(Zawgyi)
အတက္ ေရာဂါတို႔၏ ေရွ႕ေျပးေရာဂါ လကၡဏာတစ္ရပ္ ျဖစ္ေသာ တက္ျခင္း ကို ရင္ေသြးငယ္မ်ား ခံစားေနရတဲ့အခါ မိဘမ်ားအေနျဖင့္ ေဆာက္တည္ရာမရ၊ စိုးရိမ္ပူပင္တတ္ၾက၏။ တက္ျခင္းမွ သတိလစ္ၿပီး အခ်ိန္မေ႐ြး အသက္ဆုံးရႈံးသြားႏိုင္ေသာေၾကာင့္ ျဖစ္သည္။ တက္တတ္သည့္ ေဝဒနာသည္ အလြန္အေရး ႀကီးၿပီး စိုးရိမ္စရာ ေကာင္းေသာ ေရာဂါအမ်ိဳးမ်ိဳး၏ ေရွးဦးလကၡဏာျဖစ္သည္။ တက္ျခင္းသဘာဝ၊ တက္တတ္သည့္ ေဝဒနာသည္ ခႏၶာကိုယ္ႂကြက္သား အနည္းငယ္ တုန္လႈပ္၍ တက္သည္မွ တစ္ကိုယ္လုံး ျပင္းျပင္းထန္ထန္ လႈပ္ရွားစြာ တက္ၿပီး အသားမ်ား ျပာလာျခင္း၊ မ်က္ျဖဴလန္ျခင္း၊ ဆီးမထိန္းႏိုင္ျခင္း၊ သတိလစ္ျခင္း၊ အသက္ရွဴရပ္ျခင္း၊ အသက္ဆုံးရႈံးျခင္း စသည္အထိ ျဖစ္ႏိုင္ေလသည္။
တက္တတ္ေသာကေလးတိုင္းတြင္လည္း စိုးရိမ္စရာေရာဂါဆိုးမ်ား မရွိပါ။ တက္သည့္ေဝဒနာသည္ ႐ိုး႐ိုးေခတၱတက္ျခင္း အေၾကာင္းတစ္ခုခု၏ လႈံေဆာ္မႈ၊ ဥပမာ အျပင္းဖ်ားျခင္း၊ မၾကာမၾကာတက္တတ္ျခင္းတို႔ႏွင့္ မၾကာခဏတက္ျခင္း စသည့္ျဖင့္ ပုံစံအမ်ိဳးမ်ိဳး ျဖစ္ႏိုင္တယ္။ တစ္ခါတစ္ရံ ေဒါသႀကီးေသာ က ေလးငယ္မ်ိဳး၊ အလိုလိုက္ေသာ ကေလးငယ္မ်ိဳးတြင္ ငိုေနစဥ္ အသက္ေအာင့္၍ ရႈိက္ျခင္းကို မိဘမ်ားက မိမိကေလးတက္ေနသည္ဟု အလန႔္တၾကား အမွတ္မွားၾကသည္။
တက္ျခင္း၏ အရင္းခံ။
တက္တတ္သည့္ ေဝဒနာ၏ အရင္းခံ အေၾကာင္းရင္းတို႔ လြန္စြာ မ်ားျပားလွသည္။ ဦးေႏွာက္ေျမႇးေရာင္ျခင္း (Menngitis)၊ ဦးေႏွာက္ေရာင္ျခင္း (Encephalitis)၊ ဦးေႏွာက္တြင္ ျပည္တည္ျခင္း၊ ျပင္းထန္ေသာ ငွက္ဖ်ားေရာဂါေၾကာင့္ ဦးေႏွာက္တြင္ ထိခိုက္ျခင္း၊ ဦးေႏွာက္တြင္ ေသြးထြက္ျခင္း၊ ဦးေခါင္းကို ထိခိုက္ဒဏ္ရာရျခင္း၊ ဦးေႏွာက္ေသြးေၾကာမ်ား ပိတ္ဆို႔ျခင္း၊ ဦးေႏွာက္ကင္ဆာေရာဂါႏွင့္ ဦးေခါင္းအတြင္း ေရစုဝင္ျခင္း (Cerebral oedema) စသည့္ ဦးေခါင္းတြင္းေရာဂါမ်ားတြင္ တတ္တတ္ျခင္း ေဝဒနာ ခံစားရေလ့ရွိသည္။ ပသိေရာင္ျခင္း (Tonsilitis) ၊ အဆုတ္အေအးမိျခင္း၊ နားအလယ္ပိုင္းေရာင္ျခင္း (otitis media)၊ ဆီးလမ္းေၾကာင္းတြင္ ေရာဂါပိုးစြဲ၍ ခ်မ္းတုန္ဖ်ားျခင္း စသည့္ ျပင္းထန္သည့္ အဖ်ားေရာဂါအမ်ိဳးမ်ိဳး တို႔တြင္လည္း တက္တတ္သည္။ ဝက္႐ူးျပန္ျခင္း၊ ေသြးအတြင္း သၾကားဓာတ္နည္းျခင္း (Hypoglycemis) ထုံးတက္နည္းျခင္း (Hypercal) ယူရီးယားဓာတ္မ်ားျခင္း၊ ေမးခိုင္ေရာဂါပိုး ပ်ံ႕ႏွံ႔ျခင္း၊ ခဲဆိပ္သင့္ျခင္း၊ ေနပူရွပ္ျခင္းႏွင့္ ကေလးမ်ားတြင္ အလြန္အမင္း အသားဝါျခင္း ( zenicterus) စသည့္တို႔တြင္ တက္တတ္ေလ့ရွိသည္။
