fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ခွေးရူးကာကွယ်ဆေး

1.9k
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/10/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

ေခြး ႐ူး႐ူး၊မ႐ူး႐ူး ေခြးကိုက္ခံရတယ္ဆိုတာနဲ႔ ေခြး႐ူးကာကြယ္ေဆးထိုးဖို႔ လိုတယ္ဆိုတာ လူေတာ္ေတာ္မ်ားမ်ားသိၾကပါတယ္။

အိမ္ေမြးေခြးျဖစ္ေစ လမ္းေဘးေခြျဖစ္ေစ မ႐ူးဘဲလည္း လူေတြကို ကိုက္မိႏိုင္တယ္။ မရည္႐ြယ္ဘဲ ေဆာ့ရင္း ျခစ္မိသြားတာေတြလည္း ျဖစ္ႏိုင္တယ္။ သားေပါက္ထားတဲ့ ေခြးမႀကီးေတြ ကေလးေမြးၿပီးကာစေတြမွာ သူ႔ကေလးေတြကို တစ္ခုခုလုပ္မယ္ထင္ၿပီး လူေတြကို လိုက္ဆြဲတတ္တယ္။ ဒါကေတာ့ ႐ူးတာမဟုတ္ဘဲ သဘာဝကသင္ေပးတဲ့ အႏၲရာယ္ကာကြယ္နည္း တစ္ခုလိုပါပဲ။ တစ္ခါတေလက်ေတာ့ လူေတြက ေခြးမႀကီးနဲ႔ေခြးသားေပါက္ေတြကို အႏၲရာယ္ေပးတတ္တာေတြေၾကာင့္ပါ။ တစ္ခ်ိဳ႕က်ေတာ့ လမ္းသြားေနရင္ ေခြးကိုမျမင္ဘဲ တက္နင္းမိတာေတြ တစ္ခ်ိဳ႕ကေလးေတြ ေခြးေတြကိုသြားစထားတာေတြေၾကာင့္လည္း ေခြးေတြက ျပန္ကိုက္တာလည္းရွိပါတယ္။

ေခြးကိုက္ခံရၿပီဆိုရင္ ဘယ္လိုအကိုက္ခံရတာေမးလိုက္တာက ဒီေခြး႐ူး၊မ႐ူး အၾကမ္းဖ်င္းသိႏိုင္ပါတယ္။ လူေတြက ေခြးပဲ အဓိက အာ႐ုံစိုက္တတ္ၾကေပမယ့္ ေခြးအျပင္ ေၾကာင္နဲ႔ တျခားေသာသတၱဝါေတြ ကိုက္တာ ျခစ္တာခံရတာကလည္း ေခြး႐ူးေရာဂါကို ေၾကာက္ရတတ္ပါတယ္။

ေခြးပဲျဖစ္ျဖစ္ ေၾကာင္ပဲျဖစ္ျဖစ္ တျခားသတၱဝါ တစ္ေကာင္ေကာင္ျဖစ္ျဖစ္ ျခစ္မိတယ္၊ ကိုက္ခံလိုက္ရတယ္ ဆိုရင္ မ႐ူးလည္း ေခြး႐ူးကာကြယ္ေဆး ထိုးဖို႔လိုအပ္ပါတယ္။ ေခြးကိုက္ခံရတဲအခါ ဘယ္လိုအကိုက္ခံလိုက္ရတယ္ဆိုတာရယ္ ဒဏ္ရာဘယ္ေလာက္ႀကီးတယ္ဆိုတာရယ္ ေခြးက႐ူးေနတာလားရယ္က အေရးႀကီးပါတယ္။

တစ္ခါတစ္ခါမွာ ဒဏ္ရာ မေပၚဘဲ ေခြးကလ်က္လိုက္မိတာလည္းျဖစ္တတ္တယ္။ အေပၚယံ ဘာမွမထိဘူးဆိုရင္ ေရပဲေသေခ်ာေဆးဖို႔လိုပါတယ္။ ေခြးလည္းမ႐ူးဘူးဆိုရင္ ေခြး႐ူးကာကြယ္ေဆးလည္း ထိုးဖို႔ မလိုပါဘူး။

အကယ္လို႔မ်ား အကိုက္ခံရတဲ့အခါ အေပၚယံအေရျပား ထိသြားတယ္၊ ပြန္းေနတယ္ ေသြးမထြက္ဘူး ဆိုရင္ေတာ့ ေခြး႐ူး႐ူးမ႐ူး႐ူး ကာကြယ္ေဆးေတာ့ ထိုးေပးဖို႔လိုပါလိမ့္မယ္။

