ဆီးသွားနေစဉ် ၊ ဆီးသွားပြီးခါနီး တို့မှာ ခန္ဓာကိုယ်က တဆတ်ဆတ်တုန်တာ ဇီဝကတို့တတွေ ဖြစ်ဖူးကြမှာပါ။ အထူးသဖြင့် အမျိုးသားတွေ ပိုဖြစ်တတ်ပါတယ်။ ဘာလို့ တဆတ်ဆတ်တုန်ရတယ်ဆိုတာ အမျိုးသားတွေရော ၊ အမျိုးသမီးတွေပါ နားမလည်ကြတာများပါတယ်။
ဆီးသွားရင် တဆတ်ဆတ် တုန်ရတဲ့အကြောင်းရင်းကို သိပ္ပံပညာရှင်တွေက သုတေသနပြုလုပ် ရှာဖွေနေဆဲပါ။ ဖြစ်ရတဲ့ အကြောင်းအရင်း အတိအကျကို အခုချိန်ထိ မဖော်ထုတ်နိုင်သေးပါဘူး။ ဒါပေမယ့် ဖြစ်နိုင်တဲ့ အကြောင်းအရာတွေတော့ ရှာဖွေနိုင်ခဲ့ပါတယ်။
(၁) ပတ်ဝန်းကျင် အေးတဲ့အချိန်
ပတ်ဝန်းကျင်အေးတဲ့အခါ ခန္ဓာကိုယ်ရှိ အာရုံခံပစ္စည်းလေးတွေကဦးနှောက်ကို သတင်းပို့လွှတ်ပါတယ်။ ဆီးသွားပြီးတဲ့အခါ ဆုံးရှုံးသွားတဲ့ အပူဓာတ်တွေကို ကာမိစေဖို့ ဦးနှောက်ကနေ ခန္ဓာကိုယ်ရှိ ကြွက်သားတွေ အလုပ်လုပ်စေတဲ့အတွက်ကြောင့် တဆတ်ဆတ် တုန်တတ်ပါတယ်။
(၂) အလိုအလျောက်တုန့်ပြန်တဲ့ အာရုံကြောအဖွဲ့အစည်း Autonomic nervous System
ဆီးသွားရင် တဆတ်ဆတ် တုန်ခြင်းမှာ Autnomic nervous system ကြောင့်လို့ ယူဆကြပါတယ်။ Autonomic nervous system မှာ Sympathetic နဲ့ Parasympathetic ဆိုပြီး ရှိပါတယ်။ Parasympathetic သည် နားနားနေနေနဲ့ အစာချေတဲ့လုပ်ငန်း Rest and digest function ကို အဓိက လုပ်ပါတယ်၊ ဒါ့အပြင် သွေးပေါင်ချိန်ကို ကျဆင်းစေပါတယ်။ ဆီးအိမ်ရှိကြွက်သားကို ညှစ်ပေးပြီး ဆီးလမ်းကြောင်းရှိ ကြွက်သားတွေကို ပြေလျော့စေခြင်းဖြင့် ဆီးသွားစေပါတယ်။
Sympathetic ကတော့ ပြန်ချရင်ချ ၊ ပြေးရင်ပြေးရမယ့် အခြေအနေမျိုးတွေ Fight or Flight မှာ ပါဝင်လုပ်ဆောင်ပါတယ်။ ဆီးအိမ်ရှိ ကြွက်သားတွေကို ပြေလျော့စေပြီး ဆီးလမ်းကြောင်းရှိ ကြွက်သားတွေကို ညှစ်ထားစေခြင်းဖြင့် အရေးပေါ်အခြေအနေတွေမှာ ဆီးထိန်းထားနိုင်တယ်။ ဆီးသွားတော့မယ်ဆိုရင် ဘောင်းဘီလျော့ချိန် ၊ပုဆိုးလျော့ချိန် ၊ဇာစ်ဖြုတ်ချိန်တို့ ရပါတယ်။ သို့မဟုတ်က ဆီးတွေပေကျံကုန်နိုင်ပါတယ် ။
ခန္ဓာကိုယ်မှာ Sympathetic နဲ့ Parasympathetic က အလှည့်ကျ တာဝန်ယူကြပါတယ်။Sympathetic အလှည့်မှာ ကျောက်ကပ်ထိပ်ရှိ ဂလင်းကနေ Catecholamine ဆိုတဲ့ ဟိုမုန်းလ်များထုတ်ပါတယ်။ Parasympathetic အလှည့်မှာတော့ အဆိုပါ Catecholamine ထုတ်လုပ်မှုမှာ အပြောင်းအလဲ ရှိလာပါတယ်။ အဆိုပါ Catecholamine အပြောင်းအလဲ ကြောင့် ဆီးသွားရင် တဆတ်ဆတ် တုန်ရတယ်လို့ ယူဆကြပါတယ် ။
(၃) အမျိုးသားတွေက အမျိုးသမီးတွေထက် ဆီးသွားရင် တဆတ်ဆတ် တုန်တာပိုဖြစ်ခြင်း
မတ်တပ်ရပ်ပြီး ဆီးပေါက်လေ့ရှိတဲ့ အမျိုးသားအများစုမှာသွေးပေါင်ချိန် ကျဆင်းသွားပြီး Sympathetic အလုပ် ပိုလုပ်ကာ Catecholamineပိုထုတ်လို့ အမျိုးသမီးတွေထက် တဆတ်ဆတ် တုန်တာ ပိုဖြစ်တတ်တာပါ။
Author : ခေတ်သစ် ဇီဝက