fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ပိုးလေးဖက်နာ

205
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/11/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

ေလးဖက္နာအမ်ိဳးအစားတစ္မ်ိဳးပါ။ အသက္၂၀ေအာက္ေတြမွာအျဖစ္မ်ားပါတယ္။ သူ႔နာမည္အတိုင္းပဲ အာသီးေရာင္ျခင္းကိုျဖစ္ေစတဲ့ Streptococcus လို႔ေခၚတဲ့ပိုးဝင္ရာကေန စျဖစ္တာပါ။ ဘယ္လိုကေန အာသီးေရာင္ပိုးဝင္ႏိုင္လဲဆိုေတာ့ မသန႔္ရွင္းေသာ ေရႏွင့္ ေရခဲေရကို ေသာက္မိရာကလည္းေကာင္း၊ မသန႔္ရွင္းေသာ ေလကို ရွဴမိရာကလည္းေကာင္း၊ မသန႔္ရွင္းေသာ အစားအစာမ်ားကို စားမိရာကလည္းေကာင္း၊ ဖုန္မႈန႔္မ်ားကို ရွဴမိရာကလည္းေကာင္း စထရက္တိုေကာကပ္ ဘက္တီးရီးယားပိုး (Streptococcus)မ်ားသည္ အာေခါင္ႏွင့္လည္ေခ်ာင္းဆီကို တြယ္ကပ္ကာ ပြားမ်ားၾကသည္။

ပိုးဝင္တဲ့လကၡဏာအေနနဲ႔က လည္ေခ်ာင္းနာတာ၊ အာသီးေရာင္တာေတြ ခံစားရႏိုင္ပါတယ္။  အာသီးေရာင္ပိုးေတြ(Streptococcus) ခႏၶာကိုယ္ထဲ ဝင္ေရာက္လာတဲ့အခါမွာ ခႏၶာကိုယ္မွာရွိတဲ့ ခုခံအားစနစ္က Anti-Streptococcal O Antibody (ASO=ေအအက္စ္အို)ဟု ေခၚေသာခုခံအား တစ္မ်ိဳးကိုထုတ္ကာ အျပင္ကဝင္လာတဲ့ပိုးေတြကို တိုက္ထုတ္ပါတယ္။

သို႔ေသာ္ခုခံအားစနစ္က ပိုးကိုတိုက္ထုတ္ရင္းနဲ႔  ပိုးကိုသာမကပဲ အဆစ္ကိုပါ သြားထိခိုက္မိတဲ့အခါက်ေတာ့ အဆစ္ေတြ ေရာင္လာၿပီး နာက်င္လာတာပါ။ ဘာလို႔ ခုခံအားက ပိုးတင္မက အဆစ္ျမစ္ေတြပါတိုက္တာလဲလို႔ ေမးစရာရွိပါတယ္။ အေျဖကေတာ့ တိက်တဲ့အေၾကာင္းရင္းေတာ့ မသိေသးပါ။ သို႔ေသာ္ ေဆးပညာရွင္ေတြ ယူဆၾကတာကေတာ့ ပိုးရဲ႕ဖြဲ႕စည္းပုံ(Antigen)နဲ႔ ခႏၶာကိုယ္တြင္း တခ်ိဳ႕ေနရာေတြ(အ႐ိုးဆစ္ေတြအပါအဝင္)ရဲ႕ ဖြဲ႕စည္းပုံျခင္းက ဆင္တဲ့အခါမွာ ခုခံအား(Antibody)က ေသခ်ာမခြဲႏိုင္ေတာ့ဘဲ ဆင္တူယိုးမွားေနရာေတြပါ တိုက္ခိုက္လို႔ပါလို႔ ယူဆၾကပါတယ္။

တိတိက်က် ေျပာစတမ္းဆိုရင္ ပိုးေလးဖက္နာ(Rheumatic Arthritis)ဆိုတာက ေလးဖက္နာအဖ်ားလို႔ေခၚတဲ့(Rheumatic Fever)ရဲ႕ တစ္စိတ္တစ္ပိုင္းပဲျဖစ္ပါတယ္။ ပိုရွင္းသြားေအာင္ ေလးဖက္နာအဖ်ားရဲ႕လကၡဏာေတြကိုေျပာျပပါမယ္။

