fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အရေပြားလေးဖက်နာ

385
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/11/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အေရျပားေလးဖက္နာ

ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံတြင္ အေရျပားေလးဖက္နာဟု ေျပာေျပာေနၾကေသာ ေရာဂါသည္ ေဆးပညာအေခၚ Systemic Lupus Erythematosus (SLE) ကို ဆိုလိုျခင္းျဖစ္သည္။ အေရျပားေလးဖက္နာ (SLE)သည္ ေသြးေလးဖက္နာကဲ့သို႔ပဲ မိမိရဲ႕ ခုခံအားစနစ္က မိမိခႏၶာကိုယ္အတြင္းရွိ အစိတ္အပိုင္းမ်ားကို တိုက္ခိုက္ရာမွ ျဖစ္ေပၚလာေသာ နာတာရွည္ (Chronic Autoimmune Disease) တစ္ခုျဖစ္သည္။ ကူးစက္ေရာဂါ မဟုတ္ပါဘူး။ အသက္ငယ္ငယ္႐ြယ္႐ြယ္ေတြမွာပို ျဖစ္သည္။ အမ်ိဴးသမီးေတြက အမ်ိဴးသားေတြထက္ ၉ဆပိုၿပီး အေရျပားေလးဖက္နာ ျဖစ္ႏိုင္ေျခ ရွိသည္။

SLE (Systemic Lupus Erythematosus) ဘာေၾကာင့္ျဖစ္လဲကေတာ့ ေသခ်ာမေျပာႏိုင္ပါ။ ျဖစ္ႏိုင္ေျခရွိတာကေတာ့ ေသြးေလးဖက္နာလိုပဲ မ်ိဴး႐ိုးဗီဇရယ္ ျပင္ပ ပတ္ဝန္းက်င္အေၾကာင္းရာေတြရယ္ ေပါင္းဆုံကာျဖစ္တယ္လို႔ပဲ ယူဆၾကပါတယ္။ ျပင္ပပတ္ဝန္းက်င္ အေၾကာင္းရာေတြကေတာ့ စိတ္ဖိစီးမႈမ်ားတာ ၊ စိတ္က်ေရာဂါ၊ ဗိုင္းရပ္စ္ပိုးမႊားဝင္တာ၊ ေဆးဝါးေတြနဲ႔ ခရမ္းလြန္ေရာင္ျခည္ ထိေတြ႕မႈမ်ားတာ၊ ေဟာ္မုန္းတားေဆး သုံးစြဲတာစသျဖင့္ ျဖစ္ပါတယ္။

အေရျပားေလးဖက္နာက လကၡဏာမ်ိဳးစုံ ျဖစ္ႏိုင္ပါတယ္။ တစ္ခါတရံမွာ ေက်ာက္ကပ္ကို ထိၿပီး ေဖာလာတာ၊ ဆီးနည္းတာႏွင့္ လာပါတယ္။ အေရျပားေလးဖက္နာရဲ႕ အျဖစ္မ်ားတဲ့ လကၡဏာေတြကေတာ့ ေယဘုယ်အားျဖင့္ အရင္ဆုံး အဆစ္ႀကီးေတြ နာပါတယ္။ ဒူးနာလိုက္၊ တံေတာင္ဆစ္ ေရာင္လိုက္၊ လက္ေကာက္ဝတ္ေတြ နာလိုက္နဲ႔ တစ္ပတ္၊ ႏွစ္ပတ္ျဖစ္ေနႏိုင္ပါတယ္။

တစ္ခါတေလ အေၾကာင္းရင္းရွာမရဘဲ ဖ်ားဖ်ားေနတတ္တယ္။ ေဆးခန္းျပလိုက္ ေဆးေတြေသာက္လိုက္ထိုးလိုက္ ေပ်ာက္သြားလိုက္၊ ႏွစ္ပတ္ေလာက္ေန ျပန္ဖ်ားလိုက္ႏွင့္ လည္ေနတတ္တယ္။ေနာက္ပိုင္းက်မွ မ်က္ႏွာမွာ လိပ္ျပာပုံ အနီကြက္ႀကီးေတြျဖစ္တာ(Butterfly Rash)၊ ေနေရာင္နဲ႔ထိရင္ပိုဆိုးလာတာ(Photosensitivity)၊ ပါးစပ္ထဲမွာ အနာေတြ ေပါက္တာ၊ ထိပ္ေျပာင္လာတာ စသျဖင့္ ျဖစ္ၿပီး ဆရာဝန္နဲ႔ ျပသစမ္းသပ္ေတာ့မွ အေရျပားေလးဖက္နာ ျဖစ္ေနတာ သိရပါတယ္။

