fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ရောဂါနှင့်ဆေးမကိုက်ညီပါက နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်တဲ့ သွေးလေးဖက်နာ 

230
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/09/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

“အနာသိလွ်င္ ေဆးရွိသည္” ဆိုသည့္စကားသည္ ေရွးသမားေတာ္ႀကီးမ်ားစြာက အသုံးျပဳတတ္ၾကသည့္ လက္သုံးစကားမ်ားထဲတြင္ တစ္ခုအပါအဝင္ ျဖစ္သည္။ ထိုနည္းတူ လူနာတစ္ဦးတြင္ ျဖစ္ပြားသည့္ ေရာဂါအား စမ္းသပ္ရွာေဖြမႈမ်ား ျပဳလုပ္မႈေၾကာင့္ ျဖစ္ပြားသည့္ ေရာဂါအား သိရွိပါက ေရာဂါအမ်ားစုမွာ ျပန္လည္ေပ်ာက္ကင္းႏိုင္ျခင္း (သို႔မဟုတ္) ေရာဂါဆက္လက္ျဖစ္ပြားျခင္း မရွိေစရန္ ထိန္းသိမ္းႏိုင္သည္အထိ ကုသလာႏိုင္သည္မွာလည္း ယေန႔ေခတ္ကာလ၏ ေဆးဝါးမ်ားဆိုင္ရာ နည္းပညာမ်ားႏွင့္ ဆရာဝန္မ်ား၏ ကြၽမ္းက်င္မႈမ်ားေၾကာင့္ပင္ ျဖစ္သည္။

သို႔ေသာ္ အ႐ြယ္မေ႐ြး၊ က်ားမမေ႐ြး ျဖစ္ေပၚႏိုင္ေသာ္လည္း လူ ၁၀၀ တြင္ ၁ ေယာက္ႏႈန္းခန႔္သာျဖစ္ေသာ ပိုးေၾကာင့္ျဖစ္သည့္ ေလးဖက္နာေရာဂါ၊ ေသြးေၾကာင့္ျဖစ္သည့္ ေလးဖက္နာေရာဂါႏွင့္ အေရျပားေၾကာင့္ျဖစ္သည့္ ေလးဖက္နာေရာဂါ သုံးမ်ိဳးရွိသည့္အနက္ RHEUMATOID FACTOR (RF) ဓာတ္မွ အ႐ိုးအဆစ္မ်ားအား ျပန္လည္တိုက္ခိုက္သည့္အခါ ျဖစ္ပြားသည့္ ေသြးေလးဖက္နာေရာဂါမွာမူ ေရာဂါႏွင့္ေဆး မကိုက္ညီပါက ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ားအေနျဖင့္ အဆစ္မ်ားပ်က္စီးကာ ေကာက္ေကြးပုံပ်က္ေစၿပီး အျခားအစိတ္အပိုင္းမ်ား ထိခိုက္ႏိုင္သည့္အျပင္ ႏွလုံးေသြးေၾကာက်ဥ္းျခင္း၊ ႏွလုံးေသြးေၾကာပိတ္ျခင္းမ်ားမွာ အေႏွးႏွင့္အျမန္ ျဖစ္ေပၚလာႏိုင္ၿပီး အသက္အႏၲရာယ္ရွိႏိုင္သည္အထိ ျဖစ္ပြားႏိုင္ေၾကာင္း ေသြးေလးဖက္နာဆရာဝန္ႀကီးမ်ားက ဆိုသည္။

ေသြးေလးဖက္နာေရာဂါ ဘာေၾကာင့္ျဖစ္တာလဲ?

