ဆေးပညာအရတော့ Lymphatic filariasis သို့မဟုတ် Elephtiasis လို့ ခေါ်ပါတယ်။ ဆင်ခြေထာက်လိုမျိုး ခြေထောက်တွေ ကြီးလာလို့ ဆင်ခြေထောက်ရောဂါလို့ လွယ်ကူစွာ ခေါ်လိုက်တာလို့ ထင်ပါတယ်။ သို့သော် ဒီရောဂါကို ဖြစ်စေတာကတော့ သွေးသန်ကောင် အမျိုးအစားဖြစ်သော Wuchreria bancrofti အမည်ရ မိုင်ခရိုစကုပ်နဲ့ ကြည့်မှမြင်နိုင်တဲ့ သေးငယ်လှတဲ့ ရောဂါပိုးလေးတွေပါ။
အဲ့ပိုးတွေက ဘယ်လိုကနေ လူ့ခန္ဓာကိုယ်ထဲ ရောက်လည်းဆိုတော့ ခြင်ကိုက်ရာမှ တဆင့်ရောက်ပါတယ်။ Culex ကျူးလက်ဆိုတဲ့ အမျိုးအစား ခြင်ကသယ်ဆောင်ပြီး ထိုခြင်ကိုက်ရာမှတဆင့် ပိုးဝင်ရောက်ပါတယ်။
ကျူးလက်စ်ခြင်ကိုက်ရာကနေ ဝင်လာတဲ့ ကပ်ပါးကောင် သေးသေးလေးတွေဟာ အရေပြားအောက်မှာရှိတဲ့ လင့်ကြောအဖွဲ့အစည်း (Lymphatic system) ထဲကို ဦးစွာ ဝင်ရောက်ပါတယ်။ အဲ့ဒီမှာ တဖြည်းဖြည်းကြီးထွားလာပြီး ကြီးကောင် (Adult worm) အဖြစ်ကို ရောက်ရှိပါတယ်။ ၄-၁၀ စင်တီမီတာလောက်ထိ ရှည်တတ်ပါတယ်။ အဲဒီ ကြီးကောင် အဖိုအမတွေဟာ မိတ်လိုက်ပြီး ကပ်ပါးကောင် သေးသေးလေးတွေ ထပ်ပြီး မွေးထုတ်ပါတယ်။
အဲ့ဒါကို မိုက်ခရိုဖလာရီရေး (Microfilariae)လို့ ခေါ်ပါတယ်။ အဲဒီ မိုင်ခရိုဖလာရီရေးတွေကျတော့ လူတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ အောင်းနေပြီး ညကျမှ သွေးကြောတွေထဲ ဖောက်ဝင်ပြီး အစာအာဟာရတွေ စားသုံးပါတယ်။ ဒါကြောင့် ဆင်ခြေထောက်ပိုးအတွက် သွေးစစ်ရင် ပိုသေချာအောင် ညကျမှ စစ်ကြတာမျိုးလည်း ရှိပါတယ်။
ဒီလို စားသောက်နေရင်းနဲ့ မိုင်ခရိုဖလာရီရေးတွေ ဖြည်းဖြည်းကြီး လာပါတယ်။ အရေအတွက်လည်း များလာပါတယ်။ အဲ့အခါမှာ များလာကြီးလာတဲ့ မိုင်ခရိုဖလာရီရေး(Microfilariae ) တွေက ပြန်ရည်ကြော (lymphatic system) တွေ၊ သွေးကြောတွေကို ပိတ်မိစေပြီး ခြေထောက်ရောင်ရမ်းတာတွေ ဖြစ်စေပါတယ်။
ဆင်ခြေထောက် ရောဂါရဲ့ လက္ခဏာတွေကတော့
အစပိုင်းမှာ ချမ်းတုန်ပြီး ဖျားခြင်း၊ ခြေ၊လက် သို့မဟုတ် အရေပြားတစ်နေရာရာမှာ နီရဲရောင်ရမ်းခြင်းတွေ ဖြစ်တတ်ပါတယ်။
