fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဂေါက်ရောဂါ

625
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/11/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ဂေါက်ရောဂါ

ဂေါက်ရောဂါသည် ယေဘုယျအားဖြင့် နာတာရှည် အဆစ်အမြစ်ရောင်ရောဂါ အမျိုးအစားထဲတွင် ပါဝင်သော အဆစ်မြစ်ရောင် ရောဂါတမျိုး ဖြစ်ပါသည်။ ဂေါက်ဆိုသည်မှာ အင်္ဂလိပ်အသံထွက် gout ကို တိုက်ရိုက်ယူထားခြင်း ဖြစ်သည်။

အမျိုးသားများတွင် ပိုဖြစ်သည်။ အထူးသဖြင့် အသက် ၄၀ ကျော် အမျိုးသားများတွင် အဖြစ်များသည်။ သွေးဆုံးပြီး အမျိုးသမီးများတွင်လည်း အဖြစ်များပါသည်။ ယူရစ်အက်ဆစ် ပမာဏများလာခြင်းနဲ့ ဆက်စပ်နေသည်။ သွေးထဲမှာ ယူရစ်အက်စစ် မများဘဲလဲ ဂေါက်ရောဂါက ဖြစ်တတ်ပါသေးတယ်။

သွေးထဲတွင် ယူရစ်အက်စစ် (uric acid) ဓါတ်များ ရှိသင့်တာထက် တအားပိုများလာသောအခါတွင်
ယူရစ်အက်စစ်အမှုန်အခဲများ (Urate Crystals) အရိုးဆစ်များပေါ်တွင် အနည်ကျလာသည်။ ထိုအခါအရိုးဆစ်များ ရောင်ရမ်းခြင်းဖြစ်လာပြီး ဂေါက်ရောဂါကို ခံစားရသည်။ ပုံမှန်ရှိသင့်တဲ့ သွေးသွင်းယူရစ်အက်စစ်ပမာဏာသည် အမျိုးသားများတွင် 0.12-0.42mmol/l (2-7 mg/dl)  ဖြစ်ပြီး အမျိုးသမီးများတွင် 0.12-0.36(2-6 mg/dl) ဖြစ်သည်။

သွေးထဲမှာ ယူရစ်အက်စစ်ဓါတ် များလာတဲ့အကြောင်းရင်းတွေကတော့

၁။ ခန္ဓာကိုယ်က ယူရစ်အက်စစ်ဓါတ်ကို စွန့်ထုတ်တာနည်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ မွေးရာပါ ကျောက်ကပ်မကောင်းတာ၊ အရက်သောက်တာ၊ ဆီးဆေးတို့ သွေးကျဲဆေးစတဲ့ ဆေးတွေသောက်နေရတာ၊ ကျောက်ကပ်အားနည်းတာ စတဲ့အခြေအနေတွေမှာဆိုရင် စွန့်ထုတ်ရမယ့် ယူရစ်အက်စစ်ပမာဏကို မစွန့်ထုတ်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ ယူရစ်အက်စစ်များလာပါတယ်။

၂။ ခန္ဓာကိုယ်က ယူရစ်အက်စစ်ပမာဏ ထုတ်လုပ်တာ များလာတာကြောင့်လည်း ဖြစ်နိုင်တယ်။ ဘာလို့ထုတ်လုပ်တဲ့ ပမာဏာများလာတာလည်းကတော့ သေချာမသိပါ။ ဖြစ်နိုင်ခြေရှိတာတွေကတော့ Glucose 6 phosphatase (G6P) အင်ဇိုင်းချို့တဲ့တဲ့အခါမျိုးမှာ (မှတ်ချက်။ ။ ဂျီဆစ်ပီဒီ မဟုတ်ပါ) Hypoxanthine-guanine phosphoribosyl transferase(HGPRT) အင်ဇိုင်းချို့တဲ့တဲ့အခါမျိူးတွေမှာ ခန္ဓာကိုယ်က ယူရစ်အက်စစ်ကိုပိုထုတ်ပါတယ်လို့သုတေသနတွေကဖော်ပြထားပါတယ်။

၃။Purine ဓါတ်များတဲ့ အစားစာတွေ အစားများတာ ( ဥပမာ အနီရောင်အသားများ၊ ကြက်၊ ဝက်၊ ဆိတ်၊ အမဲဝမ်းတွင်းကလီစာများ ၊ တွင်းအောင်းသားများ၊ ပင်လယ်စာများ၊ ငါးသေတ္တာငါး၊ခရမ်းချဉ်သီးအစေ့များ၊ ပဲပင်ပေါက်၊ အာလူး၊ ပဲမြစ်၊ ပိန်းဥ စသည့် အမြစ်တွယ် အပင်ပေါက်သော သစ်ဥသစ်ဖု များ၊ ကဇော်ဖောက် ထားသော အစားအစာများ၊ အရက်၊ ဘီယာများ) စတာတွေကို နေ့စဉ်များများစားရင် ရေရှည်မှာ ကိုယ်တွင်းရှိ ယူရစ်အက်စစ်ဓါတ်ကို များလာစေနိုင်ပါတယ်။