အကိုက္ခံရတာျဖစ္ျဖစ္ အျခစ္ခံရတာျဖစ္ျဖစ္ ေသြးထြက္တယ္ ဆိုရင္ေတာ့ ကာကြယ္ေဆးလည္း ထိုးေပးဖို႔လိုသလို immunoglobulin လည္း ထိုးေပးဖို႔လို၊မလို ျပန္ၾကည့္ရပါတယ္။ immunoglobulin ထိုးေတာ့မယ္ဆိုရင္ ကိုယ္ခႏၶာအေလးခ်ိန္နဲ႔တြက္ၿပီးထိုးရတာပါ။

ေခြး႐ူးကာကြယ္ေဆးထိုးတဲ့အခါ ေခြးကိုက္ခံရၿပီး တန္းထိုးတာပိုေကာင္းေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ခ်က္ခ်င္း မထိုးျဖစ္ဘဲ ေနာက္ရက္ေတြမွ ထိုးမယ္ဆိုလည္းလက္ခံပါတယ္။ ေခြး႐ူး၊ မ႐ူးနဲ႔ အနာေပၚေတာ့ မူတည္ပါတယ္။ ေခြး႐ူးေနလို႔ဆိုရင္ေတာ့ ခ်က္ခ်င္းပဲ ေခြး႐ူးကာကြယ္ေဆးေရာ immunoglobulin ေရာ ထိုးေပးရမွာပါ။

ေခြး႐ူးကာကြယ္ေဆးထိုးတဲ့အခါ ေဆး Dose ျပည့္ေအာင္ ထိုးေပးဖို႔ လိုပါတယ္။ ဒါ့အျပင္ ေခြးကိုက္ခံရရင္ ေမးခိုင္ကာကြယ္ေဆးလည္း ထိုးထားဖို႔ လိုပါတယ္။ ေခြးကိုက္ခံရၿပီဆိုရင္ ေခြး႐ူးေရာဂါလကၡဏာကို အကိုက္ခံရတဲ့ရက္ကေန သုံးလအတြင္းေတာ့ ေသခ်ာေစာင့္ၾကည့္ဖို႔ လိုတတ္ပါတယ္။

တစ္ခါတေလမွာ ေခြးကိုက္ခံရတဲ့ ဒဏ္ရာကေတာ္ေတာ္ႀကီးတယ္။ ခ်ဳပ္ဖို႔ေတာင္ လိုေနတာေတြျဖစ္တတ္တယ္ ဒါေပမယ့္ ေခြးကိုက္တဲ့ဒဏ္ရာက မခ်ဳပ္သင့္ပါဘူး။ ခ်ဳပ္လိုက္ျခင္းက ေခြး႐ူးပိုးရွိတယ္ဆိုျမန္ျမန္ပ်ံ႕သြားေစပါတယ္။ ဘယ္လိုဒဏ္ရာပဲျဖစ္ျဖစ္ ေရပဲ ေသခ်ာေဆးေပးရမွာပါ။ အနာကို အရက္ျပန္လည္းေဆးဖို႔လိုတယ္။ မခ်ဳပ္ရပါဘူး။

ေသြးထြက္မ်ားတယ္ဆိုလည္း ေသြးတိတ္ဖို႔အတြက္ ဒဏ္ရာကို gauze အသန႔္နဲ႔ ဖိေပးထားဖို႔လည္း လိုတတ္ပါတယ္။ ေနာက္ပိုင္းကာကြယ္ေဆးေတြ ထိုးၿပီးမွ ခ်ဳပ္ဖို႔လိုေသးရင္ခ်ဳပ္ပါတယ္။ ဒဏ္ရာက ဘယ္လိုမွ ေသြးမတိတ္လို႔ ခ်က္ခ်င္းခ်ဳပ္ဖို႔ လိုေနတယ္ဆိုတာမ်ိဳး ႀကဳံလာခဲ့ရင္ အနာေဘးေတြကို immunoglobulin အရင္ ထိုးပါတယ္။ ေနာက္ပိုင္းအခ်ိန္ေစာင့္ၿပီးမွ ခ်ဳပ္ရတာပါ။

ေခြး႐ူးကာကြယ္ေဆးကို ေခြးအကိုက္ခံရၿပီးမွ ထိုးတာမ်ားေပမယ့္ တခ်ိဳ႕ေတြမွာက်ေတာ့ ေခြးမကိုက္ခံရေသးလည္း ထိုးထားၾကတယ္။ ဘယ္လိုလူေတြပိုအထိုးမ်ားလဲဆိုရင္ျဖင့္ က်န္းမာေရးဝန္ထမ္းမ်ား၊ တိရစၦန္ဆရာဝန္၊ စာပို႔သမား၊ ေခြးေၾကာင္ဖမ္းသူေတြမွာ ႀကိဳထိုးထားလို႔ရပါတယ္။

