fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ရောဂါပိုးတွေဟာ ဘယ်လိုကူးစက်ကြသလဲ

64
VIEWS
23/11/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ရောဂါပိုးတွေဟာ ဘယ်လိုကူးစက်ကြသလဲ

ရောဂါလို့ ပြောတဲ့အခါ ကူးစက်နိုင်တဲ့ ရောဂါနဲ့ မကူးစက်နိုင်တဲ့ ရောဂါရယ် ဆိုပြီး နှစ်မျိုးရှိပါတယ်။ ကူးစက်နိုင်တဲ့ ရောဂါတွေက ရောဂါပိုးမျိုးစုံကြောင့် ဖြစ်တာပါ။

ရောဂါပိုးလို့ ပြောတဲ့အခါ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ parasites လို့ခေါ်တဲ့ ကပ်ပါးပိုးတွေ၊ မှိုပိုးတွေ စသဖြင့် စသဖြင့်ပါ။ ဒီပိုးတွေက တိရစ္ဆာန် အချင်းချင်းသော်လည်းကောင်း တိရစ္ဆာန်ကနေ လူကို သော်လည်းကောင်း လူအချင်းချင်းသော်လည်းကောင်း တဆင့်ပြီးတဆင့် ကူးစက်နိုင်ကြပါတယ်။

ရောဂါပိုးတွေ ဘယ်လိုကူးစက်နိုင်လဲ ဆိုတာသိထားခြင်းအားဖြင့်တော့ ရောဂါပိုးမကူးစက်ရအောင် ကြိုတင်ကာကွယ်ဖို့ လိုအပ်တာတွေ လုပ်ဆောင်လို့ရပါတယ်။ ရောဂါကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့ အသက်ရှူလမ်းကြောင်းကတဆင့်၊ အစာလမ်းကြောင်းကတဆင့်၊ တိုက်ရိုက်ထိတွေ့ခြင်းကတဆင့်၊ အကောင်တစ်ကောင်ကောင်ကိုက်ခြင်းကတဆင့်၊ သွေးကတဆင့်၊ လိင်ဆက်ဆံခြင်းကတဆင့်၊ ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားကိုကူးတာ စသဖြင့်ပါ။

အသက်ရှူလမ်းကြောင်းက တဆင့်ကူးတယ်လို့ပြောတဲ့အခါမှာ လေထဲကရောဂါပိုးက နှာချေချောင်းဆိုးရင်း ကူးတာအပြင် ရောဂါပိုးရှိသူရဲ့ နှာချေချောင်းဆိုးထားတဲ့ လက်ကိုင်ပဝါကိုင်မိပြီး တံတွေးခွက်ကိုင်မိပြီး လက်မဆေးဘဲ ကိုယ့်နှာခေါင်းကိုယ်ပြန်ကိုင်မိတာတွေကလည်း ကူးပါတယ်။ အဓိကကတော့ တုပ်ကွေးရောဂါတွေ၊ တီဘီရောဂါ၊ အသက်ရှူလမ်းကြောင်းကကူးနိုင်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ရောဂါတွေပါ။ ဥပမာ ဝက်သက်တို့ ဂျိုက်သိုးတို့လည်းပါပါတယ်။

အစာလမ်းကြောင်းကတဆင့် ကူးတယ်လို့ပြောတဲ့အခါမှာ မသန့်ရှင်းတဲ့ အစားအသောက် စားမိတာတွေ အစာပြင်ဆင်ပေးတဲ့သူက လက်မဆေးပဲ အစာပြင်ပေးတာတွေ သောက်ရေမသန့်တာတွေ ယင်နားစာတွေ မှာ ဖြစ်တာပါ။ ဝမ်းလျှောဝမ်းကိုက်ရောဂါတွေ၊ အစာအဆိပ်သင့်တာတွေ၊ အသည်းရောင်အသားဝါအေ စတဲ့ ရောဂါတွေ၊ အူတီဘီ နဲ့ သန်ကောင်နဲ့ဆိုင်တဲ့ရောဂါတွေလည်း ပါပါတယ်။

တိုက်ရိုက်ထိတွေ့ခြင်းကတဆင့် ကူးတယ်ဆိုတာကတော့ အဓိကကတော့ အရေပြားရောဂါတွေပါ ပွေး ဝဲ ညှင်း စတဲ့ ယားနာတွေ က ရောဂါရှိတဲ့သူနဲ့ ရောဂါဖြစ်တဲ့နေရာနဲ့ ထိတွေ့ထားတယ်ဆို ဖြစ်နိုင်ပါတယ်။ ရေယုံလည်း ပါပါတယ်။ သန်ကောင်မှာမှ အရေပြားကို ချိတ်ပြီး ကိုယ်ခန္ဓာထဲ ဝင်နိုင်တဲ့ သန်ကောင်ရောဂါလည်း ပါပါတယ်။ ရောဂါပိုးရှိထားတဲ့ ကြွက်သေးတွေနဲ့ ထိတွေ့ရုံနဲ့ ဖြစ်စေတတ်တဲ့ leptospirosis ရောဂါလည်းပါပါတယ်။

