ ထင္တတ္ၾကတယ္။

စိတ္ကို တည္တည္ၿငိမ္ၿငိမ္ပဲထားပါ။ အခ်င္းခ်င္းတိုင္ပင္ပါ။ စိတ္ညစ္ေနတဲ့အထဲလည္း ေမ်ာပါမသြားေစပါနဲ႔။ ကိုယ့္ကိုယ္ကို ဒုကၡေပးတတ္တဲ့ အဆင့္ထိ ျဖစ္သြားတတ္ၾကတယ္။ ဘုရားတရားလည္း လုပ္ပါ။ ေအးခ်မ္းၿငိမ္သက္တဲ့ ဘုရားေက်ာင္းေတြ၊ ဘုရားေတြ မွာ စိတ္ကိုေလွ်ာ့ၿပီး ေနၾကည့္ပါ။ ဆုမေတာင္းေတာင္မွ ျဖစ္ေနတာေတြ ေျပာျပလိုက္တာေတြ ငိုခ်လိုက္တာေတြက ခံစားေနရတာေတြကိုသက္သာေစပါတယ္။ သီခ်င္းနားေထာင္တာ၊ စာဖတ္တာ စသျဖင့္ ဝါသနာပါတာတစ္ခုခုကိုလည္း အစားထိုးပါ။ စိတ္ညစ္တာကို မေမြးျမဴပါနဲ႔။ အသက္ႀကီးငယ္မဆို စိတ္ေျဖေလွ်ာ့တာေတြ လုပ္ေပးဖို႔ လိုပါတယ္။ စိတ္ညစ္စရာမ်ားလွတဲ့ ေလာကႀကီးမွာ မေျဖတတ္ရင္ စိတ္ေထာင္းကိုယ္ေၾက ျဖစ္သြားမွာ စိုးလို႔ပါ။

Author : Dr. CST

(Unicode)

လူတစ်ယောက် ကျန်းမားရေးပြည့်စုံကောင်းမွန်နေဖို့က ရုပ်ပိုင်းဆိုင်ရာ ကျန်းမာနေရုံနဲ့တင် မလုံလောက်ပါဘူး။ စိတ်ပိုင်းဆိုင်ရာလည်း ကျန်းမာနေမှဖြစ်မှာပါ။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်ဖို့လိုတယ်ဆိုတဲ့ နေရာမှာ စိတ်မနှံ့တာ၊ စိတ်ရောဂါ ဝေဒနာခံစားနေရတာတွေကို ပြောချင်တာမျိုးမဟုတ်ပါဘူး။
ပကတိ လူကောင်းတစ်ယောက်အဖို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်ဖို့ လိုတာပါ။

စိတ် ဆိုတာ အရမ်းကို အရေးကြီးတဲ့အထဲမှာ ပါပါတယ်။ စိတ်ချမ်းသာပျော်ရွှင်ဖို့က အသက်ကြီးငယ်မရွေးနဲ့ ဆိုင်ပါတယ်။ တစ်ရက်တာ လုပ်ဆောင်စရာတွေ လုပ်ဆောင်နေတဲ့အခါမှာ စိတ်ကလည်း ပေါ့ပါးတက်ကြွနေဖို့လိုပါတယ်။ ဒါမှလည်း လုပ်နေတဲ့အလုပ်တွေ လွယ်ကူလျင်မြန်စွာ ပြီးမြောက်အောင်မြင်မှာပါ။

စိတ်ညစ်စရာ ရှိနေတာဆိုရင် ကိုယ့်ကိုယ်ကို ဘာလုပ်လုပ် အားမရတတ်ဘူး။ အလုပ်မှာလည်း စိတ်မပါတတ်ဘူး။ အလုပ်လည်း မတွင်ကျယ်ဘူး။ စိတ်ဓာတ်ပါကျနေပြီဆို ပိုဆိုးပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ဘာလုပ်လုပ် အပြစ်မြင်တတ်တယ်။ သူတစ်ပါးကိုလည်း အပြစ်မြင်တတ်တယ်။ စားချင်စိတ်လည်း မရှိတော့ဘူး။ နုန်းနေတတ်တယ်။ အလုပ်လုပ်ချင်စိတ်လည်းမရှိတော့ဘူး။ ကြာလာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာ ဖြစ်နေတာကနေ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပါထိခိုက်လာနိုင်ပါတယ်။