ေခြး႐ူးကာကြယ္ေဆး အျပည့္ထိုးထားဖူးတယ္ဆိုရင္ ေနာက္တစ္ခါေခြးကိုက္ခံရတဲ့အခါ အကုန္ျပန္ထိုးဖို႔မလိုဘဲ ေဆးကို ႏွစ္ႀကိမ္ေလာက္ပဲ ထပ္ထိုးရတတ္ပါတယ္။

Author : Dr. CST

(Unicode)

ခွေး ရူးရူး၊မရူးရူး ခွေးကိုက်ခံရတယ်ဆိုတာနဲ့ ခွေးရူးကာကွယ်ဆေးထိုးဖို့ လိုတယ်ဆိုတာ လူတော်တော်များများသိကြပါတယ်။

အိမ်မွေးခွေးဖြစ်စေ လမ်းဘေးခွေဖြစ်စေ မရူးဘဲလည်း လူတွေကို ကိုက်မိနိုင်တယ်။ မရည်ရွယ်ဘဲ ဆော့ရင်း ခြစ်မိသွားတာတွေလည်း ဖြစ်နိုင်တယ်။ သားပေါက်ထားတဲ့ ခွေးမကြီးတွေ ကလေးမွေးပြီးကာစတွေမှာ သူ့ကလေးတွေကို တစ်ခုခုလုပ်မယ်ထင်ပြီး လူတွေကို လိုက်ဆွဲတတ်တယ်။ ဒါကတော့ ရူးတာမဟုတ်ဘဲ သဘာဝကသင်ပေးတဲ့ အန္တရာယ်ကာကွယ်နည်း တစ်ခုလိုပါပဲ။ တစ်ခါတလေကျတော့ လူတွေက ခွေးမကြီးနဲ့ခွေးသားပေါက်တွေကို အန္တရာယ်ပေးတတ်တာတွေကြောင့်ပါ။ တစ်ချို့ကျတော့ လမ်းသွားနေရင် ခွေးကိုမမြင်ဘဲ တက်နင်းမိတာတွေ တစ်ချို့ကလေးတွေ ခွေးတွေကိုသွားစထားတာတွေကြောင့်လည်း ခွေးတွေက ပြန်ကိုက်တာလည်းရှိပါတယ်။

ခွေးကိုက်ခံရပြီဆိုရင် ဘယ်လိုအကိုက်ခံရတာမေးလိုက်တာက ဒီခွေးရူး၊မရူး အကြမ်းဖျင်းသိနိုင်ပါတယ်။ လူတွေက ခွေးပဲ အဓိက အာရုံစိုက်တတ်ကြပေမယ့် ခွေးအပြင် ကြောင်နဲ့ တခြားသောသတ္တဝါတွေ ကိုက်တာ ခြစ်တာခံရတာကလည်း ခွေးရူးရောဂါကို ကြောက်ရတတ်ပါတယ်။

ခွေးပဲဖြစ်ဖြစ် ကြောင်ပဲဖြစ်ဖြစ် တခြားသတ္တဝါ တစ်ကောင်ကောင်ဖြစ်ဖြစ် ခြစ်မိတယ်၊ ကိုက်ခံလိုက်ရတယ် ဆိုရင် မရူးလည်း ခွေးရူးကာကွယ်ဆေး ထိုးဖို့လိုအပ်ပါတယ်။ ခွေးကိုက်ခံရတဲအခါ ဘယ်လိုအကိုက်ခံလိုက်ရတယ်ဆိုတာရယ် ဒဏ်ရာဘယ်လောက်ကြီးတယ်ဆိုတာရယ် ခွေးကရူးနေတာလားရယ်က အရေးကြီးပါတယ်။

တစ်ခါတစ်ခါမှာ ဒဏ်ရာ မပေါ်ဘဲ ခွေးကလျက်လိုက်မိတာလည်းဖြစ်တတ်တယ်။ အပေါ်ယံ ဘာမှမထိဘူးဆိုရင် ရေပဲသေချောဆေးဖို့လိုပါတယ်။ ခွေးလည်းမရူးဘူးဆိုရင် ခွေးရူးကာကွယ်ဆေးလည်း ထိုးဖို့ မလိုပါဘူး။

အကယ်လို့များ အကိုက်ခံရတဲ့အခါ အပေါ်ယံအရေပြား ထိသွားတယ်၊ ပွန်းနေတယ် သွေးမထွက်ဘူး ဆိုရင်တော့ ခွေးရူးရူးမရူးရူး ကာကွယ်ဆေးတော့ ထိုးပေးဖို့လိုပါလိမ့်မယ်။

အကိုက်ခံရတာဖြစ်ဖြစ် အခြစ်ခံရတာဖြစ်ဖြစ် သွေးထွက်တယ် ဆိုရင်တော့ ကာကွယ်ဆေးလည်း ထိုးပေးဖို့လိုသလို immunoglobulin လည်း ထိုးပေးဖို့လို၊မလို ပြန်ကြည့်ရပါတယ်။ immunoglobulin ထိုးတော့မယ်ဆိုရင် ကိုယ်ခန္ဓာအလေးချိန်နဲ့တွက်ပြီးထိုးရတာပါ။

