(Zawgyi)
ယေန႔ေခတ္သည္ အၿပိဳင္အဆိုင္မ်ားကာ အသက္ရွင္ရပ္တည္ဖို႔ႀကိဳးစားေနရေသာ ေခတ္ျဖစ္သည့္အတြက္ လူအေတာ္မ်ားမ်ားဟာ သူမ်ားနဲ႔အၿပိဳင္ ေန႔မအားညမနား လုပ္ကိုင္ႀကိဳးစားရင္းနဲ႔ စိုးရိမ္ပူပန္မႈ၊ စိတ္ဖိစီးမႈမ်ားမႈ စတဲ့ဒါဏ္ေတြကို ခံစားလာၾကရကာ စိတ္နဲ႔ပတ္သက္တဲ့ေရာဂါေတြျဖစ္ပြားလာၾကပါတယ္။ အရင္ေခတ္ကေတာ့ စိတ္ဆရာဝန္နဲ႔ျပတယ္ဆိုရင္ ႐ူးလို႔ စိတ္မမွန္လို႔ဆိုၿပီးတထစ္ခ် ယူဆတဲ့သူေတြအမ်ားႀကီးပါ။ ဒီအယူအဆဟာ မွားပါတယ္။
စိတ္ဖိစီးမႈမ်ားၿပီးအိပ္မေပ်ာ္တာမ်ိဳး၊ စိုးရိမ္ပူပန္မႈမ်ားၿပီး အစားေသာက္ပ်က္တာမ်ိဳး၊ တစ္ခုခုကိုအလြန္အကြၽံစြဲလန္းတာ၊ ေၾကာက္႐ြံ႕တာမ်ိဳး၊ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ မရွိေတာ့တာေတြဆိုရင္လည္းစိတ္နဲ႔ဆိုင္တာမို႔လို႔ စိတ္ဆရာဝန္နဲ႔ျပဖို႔လိုပါတယ္။ ဒီလိုမဟုတ္ဘဲ လူလုပ္ထားတယ္ သို႔မဟုတ္ ပေယာဂနဲ႔လုပ္ထားတယ္ဆိုၿပီး ေလွ်ာက္ျပေနပါက ခံစားရတဲ့ ေဝဒနာ သက္သာမည္ မဟုတ္ပါ။
အခန႔္မသင့္ရင္ အလကားေနရင္း ႀကိမ္လုံးနဲ႔ အသက္ထြက္ေအာင္ အ႐ိုက္ခံရတာပါ ျဖစ္ႏိုင္ပါတယ္။ ဒီဘက္ေခတ္မွာေတာ့ အရင္ေခတ္နဲ႔မတူဘဲ စိတ္ဆရာဝန္နဲ႔ျပတိုင္း ႐ူးလို႔၊ စိတ္မမွန္လို႔ မဟုတ္ဘဲတျခားစိတ္နဲ႔ဆိုင္တဲ့ ေရာဂါေတြေၾကာင့္ ဆိုတာကို လူအေတာ္မ်ားမ်ား လက္ခံလာၾကပါတယ္။ ခုလိုလက္ခံလာတာဟာ ေကာင္းပါတယ္။
စိတ္ေရာဂါဆိုတာဟာ ရွက္ဖြယ္ရာ ေရာဂါမဟုတ္ပါ။ လူ ၁၀ဦးမွာ ၁ဦးျဖစ္တတ္ပါတယ္။ ဝဋ္နာ၊ ကံနာ ေရာဂါ၊ လူျပဳစားထားတဲ့ေရာဂါလည္း မဟုတ္ပါဘူး။ စနစ္တက် ကုသမႈခံယူပါက ေပ်ာက္ကင္းသက္သာရာ ရႏိုင္ေသာေရာဂါ ျဖစ္ပါတယ္။ သို႔ေသာ္ အခ်ိဳ႕ေသာ စိတ္ေရာဂါမ်ားဟာ ေသြးတိုး၊ ဆီးခ်ိဳ၊ႏွလုံး စေသာ နာတာရွည္ေရာဂါေတြလို ေရရွည္ေဆးကုသမႈခံယူဖို႔ ေဆးစြဲေသာက္ဖို႔လိုပါတယ္။
လူနာ ေန႔စဥ္ထိေတြ႕ဆက္ဆံေနေသာ မိသားစုနဲ႔ပတ္ဝန္းက်င္ အသိုင္းအဝိုင္းဟာလည္း လူနာေရာဂါသက္သာဖို႔အတြက္ အတိုင္းအတာတစ္ခုထိ အေရးပါပါတယ္။ စိတ္ဓါတ္က်တာ၊ စိတ္ဖိစီးမႈမ်ားၿပီး အိပ္မေပ်ာ္ အစားေသာက္ပ်က္တာ၊ မိမိကိုယ္ကို ယုံၾကည္မႈမရွိေတာ့တာ၊ တစ္ခုခုကို တအားေၾကာက္ေနတာ စတဲ့ စိတ္နဲ႔ဆိုင္တဲ့ ေဝဒနာေတြ ခံစားရပါက စိတ္ကြၽမ္းက်င္ဆရာဝန္နဲ႔ေစာစီးစြာ တိုင္ပင္ျပသပါ။
