fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

သွေးလေးဖက်နာ

283
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/11/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

သွေးလေးဖက်နာဟူသည်မှာ အဆစ်မြစ်တွေ ရောင်ရမ်းနာကျင်တဲ့ လေးဖက်နာရောဂါ တစ်မျိုးဖြစ်သည်။ အဆစ်တစ်ခုတည်း ရောင်ရမ်းခြင်းမဟုတ်ဘဲ လက်နှစ်ဖက် ခြေနှစ်ဖက်မှာရှိသော အဆစ်များ ရောင်ရမ်းခြင်းကြောင့် လေးဖက်နာဟု ခေါ်သည်။ လေးဖက်နာရောဂါများတွင် အရေပြားလေးဖက်နာ (SLE)၊  Streptococcus ပိုး ဝင်သောကြောင့် ဖြစ်သော ပိုးလေးဖက်နာ(Rheumatic Arthritis)၊ သွေးလေးဖက်နာ (Rheumatoid arthritis) ဆိုပြီး အကြမ်းအားဖြင့် ၃မျိုး ရှိသည်။

သွေးလေးဖက်နာသည် အဆစ်မြစ်ရောင်ရောဂါများတွင် အဖြစ်များဆုံးသော ဆိုးသောရောဂါတစ်မျိုးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သွေးလေးဖက်နာရောဂါသည် ဖြစ်ပြီးလျှင် ပျောက်ဖို့မလွယ်ချေ။ ပိုမဆိုးအောင်ပဲ ထိန်းထားနိုင်သည်။ အရွယ်မရွေး ကျား၊ မ မရွေး ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက် ၃၀နဲ့ ၅၀ကြားမှာ ပိုအဖြစ်များပါတယ်။

သွေးလေးဖက်နာသည် ခန္ဓာကိုယ်တွင်းရှိ ခုခံအားစနစ် ပုံမှန်မဟုတ်ဘဲ ခုခံအားများ ပိုမိုထွက်ရှိခြင်းကြောင့် ဖြစ်ပါတယ်။ ခုခံအားတွေ ပိုထွက်တော့ မကောင်းဘူးလားဆိုပြီး မေးစရာရှိပါတယ်။ တန်ဆေးလွန်ဘေးပါ။ ခုခံအားများ ပိုမိုထွက်ရှိလာတဲ့အခါမှာ ခန္ဓာကိုယ်မှာရှိတဲ့ အဆစ်အမြစ်တွေ ထိခိုက်တဲ့အတွက် အဆစ်များ ရောင်လာပြီး သွေးလေးဖက်နာ ဖြစ်လာတယ်။

ဘာလို့ခုခံအားတွေ ပိုထွက်တာလဲဆိုတဲ့ အကြောင်းရင်းကတော့ သေချာ မပြောနိုင်သေးပါဘူး။ သို့သော် သုတေသနပညာရှင်များကတော့ မျိုးရိုးဗီဇနှင့် ဆိုင်သည်ဟု ယူဆကြပါတယ်။ တချို့ကလည်း မျိုးရိုးဗီဇနဲ့ ပြင်ပပတ်ဝန်းကျင် အကြောင်းများဖြစ်တဲ့ ဗိုင်းရပ်စ်ရောဂါပိုးများ ဝင်ရောက်တာ၊  ဆေးလိပ်အသောက်များတာ၊ အူအတွင်းရှိ အကျိုးပြု ဘက်တီးရီးယားများမရှိတာ စသည့်အချက်များပေါင်းစုံကာ ဖြစ်သည်ဟု ယူဆကြပါတယ်။

အဓိကလက္ခဏာကတော့ အဆစ်မြစ်တွေ ရောင်ရမ်းနာကျင်တာပါ။ အဆစ်တွေတစ်ခုထက်မက ရောင်ရမ်းမယ်။ လက်ချောင်း၊ ခြေချောင်း၊ လက်ကောက်ဝတ်စတဲ့ အဆစ်သေးလေးတွေ စတင်ရောင်မယ်။ အဆစ်မြစ်တွေ ပူတာ၊ တင်းတာ ၊ လှုပ်ရှားလို့ မကောင်းတာတွေလည်း ဖြစ်နိုင်တယ်။ မနက်အိပ်ရာထချိန်တွေမှာ ခံစားရတဲ့ဝေဒနာ ပိုဆိုးတတ်တယ်။ အခြားအဆစ်တွေမှာလည်း တပြိုင်နက် ဖြစ်နိုင်တယ်။ သိပ်ဆိုးရင် ပခုံးဆစ်၊ တံတောင်၊ ဒူးဆစ် စတာတွေပါ ဖြစ်လာမယ်။ ဖြစ်နေတုန်းမှာ ငွေ့ငွေ့ဖျားတာ၊ အစားအသောက်ပျက်၊ အားအင်ကုန်ခမ်းတာ ရှိနိုင်တယ်။