တစ်ခါဖြစ်ရင် ၁ ပတ်၊ ၂ ပတ် ကြာတတ်ပြီး တစ်နှစ်ပတ်လုံး ဖြစ်လိုက်၊ ပျောက်လိုက်နဲ့ ဖြစ်နေတတ်ပါတယ်။ ခဏခဏဖြစ်ရင် အရေပြားတွေ ထူထဲလာပြီး ကြမ်းလာပါတယ်။ ဖောင်းလာပါတယ်။ အချို့လူတွေဆိုရင် အရေပြားမှာ အဖုအပိမ့်တွေထွက်တာ၊ ယားတာတွေကိုလည်း တွေ့ရလေ့ရှိပါတယ်။ ဒါကို မခံနိုင်လို့ မသန့်ရှင်းတဲ့ လက်နဲ့ သွားကုတ်မိမယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ သွေးထွက်တာ၊ အဲဒီအရေပြားကနေ ဘက်တီးရီးယားတွေ ဝင်ရောက်ပြီး ပြည်တစို့စို့နဲ့ နေတတ်ပါတယ်။
အစပိုင်းမှာကျ တခြားရောဂါလက္ခဏာတွေနဲ့လည်း ဆင်တဲ့အတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေ မလုပ်ပါက ဆင်ခြေထောက်ရောဂါဖြစ်မှန်း မသိဘူး ဖြစ်နေတတ်ပါတယ်။ နောက်ပိုင်း ကြာလာတဲ့အခါမှာ ပွားများလာတဲ့ မိုက်ခရိုဖလာရီရေးတွေကြောင့် ပြန်ရည်ကြောတွေ ပိတ်သွားတဲ့အခါမှာ ပြန်ရည်စီးဆင်းမှု မရှိတော့ဘဲ တဖြည်းဖြည်း ပြန်ရည်တွေဟာ ခြေထောက်မှာ စုလာကာ ဆင်ခြေထောက်ကဲ့သို့ ခြေထောက်တွေ ကြီးလာပါတယ်။
ပြန်ရည်ကြောပိတ်တဲ့ဘက်မှာရှိတဲ့ ခြေထောက်ဟာ ကြီးလာတတ်ပြီး ဘယ်ညာပြန်ရည်ကြော နှစ်ဖက်စလုံးပိတ်ရင်တော့ ခြေထောက်နှစ်ဖက်စလုံး ကြီးလာတတ်ပါတယ်။ အမျိုးသားတွေမှာဆို ကပ္ပါယ်အိတ် ရောင်ရမ်းတာတွေပါ ဖြစ်တတ်ပါတယ်။
မိုက်ခရိုဖလာရီရေး(Microfilariae) တွေဟာ ပြန်ရည်ကြောတွေကို ပိတ်စေရုံသာမက ကိုယ်တွင်းနေရာအနှံ့က အင်္ဂါအစိတ်အပိုင်းတွေထဲလည်း ဝင်ရောက်နိုင်ပါတယ်။ ဆီးလမ်းကြောင်းထဲဝင်ရင် ဆီးသွားတဲ့အခါမှာ နို့နှစ်ရောင်တွေ သွားတတ်ပါတယ်။
အဆုတ်ထဲဝင်တဲ့အခါမှာ အဆုတ်ထဲမှာရှိတဲ့ သွေးကြောလေးတွေကို သွားပိတ်လို့ ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာတွေလည်း ဖြစ်တတ်ပါတယ်။ အထက်ပါ လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ဆင်ခြေထောက်ရောဂါလား ဘာလားဆိုတာ ဆရာဝန်နဲ့စမ်းသပ်ပြီး သေချာအောင်စစ်ဆေးမှုတွေ လုပ်ဖို့လိုပါတယ်။