ေလးဖက္နာအဖ်ား၏ အဓိက လကၡဏာ(Major Criteria) မ်ားမွာ

၁။Migratory Polyarthritis (About 75 Percent)

အဆစ္ေရာင္ရမ္းျခင္း၊ (အဆစ္ေရာင္ရာတြင္ ေသြးေလးဖက္နာကဲ့သို႔ လက္ေခ်ာင္းဆစ္၊ ေျခေခ်ာင္းဆစ္ အဆစ္ေသးမ်ားတြင္ နာျခင္း မဟုတ္ဘဲ) တံေတာင္ဆစ္၊ ဒူးဆစ္၊ ေျခက်င္းဝတ္ ကဲ့သို႔ အဆစ္ႀကီးမ်ားတြင္ နာေလ့ရွိသည္။ နာက်င္ရာတြင္ အဆစ္ျမစ္ေပၚက အေရျပားပါ နီၿပီး ေရာင္ရမ္းႏိုင္သည္။ တဆစ္ၿပီးမွ တဆစ္ဆီသို႔ ကူးေျပာင္းၿပီး နာေလ့ ရွိသည္။

အဆစ္နာက်င္ျခင္းမွာ ၆လ ထက္ပို၍ နာက်င္ေရာင္ရမ္းျခင္း မရွိေပ။ ေဆးေသာက္ေသာက္ မေသာက္ေသာက္ သူ႔အလိုလို ေပ်ာက္ကင္းသြားေလ့ရွိသည္။ ေသြးေလးဖက္နာကဲ့သို႔ ၂ႏွစ္ ၃ႏွစ္ ၾကာ နာက်င္ျခင္း မရွိသကဲ့သို႔ ေပ်ာက္ကင္းသြားသည့္အခါ အဆစ္မ်ားမွာ ပုံပ်က္ပန္းပ်က္ျခင္း မရွိဘဲ အေကာင္းအတိုင္းသာ က်န္ေနခဲ့သည္။ ေလးဖက္နာ အဖ်ားျဖစ္သူရဲ႕ ၇၅ရာခိုင္ႏႈန္း ဒီလကၡဏာ ခံစားရႏိုင္သည္။

၂။Carditis

ႏွလုံးေရာင္ရမ္းျခင္း၊ ရင္တုန္ျခင္း၊ ႏွလုံးနာျခင္း၊ ေမာပန္းအသက္ရွဴၾကပ္ျခင္း၊ ေျခေထာက္ေရာင္၊ အေမာေဖာက္ ေဝဒနာမ်ားခံစားရျခင္း။

၃။Chorea

မူမမွန္ ခႏၶာကိုယ္လႈပ္ရွားျခင္း(ေျခလက္မ်ား ထိန္းခ်ဳပ္မရဘဲ သူ႔အလိုလို လႈပ္ရွားျခင္း)

၄။Erythema Marginatum(<3percent) အေရျပားတြင္ အနီကြက္မ်ား အနီစက္မ်ားေပၚျခင္း

၅။Subcutaneous nodules(rare<1percent) အေရျပားေအာက္ အဖုထြက္ျခင္းတို႔ျဖစ္ၾကသည္။

ေလးဖက္နာအဖ်ား၏ သာမည(Minor Criteria) လကၡဏာ မ်ားမွာ

၁။ဖ်ားျခင္း
၂။အဆစ္နာျခင္း
၃။ESR သို႔ CPR ေသြးစစ္ေဆးခ်က္ ျမင့္မားျခင္း
၄။ECG ဆြဲၾကည့္ရာတြ င္PR interval ရွည္ျခင္းတို႔ ျဖစ္သည္။