အကောင်တစ်ကောင်ကောင် ကိုက်တာကြောင့် ရောဂါကူးတာကတော့ အထိအတွေ့နဲ့ ဆင်တူသလိုလိုနဲ့ မတူပါဘူး။ အရေပြားမှာ ထိခိုက်ဒဏ်ရာဖြစ်ပြီးမှ ရောဂါပိုးရှိတဲ့ တံတွေးက အသားထဲကတဆင့်စိမ့်ဝင်သွားတာမျိုးပါ။ ဥပမာ ခွေးရူးရောဂါ နဲ့ ခြင်ကတဆင့်ဖြစ်တတ်တဲ့ ငှက်ဖျားတို့ သွေးလွန်တုပ်ကွေး စတာတွေပါ။ တချို့ ဒေသတွေမှာ အင်းဆက်ကိုက်တာတွေကနေ တဆင့်လည်း ရောဂါကြီးကြီးမားမားတွေ ဖြစ်စေတတ်ပါတယ်။

သွေးကတဆင့် ကူးစက်တတ်တဲ့ ရောဂါ တွေထဲမှာတော့ အသည်းရောင်အသားဝါ ဘီ စီ နဲ့ hiv အဓိကပါ။ သွေးကတဆင့် ကူးစက်တယ်လို့ ဆိုရာမှာ ရောဂါပိုးရှိတဲ့သူရဲ့ သွေးသွင်းမိတာတွေ၊ ရောဂါပိုးရှိသူသုံးထားတဲ့ တစ်ကိုယ်ရည်အသုံးဆောင်ပစ္စည်းတွေ မျှသုံးတာကတဆင့် ထိခိုက်ဒဏ်ရာရတာတွေ၊ မသန့်ရှင်းတဲ့ ဆေးထိုးအပ်တွေ မျှသုံးတာတွေ၊ တက်တူးထိုးတာနဲ့ နားဖောက်တာစတာတွေမှာ အပ်တွေ အသစ်မသုံးဘဲ မျှသုံးနေတာတွေ ကနေ ကူးစက်နိုင်ပါတယ်။

လိင်ဆက်ဆံခြင်းကနေ ကူးစက်နိုင်တယ်ဆိုတဲ့ ရောဂါတွေမှာတော့ အသည်းရောင်အသားဝါ ဘီ၊ စီ နဲ့ hiv အပြင်ကို ကာလသားရောဂါတွေ၊ ဂနို ရောဂါတွေ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းတွေ၊ သားအိမ်လမ်းကြောင်းပိုးဝင်ခြင်းတွေ၊ ကြွက်နို့ပေါက်ခြင်းတွေ နဲ့ သားအိမ်ခေါင်းကင်ဆာအထိပါ ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်ကနေ သန္ဓေသားကို ကူးစက်နိုင်တာတွေကတော့ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ရိုးရိုးဖျားနာတာမဟုတိဘဲ တချို့သော ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်ခဲ့ရင် သန္ဓေသားကို ရောဂါရဲ့ နောက်ဆက်တွဲ လက္ခဏာတွေ ဖြစ်စေတတ်ပါတယ်။ ဥပမာအားဖြင့် ရေကျောက်၊ ဂျိုက်သိုး စသဖြင့်ပါ။

အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး နဲ့ hiv လည်း ကူးနိုင်ခြေရှိပေမယ့် ကြိုတင်ကုသမှုတွေ ခံယူထားခဲ့ရင် ကိုယ်ဝန်ဆောင်မိခင်ကနေ သန္ဓေသားကို ဒီရောဂါ ကူးစက်မှုနှုန်းကို လျှော့ချပေးနိုင်ပါတယ်။ ကာလသားရောဂါ နဲ့ ဂနို ရောဂါ တွေကလည်း ကလေးကို ကူးစေပြီး နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ ဖြစ်စေတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဒီလိုရောဂါတွေ ဖြစ်လာတာနဲ့ ချက်ချင်းသေချာကုသဖို့ လိုအပ်ပါတယ်။

ရောဂါပိုးတစ်မျိုးက နည်းလမ်းတစ်ခုတည်းနဲ့ပဲ ကူးမယ်လို့တော့ တထစ်ချမှတ်ထားလို့ မရပါဘူး။တစ်ခါတစ်လေမှာ ရောဂါတစ်ခုထဲပေမယ့် နည်းလမ်းစုံနဲ့ ကူးနိုင်ပါတယ်။ ရောဂါပိုးကူးစက်တာတွေကို လျှော့ချဖို့ကတော့ အဖက်ဖက်က ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်ဖို့ လိုပါတယ်။

Author : Dr. CST

Previous Post

အရပွေား တီဘီ

Next Post

ဆေးလောကမှ တချို့ ရောဂါနာမည်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
849
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆေးလောကမှ တချို့ ရောဂါနာမည်များ

ကာလသားပိုး စစ်တဲ့အခါ

ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် အေအိုင်ဒီအက်စ်ရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.