fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အယားဒုက္ခ

1.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/10/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

`ယားတယ္ေနာ္ ကုတ္တယ္ေနာ္ မေပ်ာက္ဘူးေနာ္´ဟိုယား ဒီယား ဟိုကုတ္ ဒီကုတ္´သံသရာလည္ေနေသာ မႈိေၾကာင့္ျဖစ္ေသာအေရျပား ယားနာမ်ားက လူတိုင္းနီးပါးခံစားရဖူးပါတယ္။ FUNGUS လို႔ေခၚတဲ့မႈိပိုးေၾကာင့္ျဖစ္တာပါ။ မႈိပိုးမ်ားသည္ ကိုယ္ခႏၶာစိုစြတ္ေနေသာေနရာမ်ားကို သူတို႔ရဲ႕အိမ္ကဲ့သို႔သေဘာထားကာ စြဲကပ္ေနတတ္ၾကပါတယ္။ ဥပမာ အေရျပားစုံေသာေနရာမ်ားျဖစ္တဲ့ ေျခေထာက္ၾကား၊ အဂၤါစပ္ၾကား၊ ရင္သားၾကားစသည့္ေနရာေတြမွာ ယားနာပိုေပါက္ေလ့ရွိပါတယ္။

အဆိုပါ မႈိပိုးသည္ အေရးျပားအေပၚယံတြင္သာေနေလ့ရွိၿပီး အထဲသို႔ေဖာက္ဝင္ျခင္း မရွိတတ္ပါ။ ဝေသာသူမ်ားတြင္ အေရျပားအတြန႔္အေခါက္ ပိုမ်ားသာေၾကာင့္ ပိုျဖစ္တတ္ပါတယ္။ ဆီးခ်ိဳေရာဂါရွိသူမ်ားတြင္လည္း မႈိပိုးေၾကာင့္ျဖစ္ေသာ အေရျပားေရာဂါ ပိုျဖစ္ပါတယ္။ မႈိပိုးေရာဂါမ်ားကေတာ့ ေပြး၊ ဝဲ၊ ညင္းႏွင့္ အျခားေသာ YEAST ေရာဂါမ်ားျဖစ္ပါတယ္။

(၁)သဲဝဲ(Athelet`s foot)
သဲဝဲစားျခင္းသည္ မႈိပိုးေၾကာင့္ျဖစ္တာပါ။ ေျခေထာက္ၾကားေတြမွာ အျဖစ္မ်ားပါတယ္။ ေျခေထာက္သည္ အေရျပားအဖတ္ေတြ နီမယ္ ၊ အဖတ္ကြာမယ္၊ ယားမယ္၊ ပူမယ္၊ အေရၾကည္ဖု ထမယ္၊ အနာျဖစ္ေနမယ္။ ဝဲေပါက္ရေသာအေၾကာင္းရင္းေတာ့ ရႈးဖိနပ္မ်ားသည္ စိုစြတ္ေနသည္ကို စီးျခင္း၊ ေျခအိတ္မ်ားမသန႔္ရွင္းျခင္း၊ မသန႔္ရွင္းေသာေရႏွင့္ အၿမဲထိေတြ႕ေနျခင္းေၾကာင့္ ျဖစ္တတ္ပါတယ္။ ရႈး ဖိနပ္က်ပ္ၾကပ္ဝတ္သူမ်ားႏွင့္ အမ်ားသုံးေရကူးကန္ကူးသူမ်ားတြင္ အမ်ားဆုံးျဖစ္ပါတယ္။

သဲဝဲစားျခင္းက တစ္ေယာက္နဲ႔တစ္ေယာက္ လကၡာဏာမတူတတ္ပါ။ အမ်ားဆုံးက ေျခေထာက္အေရျပား ကြဲအက္ျခင္း၊ ကြာက်ျခင္း၊ နီျခင္း၊ အရည္ၾကည္ဖုထျခင္းႏွင့္ ကြဲအက္ျခင္းတိုျဖစ္ႏိုင္ပါတယ္။ယားယံျခင္းႏွင့္ ပူေလာင္ျခင္း ခံစားရတတ္ပါတယ္။ သဲဝဲစားျခင္းတြင္ ေျခၾကားလက္ၾကားထဲတြင္ ျဖစ္ေသာသဲဝဲစားျခင္းသည္ ယားမယ္၊ ပူမယ္ ထိုမွတဆင့္ ေျခဖဝါးထိ ျပန႔္ႏွံ႔တတ္ပါတယ္။ တခ်ိဳ႕သဲဝဲမ်ားက ယားေျခာက္ၿပီး ကြာက်ပါတယ္။ အေရျပားထူၿပီး ကြဲအက္သြားပါတယ္။ ေျခဖဝါးတစ္ခုလုံးမွတဆင့္ ေဘးဘက္ဆီသို႔ ပ်ံ႕ႏွံ႔တတ္ပါတယ္။ အခ်ိဳ႕သဲဝဲကေတာ့ အရည္ၾကည္ဖုေတြ ေပါက္ေနတတ္ပါတယ္။ ေျခမ၊ ေျခဖေနာင့္ေတြမွာ ေပါက္တတ္ပါတယ္။