အဆိုပါေသြးေလးဖက္နာသည္ နာတာရွည္ အဆစ္ေရာင္ေရာဂါမ်ားထဲ၌ ျဖစ္ပြားမႈအမ်ားဆုံးေသာ ေရာဂါျဖစ္ၿပီး အသက္ ၃၀ ႏွစ္မွ ၅၀ ၾကားတြင္ျဖစ္ပြားႏိုင္ၿပီး မိဘမ်ိဳး႐ိုးမ်ားထဲတြင္ ခံစားဖူးသည့္ ေဝဒနာရွင္ရွိသည့္ မိသားစုဝင္မ်ားတြင္ ျဖစ္ႏိုင္ေခ်ရွိေၾကာင္း သိရသည္။

ထို႔အျပင္ ေဆးလိပ္ေသာက္ျခင္း၊ အစားအေသာက္မ်ားေၾကာင့္ ခႏၶာကိုယ္မွ ကလာပ္စည္းမ်ား ေဖာက္ျပန္ေျပာင္းလဲကာ ေရာဂါျဖစ္ပြားျခင္းအျပင္ RHEUMATOID FACTOR (RF) ဓာတ္မွ အ႐ိုးအဆစ္မ်ားအား ျပန္လည္တိုက္ခိုက္ျခင္းေၾကာင့္ ေရာဂါေဝဒနာအား ခံစားရျခင္းျဖစ္ေသာ္လည္း ASO မ်ားပါက ႏွလုံးႏွင့္တြဲျဖစ္တတ္ေသာ ပိုးေလးဖက္နာျဖစ္တတ္ၿပီး အဆစ္ေရာင္ျခင္းမရွိပါက စိုးရိမ္ဖြယ္ရာမရွိေၾကာင့္လည္း သိရသည္။

ဘာေတြေရွာင္သင့္လဲ၊ လိုက္နာသင့္လဲ?

ေသြးေလးဖက္နာေရာဂါသည္ အိမ္ေထာင္ျပဳလိုသူမ်ားအေနျဖင့္ အိမ္ေထာင္ျပဳႏိုင္ေၾကာင္း၊ ေရာဂါအားထိန္းခ်ဳပ္ႏိုင္သည့္အခ်ိန္တြင္ သားသမီးယူႏိုင္ေၾကာင္းႏွင့္ အစားအေသာက္ႏွင့္ တိုက္႐ိုက္ သက္ဆိုင္ျခင္းမရွိဘဲ အဝလြန္ျခင္းမရွိေစရန္ အဆီပါဝင္သည့္ အစားအစာမ်ား၊ အခ်ိဳေလွ်ာ့စားျခင္းတို႔ကို ေရွာင္ရန္လိုအပ္ေၾကာင္းလည္း ၎အထူးကုဆရာဝန္ႀကီးမ်ား၏ ေျပာဆိုမႈအရ သိရသည္။ ေသြးေလးဖက္နာေရာဂါသည္ အ႐ိုးပြျခင္း၊ အ႐ိုးပါးျခင္းမ်ားႏွင့္ အဆစ္မ်ားေကြးေကာက္ျခင္းမ်ား ျဖစ္ႏိုင္သည့္အတြက္ အေလးအပင္မျခင္းအား အထူးဂ႐ုျပဳ ေရွာင္ၾကဥ္ရမည္ျဖစ္ေၾကာင္းလည္း ဆရာဝန္မ်ားက ဆိုသည္။

ထို႔အျပင္ ေသြးေလးဖက္နာ ေဝဒနာခံစားေနရသူမ်ားသည္ ႏွလုံးေသြးေၾကာက်ဥ္းျခင္း၊ ႏွလုံးေသြးေၾကာပိတ္ျခင္းမ်ားမွာ အေႏွးႏွင့္အျမန္ ျဖစ္ေပၚလာႏိုင္သည့္အတြက္ ဆရာဝန္မ်ား၏ ၫႊန္ၾကားခ်က္မ်ားအတိုင္း လိုက္နာရန္ လိုအပ္ၿပီး DMARD ေဆးမ်ားသည္ ခုခံဓာတ္ကို က်ဆင္းေစသည့္အတြက္ ကူးစက္ေရာဂါမ်ားလည္း အလြယ္တကူ ဝင္ေရာက္ႏိုင္ေၾကာင္းႏွင့္ ဖ်ားနာပါက ဆရာဝန္ျဖင့္ အျမန္ဆုံးျပသရန္ လိုအပ္ေၾကာင္းလည္း သိရသည္။