ဘယ်လိုစစ်ဆေးမှုတွေ လုပ်ရမလဲဆိုတော့ Blood for Microfilariae စစ်တာ ၊ ညပိုင်းမှာ သွေးဖောက်ပြီး Thick Film လုပ်ကာ မိုက်ခရိုစကုပ်နဲ့ ကြည့်တာ၊ သွေးထဲမှာရှိတဲ့ Microfilariae Antibodies ကို ELISA နည်းနဲ့စစ်တာ စသဖြင့် လုပ်နိုင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ကတော့ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတဲ့ဆိုတဲ့ဆောင်ပုဒ်အတိုင်း ဆင်ခြေထောက်ရောဂါကို မဖြစ်ခင်ကတည်းက ကာကွယ်တာ အကောင်းဆုံးပါ။ ဆင်ခြေထောက်ရောဂါဟာ ခြင်ကနေတဆင့် ကူးဆက်တဲ့ ရောဂါဖြစ်တဲ့အတွက် ခြင်မကိုက်အောင်၊ မိမိပတ်ဝန်းကျင်မှာခြင်ပေါက်ပွားမှုနည်းအောင် ဖုံး၊ သွန်၊ လဲ၊ စစ် ခပ်၊ လောင်း၊ ထောင်၊ မြုပ်၊ ဖွင့်၊ ရှင်း၊ မှုတ် ဆိုတဲ့နည်းတွေကို လုပ်ဆောင်ကြဖို့ စာဖတ်ပရိသတ်များကို တိုက်တွန်းလိုက်ရပါတယ်။
ဖုံး – ရေအိုး၊ အုတ်ကန်၊ စည်ပိုင်း၊ ပီပါ စတဲ့ ရေထည့်လှောင်ထားတဲ့ အရာတွေကို အဖုံးလေး ဖုံးထားပါ။
သွန် – အသုံးမလိုတဲ့ရေတွေ၊ အဖုံးတွေပေါ်မှာ တင်ကျန်နေတဲ့ ရေတွေကို သွန်ပါ။
လဲ – ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့အလျောက် ဘုရားစင်မှာ ဘုရားပန်းကပ်လှူတာ၊ သောက်တော်ရေကပ်တာတွေကို လုပ်ကြပါတယ်။ ထိုဘုရားပန်းအိုးထဲက ရေတွေ၊သော်တော်ရေခွက်ထဲကရေတွေကို ခြင်ပေါက်ပွားမှု မရှိအောင် ပုံမှန် လဲလှယ်ပေးရပါမယ်။
စစ် – သောက်ရေအိုးထဲကို ရေထဲရာတွင် ရေစစ်နဲ့ စစ်ထည့်ပါ
ခပ် – ပိုးလောက်လန်းများ တွေ့ပါက ခပ်ထုတ်ရပါမယ်။
လောင်း – ပိုးလောက်လန်းပေါက်ပွားနိုင်တဲ့ ကြောင်အိမ်အောက်ခံခွက်တို့၊ ရေမြောင်းထဲတို့ကို Abate သို့မဟုတ် ရေနံဆီ လောင်းထည့်ပေးသင့်ပါတယ်။
ထောင် – ဘယ်အချိန်၊ ဘယ်နေရာမှာ အိပ်အိပ် ခြင်ထောင်နဲ့အိပ်ပါ
မြုပ် – ရေဝပ်နေနိုင်သော တာယာစုပ်၊ အိုးခြမ်းပဲ့ စတာတွေကို မြေမြုပ်ပါ။
ဖွင့် – အလင်းရောင်ကောင်းကောင်း၊ လေဝင်လေထွက်ကောင်းကောင်းရပြီး ခြင်မခိုအောင်းစေရန် ပြတင်းပေါက်များကို နေ့ခင်းတွင် ဖွင့်ထားပါ။
ရှင်း – အိမ်တွင်း၊ အိမ်ပြင် သန့်ရှင်းရေး ပုံမှန်လုပ်ပါ။
မှုတ် – ခြင်ဆေးမှုတ်အဖွဲ့နဲ့ ပူးပေါင်းပြီး ခြင်ဆေးမှုတ်ပါ။
ဒါတွေလုပ်ပေးခြင်းဖြင့် ဆင်ခြေထောက်ရောဂါသာမက ခြင်ကနေတဆင့် ကူးစက်တဲ့သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ စတာတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်မှာပါ။