သဲဝဲစားျခင္းအတြက္ မႈိပိုးသတ္ေဆးလိမ္းေဆးမ်ား လိမ္းလို႔ရပါတယ္။ ျပင္းထန္ပါက ေသာက္ေဆးလိုပါတယ္။ ဒါေၾကာင့္မို႔ သဲဝဲစားျခင္း ကာကြယ္ရန္ မိမိေျခေထာက္မ်ားကို သန႔္ရွင္းေျခာက္ေသြ႕ရန္ အထူးကုဂ႐ုစိုက္ရပါမယ္။

(၂)Jock itch ဆိုတဲ့ မႈိေရာဂါတစ္မ်ိဳးသည္ လိင္အဂၤါ၊ ေပါင္ၾကားႏွင့္ တင္ပါးတို႔တြင္ ေပါက္တတ္ပါတယ္။ ယားၿပီးနီရဲေသာ အကြက္မ်ားျဖစ္ေစပါတယ္။ တစ္ဦးႏွင့္တစ္ဦး အလြယ္တကူ ကူးစက္တတ္ပါတယ္။ ေပါင္ၾကားတြင္ ယားၿပီးနီရဲပူစက္ေသာ အကြက္မ်ားျဖစ္ပါတယ္။ ကုနည္းမွာ ထိုေနရာကို သန႔္ရွင္းေျခာက္ေသြ႕ေအာင္ထားၿပီး မႈိပိုးသတ္ေဆးလိမ္းေဆးမ်ား လိမ္းပါ။ အတြင္းခံ ေန႔စဥ္ ေလ်ာ္ဖြတ္လဲလွယ္ဝတ္ဆင္ပါ။

(၃)ေပြး
ေပြးသည္ ကိုယ္ခႏၶာ အႏွံ႔အျပားမွာ ေပါက္ႏိုင္ပါတယ္။ ေပြးသည္ နီဝိုင္းေသာ အေရျပားအကြက္မ်ား ျဖစ္ပါတယ္။ ေပြးကြက္မ်ားက ထပ္ေနၿပီး ပ်ဥ္လိုက္အကြက္ႀကီး ျဖစ္ေနတတ္ပါတယ္။ တစ္ဦးနဲ႔တစ္ဦး ကူးစက္တတ္ပါတယ္။ အဝတ္အစား အသုံးအေဆာင္မ်ားမွတဆင့္ ကူးစက္တတ္ပါတယ္။ အပူႏွင့္စိုစြတ္မႈတို႔ေၾကာင့္ ပိုျပန႔္ပြားတတ္ပါတယ္။ အၿမဲယားလို႔ ကုတ္ေနရတတ္ပါတယ္။

ကုနည္းကေတာ့ေပြးေပါက္ေသာေနရာမ်ားကို မႈိပိုးသတ္ေဆးလိမ္းေဆးမ်ား လိမ္းျခင္းျဖစ္ပါတယ္။ ေန႔စဥ္ေဆးဆပ္ျပာျဖင့္ ေရခ်ိဳးပါ။