ဒီအခါမွာလည္း မ်က္ႏွာမွာ လိပ္ျပာပုံ အနီကြက္ေပၚတဲ့အတြက္ အေရျပားဆရာဝန္နဲ႔ သြားျပၾကတာေတြ ရွိပါတယ္။ အမွန္တကယ္က အေထြေထြအထူးကုသမားေတာ္ သို႔မဟုတ္ ျပည္သူ႔ေဆး႐ုံႀကီးျပင္ပလူနာဌာနမွာ ျပသင့္ပါတယ္။

အေရျပားေလးဖက္နာက ခႏၶာကိုယ္အစိတ္အပိုင္း အားလုံးနီးပါးကို တိုက္ခိုက္တဲ့အတြက္ ဒီလကၡဏာေတြအျပင္ ခႏၶာကိုယ္တြင္းရွိ ေသြးေၾကာမ်ားကို တိုက္ခိုက္ပါက ေသြးေၾကာငယ္ေလးမ်ား ေရာင္ရမ္းရာမွတဆင့္ ပိတ္သြားကာ လက္ဖ်ားမ်ားသို႔ ေသြးစီးဆင္းမႈမရွိေတာ့ျခင္း (Raynaud’s phenomenon)၊ေလျဖတ္ျခင္း၊ ႏွလုံးကို တိုက္ခိုက္ပါက ႏွလုံးေရာင္ျခင္း၊ အဆုတ္ကို တိုက္ခိုက္ပါက အဆုတ္ေရာင္ျခင္း၊ ေသြးစနစ္ကို တိုက္ခိုက္ပါက ေသြးအားနည္းျခင္း၊ မ်က္လုံးကို တိုက္ခိုက္ပါက မ်က္ၾကည္လႊာေရာင္ျခင္း စသျဖင့္လည္း ျဖစ္ႏိုင္ပါတယ္။

ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြလည္း မ်ားပါတယ္။ ဒါေၾကာင့္ အေရျပားေလးဖက္နာဟု သံသယရွိခဲ့ရင္ ဆရာဝန္နဲ႔ျပသၿပီး စမ္းသပ္စစ္ေဆးမႈေတြ လုပ္သင့္ပါတယ္။ ဘယ္လိုစစ္ေဆးမႈေတြလဲဆိုေတာ့ ေသြးစစ္တာ ဆီးစစ္တာ ဓါတ္မွန္႐ိုက္တာ အာထရာေဆာင္း႐ိုက္တာ စသျဖင့္ပါ။

ေသြးစစ္တဲ့အခါမွာ ေသြးထဲတြင္ ေအာ္တိုအန္တီေဘာဒီမ်ားေတြ႕ပါက အေရျပားေလးဖက္နာလို႔ အၾကမ္းဖ်င္း ေျပာႏိုင္ပါတယ္။ ဥပမာအားျဖင့္ အန္တီႏူးကလီးယားအန္တီေဘာ္ဒီ(Anti nuclear antibody) စစ္ေဆးျခင္းနဲ႔ အန္တီ ဒီအက္စ္ဒီအင္ေအ(Anti-ds DNA) စစ္ေဆးျခင္းေတြပါ။ ေရာဂါေသခ်ာဖို႔ စစ္ေဆးမႈေတြ လုပ္တာအျပင္ အမွတ္ေပးစနစ္နဲ႔ ခြဲျခားတဲ့ American Rheumatism Association ကထုတ္တဲ့ criteriaေတြနဲ႔ပါ ေပါင္းၿပီးတြက္ခ်က္ႏိုင္တယ္။

