အခုလို မိုးတွင်းကာလ သစ်သီးမျိုးစုံ မှည့်ဝင်းလာတဲ့အချိန်မှာ ဝမ်းလျှောဝမ်းပျက်လေ့ ရှိပါတယ်။ သည်တစ်ပတ် “မင်္ဂလာ မောင်မယ်” စကားဝိုင်းမှာ “ဝမ်းရောဂါနှင့်အစာ” အကြောင်းဆွေးနွေးပေးပါ့မယ်။
မောင် – ဝမ်းနဲ့ပတ်သတ်ပြီး ဘယ်လိုရောဂါတွေ ဖြစ်ပေါ်နိုင်သလဲဆရာ။
ဒေါက်တာမင်္ဂလာ- ဝမ်းနဲ့ပတ်သတ်ပြီး လူအများမှာ ဖြစ်ပေါ်ခံစားလေ့ ရှိတဲ့ဝေဒနာများမှာ ဝမ်းပျက်ခြင်း၊ ဝမ်းဖောခြင်း၊ ဝမ်းလျှောခြင်း၊ အထက်လှန်အောက်လျှောခြင်းနဲ့ တိုက်ရိုက်ခေါ် အူရောင်ငန်းဖျားရောဂါတို့ ဖြစ်ပါတယ်။
မယ် – ဝမ်းကိုက်ခြင်း ဘာကြောင့်ဖြစ်ရသလဲ ဆရာ။
ဒေါက်တာ မင်္ဂလာ – ဝမ်းကိုက်ခြင်းဆိုတာ ဝမ်းသွားစဉ် ဗိုက်ရစ်နာပြီး ဝမ်းနည်းနည်းနဲ့ အကျိအချွဲများ၊ တစ်ခါတစ်ရံ သွေးအနည်းငယ်ပါဝင်ပြီး အကြာခဏ အကြိမ်များများဝမ်းသွားခြင်း၊ ဖြစ်တယ်။ အမီးဘားခေါ် ကပ်ပါးပိုးကြောင့် လူရဲ့ ခန္ဓာကိုယ်အတွင်း ဝင်ရောက်လိို့ ဖြစ်ရတာပါပဲ။ စားလိုက်တဲ့ အစားနဲ့ သောက်လိုက်တဲ့ရေတွေမှာ ရောဂါပိုးများ ပါဝင်ပြီး လူ့ခန္ဓာကိုယ်အူလမ်းကြောင်းမှတစ်ဆင့် အသည်းထိသွားရောက်ကာ အမီးဘားကြောင့် အသည်းပြည်တည်ရောဂါဖြစ်ကာ သေဆုံးနိုင်တယ်။
မောင် – ဝမ်းလျှောခြင်း ဘာကြောင့်ဖြစ်ရတာလဲဆရာ။
ဒေါက်တာမင်္ဂလာ – ဝမ်းလျှောခြင်းဆိုတာ ဝမ်းအရည်ကျဲကျဲနဲ့ မကြာခဏ ဝမ်းသွားခြင်းဖြစ်တယ်။ လူတစ်ယောက် မှန်မှန်ဝမ်းသွားကြိမ် ၂-၃ ကြိမ်ထက် ခေါက်ရေပိုများရင် ဝမ်းလျှောခြင်းဖြစ်တယ်။ ဝမ်းလျှောရတဲ့ အကြောင်းအရင်းတွေက အီးကိုလိုင်း ဘတ်တီးရီးယားနဲ့ အခြားရောဂါပိုး အမျိုးမျိုးတို့ကြောင့်ဖြစ်တယ်။ စားလိုက်တဲ့ အစားနဲ့သောက်သုံးရေတို့မှာ ရောဂါပါလာရင် ဝမ်းလျှောခြင်းဖြစ်စေတယ်။
မယ်- ကလေးငယ်တွေ ခဏ ခဏ ဝမ်းလျှောခြင်းဖြစ်ရတာကရော ဆရာ။
ဒေါက်တာမင်္ဂလာ – ကလေးငယ်များမှာ လိုသည်ထက် နို့ပိုတိုက်ခြင်းလျှော့ပြီး တိုက်မိခြင်း၊ တိုက်ကျွေးနေကျမိခင်နို့မှ နို့မှုန့်နဲ့ အခြားနို့ပုလင်း၊ နို့သီးခေါင်းစသည့် ဝမ်းလျှောတတ်တယ်။ မိခင်ဖြစ်သူ ဝမ်းလျှောနေရင် နို့ရည်တိုက်တဲ့ ကလေးဝမ်းလျှောနိုင်တယ်။
မောင်- နောက်ဆက်တွဲ ရောဂါလက္ခဏာများကရော ဆရာ။