(၄)ကန္ဒီးဒါးလို႔ေခၚတဲ့ မႈိပိုးေရာဂါမ်ား
ထိုမႈိပိုးေရာဂါမ်ားက ေႏြးေထြးစိုစြတ္တဲ့ ေနရာမ်ားမွာ ပိုေပါက္ေလ့ရွိပါတယ္။ ဝတဲ့သူ၊ ဆီးခ်ိဳရွိသူနဲ႔ပိုးသတ္ေဆး ေရရွည္ေသာက္သူမ်ားတြင္ အဆိုပါ အေရျပား ပိုေပါက္ေလ့ရွိပါတယ္။ ကေလးငယ္မ်ား ေသးခံဝတ္ျခင္းေၾကာင့္ ယားနာျဖစ္ေစပါတယ္။ ယား၊နီ၊ေရာင္မယ္၊ျပည္ ရွိေနတတ္ပါတယ္။ ေျခသည္းလက္သည္း၊ ပါးစပ္၊ မိန္းမကိုယ္စသည့္ ေနရာမ်ားတြင္ပိုေပါက္ပါတယ္။ မႈိပိုးေၾကာင့္ျဖစ္ေသာ ေရာဂါမ်ားကို အဆိုပါေနရာမွ အေရျပားစအနည္းငယ္ ျခစ္ယူရ်္ မႈိပိုးကို ဓာတ္ခြဲခန္းတြင္ ရွာေဖြစမ္းသပ္ႏိုင္ပါတယ္။

ကုသနည္းမ်ား
မႈိပိုးေၾကာင့္ျဖစ္ေသာ အေရျပားယားနာမ်ားကို ပုံမွန္အားျဖင့္ မႈိပိုးသတ္ေဆး ေသာက္ေဆးမ်ားျဖင့္ ကုသျခင္း၊ ထိုယားနာေပါက္ေသာ ေနရာကို တိုက္႐ိုက္ လိမ္းေဆးျဖင့္ ကုသျခင္းမ်ားျဖင့္ ကုသမႈ ေပးရပါတယ္။ မႈိပိုးသတ္ေဆး လိမ္းေဆးအမ်ိဳးမ်ိဳးရွိပါတယ္။ ခရင္မ္၊ ဂ်ယ္၊ အရည္ ႏွင့္ေခါင္းေလ်ာ္ရည္ အမ်ိဳးမ်ိဳးရွိပါတယ္။ ယားနာေပါက္ေသာေနရာမ်ားအား ကုတ္ျခင္း ဖဲ့ျခင္းမ်ားသည္ ေရာဂါပိုးပိုမိုျပန႔္ပြားလြယ္ပါတယ္။

အလြန္ယားလွ်င္ သန႔္ရွင္းေသာ ေရဝတ္ျဖင့္သုတ္ပါ၊ အေျခာက္ခံပါ ၿပီးလွ်င္ ယားနာေပ်ာက္ေဆးလိမ္းပါ။ အဝတ္အစားမ်ားကို ေန႔စဥ္လဲပါ။ ယားနာမ်ားသည္ သန္ေကာင္မ်ားရွိလွ်င္လည္း ေပါက္တတ္ေသာေၾကာင့္ သန္ခ်ေဆး ၃လတစ္ခါ ေသာက္ပါ။ မိန္းမကိုယ္တြင္ မႈိေရာဂါျဖစ္လွ်င္ မႈိပိုးသတ္ေဆးအေတာင့္မ်ားထည့္ျခင္းျဖင့္ ကုသမႈေပးရပါတယ္။ ပါးစပ္အတြင္းမႈိနာရွိလွ်င္ ပါးစပ္ေဆးရည္ျဖင့္ေန႔စဥ္ေဆးေၾကာေပးရပါတယ္။ မိမိကိုယ္တိုင္ မႈိပိုးသတ္ေဆးလိမ္း၍ မေပ်ာက္ခဲ့လွ်င္ အေရျပားအထူးကုဆရာဝန္ႏွင့္တိုင္ပင္ကုသရန္ လိုအပ္ပါတယ္။

ကာကြယ္နည္းမ်ား
မႈိပိုးေၾကာင့္ျဖစ္ေသာ အေရျပားယားနာမ်ား မျဖစ္ေအာင္ တစ္ကိုယ္ရည္သန႔္ရွင္းမႈ အထူးဂ႐ုျပဳၾကပါ။မသန႔္ရွင္းေသာေရမ်ားႏွင့္ ထိေတြ႕လွ်င္ ေဆးဆပ္ျပာျဖင့္ ေသခ်ာေဆးေၾကာပါ။ ေအာက္ခံ အတြင္းခံ အက်ႌ ႏွင့္မိမိအသုံးအေဆာင္ အဝတ္အစားမ်ား သဘက္ စသည္တို႔ကို အၿမဲ လဲလွယ္သုံးစြဲပါ။ ေလ်ာ္ဖြတ္ပါ။ လူအမ်ားႏွင့္ေနထိုင္ရလွ်င္ အဝတ္အစားသဘက္ မွ်ေဝသုံးစြဲျခင္း မျပဳရပါ။ အေရျပားေရာဂါ ျဖစ္ေစႏိုင္ေသာေရာဂါအခံရွိလွ်င္ ကုပါ။