ေသြးေလးဖက္နာေရာဂါသည္ ႐ိုးတြင္းျခင္ဆီထိကာ ေသြးအားနည္းျခင္းမ်ား ျဖစ္တတ္ၿပီး အသည္းထိပါက မ်က္လုံးဝါးျခင္း၊ အဆုတ္ထိပါက ေသြးခဲတတ္သည့္အတြက္ ဆရာဝန္မ်ားႏွင့္ အျမန္ဆုံးျပသရန္ လိုအပ္ေၾကာင္းလည္း သိရသည္။

အဆိုပါေသြးေလးဖက္နာေရာဂါသည္ အမ်ားအားျဖင့္ လက္ဆစ္ေျခဆစ္အေသးမ်ား ေရာင္ရမ္းနာက်င္ျခင္း၊ အဆစ္ႀကီးမ်ား (ဥပမာ – တံေတာင္ဆစ္၊ ဒူး၊ ပုခုံး၊ ေျခက်င္းဝတ္) တစ္ခုထက္ပိုကာ ေရာင္ရမ္းနာက်င္ျခင္း၊ အဆစ္မ်ားေရာင္ရမ္းနာက်င္ျခင္းႏွင့္ ထိုသို႔ျဖစ္ပြားမႈ ရက္သတၱပတ္ (၆)ပတ္ခန႔္အထိ ျဖစ္ပြားလာပါက ေသြးေလးဖက္နာ စတင္ျဖစ္ပြားသည့္အတြက္ သက္ဆိုင္ရာ ကြၽမ္းက်င္ဆရာဝန္မ်ားႏွင့္ ျပသရန္ လိုအပ္သည့္အျပင္ ေသြးေလးဖက္နာျဖစ္ေစသည့္ ဓာတ္အမ်ိဳးမ်ိဳး RHEUMATOID FACTOR or ANTI-CCP ႏွစ္မ်ိဳးကို ေတြ႕ႏိုင္ေၾကာင္းလည္း သိရသည္။ ထို႔အျပင္ ANTI-CCP စမ္းသပ္မႈသည္ ေသြးေလးဖက္နာကို ေစာလွ်င္စြာ သိရွိႏိုင္ၿပီး RF စမ္းသပ္မႈသည္ ေသြးေလးဖက္နာျဖစ္ပြားမႈကို ပိုမိုေသခ်ာစြာ ေဖာ္ထုတ္ႏိုင္ေၾကာင္းလည္း သိရသည္။

ထို႔အျပင္ ေသြးေလးဖက္နာေရာဂါ ေဝဒနာခံစားေနရသူသည္ ခႏၶာကိုယ္၏ အခ်ိဳ႕အစိတ္အပိုင္းမ်ားကို ထိခိုက္တတ္ၿပီး ကိုယ္အေလးခ်ိန္က်ျခင္း၊ ေမာပန္းလြယ္ျခင္း၊ မၾကာခဏဖ်ားနာျခင္း၊ ႂကြက္သားမ်ား သိမ္လွီျခင္း၊ အ႐ိုးပြျခင္း၊ က်ိဳးျခင္း၊ ေသြးအားနည္းျခင္း၊ ေသြးဥမႊားမ်ားျခင္း၊ မ်က္ျဖဴလႊာေရာင္ရမ္းျခင္း၊ လက္ေခ်ာင္းေျခေခ်ာင္းမ်ားရွိ ေသြးေၾကာမ်ား ေရာင္ရမ္းျခင္း၊ ႏွလုံးအေပၚမွ အေျမႇးႏွင့္ ႂကြက္သားမ်ားေရာင္ျခင္း၊ ႏွလုံးေသြးေၾကာပိတ္ျခင္းႏွင့္ အဆုတ္တြင္ အလုံးအက်ိတ္ေပၚျခင္း၊ ေရဝင္ျခင္းမ်ားအျပင္ ေလႁပြန္ငယ္မ်ားေရာင္ျခင္း၊ လက္ဖဝါးအာ႐ုံေၾကာညပ္ျခင္းမ်ား ျဖစ္ေပၚႏိုင္ေၾကာင္းလည္း သိရသည္။