Author : Dr. 528
ေဆးပညာအရေတာ့ Lymphatic filariasis သို႔မဟုတ္ Elephtiasis လို႔ ေခၚပါတယ္။ ဆင္ေျခထာက္လိုမ်ိဳး ေျခေထာက္ေတြ ႀကီးလာလို႔ ဆင္ေျခေထာက္ေရာဂါလို႔ လြယ္ကူစြာ ေခၚလိုက္တာလို႔ ထင္ပါတယ္။ သို႔ေသာ္ ဒီေရာဂါကို ျဖစ္ေစတာကေတာ့ ေသြးသန္ေကာင္ အမ်ိဳးအစားျဖစ္ေသာ Wuchreria bancrofti အမည္ရ မိုင္ခ႐ိုစကုပ္နဲ႔ ၾကည့္မွျမင္ႏိုင္တဲ့ ေသးငယ္လွတဲ့ ေရာဂါပိုးေလးေတြပါ။
အဲ့ပိုးေတြက ဘယ္လိုကေန လူ႔ခႏၶာကိုယ္ထဲ ေရာက္လည္းဆိုေတာ့ ျခင္ကိုက္ရာမွ တဆင့္ေရာက္ပါတယ္။ Culex က်ဴးလက္ဆိုတဲ့ အမ်ိဳးအစား ျခင္ကသယ္ေဆာင္ၿပီး ထိုျခင္ကိုက္ရာမွတဆင့္ ပိုးဝင္ေရာက္ပါတယ္။
က်ဴးလက္စ္ျခင္ကိုက္ရာကေန ဝင္လာတဲ့ ကပ္ပါးေကာင္ ေသးေသးေလးေတြဟာ အေရျပားေအာက္မွာရွိတဲ့ လင့္ေၾကာအဖြဲ႕အစည္း (Lymphatic system) ထဲကို ဦးစြာ ဝင္ေရာက္ပါတယ္။ အဲ့ဒီမွာ တျဖည္းျဖည္းႀကီးထြားလာၿပီး ႀကီးေကာင္ (Adult worm) အျဖစ္ကို ေရာက္ရွိပါတယ္။ ၄-၁၀ စင္တီမီတာေလာက္ထိ ရွည္တတ္ပါတယ္။ အဲဒီ ႀကီးေကာင္ အဖိုအမေတြဟာ မိတ္လိုက္ၿပီး ကပ္ပါးေကာင္ ေသးေသးေလးေတြ ထပ္ၿပီး ေမြးထုတ္ပါတယ္။
အဲ့ဒါကို မိုက္ခ႐ိုဖလာရီေရး (Microfilariae)လို႔ ေခၚပါတယ္။ အဲဒီ မိုင္ခ႐ိုဖလာရီေရးေတြက်ေတာ့ လူေတြရဲ႕ ကိုယ္တြင္းအဂၤါေတြမွာ ေအာင္းေနၿပီး ညက်မွ ေသြးေၾကာေတြထဲ ေဖာက္ဝင္ၿပီး အစာအာဟာရေတြ စားသုံးပါတယ္။ ဒါေၾကာင့္ ဆင္ေျခေထာက္ပိုးအတြက္ ေသြးစစ္ရင္ ပိုေသခ်ာေအာင္ ညက်မွ စစ္ၾကတာမ်ိဳးလည္း ရွိပါတယ္။
ဒီလို စားေသာက္ေနရင္းနဲ႔ မိုင္ခ႐ိုဖလာရီေရးေတြ ျဖည္းျဖည္းႀကီး လာပါတယ္။ အေရအတြက္လည္း မ်ားလာပါတယ္။ အဲ့အခါမွာ မ်ားလာႀကီးလာတဲ့ မိုင္ခ႐ိုဖလာရီေရး(Microfilariae ) ေတြက ျပန္ရည္ေၾကာ (lymphatic system) ေတြ၊ ေသြးေၾကာေတြကို ပိတ္မိေစၿပီး ေျခေထာက္ေရာင္ရမ္းတာေတြ ျဖစ္ေစပါတယ္။
ဆင္ေျခေထာက္ ေရာဂါရဲ႕ လကၡဏာေတြကေတာ့
အစပိုင္းမွာ ခ်မ္းတုန္ၿပီး ဖ်ားျခင္း၊ ေျခ၊လက္ သို႔မဟုတ္ အေရျပားတစ္ေနရာရာမွာ နီရဲေရာင္ရမ္းျခင္းေတြ ျဖစ္တတ္ပါတယ္။