အခ်ိဳ႕ေဆးမ်ား။
လူသိမ်ားသည့္ အမိုင္ႏိုဖိုင္လင္း (Aminophylline)၊ အယားေျပေဆး (Antihistamin ) ႏွင့္ ျပင္းထန္ေသာ စတီး႐ြိဳက္ေဆးမ်ား (Co ticosteroids) စသည့္တို႔တြင္ အလြန္အကြၽံ မွီဝဲလွ်င္ တက္ျခင္း ခံစားရပါသည္။ ေမြးကတည္းက ပါလာေသာ ခြၽတ္ယြင္းခ်က္မ်ား ဥပမာ ေမြးရာပါ ေခါင္းႀကီးျခင္း (Hydrocephalus) ႏွင့္ ေမြးရာပါ ဦးေခါင္းေသးျခင္း (Microcephaly) စသည္တို႔တြင္လည္း တက္တတ္သည္။
ငယ္႐ြယ္သူ အမ်ိဴးသမီးမ်ားတြင္ ျဖစ္ေလ့ရွိေသာ စိတ္အလိုမက်ေရာဂါတြင္လည္း တက္တတ္ေလ့ရွိသည္။ တစ္ခါတစ္ရံ မည္သည့္အေၾကာင္းရင္းမွ် မရွိပါ လ်က္ တက္တတ္သည္လည္း ရွိသည္။ အနာမသိ ေဆးမရွိ အနာသိလွ်င္ ေဆးရွိသည္ ဆိုေသာ စကာအရ တက္တတ္ျခင္း ေဝဒနာ၏အေၾကာင္းရင္း ဇာစ္ ျမစ္ကို သိလွ်င္ ေရာဂါကုသရာတြင္ လြယ္ကူထိေရာက္လွသည္။
ေမြးစကေလးတက္တတ္သည့္ ေဝဒနာ။
ၾကမ္းတမ္းစြာ ေမြးဖြားရ၍ ေမြးဖြားစဥ္ ကေလးငယ္ေတြ ထိခိုက္ဒဏ္ရာရျခင္း၊ မိမိ၏ညႇစ္အား မရွိ၍ေသာ္၎၊ အျခားအေၾကာင္းမ်ားေၾကာင့္ေသာ္၎ ၾကာျမင့္စြာ အခ်ိန္ယူ ေမြးဖြားရသျဖင့္ ကေလးငယ္၏ ဦးေႏွာက္သို႔ ေအာက္စီဂ်င္ဓာတ္ လုံေလာက္စြာ မေရာက္ရွိျခင္း ေမြးရာပါ ဦးေႏွာက္ပုံမွန္မဖြံ႕ၿဖိဳးျခင္း စသည္တို႔ေၾကာင့္ တက္တတ္သည္။ ေမြးဖြားခ်ိန္ ေပါင္မျပည့္၊ လမေစ့ေသာ ကေလးငယ္မ်ားႏွင့္ ေပါင္ခ်ိန္ျပည့္ေသာ္လည္း ႏို႔တိုက္ေကြၽးခ်ိန္တန္လ်က္၊ မ တိုက္ေကြၽးေသာ ကေလးငယ္မ်ားတြင္ ေသြးအတြင္း သၾကားဓာတ္နည္း၍ တက္တတ္၏။
သို႔ျဖစ္၍လည္း ကေလးသူငယ္ဆိုင္ရာ ေဆးပညာရွင္မ်ားက ေမြးၿပီးခ်ိန္မွ (၂) နာရီမွ (၆) နာရီအတြင္း သၾကားရည္ (Glucose) တိုက္ေကြၽးၿပီးေနာက္ မိ ခင္ႏို႔ရည္ကို တိုက္ေကြၽးရန္ ၫႊန္ၾကားၾကျခင္း ျဖစ္သည္။ ေသြးအတြင္း အသားဝါသည့္ ဓာတ္ပစၥည္း (Bilirubin) အလြန္မ်ားေနလွ်င္ ဦးေႏွာက္ကိုပါ ထိ ခိုက္ၿပီး တက္ေလ့ရွိ၏။ မသန႔္ရွင္းေသာေနရာတြင္ ကေလးေမြးျခင္း၊ မသန႔္ရွင္းေသာ ႏွီး၊ ဓား စသျဖင့္ ခ်က္ႀကိဳးျဖတ္ျခင္း၊ ခ်က္ႀကိဳးျဖတ္ၿပီး၊ မသန႔္ရွင္းေသာ အမႈန႔္မ်ား၊ ဥပမာ နႏြင္းမႈန႔္၊ ေဆးတို႔ပတ္ႀကီး စသည္တို႔ ထည့္ျခင္းမွ ေမးခိုင္ေရာဂါပိုးသည္ ေမြးစကေလးမ်ားတြင္ ဝင္ေရာက္ၿပီး တက္၍ ေနာက္ဆုံးေသဆုံးႏိုင္သည္။ ေမြးစကေလးမ်ားတြင္ ကိုယ္တြင္းခုခံမႈ စြမ္းအင္နည္းေနေသး၍ ေရာဂါပိုးမ်ား ဝင္ေရာက္စြဲကပ္ရန္ လြယ္ကူသျဖင့္ ဦးေႏွာက္အေျမႇးေရာင္ျခင္း ကဲ့သို႔ ျပင္းထန္ေသာ ေရာဂါမ်ိဳး ဝင္ၿပီး တက္ေလ့ရွိသည္။ ၎အျပင္ ေမြးၿပီး ႏႈိ႕မႈန႔္သာတိုက္ေသာ ကေလးမ်ားတြင္လည္း ေသြးအတြင္း ထုံးဓာတ္နည္းၿပီး တက္တတ္သည္။
အျပင္းဖ်ား၍ တက္ျခင္း။
အသက္ငါးႏွစ္ေအာက္ ကေလးငယ္တို႔၏ ဦးေႏွာက္မ်ားသည္ ျပင္းထန္ေသာ အပူဒဏ္ကို မခံႏိုင္ၾက။ ထို႔ေၾကာင့္ ႐ုတ္တရက္ အဖ်ားတက္ျခင္း၊ အျပင္းဖ်ား၍ ကိုယ္အလြန္ပူေသာ အေျခအေနမ်ိဳးတြင္ တက္တတ္ေလ့ရွိသည္။ ေျခာက္လမွ ငါးႏွစ္အ႐ြယ္ ကေလးငယ္၏ (၆%) မွ (၈%) သည္ တစ္ႀကိမ္မဟုတ္ တစ္ ႀကိမ္ အျပင္းဖ်ား၍ တက္ဖူးၾကသည္။အျပင္းဖ်ား၍ တက္ျခင္းသည္ တစ္ႀကိမ္လွ်င္ (၁၀) မိနစ္ထက္ မပိုပဲ အသက္ငါးႏွစ္အထက္ အ႐ြယ္တြင္ မျဖစ္ သေလာက္ အလြန္ရွားသည္။
ယင္းကဲ့သို႔ တက္တတ္ေသာ ကေလးငယ္ တစ္ဝက္နီးပါး (၄၅%) ၏ မိဘ၊ ညီအကို၊ ေမာင္ႏွမမ်ားစြာတြင္လည္း ငယ္စဥ္က တက္တတ္ေသာ ေဝဒနာ ခံစားရေလ့ရွိသည္။ အထူးသျဖင့္ ေယာက်္ားေလးမ်ားတြင္ ပို၍ အျဖစ္မ်ားသည္။ ယင္းကဲ့သို႔ အျပင္းဖ်ား၍ တက္တတ္ေသာ တစ္ေယာက္ခန႔္သည္ ေနာင္အခါ ဝက္႐ူးျပန္ (Epilepsy) စြဲကပ္သြားႏိုင္ေလသည္။
ဝက္႐ူးျပန္၍ တက္ျခင္း။
မၾကာခဏ ထပ္တလဲလဲ တက္တတ္ျခင္း၊ တက္ေနခ်ိန္တြင္ မ်က္ျဖဴလန္ျခင္း၊ သတိလစ္ေမ့ေမ်ာသြားျခင္း စသည္တို႔အထိ တက္ျခင္းမ်ိဳးကို ဝက္႐ူးျပန္ျခင္း ဟုသတ္မွတ္ေလ့ရွိ၏။ မ်ားေသာအားျဖင့္ တက္ျခင္း ေဝဒနာ မခံစားရေသာ အျခားအခ်ိန္မ်ားတြင္ အေကာင္းပကတိ ရွိတတ္သည္။ ဝက္႐ူးျပန္ခါနီးတြင္ အၿမဲလိုလို ေရွးဦးလကၡဏာမ်ား ေပၚေပါက္လာေလ့ ရွိသည္။
မတက္မီ မူလထက္ ပိုမို၍ ဆူညံေသာင္းက်န္းမႈမ်ား ျပလာျခင္း၊ (သို႔) ေလးလံထိုင္းမႈိင္း၍ ေနျခင္း၊ ၎ေနာက္တစ္ကိုယ္လုံး တက္ၿပီး သတိလစ္သည္အထိ ျဖစ္သြားေလသည္။ အတက္က်သြားေသာအခါ တစ္ကိုယ္လုံး အေၾကာအျခင္မ်ား တင္းမာမႈ ေလ်ာ့သြားၿပီး အိပ္ေပ်ာ္သြားေလ့ ရွိသည္။ အခ်ိဳ႕ကလည္း ဝက္႐ူးျပန္ၿပီး အိပ္မေပ်ာ္ တေပ်ာ္ မႏိုးတႏိုးအခ်ိန္တြင္ မိမိဘာလုပ္မွန္းမသိ၊ ထင္ရာေလွ်ာက္လုပ္ျခင္း ဥပမာ အိပ္လ်က္ လမ္းထေလွ်ာက္ျခင္းမ်ိဳး ျပဳလုပ္ မိေလ့ရွိသည္။
တက္ျခင္း၏ ေနာက္ဆက္တြဲ။