ဒေါက်တာမင်္ဂလာ – ဝမ်းနဲ့ ပတ်သတ်ရင် ဝမ်းကိုက်ပိုးကြောင့် အသည်းဝမ်းကိုက်ပိုးပြည်တည်နာ၊ အဆုတ်ဘေလုံး၊ ဦးနှောက်၊ ကျောက်ကပ်တို့မှာ ပြည်တည်ခြင်း အသည်းမှ ပြည်များ အပြင်ဘက်ပေါက်ထွက်ခြင်း၊ အူအတွင်းအနာကြောင့် အူပေါက်ခြင်း၊ စအိုကျွံကျခြင်းစတဲ့ အန္ဓာရာယ်များ ဖြစ်စေနိုင်တယ်။ ဝမ်းပျက်ဝမ်းလျှောကြောင့် ခန္ဓာကိုယ်တွင်း ရေနဲ့ဓာတ်ဆားလျော့နည်းလာကာ လျှာခြောက်ခြင်း၊ မျက်ကွင်းဟောက်ပက်ဖြစ်ခြင်း၊ လက်ချောင်းများပဲကြီးရေစိမ်လိုဖြစ်ခြင်း၊ အရေးပြားတွန့်ခြင်းတို့မှ လူတစ်ကိုယ်လုံး အသားအရည် ခြောက်ခန်းလို့ ခန္ဓာကိုယ်ပုံမှန်လုပ်ငန်းများ ပျက်ပြားခြင်း၊ သွေးဆိပ်တက်ခြင်း၊ အာဟာရ ချို့တဲ့ခြင်း၊ သွေးအားနည်းခြင်းဖြစ်တယ်။ ကာဝမ်းရောဂါ ဖြစ်ရင်ရေနဲ့ ဓာတ်ဆားလျှင်လျှင်မြန်မြန် ဖြစ်လို့ ကုသမှုမခံနိုင်ရင် သေဆုံးနိုင်တယ်။
မယ် – ကြိုတင်ကာကွယ်ခြင်းမှာ ဘာတွေ လိုက်နာရမလဲ ဆရာ။
ဒေါက်တာမင်္ဂလာ – ယင်နားစာများ ရှောင်ရှားရမယ်။ ရောဂါဖြစ်သူရဲ့ မစင်ကို ယင်နားကာ ပျံသန်းပြီး အစားအစာမှာ နားလို့ လူက မသန့်ရှင်းတဲ့ လက်များနဲ့ အစာကို ယူစားမိရင် ဝမ်းရောဂါများ ရစေပါတယ်။
မောင် – ရေနဲ့ အစာသန့်ရှင်းမှု အထူးသတိထားသင့်တာပေါ့နော် ဆရာ။
ဒေါက်တာမင်္ဂလာ – ဟုတ်ပါတယ်။ ယင်နားစာကို လုံးဝမစားသုံးဖို့ လိုတယ်။ အမှည့်လွန်တဲ့အထိ ဝမ်းနူးစာများ၊ ပြင်းထန်တဲ့ ဝမ်းနှုတ်ဆေးများ၊ ကြေညက်ဖို့ မလွယ်ကူတဲ့ အစားကောင်းကောင်းမကျက်တဲ့ အစာများကို မစားသင့်ဘူး။ အကင်ချောင်းစားရင် အစာမကျက်တာရယ်၊ အသားကြာမြင့်နေတာရယ်၊ တို့စားတဲ့ အချဉ်ရည် မသန့် ရှင်းတာရယ်ကြောင့် ဝမ်းလျှောဖို့ (သို့) သံကောင်စတဲ့ ဝမ်းနဲ့ဆိုင်တဲ့ ပြဿနာများ ဖြစ်လွယ်ပါတယ်။ ဂျပန်မှာဆိုရင် သားစိမ်း၊ ငါးစိမ်းများ၊ အချဉ်ထဲစိမ်ပြီး စားတာလည်းမကောင်းဘူး။
မယ်- နို့တိုက်မိခင်နဲ့ ကလေးများအတွက် အကြုံပြုဦးဆရာ။
ဒေါက်တာမင်္ဂလာ- နို့တိုက်မိခင်နဲ့ ကလေးများ မိခင်နို့မတိုက်မီ မိခင်ရဲ့ ရင်သားထိပ်တစ်ဝိုက်ကို ရေ၊ ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးကြောတဲ့ အလေ့အထ ရှိရမယ်။ နို့ဗူးတိုက်ရင် နို့ဗူးများ အချိန်မှန်ပြုတ်သင့်တယ်။ နို့သီးခေါင်းနဲ့ နို့ဗူးကို သန့်ရှင်းစင်ကြယ်အောင် သေသေချာချာ ဆေးကြောရမယ်။