လူတိုင်းမှာတော့ အဆင်မပြေတာတွေ စိတ်ညစ်စရာပြဿနာတွေ ကြုံနေကြရမှာပါပဲ။ မိသားစုအရေး စီးပွားရေး လူမှုရေးတွေ အမျိုးမျိုးပါ အကောင်းဆုံးဖြေရှင်းနိုင်တဲ့ နည်းလမ်းကို စဉ်းစားကြရမှာပါ။ စိတ်ညစ်တယ်ဆိုပြီး ဒီအတိုင်း ထိုင်နေလို့မရပါဘူး။ ဒါက ပြဿနာမဖြေရှင်းတာအပြင် လူကိုပါပိုပြီး နွမ်းလျစေပါတယ်။ ပြဿနာတိုင်းကို ဖြေရှင်းဖို့မကြိုးစားပါနဲ။့ ဖြေရှင်းလို့မရလေ ပိုစိတ်ညစ်ရလေပါ။

မဖြေရှင်းနိုင်သေးသရွေ့တော့ အကောင်းဆုံးရင်ဆိုင်ပါ။ သေချာစဉ်းစားပါ။ တိုင်ပင်ပါ။ အားနည်းချက်ကို ပြောပြဖို့ လိုချင်တာကိုပြောပြဖို့ မကြောက်ပါနဲ။့ မတွန့်ဆုတ်ပါနဲ့။ ပြေရာပြေကြောင်း ကောင်းကောင်းပြောပေးတယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။ ပြဿနာတိုင်းကို အစကနေသေချာပြန်စဉ်းစားပါ။ အမြဲတော့ ဒါတစ်ခုတည်းနဲ့ အချိန်မကုန်ပါနဲ့။ အိပ်တာစားတာ ပုံမှန်ဖြစ်ပါစေ။ ပုံမှန်လှုပ်ရှားမှုရှိပါစေ။ အလုပ်လုပ်နေတဲ့အခါ ပြဿနာတွေ မေ့ထားလိုက်ပါ။

ပြဿနာဆိုတာက ဒီတစ်ခုပြီးလည်း နောက်တစ်ခုက အလိုလိုဖြစ်လာတတ်တယ်။ တစ်ခါတလေဆို စိတ်ညစ်တဲ့အချိန် ဘာလုပ်လုပ် အဆင်မပြေတတ်တော့ ပြဿနာက အလုံးအရင်းနဲ့လာတယ်လို့ ထင်တတ်ကြတယ်။

စိတ်ကို တည်တည်ငြိမ်ငြိမ်ပဲထားပါ။ အချင်းချင်းတိုင်ပင်ပါ။ စိတ်ညစ်နေတဲ့အထဲလည်း မျောပါမသွားစေပါနဲ့။ ကိုယ့်ကိုယ်ကို ဒုက္ခပေးတတ်တဲ့ အဆင့်ထိ ဖြစ်သွားတတ်ကြတယ်။ ဘုရားတရားလည်း လုပ်ပါ။ အေးချမ်းငြိမ်သက်တဲ့ ဘုရားကျောင်းတွေ၊ ဘုရားတွေ မှာ စိတ်ကိုလျှော့ပြီး နေကြည့်ပါ။ ဆုမတောင်းတောင်မှ ဖြစ်နေတာတွေ ပြောပြလိုက်တာတွေ ငိုချလိုက်တာတွေက ခံစားနေရတာတွေကိုသက်သာစေပါတယ်။ သီချင်းနားထောင်တာ၊ စာဖတ်တာ စသဖြင့် ဝါသနာပါတာတစ်ခုခုကိုလည်း အစားထိုးပါ။ စိတ်ညစ်တာကို မမွေးမြူပါနဲ့။ အသက်ကြီးငယ်မဆို စိတ်ဖြေလျှော့တာတွေ လုပ်ပေးဖို့ လိုပါတယ်။ စိတ်ညစ်စရာများလှတဲ့ လောကကြီးမှာ မဖြေတတ်ရင် စိတ်ထောင်းကိုယ်ကြေ ဖြစ်သွားမှာ စိုးလို့ပါ။

Author : Dr. CST

Previous Post

အရိုးအတက်ထွက်ခြင်း

Next Post

ပန်းသေပန်းညိုးခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
852
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပန်းသေပန်းညိုးခြင်း

ဆီးလမ်းကြောင်းပိုးဝင်ခြင်း (အပိုင်း ၂)

ဆီးလမ်းကြောင်းပိုးဝင်ခြင်း (အပိုင်း ၁)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.