အဖ်ားတစ္ခုကို

ေလးဖက္နာ အဖ်ားလို႔သတ္မွတ္ရန္ ေလးဖက္နာ အဖ်ား၏ အဓိကလကၡဏာ ႏွစ္မ်ိဳး(သို႔မဟုတ္) ေလးဖက္နာ အဖ်ား၏ အဓိကလကၡဏာ တစ္မ်ိဳးႏွင့္ သာမညလကၡဏာ ႏွစ္မ်ိဳး အျပင္ မၾကာခင္ကအာသီးေရာင္ပိုး ဝင္ခဲ့တဲ့ အေထာက္အထားေတြပါ ရွိဖို႔လိုအပ္သည္။

ခႏၶာကိုယ္တြင္ မၾကာခင္ကStreptococcusပိုး ဝင္ခဲ့သည့္ အေထာက္အထားမ်ားကေတာ့
၁။လည္ေခ်ာင္းမွ အခြၽဲယူၿပီး ပိုးေမြးရာတြင္ ပိုးေပါက္ျခင္း(positive throat swab culture)
၂။ASO ပမာဏ ျမင့္တက္ျခင္း
၃။Streptococcus Antigen test (+)ျဖစ္ျခင္းေတြ ျဖစ္ပါတယ္။

Group A beta haemolytic Streptococcus ပိုးဝင္ၿပီး ေလးဖက္နာအဖ်ား(Rheumatic Fever) ျဖစ္ၿပီဆိုရင္ Rheumatic Arthritis (ပိုးေလးဖက္နာ)ေခၚ အဆစ္အျမစ္မ်ား ကိုက္ခဲ ေရာင္ရမ္းနာက်င္ျခင္း ျဖစ္တာအျပင္ ေနာက္ဆက္တြဲအေနနဲ႔
၁။ႏွလုံးဆို႔ရွင္အေပါက္ က်ဥ္းေျမာင္းသြားျခင္း၊ ႏွလုံးအဆို႔ရွင္ ဟာသြားျခင္းစတဲ့နာတာရွည္ႏွလုံးအဆို႔ရွင္ေရာဂါမ်ား
၂။ႏွလုံးပန္းျခင္း
၃။ေက်ာက္ကပ္ေရာင္ျခင္း၊ ေက်ာက္ကပ္ ထိခိုက္ျခင္းမ်ား ဆက္လက္ျဖစ္ပြားတတ္ပါတယ္။

ေလးဖက္နာအဖ်ားရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တဲ့ ပိုးေလးဖက္နာမွာ ဆရာဝန္ေတြ အဓိက စိုးရိမ္တာကေတာ့ ေနာက္ဆက္တြဲအေနနဲ႔ ျဖစ္တဲ့ နာတာရွည္ ႏွလုံးအဆို႔ရွင္ေရာဂါမ်ား ျဖစ္သြားမွာကိုပါ။ ပိုးေလးဖက္နာေၾကာင့္ အဆစ္မ်ားမွာ နာက်င္ေရာင္ရမ္း႐ုံသာျဖစ္ၿပီး ပုံပ်က္ပန္းပ်က္ က်န္ေနခဲ့ျခင္း မရွိဘဲ ႏွလုံးမွာသာ အဆို႔ရွင္မ်ား က်ဥ္းျခင္း၊ က်ယ္ျခင္းမ်ား ျဖစ္လာကာ ၅ႏွစ္ မွ ၁၀ႏွစ္အတြင္း အသက္ေသဆုံးျခင္း၊ ႏွလုံးအဆို႔ရွင္ လဲရျခင္းမ်ား ျဖစ္တတ္သည္။

ကေလးသူငယ္မ်ားတြင္ ေမြးရာပါ ႏွလုံးေရာဂါ မပါဘဲႏွင့္ ပိုးေလးဖက္နာကေန နာတာရွည္ ႏွလုံးေရာဂါ ျဖစ္သြားတာမ်ိဴးေတြရွိပါတယ္။ ဒါေၾကာင့္မို႔လို႔ Group A beta haemolytic streptoccus ပိုးဝင္တာရဲ႕ အစလကၡဏာေတြျဖစ္တဲ့ အာသီးေရာင္ျခင္း လည္ေခ်ာင္းနာျခင္းေတြ ျဖစ္ခဲ့ရင္ မေပါ့ဆပဲ ဆရာဝန္နဲ႔ ေသခ်ာျပသသင့္ပါတယ္။