အျပင္းဖ်ား၍ တက္တတ္ေသာ ကေလးအခ်ိဳ႕သည္ ေနာင္ႀကီးျပင္းလာစဥ္တြင္လည္း မၾကာခဏ တက္တတ္သည္။ တက္ေနစဥ္ သတိလစ္ၿပီး အသက္ရွဴ ရပ္၊ ႏွလုံးခုန္ရပ္ကာ အခ်ိန္မေ႐ြး အသက္ဆုံးရႈံးႏိုင္ေလသည္။ အခ်ိဳ႕တြင္တက္ျခင္းျဖင့္ ဦးေႏွာက္တြင္ ထိခိုက္ၿပီး အတက္က်ၿပီး ေနာက္ေျခတစ္ဖက္၊ လက္တစ္ဖက္ မလႈပ္ရွားႏိုင္ျခင္း၊ အသိဉာဏ္ဖြံ႕ၿဖိဳး တိုးတက္မႈ စံမမီျခင္း၊ ဦးေႏွာက္မမွန္ျခင္းတို႔ ျဖစ္ႏိုင္ေလသည္။
တက္ျခင္းမွ ကင္းေဝးရန္။
တက္ျခင္းေဝဒနာဆိုးမွ ကင္းေဝးရန္ တက္ရျခင္းအေၾကာင္းရင္းမ်ားကို ဆင္ျခင္ကာကြယ္ရန္ ကေလးငယ္မ်ား ေမြးဖြားစဥ္ ထိခိုက္ဒဏ္ရာရမႈ မရွိေစရန္ စနစ္တက် တက္ကြၽမ္းေသာ သူမ်ားႏွင့္ ေမြးဖြားရန္လိုသည္။ ဝမ္းတြင္းပါ ဦးေႏွာက္မမွန္သည့္ ကေလးငယ္မ်ား၊ ဦးေႏွာက္တြင္ ေအာက္စီဂ်င္ လုံေလာက္စြာ မရခဲ့ေသာကေလးငယ္မ်ား၊ ေမြးစအသားဝါေသာ ကေလးငယ္မ်ားကို အထူးဂ႐ုစိုက္၍ ျပဳစုေပးရန္ လိုပါသည္။ ေမြးစကေလးငယ္မ်ားကိုလည္း မိခင္ႏို႔ရည္ကို မွန္မွန္ကန္ကန္ စတင္တိုက္ေကြၽးဖို႔ လိုပါသည္။ ေမးခိုင္ေရာဂါမ်ား မဝင္ေရာက္ႏိုင္ရန္ ကေလးေမြးဖြားစဥ္ ခ်က္ႀကိဳးျဖတ္စဥ္ စသည္တို႔တြင္ သန႔္ရွင္းေသာ ပစၥည္းကိရိယာမ်ားျဖင့္သာ သုံးစြဲရန္လိုပါသည္။
ခလုတ္တိုက္၊ သံစူး၊ ေျငႇာင့္စူး၊ ထိမိခိုက္မိဒဏ္ရာအားလုံးကိုလည္း ေပါ့ေပါ့ဆဆ သေဘာမထားသင့္ပါ။ ကေလးငယ္မ်ားတြင္ မည္သည့္အဖ်ားမဆို မ်ားလွ်င္ကိုယ္အလြန္မပူခင္ ဆရာဝန္ႏွင့္ ေစာစီးစြာ ျပသကုသရမည္။ ကိုယ္အလြန္ပူေနလွ်င္ ေရေလာင္းခ်ျခင္း၊ ေလေအးစက္တပ္ဆင္အခန္းထဲ ျပဳစုျခင္း၊ ေရပတ္တိုက္ျခင္း လုပ္ရမည္။ ဝက္႐ူးျပန္ကေလးမ်ား အတက္က်ေဆး ပုံမွန္တိုက္ရမည္။ ကေလးမ်ားတက္လွ်င္ တက္ျခင္းခံစားရလွ်င္ အတက္က်ေစရန္ ဦးစြာ ေဆာင္႐ြက္ရမည္။ အျပင္းဖ်ား၍ တက္လွ်င္ကိုယ္ပူက်ေစရန္၊ ေခါင္းေပၚသို႔ ေရခဲရည္ဆြတ္ေပး၊ ေရစိုအဝတ္ကင္း (သို႔) ေရခဲရည္ျဖင့္ ေရခ်ိဳးေပးႏိုင္သည္။ တစ္ခ်ိန္တည္းတြင္ တက္ေနစဥ္ လွ်ာမကိုက္မိေစရန္ ဇြန္းကိုအဝတ္နဲ႔ ပတ္ၿပီး သြားၾကားဖိထား ေစရမည္။ အသက္ရွဴလမ္းေၾကာင္း ရွင္းလင္းေနစဥ္ ဦးေခါင္းႏွင့္ကိုယ္ကို တစ္ဖက္သို႔ ေစာင္း၍ထားရမည္။သတိေမ့ေနပက္လက္ေနလွ်င္လွ်ာေနာက္ျပန္လန္ၿပီး အသက္ရွဴလမ္းေၾကာင္း ပိတ္ဆို႔ေစႏိုင္ေၾကာင္း သတိျပဳသင့္ပါသည္။
Author: Dr. လြင္သန႔္
(Unicode)