ရောင်နေသည့် အဆစ်များကို လက်နဲ့ဖိကြည့်ရင် လှုပ်ရှားခိုင်းရင် အကွေးအဆန့် လုပ်ခိုင်းရင် နာကျင်မှုကို ခံစားရနိုင်သည်။ သွေးလေးဖက်နာ ဖြစ်တာ ကြာလာရင် အရိုးအဆစ်များ ပျက်စီးပြီးကွေးကောက်တာ ပုံစံပျက်တာမျိုးတွေထိပါ ဖြစ်နိုင်ပါတယ်။ သွေးလေးဖက်နာ ရောဂါလက္ခဏာက အဆစ်အမြစ် ရောင်ရမ်းတာပဲလားဆိုတော့ မဟုတ်ပါ။ အဆစ်မြစ်တွေ ရောင်ရမ်းတာအပြင် ခန္ဓာကိုယ်ရှိ တခြားအင်္ဂါအစိတ်အပိုင်းများပါ ထိခိုက်မှု ရှိစေနိုင်ပါတယ်။ဘယ်အင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်ပြီး ဘာတွေဖြစ်လာနိုင်သလဲကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

အရိုးနဲ့ ကြွက်သားအဖွဲ့အစည်းကို ထိခိုက်ပြီး ကြွက်သားများပျော့တာ သိမ်လာတာ၊ အရိုးများ ပွလာတာ ဖြစ်နိုင်ပါတယ်။ သွေးအားနည်းတာ၊ ဘေလုံးကြီးတာတွေလည်း ဖြစ်စေနိုင်သည်။ အရေပြားပေါ်တွင်လည်း Rheumatoid Nodule ခေါ် အကျိတ်အဖုများ ထွက်လာတတ်ပါတယ်။ အများအားဖြင့် ဖိမိ တိုက်မိသောနေရာများတွင် ဖြစ်သည်။

တစ်ကိုယ်လုံးရှိ သွေးကြောများကိုလည်း ရောင်ရမ်းစေနိုင်ပါတယ်။ လက်ထိပ်ခြေထိပ်တွေကို သွေးထောက်ပံ့သည့် သွေးကြောငယ်လေးများ ရောင်ရမ်းတာမျိုးဖြစ်ခဲ့ရင် ထိုသွေးကြောလေးများ ပိတ်သွားကာ သွေးမလျှောက်တော့သည့်အတွက် ခြေထိပ်လက်ထိပ်လေးတွေ ပုပ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။နောက်ပြီး အရေပြားအောက်ရှိ သွေးကြောငယ်လေးများ ရောင်ရမ်းကာ ပိတ်သွားရင်တော့ Pyoderma Gangernosum ဟုခေါ်တဲ့ အရေပြားမှာ အကွက်လိုက်ပုပ်ပြီး အနာဖြစ်တာမျိုး တွေဖြစ်နိုင်ပါတယ်။

နောက် အရေးကြီးအင်္ဂါတွေဖြစ်တဲ့ နှလုံးတို့၊ အဆုတ်တို့မှာရှိတဲ့ အမြှေးပါးတွေ ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ အဆုတ်ထဲမှာလည်း အရေပြားမှာထွက်တဲ့ Rheumatoid Nodule ခေါ် အလုံးအကျိတ်တွေ ထွက်နိုင်ပါတယ်။ မျက်လုံးမှာဆိုရင်လည်း မျက်ကြည်လွှာရောင်ရမ်းတာ(Scleritis)၊ မျက်ခမ်းရောင်ရမ်းတာ(Keratoconjunctivitis sicca)တွေ ဖြစ်ကာ အမြင်အာရုံကြည့်လို့ မကောင်းတာတွေ ဖြစ်နိုင်ပါတယ်။