ဒီလိုေျပာလို႔ လည္ေခ်ာင္းနာတိုင္း အာသီးေရာင္တိုင္း ေလးဖက္နာအဖ်ား၊ ပိုးေလးဖက္နာ ျဖစ္မလားဆိုေတာ့မဟုတ္ပါဘူး။ သာမန္ အာသီးေရာင္ျခင္း လည္ေခ်ာင္းနာျခင္း က ပိုးသတ္ေဆး ဆယ္ရက္ခန႔္ ေသာက္လ်င္ လုံေလာက္ပါတယ္။ အာသီးေရာင္တိုင္း ေလးဖက္နာအဖ်ား ၊ပိုးေလးဖက္နာ မျဖစ္ႏိုင္ေသာ္လည္း အာသီး မၾကာခဏ ေရာင္ပါက ခုခံဓာတ္ေတြ အမ်ားႀကီး ထြက္ကာ ေလးဖက္နာအဖ်ား၊ပိုးေလးဖက္နာ ျဖစ္လာႏိုင္ပါသည္။ ထိုအခါက် ႏွလုံးနဲ႔ဆိုင္တဲ့ ေနာက္ဆက္တြဲေတြ တျခားေနာက္ဆက္ တြဲဆိုးက်ိဳးေတြ အမ်ားႀကီး ျဖစ္လာႏိုင္သည္။

ထို႔ေၾကာင့္ အာသီးေရာင္ဖူးသူတိုင္း အစားအေသာက္ အေနအထိုင္ ဂ႐ုစိုက္ရပါမည္။ လမ္းေဘးမွ ေရခဲေရေသာက္ျခင္း၊ မသန႔္ရွင္းေသာ ေရႏွင့္ေရခဲေရ ေရခဲမုန႔္စေသာ အေအးစာမ်ားစားျခင္း ေသာက္သုံးျခင္း၊ ယင္နားစာ၊ လမ္းေဘးမွ ဖုန္ကပ္ေနေသာ အစားအစာ မ်ား၊ ဖုန္မႈန႔္မ်ားရွဴရွိဴက္မိျခင္းေတြကို တတ္ႏိုင္သေလာက္ ေရွာင္ၾကဥ္ရပါမည္။ အျပင္ထြက္ရင္ ႏွာေခါင္းစည္းတပ္သင့္သည္။

Author : Dr. 528

(Unicode)

လေးဖက်နာအမျိုးအစားတစ်မျိုးပါ။ အသက်၂၀အောက်တွေမှာအဖြစ်များပါတယ်။ သူ့နာမည်အတိုင်းပဲ အာသီးရောင်ခြင်းကိုဖြစ်စေတဲ့ Streptococcus လို့ခေါ်တဲ့ပိုးဝင်ရာကနေ စဖြစ်တာပါ။ ဘယ်လိုကနေ အာသီးရောင်ပိုးဝင်နိုင်လဲဆိုတော့ မသန့်ရှင်းသော ရေနှင့် ရေခဲရေကို သောက်မိရာကလည်းကောင်း၊ မသန့်ရှင်းသော လေကို ရှူမိရာကလည်းကောင်း၊ မသန့်ရှင်းသော အစားအစာများကို စားမိရာကလည်းကောင်း၊ ဖုန်မှုန့်များကို ရှူမိရာကလည်းကောင်း စထရက်တိုကောကပ် ဘက်တီးရီးယားပိုး (Streptococcus)များသည် အာခေါင်နှင့်လည်ချောင်းဆီကို တွယ်ကပ်ကာ ပွားများကြသည်။