တစ္ခါျဖစ္ရင္ ၁ ပတ္၊ ၂ ပတ္ ၾကာတတ္ၿပီး တစ္ႏွစ္ပတ္လုံး ျဖစ္လိုက္၊ ေပ်ာက္လိုက္နဲ႔ ျဖစ္ေနတတ္ပါတယ္။ ခဏခဏျဖစ္ရင္ အေရျပားေတြ ထူထဲလာၿပီး ၾကမ္းလာပါတယ္။ ေဖာင္းလာပါတယ္။ အခ်ိဳ႕လူေတြဆိုရင္ အေရျပားမွာ အဖုအပိမ့္ေတြထြက္တာ၊ ယားတာေတြကိုလည္း ေတြ႕ရေလ့ရွိပါတယ္။ ဒါကို မခံႏိုင္လို႔ မသန႔္ရွင္းတဲ့ လက္နဲ႔ သြားကုတ္မိမယ္ဆိုရင္ ေနာက္ဆက္တြဲအေနနဲ႔ ေသြးထြက္တာ၊ အဲဒီအေရျပားကေန ဘက္တီးရီးယားေတြ ဝင္ေရာက္ၿပီး ျပည္တစို႔စို႔နဲ႔ ေနတတ္ပါတယ္။
အစပိုင္းမွာက် တျခားေရာဂါလကၡဏာေတြနဲ႔လည္း ဆင္တဲ့အတြက္ လိုအပ္တဲ့ စစ္ေဆးမႈေတြ မလုပ္ပါက ဆင္ေျခေထာက္ေရာဂါျဖစ္မွန္း မသိဘူး ျဖစ္ေနတတ္ပါတယ္။ ေနာက္ပိုင္း ၾကာလာတဲ့အခါမွာ ပြားမ်ားလာတဲ့ မိုက္ခ႐ိုဖလာရီေရးေတြေၾကာင့္ ျပန္ရည္ေၾကာေတြ ပိတ္သြားတဲ့အခါမွာ ျပန္ရည္စီးဆင္းမႈ မရွိေတာ့ဘဲ တျဖည္းျဖည္း ျပန္ရည္ေတြဟာ ေျခေထာက္မွာ စုလာကာ ဆင္ေျခေထာက္ကဲ့သို႔ ေျခေထာက္ေတြ ႀကီးလာပါတယ္။
ျပန္ရည္ေၾကာပိတ္တဲ့ဘက္မွာရွိတဲ့ ေျခေထာက္ဟာ ႀကီးလာတတ္ၿပီး ဘယ္ညာျပန္ရည္ေၾကာ ႏွစ္ဖက္စလုံးပိတ္ရင္ေတာ့ ေျခေထာက္ႏွစ္ဖက္စလုံး ႀကီးလာတတ္ပါတယ္။ အမ်ိဳးသားေတြမွာဆို ကပၸါယ္အိတ္ ေရာင္ရမ္းတာေတြပါ ျဖစ္တတ္ပါတယ္။
မိုက္ခ႐ိုဖလာရီေရး(Microfilariae) ေတြဟာ ျပန္ရည္ေၾကာေတြကို ပိတ္ေစ႐ုံသာမက ကိုယ္တြင္းေနရာအႏွံ႔က အဂၤါအစိတ္အပိုင္းေတြထဲလည္း ဝင္ေရာက္ႏိုင္ပါတယ္။ ဆီးလမ္းေၾကာင္းထဲဝင္ရင္ ဆီးသြားတဲ့အခါမွာ ႏို႔ႏွစ္ေရာင္ေတြ သြားတတ္ပါတယ္။
အဆုတ္ထဲဝင္တဲ့အခါမွာ အဆုတ္ထဲမွာရွိတဲ့ ေသြးေၾကာေလးေတြကို သြားပိတ္လို႔ ေခ်ာင္းဆိုးတာ၊ အသက္ရွဴၾကပ္တာေတြလည္း ျဖစ္တတ္ပါတယ္။ အထက္ပါ လကၡဏာေတြ ခံစားေနရၿပီဆိုရင္ေတာ့ ဆင္ေျခေထာက္ေရာဂါလား ဘာလားဆိုတာ ဆရာဝန္နဲ႔စမ္းသပ္ၿပီး ေသခ်ာေအာင္စစ္ေဆးမႈေတြ လုပ္ဖို႔လိုပါတယ္။
ဘယ္လိုစစ္ေဆးမႈေတြ လုပ္ရမလဲဆိုေတာ့ Blood for Microfilariae စစ္တာ ၊ ညပိုင္းမွာ ေသြးေဖာက္ၿပီး Thick Film လုပ္ကာ မိုက္ခ႐ိုစကုပ္နဲ႔ ၾကည့္တာ၊ ေသြးထဲမွာရွိတဲ့ Microfilariae Antibodies ကို ELISA နည္းနဲ႔စစ္တာ စသျဖင့္ လုပ္ႏိုင္ပါတယ္။