ထို႔ေၾကာင့္ ၎ေရာဂါေဝဒနာသည္ အျမန္ဆုံးကုသရန္ လိုအပ္ၿပီး ကုသျခင္းမျပဳပါက အဆစ္မ်ားေကြးေကာက္ျခင္း၊ ယိုင္ျခင္း၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ ျဖစ္ပြားႏိုင္ၿပီး အသက္အႏၲရာယ္ရွိႏိုင္သည့္အျပင္ ၎ေရာဂါသည္ အကိုက္အခဲေပ်ာက္ေဆးမ်ား သုံးစြဲ႐ုံျဖင့္ ေရာဂါကို မထိန္းသိမ္းႏိုင္ေၾကာင္းႏွင့္ ေဆးမ်ားႏွင့္ စတီး႐ြိဳက္ႏွင့္ ေသာက္ေဆးမ်ားျဖင့္ စနစ္တက်ကုသရန္ လိုအပ္ေၾကာင္းလည္း သိရသည္။ ထို႔အျပင္ အ႐ိုးပြကာကြယ္ေဆးမ်ားေသာက္သုံးရန္ လိုအပ္ေၾကာင္းလည္း သိရသည္။

ေသြးေလးဖက္နာေရာဂါဟာ ေပ်ာက္ကင္းႏိုင္လား ?

ေရာဂါေဝဒနာခံစားေနရသူသည္ DMARD ေဆးမ်ားႏွင့္ ဆရာဝန္ၫႊန္ၾကားသည့္အတိုင္း ႏွစ္ႏွစ္ခန႔္ စနစ္တက်ကုသလွ်င္ ၈၀ ရာခိုင္ႏႈန္းေသာ လူနာမ်ားသည္ ေရာဂါသက္သာႏိုင္ၿပီး ၆၀ ရာခိုင္ႏႈန္းသည္ ေရာဂါထိန္းႏိုင္သည့္အျပင္ ၂၀ ရာခိုင္ႏႈန္းခန႔္သည္ မသက္မသာရွိတတ္ေၾကာင္းႏွင့္ အစြမ္းထက္သည့္ ဇီဝကုထုံးျဖင့္ ၆ လခန႔္ကုသပါကလည္း ေရာဂါေဝဒနာသည္ ၈၀ ရာခိုင္ႏႈန္းခန႔္ သက္သာႏိုင္ၿပီး ၆၀ ရာခိုင္ႏႈန္းမွာ ထိန္းခ်ဳပ္ႏိုင္မည္ျဖစ္သည့္အျပင္ ၂၀ ရာခိုင္ႏႈန္းထူးျခားမႈ မရွိျဖစ္ေစသည္။

Author: လူသစ္, Healthcare Journal, vol 8, no 29 (4.8.17)

(Unicode)

“အနာသိလျှင် ဆေးရှိသည်” ဆိုသည့်စကားသည် ရှေးသမားတော်ကြီးများစွာက အသုံးပြုတတ်ကြသည့် လက်သုံးစကားများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ထိုနည်းတူ လူနာတစ်ဦးတွင် ဖြစ်ပွားသည့် ရောဂါအား စမ်းသပ်ရှာဖွေမှုများ ပြုလုပ်မှုကြောင့် ဖြစ်ပွားသည့် ရောဂါအား သိရှိပါက ရောဂါအများစုမှာ ပြန်လည်ပျောက်ကင်းနိုင်ခြင်း (သို့မဟုတ်) ရောဂါဆက်လက်ဖြစ်ပွားခြင်း မရှိစေရန် ထိန်းသိမ်းနိုင်သည်အထိ ကုသလာနိုင်သည်မှာလည်း ယနေ့ခေတ်ကာလ၏ ဆေးဝါးများဆိုင်ရာ နည်းပညာများနှင့် ဆရာဝန်များ၏ ကျွမ်းကျင်မှုများကြောင့်ပင် ဖြစ်သည်။