ဆရာဝန္ၫြန္ၾကားခ်က္မ်ားကို ေကာင္းမြန္စြာ လိုက္နာပါ။ မရွင္းလင္းလွ်င္ ရွင္းလင္းတဲ့ထိေမးပါ။ စိတ္ကြၽမ္းက်င္ဆရာဝန္က ျပန္လာျပခိုင္းသည့္ရက္အတိုင္း မွန္မွန္သြားျပပါ။ သြားေရးလာေရးအခက္အခဲရွိပါကလည္း စိတ္ကြၽမ္းက်င္ဆရာဝန္ကို ေျပာျပပါ။
လူနာ မိသားစု အသိုင္းအဝိုင္းကလည္း လူနာကို ျပစ္တင္ျခင္း၊ ဆူပူျခင္း လုံးဝအေရာမဝင္ျခင္းေတြ မလုပ္ပါနဲ႔။ လူနာကိုေဖးမကူညီၿပီး သင့္တင့္ေသာ အလုပ္မ်ားျပဳလုပ္ခိုင္းျခင္းျဖင့္ ေရာဂါသက္သာေစႏိုင္ပါတယ္။ စိတ္ကြၽမ္းက်င္ ဆရာဝန္နဲ႔မျပသဘဲ တျခားပေယာဂဆရာမ်ားနဲ႔ ျပသကာ ႐ိုက္ႏွက္ျခင္း၊ခ်ဳပ္ေႏွာင္ထားျခင္း၊ ပိတ္ေလွာင္ထားျခင္းေတြ လုပ္ပါက ေရာဂါကို ပိုဆိုးသြားေစႏိုင္ပါတယ္။
အဆုံးသတ္အေနနဲ႔ ေျပာရရင္ စိတ္ေရာဂါဆိုတာဟာ မည္သူမဆို မည္သည့္အသက္႐ြယ္မွာမဆို ျဖစ္ႏိုင္တဲ့ေရာဂါပါ။ စိတ္ကြၽမ္းက်င္ဆရာဝန္နဲ႔ ေသခ်ာကုသမႈခံယူရင္ ေပ်ာက္ကင္းပါတယ္။ သို႔ေသာ္ ကုသမႈခံယူၿပီး ေပ်ာက္ကင္းသြားပါက အိပ္ေရးပ်က္ျခင္း၊ စိတ္ဖိစီးမႈမ်ားျခင္း၊ အရက္ေသစာ ေသာက္စားျခင္းေတြကို မျဖစ္ေအာင္ ေရွာင္ၾကဥ္ဂ႐ုစိုက္ဖို႔လိုပါတယ္။ အဲ့လိုမေရွာင္ပါက စိတ္ေရာဂါျပန္ျဖစ္ႏိုင္လို႔ပါ။ ေရရွည္ေရာဂါေပ်ာက္ကင္းဖို႔ရန္အတြက္ လူနာရဲ႕မိသားစုအသိုင္းအဝိုင္းက လူနာအေပၚနားလည္မႈရွိရန္၊ ေဖးမကူညီရန္လည္း လိုပါတယ္။
Author : Dr. 528
(Unicode)
ယနေ့ခေတ်သည် အပြိုင်အဆိုင်များကာ အသက်ရှင်ရပ်တည်ဖို့ကြိုးစားနေရသော ခေတ်ဖြစ်သည့်အတွက် လူအတော်များများဟာ သူများနဲ့အပြိုင် နေ့မအားညမနား လုပ်ကိုင်ကြိုးစားရင်းနဲ့ စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှုများမှု စတဲ့ဒါဏ်တွေကို ခံစားလာကြရကာ စိတ်နဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်ပွားလာကြပါတယ်။ အရင်ခေတ်ကတော့ စိတ်ဆရာဝန်နဲ့ပြတယ်ဆိုရင် ရူးလို့ စိတ်မမှန်လို့ဆိုပြီးတထစ်ချ ယူဆတဲ့သူတွေအများကြီးပါ။ ဒီအယူအဆဟာ မှားပါတယ်။