နိဂုံးခ်ဳပ္အေနနဲ႔ကေတာ့ ကာကြယ္ျခင္းဟာ ကုသျခင္းထက္ ပိုေကာင္းတဲ့ဆိုတဲ့ေဆာင္ပုဒ္အတိုင္း ဆင္ေျခေထာက္ေရာဂါကို မျဖစ္ခင္ကတည္းက ကာကြယ္တာ အေကာင္းဆုံးပါ။ ဆင္ေျခေထာက္ေရာဂါဟာ ျခင္ကေနတဆင့္ ကူးဆက္တဲ့ ေရာဂါျဖစ္တဲ့အတြက္ ျခင္မကိုက္ေအာင္၊ မိမိပတ္ဝန္းက်င္မွာျခင္ေပါက္ပြားမႈနည္းေအာင္ ဖုံး၊ သြန္၊ လဲ၊ စစ္ ခပ္၊ ေလာင္း၊ ေထာင္၊ ျမဳပ္၊ ဖြင့္၊ ရွင္း၊ မႈတ္ ဆိုတဲ့နည္းေတြကို လုပ္ေဆာင္ၾကဖို႔ စာဖတ္ပရိသတ္မ်ားကို တိုက္တြန္းလိုက္ရပါတယ္။
ဖုံး – ေရအိုး၊ အုတ္ကန္၊ စည္ပိုင္း၊ ပီပါ စတဲ့ ေရထည့္ေလွာင္ထားတဲ့ အရာေတြကို အဖုံးေလး ဖုံးထားပါ။
သြန္ – အသုံးမလိုတဲ့ေရေတြ၊ အဖုံးေတြေပၚမွာ တင္က်န္ေနတဲ့ ေရေတြကို သြန္ပါ။
လဲ – ကြၽန္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြဟာ ဗုဒၶဘာသာဝင္ေတြ ျဖစ္တဲ့အေလ်ာက္ ဘုရားစင္မွာ ဘုရားပန္းကပ္လႉတာ၊ ေသာက္ေတာ္ေရကပ္တာေတြကို လုပ္ၾကပါတယ္။ ထိုဘုရားပန္းအိုးထဲက ေရေတြ၊ေသာ္ေတာ္ေရခြက္ထဲကေရေတြကို ျခင္ေပါက္ပြားမႈ မရွိေအာင္ ပုံမွန္ လဲလွယ္ေပးရပါမယ္။
စစ္ – ေသာက္ေရအိုးထဲကို ေရထဲရာတြင္ ေရစစ္နဲ႔ စစ္ထည့္ပါ
ခပ္ – ပိုးေလာက္လန္းမ်ား ေတြ႕ပါက ခပ္ထုတ္ရပါမယ္။
ေလာင္း – ပိုးေလာက္လန္းေပါက္ပြားႏိုင္တဲ့ ေၾကာင္အိမ္ေအာက္ခံခြက္တို႔၊ ေရေျမာင္းထဲတို႔ကို Abate သို႔မဟုတ္ ေရနံဆီ ေလာင္းထည့္ေပးသင့္ပါတယ္။
ေထာင္ – ဘယ္အခ်ိန္၊ ဘယ္ေနရာမွာ အိပ္အိပ္ ျခင္ေထာင္နဲ႔အိပ္ပါ
ျမဳပ္ – ေရဝပ္ေနႏိုင္ေသာ တာယာစုပ္၊ အိုးျခမ္းပဲ့ စတာေတြကို ေျမျမဳပ္ပါ။
ဖြင့္ – အလင္းေရာင္ေကာင္းေကာင္း၊ ေလဝင္ေလထြက္ေကာင္းေကာင္းရၿပီး ျခင္မခိုေအာင္းေစရန္ ျပတင္းေပါက္မ်ားကို ေန႔ခင္းတြင္ ဖြင့္ထားပါ။
ရွင္း – အိမ္တြင္း၊ အိမ္ျပင္ သန႔္ရွင္းေရး ပုံမွန္လုပ္ပါ။
မႈတ္ – ျခင္ေဆးမႈတ္အဖြဲ႕နဲ႔ ပူးေပါင္းၿပီး ျခင္ေဆးမႈတ္ပါ။
ဒါေတြလုပ္ေပးျခင္းျဖင့္ ဆင္ေျခေထာက္ေရာဂါသာမက ျခင္ကေနတဆင့္ ကူးစက္တဲ့ေသြးလြန္တုပ္ေကြးေရာဂါ၊ ငွက္ဖ်ားေရာဂါ စတာေတြကိုလည္း ကာကြယ္ၿပီးသား ျဖစ္မွာပါ။
Author : Dr. 528