သို့သော် အရွယ်မရွေး၊ ကျားမမရွေး ဖြစ်ပေါ်နိုင်သော်လည်း လူ ၁၀၀ တွင် ၁ ယောက်နှုန်းခန့်သာဖြစ်သော ပိုးကြောင့်ဖြစ်သည့် လေးဖက်နာရောဂါ၊ သွေးကြောင့်ဖြစ်သည့် လေးဖက်နာရောဂါနှင့် အရေပြားကြောင့်ဖြစ်သည့် လေးဖက်နာရောဂါ သုံးမျိုးရှိသည့်အနက် RHEUMATOID FACTOR (RF) ဓာတ်မှ အရိုးအဆစ်များအား ပြန်လည်တိုက်ခိုက်သည့်အခါ ဖြစ်ပွားသည့် သွေးလေးဖက်နာရောဂါမှာမူ ရောဂါနှင့်ဆေး မကိုက်ညီပါက နောက်ဆက်တွဲ ဆိုးကျိုးများအနေဖြင့် အဆစ်များပျက်စီးကာ ကောက်ကွေးပုံပျက်စေပြီး အခြားအစိတ်အပိုင်းများ ထိခိုက်နိုင်သည့်အပြင် နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးသွေးကြောပိတ်ခြင်းများမှာ အနှေးနှင့်အမြန် ဖြစ်ပေါ်လာနိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သည်အထိ ဖြစ်ပွားနိုင်ကြောင်း သွေးလေးဖက်နာဆရာဝန်ကြီးများက ဆိုသည်။

သွေးလေးဖက်နာရောဂါ ဘာကြောင့်ဖြစ်တာလဲ?

အဆိုပါသွေးလေးဖက်နာသည် နာတာရှည် အဆစ်ရောင်ရောဂါများထဲ၌ ဖြစ်ပွားမှုအများဆုံးသော ရောဂါဖြစ်ပြီး အသက် ၃၀ နှစ်မှ ၅၀ ကြားတွင်ဖြစ်ပွားနိုင်ပြီး မိဘမျိုးရိုးများထဲတွင် ခံစားဖူးသည့် ဝေဒနာရှင်ရှိသည့် မိသားစုဝင်များတွင် ဖြစ်နိုင်ချေရှိကြောင်း သိရသည်။

ထို့အပြင် ဆေးလိပ်သောက်ခြင်း၊ အစားအသောက်များကြောင့် ခန္ဓာကိုယ်မှ ကလာပ်စည်းများ ဖောက်ပြန်ပြောင်းလဲကာ ရောဂါဖြစ်ပွားခြင်းအပြင် RHEUMATOID FACTOR (RF) ဓာတ်မှ အရိုးအဆစ်များအား ပြန်လည်တိုက်ခိုက်ခြင်းကြောင့် ရောဂါဝေဒနာအား ခံစားရခြင်းဖြစ်သော်လည်း ASO များပါက နှလုံးနှင့်တွဲဖြစ်တတ်သော ပိုးလေးဖက်နာဖြစ်တတ်ပြီး အဆစ်ရောင်ခြင်းမရှိပါက စိုးရိမ်ဖွယ်ရာမရှိကြောင့်လည်း သိရသည်။

ဘာတွေရှောင်သင့်လဲ၊ လိုက်နာသင့်လဲ?