အတက် ရောဂါတို့၏ ရှေ့ပြေးရောဂါ လက္ခဏာတစ်ရပ် ဖြစ်သော တက်ခြင်း ကို ရင်သွေးငယ်များ ခံစားနေရတဲ့အခါ မိဘများအနေဖြင့် ဆောက်တည်ရာမရ၊ စိုးရိမ်ပူပင်တတ်ကြ၏။ တက်ခြင်းမှ သတိလစ်ပြီး အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်သောကြောင့် ဖြစ်သည်။ တက်တတ်သည့် ဝေဒနာသည် အလွန်အရေး ကြီးပြီး စိုးရိမ်စရာ ကောင်းသော ရောဂါအမျိုးမျိုး၏ ရှေးဦးလက္ခဏာဖြစ်သည်။ တက်ခြင်းသဘာဝ၊ တက်တတ်သည့် ဝေဒနာသည် ခန္ဓာကိုယ်ကြွက်သား အနည်းငယ် တုန်လှုပ်၍ တက်သည်မှ တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် လှုပ်ရှားစွာ တက်ပြီး အသားများ ပြာလာခြင်း၊ မျက်ဖြူလန်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ သတိလစ်ခြင်း၊ အသက်ရှူရပ်ခြင်း၊ အသက်ဆုံးရှုံးခြင်း စသည်အထိ ဖြစ်နိုင်လေသည်။
တက်တတ်သောကလေးတိုင်းတွင်လည်း စိုးရိမ်စရာရောဂါဆိုးများ မရှိပါ။ တက်သည့်ဝေဒနာသည် ရိုးရိုးခေတ္တတက်ခြင်း အကြောင်းတစ်ခုခု၏ လှုံဆော်မှု၊ ဥပမာ အပြင်းဖျားခြင်း၊ မကြာမကြာတက်တတ်ခြင်းတို့နှင့် မကြာခဏတက်ခြင်း စသည့်ဖြင့် ပုံစံအမျိုးမျိုး ဖြစ်နိုင်တယ်။ တစ်ခါတစ်ရံ ဒေါသကြီးသော က လေးငယ်မျိုး၊ အလိုလိုက်သော ကလေးငယ်မျိုးတွင် ငိုနေစဉ် အသက်အောင့်၍ ရှိုက်ခြင်းကို မိဘများက မိမိကလေးတက်နေသည်ဟု အလန့်တကြား အမှတ်မှားကြသည်။
တက်ခြင်း၏ အရင်းခံ။
တက်တတ်သည့် ဝေဒနာ၏ အရင်းခံ အကြောင်းရင်းတို့ လွန်စွာ များပြားလှသည်။ ဦးနှောက်မြှေးရောင်ခြင်း (Menngitis)၊ ဦးနှောက်ရောင်ခြင်း (Encephalitis)၊ ဦးနှောက်တွင် ပြည်တည်ခြင်း၊ ပြင်းထန်သော ငှက်ဖျားရောဂါကြောင့် ဦးနှောက်တွင် ထိခိုက်ခြင်း၊ ဦးနှောက်တွင် သွေးထွက်ခြင်း၊ ဦးခေါင်းကို ထိခိုက်ဒဏ်ရာရခြင်း၊ ဦးနှောက်သွေးကြောများ ပိတ်ဆို့ခြင်း၊ ဦးနှောက်ကင်ဆာရောဂါနှင့် ဦးခေါင်းအတွင်း ရေစုဝင်ခြင်း (Cerebral oedema) စသည့် ဦးခေါင်းတွင်းရောဂါများတွင် တတ်တတ်ခြင်း ဝေဒနာ ခံစားရလေ့ရှိသည်။ ပသိရောင်ခြင်း (Tonsilitis) ၊ အဆုတ်အအေးမိခြင်း၊ နားအလယ်ပိုင်းရောင်ခြင်း (otitis media)၊ ဆီးလမ်းကြောင်းတွင် ရောဂါပိုးစွဲ၍ ချမ်းတုန်ဖျားခြင်း စသည့် ပြင်းထန်သည့် အဖျားရောဂါအမျိုးမျိုး တို့တွင်လည်း တက်တတ်သည်။ ဝက်ရူးပြန်ခြင်း၊ သွေးအတွင်း သကြားဓာတ်နည်းခြင်း (Hypoglycemis) ထုံးတက်နည်းခြင်း (Hypercal) ယူရီးယားဓာတ်များခြင်း၊ မေးခိုင်ရောဂါပိုး ပျံ့နှံ့ခြင်း၊ ခဲဆိပ်သင့်ခြင်း၊ နေပူရှပ်ခြင်းနှင့် ကလေးများတွင် အလွန်အမင်း အသားဝါခြင်း ( zenicterus) စသည့်တို့တွင် တက်တတ်လေ့ရှိသည်။