ပိုးဝင်တဲ့လက္ခဏာအနေနဲ့က လည်ချောင်းနာတာ၊ အာသီးရောင်တာတွေ ခံစားရနိုင်ပါတယ်။  အာသီးရောင်ပိုးတွေ(Streptococcus) ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့အခါမှာ ခန္ဓာကိုယ်မှာရှိတဲ့ ခုခံအားစနစ်က Anti-Streptococcal O Antibody (ASO=အေအက်စ်အို)ဟု ခေါ်သောခုခံအား တစ်မျိုးကိုထုတ်ကာ အပြင်ကဝင်လာတဲ့ပိုးတွေကို တိုက်ထုတ်ပါတယ်။

သို့သော်ခုခံအားစနစ်က ပိုးကိုတိုက်ထုတ်ရင်းနဲ့  ပိုးကိုသာမကပဲ အဆစ်ကိုပါ သွားထိခိုက်မိတဲ့အခါကျတော့ အဆစ်တွေ ရောင်လာပြီး နာကျင်လာတာပါ။ ဘာလို့ ခုခံအားက ပိုးတင်မက အဆစ်မြစ်တွေပါတိုက်တာလဲလို့ မေးစရာရှိပါတယ်။ အဖြေကတော့ တိကျတဲ့အကြောင်းရင်းတော့ မသိသေးပါ။ သို့သော် ဆေးပညာရှင်တွေ ယူဆကြတာကတော့ ပိုးရဲ့ဖွဲ့စည်းပုံ(Antigen)နဲ့ ခန္ဓာကိုယ်တွင်း တချို့နေရာတွေ(အရိုးဆစ်တွေအပါအဝင်)ရဲ့ ဖွဲ့စည်းပုံခြင်းက ဆင်တဲ့အခါမှာ ခုခံအား(Antibody)က သေချာမခွဲနိုင်တော့ဘဲ ဆင်တူယိုးမှားနေရာတွေပါ တိုက်ခိုက်လို့ပါလို့ ယူဆကြပါတယ်။

တိတိကျကျ ပြောစတမ်းဆိုရင် ပိုးလေးဖက်နာ(Rheumatic Arthritis)ဆိုတာက လေးဖက်နာအဖျားလို့ခေါ်တဲ့(Rheumatic Fever)ရဲ့ တစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်။ ပိုရှင်းသွားအောင် လေးဖက်နာအဖျားရဲ့လက္ခဏာတွေကိုပြောပြပါမယ်။

လေးဖက်နာအဖျား၏ အဓိက လက္ခဏာ(Major Criteria) များမှာ

၁။Migratory Polyarthritis (About 75 Percent)

အဆစ်ရောင်ရမ်းခြင်း၊ (အဆစ်ရောင်ရာတွင် သွေးလေးဖက်နာကဲ့သို့ လက်ချောင်းဆစ်၊ ခြေချောင်းဆစ် အဆစ်သေးများတွင် နာခြင်း မဟုတ်ဘဲ) တံတောင်ဆစ်၊ ဒူးဆစ်၊ ခြေကျင်းဝတ် ကဲ့သို့ အဆစ်ကြီးများတွင် နာလေ့ရှိသည်။ နာကျင်ရာတွင် အဆစ်မြစ်ပေါ်က အရေပြားပါ နီပြီး ရောင်ရမ်းနိုင်သည်။ တဆစ်ပြီးမှ တဆစ်ဆီသို့ ကူးပြောင်းပြီး နာလေ့ ရှိသည်။

အဆစ်နာကျင်ခြင်းမှာ ၆လ ထက်ပို၍ နာကျင်ရောင်ရမ်းခြင်း မရှိပေ။ ဆေးသောက်သောက် မသောက်သောက် သူ့အလိုလို ပျောက်ကင်းသွားလေ့ရှိသည်။ သွေးလေးဖက်နာကဲ့သို့ ၂နှစ် ၃နှစ် ကြာ နာကျင်ခြင်း မရှိသကဲ့သို့ ပျောက်ကင်းသွားသည့်အခါ အဆစ်များမှာ ပုံပျက်ပန်းပျက်ခြင်း မရှိဘဲ အကောင်းအတိုင်းသာ ကျန်နေခဲ့သည်။ လေးဖက်နာ အဖျားဖြစ်သူရဲ့ ၇၅ရာခိုင်နှုန်း ဒီလက္ခဏာ ခံစားရနိုင်သည်။