သွေးလေးဖက်နာရောဂါသည် အိမ်ထောင်ပြုလိုသူများအနေဖြင့် အိမ်ထောင်ပြုနိုင်ကြောင်း၊ ရောဂါအားထိန်းချုပ်နိုင်သည့်အချိန်တွင် သားသမီးယူနိုင်ကြောင်းနှင့် အစားအသောက်နှင့် တိုက်ရိုက် သက်ဆိုင်ခြင်းမရှိဘဲ အဝလွန်ခြင်းမရှိစေရန် အဆီပါဝင်သည့် အစားအစာများ၊ အချိုလျှော့စားခြင်းတို့ကို ရှောင်ရန်လိုအပ်ကြောင်းလည်း ၎င်းအထူးကုဆရာဝန်ကြီးများ၏ ပြောဆိုမှုအရ သိရသည်။ သွေးလေးဖက်နာရောဂါသည် အရိုးပွခြင်း၊ အရိုးပါးခြင်းများနှင့် အဆစ်များကွေးကောက်ခြင်းများ ဖြစ်နိုင်သည့်အတွက် အလေးအပင်မခြင်းအား အထူးဂရုပြု ရှောင်ကြဉ်ရမည်ဖြစ်ကြောင်းလည်း ဆရာဝန်များက ဆိုသည်။

ထို့အပြင် သွေးလေးဖက်နာ ဝေဒနာခံစားနေရသူများသည် နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးသွေးကြောပိတ်ခြင်းများမှာ အနှေးနှင့်အမြန် ဖြစ်ပေါ်လာနိုင်သည့်အတွက် ဆရာဝန်များ၏ ညွှန်ကြားချက်များအတိုင်း လိုက်နာရန် လိုအပ်ပြီး DMARD ဆေးများသည် ခုခံဓာတ်ကို ကျဆင်းစေသည့်အတွက် ကူးစက်ရောဂါများလည်း အလွယ်တကူ ဝင်ရောက်နိုင်ကြောင်းနှင့် ဖျားနာပါက ဆရာဝန်ဖြင့် အမြန်ဆုံးပြသရန် လိုအပ်ကြောင်းလည်း သိရသည်။

သွေးလေးဖက်နာရောဂါသည် ရိုးတွင်းခြင်ဆီထိကာ သွေးအားနည်းခြင်းများ ဖြစ်တတ်ပြီး အသည်းထိပါက မျက်လုံးဝါးခြင်း၊ အဆုတ်ထိပါက သွေးခဲတတ်သည့်အတွက် ဆရာဝန်များနှင့် အမြန်ဆုံးပြသရန် လိုအပ်ကြောင်းလည်း သိရသည်။

အဆိုပါသွေးလေးဖက်နာရောဂါသည် အများအားဖြင့် လက်ဆစ်ခြေဆစ်အသေးများ ရောင်ရမ်းနာကျင်ခြင်း၊ အဆစ်ကြီးများ (ဥပမာ – တံတောင်ဆစ်၊ ဒူး၊ ပုခုံး၊ ခြေကျင်းဝတ်) တစ်ခုထက်ပိုကာ ရောင်ရမ်းနာကျင်ခြင်း၊ အဆစ်များရောင်ရမ်းနာကျင်ခြင်းနှင့် ထိုသို့ဖြစ်ပွားမှု ရက်သတ္တပတ် (၆)ပတ်ခန့်အထိ ဖြစ်ပွားလာပါက သွေးလေးဖက်နာ စတင်ဖြစ်ပွားသည့်အတွက် သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်များနှင့် ပြသရန် လိုအပ်သည့်အပြင် သွေးလေးဖက်နာဖြစ်စေသည့် ဓာတ်အမျိုးမျိုး RHEUMATOID FACTOR or ANTI-CCP နှစ်မျိုးကို တွေ့နိုင်ကြောင်းလည်း သိရသည်။ ထို့အပြင် ANTI-CCP စမ်းသပ်မှုသည် သွေးလေးဖက်နာကို စောလျှင်စွာ သိရှိနိုင်ပြီး RF စမ်းသပ်မှုသည် သွေးလေးဖက်နာဖြစ်ပွားမှုကို ပိုမိုသေချာစွာ ဖော်ထုတ်နိုင်ကြောင်းလည်း သိရသည်။