Author : Dr. ျပည့္ရွင္း

(Unicode)

`ယားတယ်နော် ကုတ်တယ်နော် မပျောက်ဘူးနော်´ဟိုယား ဒီယား ဟိုကုတ် ဒီကုတ်´သံသရာလည်နေသော မှိုကြောင့်ဖြစ်သောအရေပြား ယားနာများက လူတိုင်းနီးပါးခံစားရဖူးပါတယ်။ FUNGUS လို့ခေါ်တဲ့မှိုပိုးကြောင့်ဖြစ်တာပါ။ မှိုပိုးများသည် ကိုယ်ခန္ဓာစိုစွတ်နေသောနေရာများကို သူတို့ရဲ့အိမ်ကဲ့သို့သဘောထားကာ စွဲကပ်နေတတ်ကြပါတယ်။ ဥပမာ အရေပြားစုံသောနေရာများဖြစ်တဲ့ ခြေထောက်ကြား၊ အင်္ဂါစပ်ကြား၊ ရင်သားကြားစသည့်နေရာတွေမှာ ယားနာပိုပေါက်လေ့ရှိပါတယ်။

အဆိုပါ မှိုပိုးသည် အရေးပြားအပေါ်ယံတွင်သာနေလေ့ရှိပြီး အထဲသို့ဖောက်ဝင်ခြင်း မရှိတတ်ပါ။ ဝသောသူများတွင် အရေပြားအတွန့်အခေါက် ပိုများသာကြောင့် ပိုဖြစ်တတ်ပါတယ်။ ဆီးချိုရောဂါရှိသူများတွင်လည်း မှိုပိုးကြောင့်ဖြစ်သော အရေပြားရောဂါ ပိုဖြစ်ပါတယ်။ မှိုပိုးရောဂါများကတော့ ပွေး၊ ဝဲ၊ ညင်းနှင့် အခြားသော YEAST ရောဂါများဖြစ်ပါတယ်။

(၁)သဲဝဲ(Athelet`s foot)
သဲဝဲစားခြင်းသည် မှိုပိုးကြောင့်ဖြစ်တာပါ။ ခြေထောက်ကြားတွေမှာ အဖြစ်များပါတယ်။ ခြေထောက်သည် အရေပြားအဖတ်တွေ နီမယ် ၊ အဖတ်ကွာမယ်၊ ယားမယ်၊ ပူမယ်၊ အရေကြည်ဖု ထမယ်၊ အနာဖြစ်နေမယ်။ ဝဲပေါက်ရသောအကြောင်းရင်းတော့ ရှုးဖိနပ်များသည် စိုစွတ်နေသည်ကို စီးခြင်း၊ ခြေအိတ်များမသန့်ရှင်းခြင်း၊ မသန့်ရှင်းသောရေနှင့် အမြဲထိတွေ့နေခြင်းကြောင့် ဖြစ်တတ်ပါတယ်။ ရှုး ဖိနပ်ကျပ်ကြပ်ဝတ်သူများနှင့် အများသုံးရေကူးကန်ကူးသူများတွင် အများဆုံးဖြစ်ပါတယ်။

သဲဝဲစားခြင်းက တစ်ယောက်နဲ့တစ်ယောက် လက္ခာဏာမတူတတ်ပါ။ အများဆုံးက ခြေထောက်အရေပြား ကွဲအက်ခြင်း၊ ကွာကျခြင်း၊ နီခြင်း၊ အရည်ကြည်ဖုထခြင်းနှင့် ကွဲအက်ခြင်းတိုဖြစ်နိုင်ပါတယ်။ယားယံခြင်းနှင့် ပူလောင်ခြင်း ခံစားရတတ်ပါတယ်။ သဲဝဲစားခြင်းတွင် ခြေကြားလက်ကြားထဲတွင် ဖြစ်သောသဲဝဲစားခြင်းသည် ယားမယ်၊ ပူမယ် ထိုမှတဆင့် ခြေဖဝါးထိ ပြန့်နှံ့တတ်ပါတယ်။ တချို့သဲဝဲများက ယားခြောက်ပြီး ကွာကျပါတယ်။ အရေပြားထူပြီး ကွဲအက်သွားပါတယ်။ ခြေဖဝါးတစ်ခုလုံးမှတဆင့် ဘေးဘက်ဆီသို့ ပျံ့နှံ့တတ်ပါတယ်။ အချို့သဲဝဲကတော့ အရည်ကြည်ဖုတွေ ပေါက်နေတတ်ပါတယ်။ ခြေမ၊ ခြေဖနောင့်တွေမှာ ပေါက်တတ်ပါတယ်။