၂။Carditis

နှလုံးရောင်ရမ်းခြင်း၊ ရင်တုန်ခြင်း၊ နှလုံးနာခြင်း၊ မောပန်းအသက်ရှူကြပ်ခြင်း၊ ခြေထောက်ရောင်၊ အမောဖောက် ဝေဒနာများခံစားရခြင်း။

၃။Chorea

မူမမှန် ခန္ဓာကိုယ်လှုပ်ရှားခြင်း(ခြေလက်များ ထိန်းချုပ်မရဘဲ သူ့အလိုလို လှုပ်ရှားခြင်း)

၄။Erythema Marginatum(<3percent) အရေပြားတွင် အနီကွက်များ အနီစက်များပေါ်ခြင်း

၅။Subcutaneous nodules(rare<1percent) အရေပြားအောက် အဖုထွက်ခြင်းတို့ဖြစ်ကြသည်။

လေးဖက်နာအဖျား၏ သာမည(Minor Criteria) လက္ခဏာ များမှာ

၁။ဖျားခြင်း
၂။အဆစ်နာခြင်း
၃။ESR သို့ CPR သွေးစစ်ဆေးချက် မြင့်မားခြင်း
၄။ECG ဆွဲကြည့်ရာတွ င်PR interval ရှည်ခြင်းတို့ ဖြစ်သည်။

အဖျားတစ်ခုကို

လေးဖက်နာ အဖျားလို့သတ်မှတ်ရန် လေးဖက်နာ အဖျား၏ အဓိကလက္ခဏာ နှစ်မျိုး(သို့မဟုတ်) လေးဖက်နာ အဖျား၏ အဓိကလက္ခဏာ တစ်မျိုးနှင့် သာမညလက္ခဏာ နှစ်မျိုး အပြင် မကြာခင်ကအာသီးရောင်ပိုး ဝင်ခဲ့တဲ့ အထောက်အထားတွေပါ ရှိဖို့လိုအပ်သည်။

ခန္ဓာကိုယ်တွင် မကြာခင်ကStreptococcusပိုး ဝင်ခဲ့သည့် အထောက်အထားများကတော့
၁။လည်ချောင်းမှ အချွဲယူပြီး ပိုးမွေးရာတွင် ပိုးပေါက်ခြင်း(positive throat swab culture)
၂။ASO ပမာဏ မြင့်တက်ခြင်း
၃။Streptococcus Antigen test (+)ဖြစ်ခြင်းတွေ ဖြစ်ပါတယ်။

Group A beta haemolytic Streptococcus ပိုးဝင်ပြီး လေးဖက်နာအဖျား(Rheumatic Fever) ဖြစ်ပြီဆိုရင် Rheumatic Arthritis (ပိုးလေးဖက်နာ)ခေါ် အဆစ်အမြစ်များ ကိုက်ခဲ ရောင်ရမ်းနာကျင်ခြင်း ဖြစ်တာအပြင် နောက်ဆက်တွဲအနေနဲ့
၁။နှလုံးဆို့ရှင်အပေါက် ကျဉ်းမြောင်းသွားခြင်း၊ နှလုံးအဆို့ရှင် ဟာသွားခြင်းစတဲ့နာတာရှည်နှလုံးအဆို့ရှင်ရောဂါများ
၂။နှလုံးပန်းခြင်း
၃။ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ် ထိခိုက်ခြင်းများ ဆက်လက်ဖြစ်ပွားတတ်ပါတယ်။