ထို့အပြင် သွေးလေးဖက်နာရောဂါ ဝေဒနာခံစားနေရသူသည် ခန္ဓာကိုယ်၏ အချို့အစိတ်အပိုင်းများကို ထိခိုက်တတ်ပြီး ကိုယ်အလေးချိန်ကျခြင်း၊ မောပန်းလွယ်ခြင်း၊ မကြာခဏဖျားနာခြင်း၊ ကြွက်သားများ သိမ်လှီခြင်း၊ အရိုးပွခြင်း၊ ကျိုးခြင်း၊ သွေးအားနည်းခြင်း၊ သွေးဥမွှားများခြင်း၊ မျက်ဖြူလွှာရောင်ရမ်းခြင်း၊ လက်ချောင်းခြေချောင်းများရှိ သွေးကြောများ ရောင်ရမ်းခြင်း၊ နှလုံးအပေါ်မှ အမြှေးနှင့် ကြွက်သားများရောင်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်းနှင့် အဆုတ်တွင် အလုံးအကျိတ်ပေါ်ခြင်း၊ ရေဝင်ခြင်းများအပြင် လေပြွန်ငယ်များရောင်ခြင်း၊ လက်ဖဝါးအာရုံကြောညပ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းလည်း သိရသည်။

ထို့ကြောင့် ၎င်းရောဂါဝေဒနာသည် အမြန်ဆုံးကုသရန် လိုအပ်ပြီး ကုသခြင်းမပြုပါက အဆစ်များကွေးကောက်ခြင်း၊ ယိုင်ခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သည့်အပြင် ၎င်းရောဂါသည် အကိုက်အခဲပျောက်ဆေးများ သုံးစွဲရုံဖြင့် ရောဂါကို မထိန်းသိမ်းနိုင်ကြောင်းနှင့် ဆေးများနှင့် စတီးရွိုက်နှင့် သောက်ဆေးများဖြင့် စနစ်တကျကုသရန် လိုအပ်ကြောင်းလည်း သိရသည်။ ထို့အပြင် အရိုးပွကာကွယ်ဆေးများသောက်သုံးရန် လိုအပ်ကြောင်းလည်း သိရသည်။

သွေးလေးဖက်နာရောဂါဟာ ပျောက်ကင်းနိုင်လား?

ရောဂါဝေဒနာခံစားနေရသူသည် DMARD ဆေးများနှင့် ဆရာဝန်ညွှန်ကြားသည့်အတိုင်း နှစ်နှစ်ခန့် စနစ်တကျကုသလျှင် ၈၀ ရာခိုင်နှုန်းသော လူနာများသည် ရောဂါသက်သာနိုင်ပြီး ၆၀ ရာခိုင်နှုန်းသည် ရောဂါထိန်းနိုင်သည့်အပြင် ၂၀ ရာခိုင်နှုန်းခန့်သည် မသက်မသာရှိတတ်ကြောင်းနှင့် အစွမ်းထက်သည့် ဇီဝကုထုံးဖြင့် ၆ လခန့်ကုသပါကလည်း ရောဂါဝေဒနာသည် ၈၀ ရာခိုင်နှုန်းခန့် သက်သာနိုင်ပြီး ၆၀ ရာခိုင်နှုန်းမှာ ထိန်းချုပ်နိုင်မည်ဖြစ်သည့်အပြင် ၂၀ ရာခိုင်နှုန်းထူးခြားမှု မရှိဖြစ်စေသည်။

Author: လူသစ်, Healthcare Journal, vol 8, no 29 (4.8.17)

Previous Post

စိတ်ဓာတ်ကျခြင်းနဲ့ အစားအသောက်

Next Post

သားဆက်ခြား ပဋိသန္ဓေတား နည်းလမ်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
849
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားဆက်ခြား ပဋိသန္ဓေတား နည်းလမ်း

ကလေးငယ်များကျန်းမာရေးနှင့်အိပ်စက်ခြင်း

ဘယ်အသက်အရွယ်မှာ ဘယ်အားဆေးသောက်သင့်သလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.