နောက်ကျောရိုးမှာရှိတဲ့ အဆစ်တွေ လွဲချော်မှုကိုဖြစ်စေပြီး ကျောရိုးနဗ်ကြိုး(Spinal Cord)ကို သွားဖိတဲ့အတွက် အာရုံကြောနဲ့ဆိုင်တဲ့ရောဂါတွေ (Peripheral Neuropathy, Compression Neuropathy) ကိုလည်း ခံစားရနိုင်ပါတယ်။ ဒါကြောင့် သွေးလေးဖက်နာကို အဆစ်မြစ်ရောင်ရုံလောက်ပဲဖြစ်နိုင်တယ်ဆိုပြီး ပေါ့ပေါ့တန်တန်သဘောထားလို့ မရပါဘူး။ အရိုးအဆစ်တွေ ရောင်ရမ်းပြီဆိုတာနဲ့ ဘာမှန်းသိအောင် ဆရာဝန်နဲ့ ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။

ဘာစမ်းသပ်စစ်ဆေးမှုတွေလုပ်နိုင်လဲဆိုတော့

သွေးစစ်၊ ဆီးစစ်လုပ်ရတယ်။ တခြားအဆစ်မြစ်ရောင်ရောဂါတွေ (ဂေါက်တို့၊ ပိုးလေးဖက်နာတို့) အတွက်ပါ စိတ်ချစေဖို့ စစ်ဆေးရတယ်။ သွေးဖောက်ပြီးတော့ RF (rheumatoid factor) ရှိ၊ မရှိ စစ်ရတယ်။ ၇၀ရာခိုင်နှုန်းလောက်က positive ပြမယ်။ သို့သော် RF positive ဖြစ်တိုင်းလည်း သွေးလေးဖက်နာလို့ သေချာမပြောနိုင်သေးသလို RF negative ဖြစ်တိုင်းလည်း သွေးလေးဖက်နာ မဟုတ်ပါဘူးလို့ အပြတ်ငြင်းလို့ မရပါဘူး။ ဘာလို့လဲဆိုတော့ တီဘီရောဂါသည်တွေ၊ အသည်းရောင်စီပိုးရှိသူတွေမှာ လည်း RF  positive ဖြစ်တတ်လို့ပါ။

နောက် အဆစ်အမြစ် ရောင်ရမ်းနေစဉ်မှာ သွေးစစ်ကြည့်မယ်ဆိုရင် ESR (သို့) CRP တက်နေနိုင်ပါတယ်။ ASO စစ်ကြည့်ရင် ပုံမှန်လောက်သာ တွေ့ရတယ်။ အခုနောက်ပိုင်းမှာ anti-CCP (cyclic citrullinated peptite Ab) ဆိုတာ စစ်ရင် ပိုသေချာတယ်လို့ သုတေသနပညာရှင်များက ပြောလာကြပါတယ်။

X ray ဓာတ်မှန်လည်း ရိုက်နိုင်ပါတယ်။ မကောင်းတဲ့အချက်က သိပ်ဆိုးတဲ့ အခါမှသာ ဓာတ်မှန်မှာ သွေးလေးဖက်နာ လက္ခဏာတွေ တွေ့နိုင်ပါတယ်။ အဆစ်တွေ ပျက်ဆီးနေတာကို ဓာတ်မှန်မှာ မြင်နိုင်တယ်။ စောစောသိချင်ရင် X-ray ကို အားကိုးလို့လည်း မရဘူး။ ရောဂါသေချာဖို့ စစ်ဆေးမှုတွေ လုပ်တာအပြင် အမှတ်ပေးစနစ်နဲ့ ခွဲခြားတဲ့ American Rheumatism Association ကထုတ်တဲ့ criteria တွေနဲ့ပါ ပေါင်းပြီး တွက်ချက်နိုင်တယ်။

Author : Dr. 528

 

 

 

 

 

 

 

 

Previous Post

အသက်ကြီးလာတဲ့အခါ

Next Post

ထမင်းစားရင် ဂလုပ် ဂလုပ်နဲ့ မေးရိုးက အသံ ဆူဆူညံ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
847
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ထမင်းစားရင် ဂလုပ် ဂလုပ်နဲ့ မေးရိုးက အသံ ဆူဆူညံ

မွေးကင်းစကလေးနဲ့ ချက်ပုပ်နာ

နို့စို့အရွယ်ကလေးကို နွားနို့တိုက်တာ ကောင်းသလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.