ဒီေရာဂါ ကုလို႔ေပ်ာက္လားဆိုေတာ့ မေပ်ာက္ပါဘူး။ ပိုမဆိုးေအာင္တာ ထိန္းထားႏိုင္တာပါ။ ေဆးဝါးအျပင္ အစားေသာက္ အေနအထိုင္ပါ ဆင္ျခင္ရပါတယ္။ ေနပူထဲကို ျဖစ္ႏိုင္ရင္ မထြက္ပါနဲ႔။ မျဖစ္မေနထြက္ရမယ္ဆိုပါက ထီးေဆာင္းပါ။ လက္ရွည္ဝတ္ပါ။ သနပ္ခါးလိမ္းပါ။

အစားစာအေနနဲ႔ကေတာ့ လူဆန္ပဲပင္(alfalfa) ေရွာင္ပါ။ အဲ့ထဲမွာပါတဲ့ အမိုင္ႏိုအက္ဆစ္ canavanine က ခုခံအားကို ျဖစ္ေစလို႔ လကၡဏာကို ပိုဆိုးေစႏိုင္တယ္။ ပ်ားရည္၊ ပ်ားသလက္ေရွာင္ပါ။ ႏြားႏို႔၊ မလိုင္၊ ေထာပတ္၊ ပ်ားရည္၊ ေရခဲမုန႔္ ေရွာင္ပါ။ အဆီ၊ အဆိမ့္၊ အအီစာ ေလွ်ာ့စားပါ။

ေဆာ္လမြန္၊ တူနာ၊ ဆာဒင္းငါး မ်ားမ်ားစားပါ။ သိပၸံနည္းက် လက္ခံထားတာ မရွိေပမယ့္ ခရမ္းခ်ဥ္သီး၊ အာလူး၊ င႐ုတ္ေကာင္း၊ ေျမေအာက္ သစ္သီးဝလံေတြ ေရွာင္ႏိုင္ရင္ အေကာင္းဆုံး ျဖစ္ပါတယ္။

အဆုံးသတ္အေနနဲ႔ ေျပာခ်င္တာက ဒီအေရျပားေလးဖက္နာဟာ အမ်ိဴးသမီးေတြမွာ အျဖစ္မ်ားတဲ့အတြက္ ကိုယ္က ဒီအေရျပားေလးဖက္နာကို ခံစားရၿပီး ေရာဂါကို ေကာင္းေကာင္းမထိန္းႏိုင္ေသးရင္ ကေလးမယူတာ ပိုေကာင္းပါမယ္။ ကိုယ္ဝန္ေၾကာင့္ ေရာဂါပိုဆိုးလာၿပီး ကိုယ္ဝန္လည္း အဖတ္မတင္
ျဖစ္တတ္လို႔ပါ။

Author : Dr. 528

(Unicode)

အရေပြားလေးဖက်နာ

ကျွန်တော်တို့ မြန်မာနိုင်ငံတွင် အရေပြားလေးဖက်နာဟု ပြောပြောနေကြသော ရောဂါသည် ဆေးပညာအခေါ် Systemic Lupus Erythematosus (SLE) ကို ဆိုလိုခြင်းဖြစ်သည်။ အရေပြားလေးဖက်နာ (SLE)သည် သွေးလေးဖက်နာကဲ့သို့ပဲ မိမိရဲ့ ခုခံအားစနစ်က မိမိခန္ဓာကိုယ်အတွင်းရှိ အစိတ်အပိုင်းများကို တိုက်ခိုက်ရာမှ ဖြစ်ပေါ်လာသော နာတာရှည် (Chronic Autoimmune Disease) တစ်ခုဖြစ်သည်။ ကူးစက်ရောဂါ မဟုတ်ပါဘူး။ အသက်ငယ်ငယ်ရွယ်ရွယ်တွေမှာပို ဖြစ်သည်။ အမျိူးသမီးတွေက အမျိူးသားတွေထက် ၉ဆပိုပြီး အရေပြားလေးဖက်နာ ဖြစ်နိုင်ခြေ ရှိသည်။