အချို့ဆေးများ။
လူသိများသည့် အမိုင်နိုဖိုင်လင်း (Aminophylline)၊ အယားပြေဆေး (Antihistamin ) နှင့် ပြင်းထန်သော စတီးရွိုက်ဆေးများ (Co ticosteroids) စသည့်တို့တွင် အလွန်အကျွံ မှီဝဲလျှင် တက်ခြင်း ခံစားရပါသည်။ မွေးကတည်းက ပါလာသော ချွတ်ယွင်းချက်များ ဥပမာ မွေးရာပါ ခေါင်းကြီးခြင်း (Hydrocephalus) နှင့် မွေးရာပါ ဦးခေါင်းသေးခြင်း (Microcephaly) စသည်တို့တွင်လည်း တက်တတ်သည်။
ငယ်ရွယ်သူ အမျိူးသမီးများတွင် ဖြစ်လေ့ရှိသော စိတ်အလိုမကျရောဂါတွင်လည်း တက်တတ်လေ့ရှိသည်။ တစ်ခါတစ်ရံ မည်သည့်အကြောင်းရင်းမျှ မရှိပါ လျက် တက်တတ်သည်လည်း ရှိသည်။ အနာမသိ ဆေးမရှိ အနာသိလျှင် ဆေးရှိသည် ဆိုသော စကာအရ တက်တတ်ခြင်း ဝေဒနာ၏အကြောင်းရင်း ဇာစ် မြစ်ကို သိလျှင် ရောဂါကုသရာတွင် လွယ်ကူထိရောက်လှသည်။
မွေးစကလေးတက်တတ်သည့် ဝေဒနာ။
ကြမ်းတမ်းစွာ မွေးဖွားရ၍ မွေးဖွားစဉ် ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရခြင်း၊ မိမိ၏ညှစ်အား မရှိ၍သော်၎င်း၊ အခြားအကြောင်းများကြောင့်သော်၎င်း ကြာမြင့်စွာ အချိန်ယူ မွေးဖွားရသဖြင့် ကလေးငယ်၏ ဦးနှောက်သို့ အောက်စီဂျင်ဓာတ် လုံလောက်စွာ မရောက်ရှိခြင်း မွေးရာပါ ဦးနှောက်ပုံမှန်မဖွံ့ဖြိုးခြင်း စသည်တို့ကြောင့် တက်တတ်သည်။ မွေးဖွားချိန် ပေါင်မပြည့်၊ လမစေ့သော ကလေးငယ်များနှင့် ပေါင်ချိန်ပြည့်သော်လည်း နို့တိုက်ကျွေးချိန်တန်လျက်၊ မ တိုက်ကျွေးသော ကလေးငယ်များတွင် သွေးအတွင်း သကြားဓာတ်နည်း၍ တက်တတ်၏။
သို့ဖြစ်၍လည်း ကလေးသူငယ်ဆိုင်ရာ ဆေးပညာရှင်များက မွေးပြီးချိန်မှ (၂) နာရီမှ (၆) နာရီအတွင်း သကြားရည် (Glucose) တိုက်ကျွေးပြီးနောက် မိ ခင်နို့ရည်ကို တိုက်ကျွေးရန် ညွှန်ကြားကြခြင်း ဖြစ်သည်။ သွေးအတွင်း အသားဝါသည့် ဓာတ်ပစ္စည်း (Bilirubin) အလွန်များနေလျှင် ဦးနှောက်ကိုပါ ထိ ခိုက်ပြီး တက်လေ့ရှိ၏။ မသန့်ရှင်းသောနေရာတွင် ကလေးမွေးခြင်း၊ မသန့်ရှင်းသော နှီး၊ ဓား စသဖြင့် ချက်ကြိုးဖြတ်ခြင်း၊ ချက်ကြိုးဖြတ်ပြီး၊ မသန့်ရှင်းသော အမှုန့်များ၊ ဥပမာ နနွင်းမှုန့်၊ ဆေးတို့ပတ်ကြီး စသည်တို့ ထည့်ခြင်းမှ မေးခိုင်ရောဂါပိုးသည် မွေးစကလေးများတွင် ဝင်ရောက်ပြီး တက်၍ နောက်ဆုံးသေဆုံးနိုင်သည်။ မွေးစကလေးများတွင် ကိုယ်တွင်းခုခံမှု စွမ်းအင်နည်းနေသေး၍ ရောဂါပိုးများ ဝင်ရောက်စွဲကပ်ရန် လွယ်ကူသဖြင့် ဦးနှောက်အမြှေးရောင်ခြင်း ကဲ့သို့ ပြင်းထန်သော ရောဂါမျိုး ဝင်ပြီး တက်လေ့ရှိသည်။ ၎င်းအပြင် မွေးပြီး နှို့မှုန့်သာတိုက်သော ကလေးများတွင်လည်း သွေးအတွင်း ထုံးဓာတ်နည်းပြီး တက်တတ်သည်။
အပြင်းဖျား၍ တက်ခြင်း။
အသက်ငါးနှစ်အောက် ကလေးငယ်တို့၏ ဦးနှောက်များသည် ပြင်းထန်သော အပူဒဏ်ကို မခံနိုင်ကြ။ ထို့ကြောင့် ရုတ်တရက် အဖျားတက်ခြင်း၊ အပြင်းဖျား၍ ကိုယ်အလွန်ပူသော အခြေအနေမျိုးတွင် တက်တတ်လေ့ရှိသည်။ ခြောက်လမှ ငါးနှစ်အရွယ် ကလေးငယ်၏ (၆%) မှ (၈%) သည် တစ်ကြိမ်မဟုတ် တစ် ကြိမ် အပြင်းဖျား၍ တက်ဖူးကြသည်။အပြင်းဖျား၍ တက်ခြင်းသည် တစ်ကြိမ်လျှင် (၁၀) မိနစ်ထက် မပိုပဲ အသက်ငါးနှစ်အထက် အရွယ်တွင် မဖြစ် သလောက် အလွန်ရှားသည်။
ယင်းကဲ့သို့ တက်တတ်သော ကလေးငယ် တစ်ဝက်နီးပါး (၄၅%) ၏ မိဘ၊ ညီအကို၊ မောင်နှမများစွာတွင်လည်း ငယ်စဉ်က တက်တတ်သော ဝေဒနာ ခံစားရလေ့ရှိသည်။ အထူးသဖြင့် ယောကျ်ားလေးများတွင် ပို၍ အဖြစ်များသည်။ ယင်းကဲ့သို့ အပြင်းဖျား၍ တက်တတ်သော တစ်ယောက်ခန့်သည် နောင်အခါ ဝက်ရူးပြန် (Epilepsy) စွဲကပ်သွားနိုင်လေသည်။
ဝက်ရူးပြန်၍ တက်ခြင်း။
မကြာခဏ ထပ်တလဲလဲ တက်တတ်ခြင်း၊ တက်နေချိန်တွင် မျက်ဖြူလန်ခြင်း၊ သတိလစ်မေ့မျောသွားခြင်း စသည်တို့အထိ တက်ခြင်းမျိုးကို ဝက်ရူးပြန်ခြင်း ဟုသတ်မှတ်လေ့ရှိ၏။ များသောအားဖြင့် တက်ခြင်း ဝေဒနာ မခံစားရသော အခြားအချိန်များတွင် အကောင်းပကတိ ရှိတတ်သည်။ ဝက်ရူးပြန်ခါနီးတွင် အမြဲလိုလို ရှေးဦးလက္ခဏာများ ပေါ်ပေါက်လာလေ့ ရှိသည်။
မတက်မီ မူလထက် ပိုမို၍ ဆူညံသောင်းကျန်းမှုများ ပြလာခြင်း၊ (သို့) လေးလံထိုင်းမှိုင်း၍ နေခြင်း၊ ၎င်းနောက်တစ်ကိုယ်လုံး တက်ပြီး သတိလစ်သည်အထိ ဖြစ်သွားလေသည်။ အတက်ကျသွားသောအခါ တစ်ကိုယ်လုံး အကြောအခြင်များ တင်းမာမှု လျော့သွားပြီး အိပ်ပျော်သွားလေ့ ရှိသည်။ အချို့ကလည်း ဝက်ရူးပြန်ပြီး အိပ်မပျော် တပျော် မနိုးတနိုးအချိန်တွင် မိမိဘာလုပ်မှန်းမသိ၊ ထင်ရာလျှောက်လုပ်ခြင်း ဥပမာ အိပ်လျက် လမ်းထလျှောက်ခြင်းမျိုး ပြုလုပ် မိလေ့ရှိသည်။