ခွေးရူးကာကွယ်ဆေးထိုးတဲ့အခါ ခွေးကိုက်ခံရပြီး တန်းထိုးတာပိုကောင်းပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ချက်ချင်း မထိုးဖြစ်ဘဲ နောက်ရက်တွေမှ ထိုးမယ်ဆိုလည်းလက်ခံပါတယ်။ ခွေးရူး၊ မရူးနဲ့ အနာပေါ်တော့ မူတည်ပါတယ်။ ခွေးရူးနေလို့ဆိုရင်တော့ ချက်ချင်းပဲ ခွေးရူးကာကွယ်ဆေးရော immunoglobulin ရော ထိုးပေးရမှာပါ။

ခွေးရူးကာကွယ်ဆေးထိုးတဲ့အခါ ဆေး Dose ပြည့်အောင် ထိုးပေးဖို့ လိုပါတယ်။ ဒါ့အပြင် ခွေးကိုက်ခံရရင် မေးခိုင်ကာကွယ်ဆေးလည်း ထိုးထားဖို့ လိုပါတယ်။ ခွေးကိုက်ခံရပြီဆိုရင် ခွေးရူးရောဂါလက္ခဏာကို အကိုက်ခံရတဲ့ရက်ကနေ သုံးလအတွင်းတော့ သေချာစောင့်ကြည့်ဖို့ လိုတတ်ပါတယ်။

တစ်ခါတလေမှာ ခွေးကိုက်ခံရတဲ့ ဒဏ်ရာကတော်တော်ကြီးတယ်။ ချုပ်ဖို့တောင် လိုနေတာတွေဖြစ်တတ်တယ် ဒါပေမယ့် ခွေးကိုက်တဲ့ဒဏ်ရာက မချုပ်သင့်ပါဘူး။ ချုပ်လိုက်ခြင်းက ခွေးရူးပိုးရှိတယ်ဆိုမြန်မြန်ပျံ့သွားစေပါတယ်။ ဘယ်လိုဒဏ်ရာပဲဖြစ်ဖြစ် ရေပဲ သေချာဆေးပေးရမှာပါ။ အနာကို အရက်ပြန်လည်းဆေးဖို့လိုတယ်။ မချုပ်ရပါဘူး။

သွေးထွက်များတယ်ဆိုလည်း သွေးတိတ်ဖို့အတွက် ဒဏ်ရာကို gauze အသန့်နဲ့ ဖိပေးထားဖို့လည်း လိုတတ်ပါတယ်။ နောက်ပိုင်းကာကွယ်ဆေးတွေ ထိုးပြီးမှ ချုပ်ဖို့လိုသေးရင်ချုပ်ပါတယ်။ ဒဏ်ရာက ဘယ်လိုမှ သွေးမတိတ်လို့ ချက်ချင်းချုပ်ဖို့ လိုနေတယ်ဆိုတာမျိုး ကြုံလာခဲ့ရင် အနာဘေးတွေကို immunoglobulin အရင် ထိုးပါတယ်။ နောက်ပိုင်းအချိန်စောင့်ပြီးမှ ချုပ်ရတာပါ။

ခွေးရူးကာကွယ်ဆေးကို ခွေးအကိုက်ခံရပြီးမှ ထိုးတာများပေမယ့် တချို့တွေမှာကျတော့ ခွေးမကိုက်ခံရသေးလည်း ထိုးထားကြတယ်။ ဘယ်လိုလူတွေပိုအထိုးများလဲဆိုရင်ဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ တိရစ္ဆန်ဆရာဝန်၊ စာပို့သမား၊ ခွေးကြောင်ဖမ်းသူတွေမှာ ကြိုထိုးထားလို့ရပါတယ်။

ခွေးရူးကာကွယ်ဆေး အပြည့်ထိုးထားဖူးတယ်ဆိုရင် နောက်တစ်ခါခွေးကိုက်ခံရတဲ့အခါ အကုန်ပြန်ထိုးဖို့မလိုဘဲ ဆေးကို နှစ်ကြိမ်လောက်ပဲ ထပ်ထိုးရတတ်ပါတယ်။

Author : Dr. CST

Previous Post

အာသီးရောင်ခြင်းနဲ့ အစားအသောက်

Next Post

အတွင်းတိမ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
843
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
842
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အတွင်းတိမ်

ဆုတောင်းစရာမလိုဘဲ ရနိုင်မယ့် V-shape မျက်နှာလေး

ဘေလုံးထိခိုက်ဒဏ်ရာရခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.