သဲဝဲစားခြင်းအတွက် မှိုပိုးသတ်ဆေးလိမ်းဆေးများ လိမ်းလို့ရပါတယ်။ ပြင်းထန်ပါက သောက်ဆေးလိုပါတယ်။ ဒါကြောင့်မို့ သဲဝဲစားခြင်း ကာကွယ်ရန် မိမိခြေထောက်များကို သန့်ရှင်းခြောက်သွေ့ရန် အထူးကုဂရုစိုက်ရပါမယ်။

(၂)Jock itch ဆိုတဲ့ မှိုရောဂါတစ်မျိုးသည် လိင်အင်္ဂါ၊ ပေါင်ကြားနှင့် တင်ပါးတို့တွင် ပေါက်တတ်ပါတယ်။ ယားပြီးနီရဲသော အကွက်များဖြစ်စေပါတယ်။ တစ်ဦးနှင့်တစ်ဦး အလွယ်တကူ ကူးစက်တတ်ပါတယ်။ ပေါင်ကြားတွင် ယားပြီးနီရဲပူစက်သော အကွက်များဖြစ်ပါတယ်။ ကုနည်းမှာ ထိုနေရာကို သန့်ရှင်းခြောက်သွေ့အောင်ထားပြီး မှိုပိုးသတ်ဆေးလိမ်းဆေးများ လိမ်းပါ။ အတွင်းခံ နေ့စဉ် လျော်ဖွတ်လဲလှယ်ဝတ်ဆင်ပါ။

(၃)ပွေး
ပွေးသည် ကိုယ်ခန္ဓာ အနှံ့အပြားမှာ ပေါက်နိုင်ပါတယ်။ ပွေးသည် နီဝိုင်းသော အရေပြားအကွက်များ ဖြစ်ပါတယ်။ ပွေးကွက်များက ထပ်နေပြီး ပျဉ်လိုက်အကွက်ကြီး ဖြစ်နေတတ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ကူးစက်တတ်ပါတယ်။ အဝတ်အစား အသုံးအဆောင်များမှတဆင့် ကူးစက်တတ်ပါတယ်။ အပူနှင့်စိုစွတ်မှုတို့ကြောင့် ပိုပြန့်ပွားတတ်ပါတယ်။ အမြဲယားလို့ ကုတ်နေရတတ်ပါတယ်။

ကုနည်းကတော့ပွေးပေါက်သောနေရာများကို မှိုပိုးသတ်ဆေးလိမ်းဆေးများ လိမ်းခြင်းဖြစ်ပါတယ်။ နေ့စဉ်ဆေးဆပ်ပြာဖြင့် ရေချိုးပါ။

(၄)ကန်ဒီးဒါးလို့ခေါ်တဲ့ မှိုပိုးရောဂါများ
ထိုမှိုပိုးရောဂါများက နွေးထွေးစိုစွတ်တဲ့ နေရာများမှာ ပိုပေါက်လေ့ရှိပါတယ်။ ဝတဲ့သူ၊ ဆီးချိုရှိသူနဲ့ပိုးသတ်ဆေး ရေရှည်သောက်သူများတွင် အဆိုပါ အရေပြား ပိုပေါက်လေ့ရှိပါတယ်။ ကလေးငယ်များ သေးခံဝတ်ခြင်းကြောင့် ယားနာဖြစ်စေပါတယ်။ ယား၊နီ၊ရောင်မယ်၊ပြည် ရှိနေတတ်ပါတယ်။ ခြေသည်းလက်သည်း၊ ပါးစပ်၊ မိန်းမကိုယ်စသည့် နေရာများတွင်ပိုပေါက်ပါတယ်။ မှိုပိုးကြောင့်ဖြစ်သော ရောဂါများကို အဆိုပါနေရာမှ အရေပြားစအနည်းငယ် ခြစ်ယူရျ် မှိုပိုးကို ဓာတ်ခွဲခန်းတွင် ရှာဖွေစမ်းသပ်နိုင်ပါတယ်။

