fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

သိထားသင့်တဲ့ စိတ်ဓာတ်ကျမှု အပိုင်း (၂)

41
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/09/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)







ကူညီပေးပါ






(Unicode)

ယခင် သိထားသင့်တဲ့ စိတ်ဓာတ်ကျမှုမှ တစ်မူထူးခြားသော လက္ခဏာများ၏ အဆက်……..

တစ်မူထူးခြားသော အပြုအမူ စိတ်ဓာတ်ကျမှုရဲ့ လက္ခဏာတွေရဲ့ အဓိကဟာ အပြောင်းအလဲ ဖြစ်ပါတယ်။

အပြင်ပန်းသွင်ပြင် လျော့နည်းခြင်း – အပြင်ပန်းသွင်ပြင်နဲ့ ပတ်သက်ပြီး ဂုဏ်ယူလေ့ရှိပြီး၊ အဝတ်အစားတွင် ဇီဇာကြောင်တဲ့သူဟာ ရုတ်တရက် ဘာကိုမှ ဂရုမစိုက်တော့ဘဲ ပစ်စလက်ခတ်နေလာခြင်း။

ချီတုံချတုံဖြစ်ခြင်း – စိတ်ဓာတ်ကျနေတဲ့သူမှာ ချီတုံချတုံဖြစ်ခြင်းဟာ အာရုံစူးစိုက်နိုင်စွမ်းမရှိမှုနဲ့ တွဲပါလာတယ်။ တစ်ခါတစ်ရံ တစ်ခုတည်း ဖြစ်တတ်တယ်။

ဆန်းကျယ်တဲ့ နာကျင်မှုများ – စိတ်ဓာတ်ကျနေတဲ့သူတွေဟာ ဗိုက်နာတယ်၊ ခါးနာတယ်လို့ ညီးညူကြတယ်။ ကုသပေးရင်လည်း ပျောက်တယ်လို့မရှိပါ။   အဖြစ်အများဆုံးက ကြွက်သားတင်းမာခြင်းနဲ့ နာကျင်ကိုက်ခဲခြင်း ဖြစ်တယ်။

ရုတ်တရက်ပို၍ တောက်ပြောင်လာခြင်း – လူတစ်ယောက်ဟာ သီတင်းပတ်များစွာ လများစွာ စိတ်ပျက်ပြီး မျှော်လင့်ချက်ကင်းမဲ့စွာ နေနေရာမှ တစ်နေ့မှာ ဒီစိတ်အခြေအနေတွေကို ဖယ်ထုတ်ပစ်လိုက်တယ်။ မိသားစုတွေက ဆိုးရွားတဲ့အခြေအနေ ပြီးသွားပြီလို့ ထင်နေကြတယ်။ တကယ်တော့ အလွန်အန္တရာယ် ကြီးမားတဲ့ အချိန်ဖြစ်ပါတယ်။ မျှော်လင့်ချက်ကင်းမဲ့တဲ့ အခြေအနေမှ ရုန်းထွက်ဖို့ မအောင်မြင်လို့ သူဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ဖို့ ဆုံးဖြတ်နိုင်တယ်။

ကူညီပေးပါ
သင်ချစ်တဲ့သူ ဒါမှမဟုတ် မိတ်ဆွေတစ်ဦးဦးမှာ အဆိုပါလက္ခဏာတွေထဲမှ တစ်ခု(သို့) ပိုတာတွေကို သတိထားမိရင် သင်ဘာလုပ်သင့်သလဲ။

ပထမအနေနဲ့ အဲဒီလူနဲ့ စကားပြောကြည့်ပါ။ သူဘယ်လိုခံစားနေရတယ်ဆိုတာကို သိအောင်လုပ်ပါ။ အဲဒီပြဿနာကို ဒီလူနဲ့ ဆွေးနွေးဖို့ တိုက်တွန်းလို့မရ ရင် ငါစိတ်ဓာတ်ကျနေတဲ့အချိန်ကို မင်းကငါ့ကို သတိရစေတယ် လို့ပြောပြီးချဉ်းကပ်ပါ။ ဒါက သူပွင့်ထွက်လာအောင် လုပ်ပေးနိုင်တယ်။

ဒုတိယအနေနဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်ရဲ့ အကူအညီယူပါ။ စိတ်ဓာတ်ကျရောဂါကို သက်သာစေတဲ့ ဆေးနဲ့ လေးပတ်မှ ခြောက်ပတ်အတွင်း သက်သာစေပါတယ်။ စိတ္တဇဗေဒနည်းဖြင့် ကုသခြင်းက အချိန်ပိုကြာတယ်။ တစ်ချို့ဆရာဝန်တွေက နှစ်မျိုးစလုံး အသုံးပြုတယ်။

တတိယအနေနဲ့ ပျော်စရာကောင်းပြီး လှုပ်ရှားမှုပေါ် အာရုံစိုက်နိုင်တဲ့ အားကစားနည်းတစ်မျိုးမျိုး ဒါမှမဟုတ် ပန်းခြံထဲမှာ အလုပ်လုပ်ခြင်းတို့ လုပ်လာအောင် ကူညီပေးပါ။ ဂရုဏာထားပြီး နားထောင်ပေးခြင်း၊ အခြေအနေရဲ့ အမှန်တရားတွေကို ထောက်ပြခြင်းနဲ့ မျှော်လင့်ချက်ကို အမြဲပေးပါ။

ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှု၊ ခြိမ်းခြောက်ခြင်း၊ သေခြင်းနဲ့ပတ်သက်လို့ ဆွေးနွေးချက်တွေကို လျစ်လျှူမရှုသင့်ပါ။ ၎င်းတို့ဟာ ရယ်စရာမဟုတ်ပါ။ အန္တရာယ်အလွန်ရှိပါတယ်။ စိတ်ဓာတ်ကျခြင်းဟာ အလွန်ထိခိုက်ပျက်စီးစေတဲ့ ရောဂါဖြစ်တယ်။ သတိပြုမိတဲ့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေမှ အကူအညီနဲ့ သင့်လျော်တဲ့ ဆေးကုသမှုဖြင့် လူအများ ပြန်ကျန်းမာပြီး အကျိုးရှိတဲ့ ဘဝများသို့ ပြန်ရောက်နိုင်ပါတယ်။

Author : နှင်းအေးဝေ, Healthcare Journal, vol 8,no 30 (11.8.17)

Previous Post

သိထားသင့်တဲ့ စိတ်ဓာတ်ကျမှု အပိုင်း (၁)

Next Post

ခွေးတစ်ကောင်ရဲ့ရန်ပြုမှု့ နဲ့ကြုံတဲ့အခါဘယ်လိုရင်ဆိုင်ရမလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
849
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခွေးတစ်ကောင်ရဲ့ရန်ပြုမှု့ နဲ့ကြုံတဲ့အခါဘယ်လိုရင်ဆိုင်ရမလဲ

လေထဲကအကောင်များ‌

ဝှေးစေ့ကင်ဆာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.