တက်ခြင်း၏ နောက်ဆက်တွဲ။
အပြင်းဖျား၍ တက်တတ်သော ကလေးအချို့သည် နောင်ကြီးပြင်းလာစဉ်တွင်လည်း မကြာခဏ တက်တတ်သည်။ တက်နေစဉ် သတိလစ်ပြီး အသက်ရှူ ရပ်၊ နှလုံးခုန်ရပ်ကာ အချိန်မရွေး အသက်ဆုံးရှုံးနိုင်လေသည်။ အချို့တွင်တက်ခြင်းဖြင့် ဦးနှောက်တွင် ထိခိုက်ပြီး အတက်ကျပြီး နောက်ခြေတစ်ဖက်၊ လက်တစ်ဖက် မလှုပ်ရှားနိုင်ခြင်း၊ အသိဉာဏ်ဖွံ့ဖြိုး တိုးတက်မှု စံမမီခြင်း၊ ဦးနှောက်မမှန်ခြင်းတို့ ဖြစ်နိုင်လေသည်။
တက်ခြင်းမှ ကင်းဝေးရန်။
တက်ခြင်းဝေဒနာဆိုးမှ ကင်းဝေးရန် တက်ရခြင်းအကြောင်းရင်းများကို ဆင်ခြင်ကာကွယ်ရန် ကလေးငယ်များ မွေးဖွားစဉ် ထိခိုက်ဒဏ်ရာရမှု မရှိစေရန် စနစ်တကျ တက်ကျွမ်းသော သူများနှင့် မွေးဖွားရန်လိုသည်။ ဝမ်းတွင်းပါ ဦးနှောက်မမှန်သည့် ကလေးငယ်များ၊ ဦးနှောက်တွင် အောက်စီဂျင် လုံလောက်စွာ မရခဲ့သောကလေးငယ်များ၊ မွေးစအသားဝါသော ကလေးငယ်များကို အထူးဂရုစိုက်၍ ပြုစုပေးရန် လိုပါသည်။ မွေးစကလေးငယ်များကိုလည်း မိခင်နို့ရည်ကို မှန်မှန်ကန်ကန် စတင်တိုက်ကျွေးဖို့ လိုပါသည်။ မေးခိုင်ရောဂါများ မဝင်ရောက်နိုင်ရန် ကလေးမွေးဖွားစဉ် ချက်ကြိုးဖြတ်စဉ် စသည်တို့တွင် သန့်ရှင်းသော ပစ္စည်းကိရိယာများဖြင့်သာ သုံးစွဲရန်လိုပါသည်။
ခလုတ်တိုက်၊ သံစူး၊ ငြှောင့်စူး၊ ထိမိခိုက်မိဒဏ်ရာအားလုံးကိုလည်း ပေါ့ပေါ့ဆဆ သဘောမထားသင့်ပါ။ ကလေးငယ်များတွင် မည်သည့်အဖျားမဆို များလျှင်ကိုယ်အလွန်မပူခင် ဆရာဝန်နှင့် စောစီးစွာ ပြသကုသရမည်။ ကိုယ်အလွန်ပူနေလျှင် ရေလောင်းချခြင်း၊ လေအေးစက်တပ်ဆင်အခန်းထဲ ပြုစုခြင်း၊ ရေပတ်တိုက်ခြင်း လုပ်ရမည်။ ဝက်ရူးပြန်ကလေးများ အတက်ကျဆေး ပုံမှန်တိုက်ရမည်။ ကလေးများတက်လျှင် တက်ခြင်းခံစားရလျှင် အတက်ကျစေရန် ဦးစွာ ဆောင်ရွက်ရမည်။ အပြင်းဖျား၍ တက်လျှင်ကိုယ်ပူကျစေရန်၊ ခေါင်းပေါ်သို့ ရေခဲရည်ဆွတ်ပေး၊ ရေစိုအဝတ်ကင်း (သို့) ရေခဲရည်ဖြင့် ရေချိုးပေးနိုင်သည်။ တစ်ချိန်တည်းတွင် တက်နေစဉ် လျှာမကိုက်မိစေရန် ဇွန်းကိုအဝတ်နဲ့ ပတ်ပြီး သွားကြားဖိထား စေရမည်။ အသက်ရှူလမ်းကြောင်း ရှင်းလင်းနေစဉ် ဦးခေါင်းနှင့်ကိုယ်ကို တစ်ဖက်သို့ စောင်း၍ထားရမည်။သတိမေ့နေပက်လက်နေလျှင်လျှာနောက်ပြန်လန်ပြီး အသက်ရှူလမ်းကြောင်း ပိတ်ဆို့စေနိုင်ကြောင်း သတိပြုသင့်ပါသည်။
Author: Dr. လွင်သန့်