SLE (Systemic Lupus Erythematosus) ဘာကြောင့်ဖြစ်လဲကတော့ သေချာမပြောနိုင်ပါ။ ဖြစ်နိုင်ခြေရှိတာကတော့ သွေးလေးဖက်နာလိုပဲ မျိူးရိုးဗီဇရယ် ပြင်ပ ပတ်ဝန်းကျင်အကြောင်းရာတွေရယ် ပေါင်းဆုံကာဖြစ်တယ်လို့ပဲ ယူဆကြပါတယ်။ ပြင်ပပတ်ဝန်းကျင် အကြောင်းရာတွေကတော့ စိတ်ဖိစီးမှုများတာ ၊ စိတ်ကျရောဂါ၊ ဗိုင်းရပ်စ်ပိုးမွှားဝင်တာ၊ ဆေးဝါးတွေနဲ့ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုများတာ၊ ဟော်မုန်းတားဆေး သုံးစွဲတာစသဖြင့် ဖြစ်ပါတယ်။

အရေပြားလေးဖက်နာက လက္ခဏာမျိုးစုံ ဖြစ်နိုင်ပါတယ်။ တစ်ခါတရံမှာ ကျောက်ကပ်ကို ထိပြီး ဖောလာတာ၊ ဆီးနည်းတာနှင့် လာပါတယ်။ အရေပြားလေးဖက်နာရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ယေဘုယျအားဖြင့် အရင်ဆုံး အဆစ်ကြီးတွေ နာပါတယ်။ ဒူးနာလိုက်၊ တံတောင်ဆစ် ရောင်လိုက်၊ လက်ကောက်ဝတ်တွေ နာလိုက်နဲ့ တစ်ပတ်၊ နှစ်ပတ်ဖြစ်နေနိုင်ပါတယ်။

တစ်ခါတလေ အကြောင်းရင်းရှာမရဘဲ ဖျားဖျားနေတတ်တယ်။ ဆေးခန်းပြလိုက် ဆေးတွေသောက်လိုက်ထိုးလိုက် ပျောက်သွားလိုက်၊ နှစ်ပတ်လောက်နေ ပြန်ဖျားလိုက်နှင့် လည်နေတတ်တယ်။နောက်ပိုင်းကျမှ မျက်နှာမှာ လိပ်ပြာပုံ အနီကွက်ကြီးတွေဖြစ်တာ(Butterfly Rash)၊ နေရောင်နဲ့ထိရင်ပိုဆိုးလာတာ(Photosensitivity)၊ ပါးစပ်ထဲမှာ အနာတွေ ပေါက်တာ၊ ထိပ်ပြောင်လာတာ စသဖြင့် ဖြစ်ပြီး ဆရာဝန်နဲ့ ပြသစမ်းသပ်တော့မှ အရေပြားလေးဖက်နာ ဖြစ်နေတာ သိရပါတယ်။

ဒီအခါမှာလည်း မျက်နှာမှာ လိပ်ပြာပုံ အနီကွက်ပေါ်တဲ့အတွက် အရေပြားဆရာဝန်နဲ့ သွားပြကြတာတွေ ရှိပါတယ်။ အမှန်တကယ်က အထွေထွေအထူးကုသမားတော် သို့မဟုတ် ပြည်သူ့ဆေးရုံကြီးပြင်ပလူနာဌာနမှာ ပြသင့်ပါတယ်။

အရေပြားလေးဖက်နာက ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးနီးပါးကို တိုက်ခိုက်တဲ့အတွက် ဒီလက္ခဏာတွေအပြင် ခန္ဓာကိုယ်တွင်းရှိ သွေးကြောများကို တိုက်ခိုက်ပါက သွေးကြောငယ်လေးများ ရောင်ရမ်းရာမှတဆင့် ပိတ်သွားကာ လက်ဖျားများသို့ သွေးစီးဆင်းမှုမရှိတော့ခြင်း (Raynaud’s phenomenon)၊လေဖြတ်ခြင်း၊ နှလုံးကို တိုက်ခိုက်ပါက နှလုံးရောင်ခြင်း၊ အဆုတ်ကို တိုက်ခိုက်ပါက အဆုတ်ရောင်ခြင်း၊ သွေးစနစ်ကို တိုက်ခိုက်ပါက သွေးအားနည်းခြင်း၊ မျက်လုံးကို တိုက်ခိုက်ပါက မျက်ကြည်လွှာရောင်ခြင်း စသဖြင့်လည်း ဖြစ်နိုင်ပါတယ်။

နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း များပါတယ်။ ဒါကြောင့် အရေပြားလေးဖက်နာဟု သံသယရှိခဲ့ရင် ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။ ဘယ်လိုစစ်ဆေးမှုတွေလဲဆိုတော့ သွေးစစ်တာ ဆီးစစ်တာ ဓါတ်မှန်ရိုက်တာ အာထရာဆောင်းရိုက်တာ စသဖြင့်ပါ။

သွေးစစ်တဲ့အခါမှာ သွေးထဲတွင် အော်တိုအန်တီဘောဒီများတွေ့ပါက အရေပြားလေးဖက်နာလို့ အကြမ်းဖျင်း ပြောနိုင်ပါတယ်။ ဥပမာအားဖြင့် အန်တီနူးကလီးယားအန်တီဘော်ဒီ(Anti nuclear antibody) စစ်ဆေးခြင်းနဲ့ အန်တီ ဒီအက်စ်ဒီအင်အေ(Anti-ds DNA) စစ်ဆေးခြင်းတွေပါ။ ရောဂါသေချာဖို့ စစ်ဆေးမှုတွေ လုပ်တာအပြင် အမှတ်ပေးစနစ်နဲ့ ခွဲခြားတဲ့ American Rheumatism Association ကထုတ်တဲ့ criteriaတွေနဲ့ပါ ပေါင်းပြီးတွက်ချက်နိုင်တယ်။

ဒီရောဂါ ကုလို့ပျောက်လားဆိုတော့ မပျောက်ပါဘူး။ ပိုမဆိုးအောင်တာ ထိန်းထားနိုင်တာပါ။ ဆေးဝါးအပြင် အစားသောက် အနေအထိုင်ပါ ဆင်ခြင်ရပါတယ်။ နေပူထဲကို ဖြစ်နိုင်ရင် မထွက်ပါနဲ့။ မဖြစ်မနေထွက်ရမယ်ဆိုပါက ထီးဆောင်းပါ။ လက်ရှည်ဝတ်ပါ။ သနပ်ခါးလိမ်းပါ။

အစားစာအနေနဲ့ကတော့ လူဆန်ပဲပင်(alfalfa) ရှောင်ပါ။ အဲ့ထဲမှာပါတဲ့ အမိုင်နိုအက်ဆစ် canavanine က ခုခံအားကို ဖြစ်စေလို့ လက္ခဏာကို ပိုဆိုးစေနိုင်တယ်။ ပျားရည်၊ ပျားသလက်ရှောင်ပါ။ နွားနို့၊ မလိုင်၊ ထောပတ်၊ ပျားရည်၊ ရေခဲမုန့် ရှောင်ပါ။ အဆီ၊ အဆိမ့်၊ အအီစာ လျှော့စားပါ။

ဆော်လမွန်၊ တူနာ၊ ဆာဒင်းငါး များများစားပါ။ သိပ္ပံနည်းကျ လက်ခံထားတာ မရှိပေမယ့် ခရမ်းချဉ်သီး၊ အာလူး၊ ငရုတ်ကောင်း၊ မြေအောက် သစ်သီးဝလံတွေ ရှောင်နိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။

အဆုံးသတ်အနေနဲ့ ပြောချင်တာက ဒီအရေပြားလေးဖက်နာဟာ အမျိူးသမီးတွေမှာ အဖြစ်များတဲ့အတွက် ကိုယ်က ဒီအရေပြားလေးဖက်နာကို ခံစားရပြီး ရောဂါကို ကောင်းကောင်းမထိန်းနိုင်သေးရင် ကလေးမယူတာ ပိုကောင်းပါမယ်။ ကိုယ်ဝန်ကြောင့် ရောဂါပိုဆိုးလာပြီး ကိုယ်ဝန်လည်း အဖတ်မတင်
ဖြစ်တတ်လို့ပါ။

Author : Dr. 528

 

Previous Post

သွေးလွန်တုပ်ကွေးရောဂါ

Next Post

ရေအိတ်တို့မည်သည်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
856
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရေအိတ်တို့မည်သည်

လိင်အင်္ဂါမှာ ပေါက်တဲ့ အဖု

ကလေးမွေးရင် ယောက်ျားလေးရချင်သလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.