ဂေါက်ရောဂါရဲ့လက္ခဏာတွေကဘာလဲ။

အများအားဖြင့်ကတော့ ခြေမရင်းအဆစ် နာတာရောင်တာ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အချို့မှာတော့ အခြားအဆစ်တွေရောင်ခြင်း နာခြင်းတို့နဲ့ စတတ်ပါတယ်။ အဖြစ်များတဲ့ အဆစ်တွေကတော့ ခြေမရင်းအဆစ်၊ လက်ဆစ်များ ၊ လက်ကောက်ဝတ်အဆစ်၊ ခြေကျင်းဝတ်အဆစ်များ ဖြစ်ပါတယ်။ရုတ်တရက် အဆစ်ဟာ နာမယ်။ ရောင်လာပါမယ်။ ဖြစ်တဲ့အဆစ်ပေါ်က အရေပြားဟာလည်း နီရဲနေပါမယ်။ ပူပူကြီးလည်း ခံစားရပါမယ်။ အထိမခံနိုင်အောင် ဆိုးပါမယ်။

ဂေါက်ရောဂါဟာမကုဘဲထားရေရှည်မှာ အရိုးအဆစ်တွေပုံပျက်တာ အရိုးအတက်ထွက်တာ ကျောက်ကပ်မှာကျောက်တည်တာ ကျောက်ကပ်ပျက်စီးတာစသဖြင့် နောက်ဆက်တွဲဆိုးကျိုးတွေရှိပါတယ်။

ဒါကြောင့်အထက်ပါလက္ခဏာတွေခံစားရရင် ဂေါက်ဟုတ်မဟုတ် စမ်းသပ်စစ်ဆေးကြည့်ဖို့လိုပါတယ်။ ဘယ်လိုစမ်းသပ်စစ်ဆေးရမလဲဆိုတော့ သွေးစစ်တာ (ယူရစ်အက်စစ်ပမာဏစစ်တာ) လုပ်လို့ရပါတယ်။ သို့သော်ယူရစ်အက်စစ်များတိုင်းသေချာပေါက် ယတိပြတ် ဂေါက်လို့မပြောနိုင်သလို ယူရစ်အက်ဆစ်မများတိုင်းလည်း ဂေါက်မဟုတ်ပါဘူးလို့ သေချာယတိပြတ်မပြောနိုင်သေးပါ။

Arthrocentesis လို့ခေါ်တဲ့ ရောင်နေတဲ့ အဆစ်ထဲကအရည် (Synovial fluid) ကို စုပ်ယူပြီး စမ်းသပ်တာ Diagnosis (ရောဂါအမည်) တပ်ဖို့အသေချာဆုံးပါ။ ထိုအရည်ကို Polarized light microscope နဲ့ကြည့်ခြင်းဖြင့် Uric acid crystals ရှိမရှိ သိနိုင်ပါတယ်။ နောက်အရိုးအဆစ်ကို ဓါတ်မှန်ရိုက်ကြည့်တာမျိုးလည်း လုပ်နိုင်ပါတယ်။

ကုတဲ့နေရာမှာဆေးအပြင် အစားသောက်ပါဆင်ခြင်ဖို့လိုပါတယ်။ ဘာတွေရှောင်ရမလဲဆိုတော့ အထက်မှာပြောထားတဲ့အတိုင်း Purine ဓါတ်များတဲ့အစားစာတွေ (ဥပမာ အနီရောင်အသားများ၊ကြက်၊ ဝက်၊ ဆိတ်၊ အမဲဝမ်းတွင်းကလီစာများ ၊ တွင်းအောင်းသားများ၊ ပင်လယ်စာများ၊ ငါးသေတ္တာငါး၊ ခရမ်းချဉ်သီးအစေ့များ၊ အနီရောင်သစ်သီးများ၊ ပဲပင်ပေါက်၊ အာလူး၊ ပဲမြစ်၊ပိန်းဥ စသည့် အမြစ်တွယ်အပင်ပေါက်သော သစ်ဥသစ်ဖု များ၊ ကဇော်ဖောက် ထားသော အစားအစာများ၊အရက်၊ဘီယာများ) ဒါ့အပြင် ဖရက်တို့စ်သကြားဓါတ်များသော အချိုရည်ဗူးများကို အလွန်အကျွံသောက်ခြင်းကိုလည်း ရှောင်ပါ။

ဒါဆိုဘာတွေစားရမလဲဆိုတော့ အပင်ထွက် ပရိုတင်းဓာတ် များများစားပါ။ ပဲအမျိုးမျိုးလို ဟင်းရွက်ထွက် ပရိုတင်းကို များများစားပါ။ အဆီမပါနို့နှင့် နို့ထွက်ပစ္စည်းရွေးပါ။ အဆီနည်းဒါမှမဟုတ် အဆီမပါ နို့သောက်တာနဲ့ ဒိန်ချဉ်သောက်တာတွေဟာ ဂေါက်ရောဂါ အန္တရာယ်ကိုလျော့ကျစေကြောင်းလေ့လာမှု တချို့ကဆိုပါတယ်။

ရေများများသောက်ပါ။ အခွံချွတ်မထားသော ကောက်ပဲသီးနှံစားပါ။ အခွံချွတ်မထားတဲ့ ဆန်လုံးညို၊ အညိုရောင်ခေါက်ဆွဲ၊ ပေါင်မုန့်ညိုနဲ့ အသီးအနှံတွေကို များများစားပေးရင် ဂေါက်ရောဂါ အန္တရာယ်ကိုလျော့ကျစေပါတယ်။ ကိုယ်အလေးချိန်ကိုထိန်းပါ။

Author : Dr. 528

Previous Post

ပျိုမေများနဲ့ အဖြူကတစ်မျိုး အနီကတစ်မျိုး အပိုင်း(၁)

Next Post

HERPES ဗိုင်းရပ်စ်ရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
835
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
842
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

HERPES ဗိုင်းရပ်စ်ရောဂါ

အသက်အရွယ်နှင့် အသားအရေ

ဆောင်းတွင်းအခါ အသားအရေ လှပစေဖို့ နည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.