လေးဖက်နာအဖျားရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ပိုးလေးဖက်နာမှာ ဆရာဝန်တွေ အဓိက စိုးရိမ်တာကတော့ နောက်ဆက်တွဲအနေနဲ့ ဖြစ်တဲ့ နာတာရှည် နှလုံးအဆို့ရှင်ရောဂါများ ဖြစ်သွားမှာကိုပါ။ ပိုးလေးဖက်နာကြောင့် အဆစ်များမှာ နာကျင်ရောင်ရမ်းရုံသာဖြစ်ပြီး ပုံပျက်ပန်းပျက် ကျန်နေခဲ့ခြင်း မရှိဘဲ နှလုံးမှာသာ အဆို့ရှင်များ ကျဉ်းခြင်း၊ ကျယ်ခြင်းများ ဖြစ်လာကာ ၅နှစ် မှ ၁၀နှစ်အတွင်း အသက်သေဆုံးခြင်း၊ နှလုံးအဆို့ရှင် လဲရခြင်းများ ဖြစ်တတ်သည်။

ကလေးသူငယ်များတွင် မွေးရာပါ နှလုံးရောဂါ မပါဘဲနှင့် ပိုးလေးဖက်နာကနေ နာတာရှည် နှလုံးရောဂါ ဖြစ်သွားတာမျိူးတွေရှိပါတယ်။ ဒါကြောင့်မို့လို့ Group A beta haemolytic streptoccus ပိုးဝင်တာရဲ့ အစလက္ခဏာတွေဖြစ်တဲ့ အာသီးရောင်ခြင်း လည်ချောင်းနာခြင်းတွေ ဖြစ်ခဲ့ရင် မပေါ့ဆပဲ ဆရာဝန်နဲ့ သေချာပြသသင့်ပါတယ်။

ဒီလိုပြောလို့ လည်ချောင်းနာတိုင်း အာသီးရောင်တိုင်း လေးဖက်နာအဖျား၊ ပိုးလေးဖက်နာ ဖြစ်မလားဆိုတော့မဟုတ်ပါဘူး။ သာမန် အာသီးရောင်ခြင်း လည်ချောင်းနာခြင်း က ပိုးသတ်ဆေး ဆယ်ရက်ခန့် သောက်လျင် လုံလောက်ပါတယ်။ အာသီးရောင်တိုင်း လေးဖက်နာအဖျား ၊ပိုးလေးဖက်နာ မဖြစ်နိုင်သော်လည်း အာသီး မကြာခဏ ရောင်ပါက ခုခံဓာတ်တွေ အများကြီး ထွက်ကာ လေးဖက်နာအဖျား၊ပိုးလေးဖက်နာ ဖြစ်လာနိုင်ပါသည်။ ထိုအခါကျ နှလုံးနဲ့ဆိုင်တဲ့ နောက်ဆက်တွဲတွေ တခြားနောက်ဆက် တွဲဆိုးကျိုးတွေ အများကြီး ဖြစ်လာနိုင်သည်။

ထို့ကြောင့် အာသီးရောင်ဖူးသူတိုင်း အစားအသောက် အနေအထိုင် ဂရုစိုက်ရပါမည်။ လမ်းဘေးမှ ရေခဲရေသောက်ခြင်း၊ မသန့်ရှင်းသော ရေနှင့်ရေခဲရေ ရေခဲမုန့်စသော အအေးစာများစားခြင်း သောက်သုံးခြင်း၊ ယင်နားစာ၊ လမ်းဘေးမှ ဖုန်ကပ်နေသော အစားအစာ များ၊ ဖုန်မှုန့်များရှူရှိူက်မိခြင်းတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်ရပါမည်။ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်သင့်သည်။

Author : Dr. 528

 

 

 

Previous Post

ဆောင်းရာသီတွင် အသားအရေထိန်းသိမ်းနည်းများ

Next Post

စပ်ဆေးတွေမှာ ပါတတ်တဲ့ ပိုးသတ်ဆေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
859
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စပ်ဆေးတွေမှာ ပါတတ်တဲ့ ပိုးသတ်ဆေး

HIV ပိုး သံသယ

ကလေးငယ်တို့ ဦးခေါင်းမပြားစေဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.