မောင်- ဝမ်းလျှော၊ ဝမ်းပျက်ရင် လမ်းဘေးစပ် ား၊ ဆေးအစား ဆရာဝန်နဲ့ ပြသပြီး ညွှန်ကြားတဲ့ဆေးဝါး၊ တိကျသေချာတဲ့ ဆေးညွှန်းအတိုင်း သောက်သင့်တယ်။ ကုန်းခမ်းသွားတဲ့ ရေနဲ့ ဓာတ်ဆားထုပ်ကို ရေသန့်ဗူးတစ်လီတာမှာ ဖျော်ပြီး၊ ရေဆာတိုင်း၊ ရေငတ်တိုင်း တိုက်ရမယ်။ အုန်းစိမ်းရည် သောက်နိုင်တယ်။ ဝမ်းလျှောလူနာအတွက် လိုအပ်တဲ့ ဝမ်းပိတ်ဆေး ဒီကိုတေး၊ မတ်ထရို၊ နိုဘက်တင် သုံးမျိုးစပ်ပြီး တစ်နေ့သုံးကြိမ်နဲ့ လေးရက်ကြာ သောက်သင့်တယ်။ အပူအစပ်များ ရှောင်ရမယ်။ အစာအိမ်အူလမ်းကြောင်းကို တတ်နိုင်သလောက် ရေ (သို့) ဆန်ပြုတ် ကျဲကျဲတိုက်၊ အနားပေသင့်တယ်။ နွားနို့မသောက်သင့်ပါ။
မယ်- နွားနို့ကို ဝမ်းလျှောလူနာမှာ ဘာလို့ မတိုက်သင့်တာလဲ ဆရာ။
ဒေါက်တာမင်္ဂလာ – နွားနို့စတဲ့ နို့ဟာ အူထဲ ဒုက္ခပေးနေတဲ့ ရောဂါပိုများကို တိုးစေတယ်။ ဝမ်းလျှောနေစဉ် နို့မသောက်သင့်ဘူး၊ ဆန်ပြုတ်လို အစာကို စတင်စားပြီး၊ တဖြည်းဖြည်း အမာစာများ ပုံမှန်အတိုင်း စားပေးရမယ်။ ဝမ်းမှန်သွားပြီးနောက် ချို့တဲ့နေတဲ့ အာဟာရဓာတ်များ ပြန်လည်ဖြည့်တင်းနိုင်ဖို့ နောက်ပိုင်းမှာ အာဟာရ ပြည့်ပြည့်၀၀ စားသောက်ရမယ်။ ရေသန့်(သို့) ရေကျက်အေး သောက်ရမယ်။ အိပ်ရေးဝရမယ်။
မောင်- ဝမ်းလျှော၊ ဝမ်းကိုက်ရောဂါရဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်ရအောင် ဂရုစိုက်ကုရမှာပေါ့။
ဒေါက်တာမင်္ဂလာ – ဟုတ်ပါတယ်။ ဝမ်းလျှော၊ ဝမ်းကိုက်ခြင်းရဲ့ နောက်ဆက်တွဲ ရောဂါဆိုးရွားလှတဲ့ ဘေးဒုက္ခ အန္တာရာယ်များ ပေါ်ပေါက်လာနိုင်လို့ ဝမ်းလျှော၊ ဝမ်းကိုက်မဖြစ်ရအောင် ကာကွယ်ဆင်ခြင် နေထိုင်သင့်ပါတယ်။ ဝမ်းကြောင့် ဒုက္ခရောက်လာရင် လိုအပ်သလို စောစောစီးစီး ထိထိရောက်ရောက် ဆေးကုသရမယ်။
မယ်- တစ်ကိုယ်ရေ သန့်ရှင်းရေး အရေးကြီးတာပေါ့ဆရာ။
ဒေါက်တာ မင်္ဂလာ – ဟုတ်ပါတယ်။ အစာပြင်ဆင်တဲ့သူတိုင်း၊ ချက်ပြုတ်ကျွေးမွေးမယ့်သူတိုင်း အစားအစာမကိုင်ခင် အိမ်သာသွားပြီးရင် ညစ်ပေ နေရင် လက်ကိုဆပ်ပြာ၊ ရေတို့နဲ့ စက္ကန့်ဆေးကြောဖို့ လိုမယ်။ အစာပြင်ဆင်တဲ့အချိန်၊ နှာခေါင်းစည်း၊ ခေါင်းစည်း ဝတ်သင့်တယ်။ အစားအစာကို စားသောက်မယ့် လူတိုင်းလည်း အစာမစားမီ အိမ်သာသွားပြီးနောက်၊ အစာစားပြီးချိန် လက်ညစ်ပေနေရင် ဆပ်ပြာ ရေတို့နဲ့ လက်ကို စနစ်တကျ ဆေးကြောသင့်ပါတယ်။ မိခင်ဟာ ကလေးနို့မတိုက်ခင် မိမိနို့သီခေါင်း၊ လက်တို့ကို ဆပ်ပြာရေတို့နဲ့ စက္ကန့် ၂၀ ကြာ ဆေးရမယ်။
Credit to: ဒေါက်တာမင်္ဂလာ Health Care Journal (Vol-7, No-26)