ကုသနည်းများ
မှိုပိုးကြောင့်ဖြစ်သော အရေပြားယားနာများကို ပုံမှန်အားဖြင့် မှိုပိုးသတ်ဆေး သောက်ဆေးများဖြင့် ကုသခြင်း၊ ထိုယားနာပေါက်သော နေရာကို တိုက်ရိုက် လိမ်းဆေးဖြင့် ကုသခြင်းများဖြင့် ကုသမှု ပေးရပါတယ်။ မှိုပိုးသတ်ဆေး လိမ်းဆေးအမျိုးမျိုးရှိပါတယ်။ ခရင်မ်၊ ဂျယ်၊ အရည် နှင့်ခေါင်းလျော်ရည် အမျိုးမျိုးရှိပါတယ်။ ယားနာပေါက်သောနေရာများအား ကုတ်ခြင်း ဖဲ့ခြင်းများသည် ရောဂါပိုးပိုမိုပြန့်ပွားလွယ်ပါတယ်။

အလွန်ယားလျှင် သန့်ရှင်းသော ရေဝတ်ဖြင့်သုတ်ပါ၊ အခြောက်ခံပါ ပြီးလျှင် ယားနာပျောက်ဆေးလိမ်းပါ။ အဝတ်အစားများကို နေ့စဉ်လဲပါ။ ယားနာများသည် သန်ကောင်များရှိလျှင်လည်း ပေါက်တတ်သောကြောင့် သန်ချဆေး ၃လတစ်ခါ သောက်ပါ။ မိန်းမကိုယ်တွင် မှိုရောဂါဖြစ်လျှင် မှိုပိုးသတ်ဆေးအတောင့်များထည့်ခြင်းဖြင့် ကုသမှုပေးရပါတယ်။ ပါးစပ်အတွင်းမှိုနာရှိလျှင် ပါးစပ်ဆေးရည်ဖြင့်နေ့စဉ်ဆေးကြောပေးရပါတယ်။ မိမိကိုယ်တိုင် မှိုပိုးသတ်ဆေးလိမ်း၍ မပျောက်ခဲ့လျှင် အရေပြားအထူးကုဆရာဝန်နှင့်တိုင်ပင်ကုသရန် လိုအပ်ပါတယ်။

ကာကွယ်နည်းများ
မှိုပိုးကြောင့်ဖြစ်သော အရေပြားယားနာများ မဖြစ်အောင် တစ်ကိုယ်ရည်သန့်ရှင်းမှု အထူးဂရုပြုကြပါ။မသန့်ရှင်းသောရေများနှင့် ထိတွေ့လျှင် ဆေးဆပ်ပြာဖြင့် သေချာဆေးကြောပါ။ အောက်ခံ အတွင်းခံ အကျႌ နှင့်မိမိအသုံးအဆောင် အဝတ်အစားများ သဘက် စသည်တို့ကို အမြဲ လဲလှယ်သုံးစွဲပါ။ လျော်ဖွတ်ပါ။ လူအများနှင့်နေထိုင်ရလျှင် အဝတ်အစားသဘက် မျှဝေသုံးစွဲခြင်း မပြုရပါ။ အရေပြားရောဂါ ဖြစ်စေနိုင်သောရောဂါအခံရှိလျှင် ကုပါ။

Author : Dr. ပြည့်ရှင်း

 

Previous Post

သွေးပေါင်ကျခြင်း

Next Post

ကော်ရှူခြင်းအန္တရာယ် (သို့မဟုတ်) လူငယ်တွေရဲ့ဘဝများစွာကိုတငွေ့ငွေ့လောင်မြိုက်နေသော ဖွဲမီးတစ်ခု

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
849
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကော်ရှူခြင်းအန္တရာယ် (သို့မဟုတ်) လူငယ်တွေရဲ့ဘဝများစွာကိုတငွေ့ငွေ့လောင်မြိုက်နေသော ဖွဲမီးတစ်ခု

အကြောပြတ်ခြင်း (အပိုင်း ၂)

မိခင်နို့ချိုနှင့်ဖြည့်စွက်စာ (အပိုင်း ၂)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.