စိတ်ဖိစီးမှုများပြီးအိပ်မပျော်တာမျိုး၊ စိုးရိမ်ပူပန်မှုများပြီး အစားသောက်ပျက်တာမျိုး၊ တစ်ခုခုကိုအလွန်အကျွံစွဲလန်းတာ၊ ကြောက်ရွံ့တာမျိုး၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတော့တာတွေဆိုရင်လည်းစိတ်နဲ့ဆိုင်တာမို့လို့ စိတ်ဆရာဝန်နဲ့ပြဖို့လိုပါတယ်။ ဒီလိုမဟုတ်ဘဲ လူလုပ်ထားတယ် သို့မဟုတ် ပယောဂနဲ့လုပ်ထားတယ်ဆိုပြီး လျှောက်ပြနေပါက ခံစားရတဲ့ ဝေဒနာ သက်သာမည် မဟုတ်ပါ။
အခန့်မသင့်ရင် အလကားနေရင်း ကြိမ်လုံးနဲ့ အသက်ထွက်အောင် အရိုက်ခံရတာပါ ဖြစ်နိုင်ပါတယ်။ ဒီဘက်ခေတ်မှာတော့ အရင်ခေတ်နဲ့မတူဘဲ စိတ်ဆရာဝန်နဲ့ပြတိုင်း ရူးလို့၊ စိတ်မမှန်လို့ မဟုတ်ဘဲတခြားစိတ်နဲ့ဆိုင်တဲ့ ရောဂါတွေကြောင့် ဆိုတာကို လူအတော်များများ လက်ခံလာကြပါတယ်။ ခုလိုလက်ခံလာတာဟာ ကောင်းပါတယ်။
စိတ်ရောဂါဆိုတာဟာ ရှက်ဖွယ်ရာ ရောဂါမဟုတ်ပါ။ လူ ၁၀ဦးမှာ ၁ဦးဖြစ်တတ်ပါတယ်။ ဝဋ်နာ၊ ကံနာ ရောဂါ၊ လူပြုစားထားတဲ့ရောဂါလည်း မဟုတ်ပါဘူး။ စနစ်တကျ ကုသမှုခံယူပါက ပျောက်ကင်းသက်သာရာ ရနိုင်သောရောဂါ ဖြစ်ပါတယ်။ သို့သော် အချို့သော စိတ်ရောဂါများဟာ သွေးတိုး၊ ဆီးချို၊နှလုံး စသော နာတာရှည်ရောဂါတွေလို ရေရှည်ဆေးကုသမှုခံယူဖို့ ဆေးစွဲသောက်ဖို့လိုပါတယ်။
လူနာ နေ့စဉ်ထိတွေ့ဆက်ဆံနေသော မိသားစုနဲ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းဟာလည်း လူနာရောဂါသက်သာဖို့အတွက် အတိုင်းအတာတစ်ခုထိ အရေးပါပါတယ်။ စိတ်ဓါတ်ကျတာ၊ စိတ်ဖိစီးမှုများပြီး အိပ်မပျော် အစားသောက်ပျက်တာ၊ မိမိကိုယ်ကို ယုံကြည်မှုမရှိတော့တာ၊ တစ်ခုခုကို တအားကြောက်နေတာ စတဲ့ စိတ်နဲ့ဆိုင်တဲ့ ဝေဒနာတွေ ခံစားရပါက စိတ်ကျွမ်းကျင်ဆရာဝန်နဲ့စောစီးစွာ တိုင်ပင်ပြသပါ။
ဆရာဝန်ညွန်ကြားချက်များကို ကောင်းမွန်စွာ လိုက်နာပါ။ မရှင်းလင်းလျှင် ရှင်းလင်းတဲ့ထိမေးပါ။ စိတ်ကျွမ်းကျင်ဆရာဝန်က ပြန်လာပြခိုင်းသည့်ရက်အတိုင်း မှန်မှန်သွားပြပါ။ သွားရေးလာရေးအခက်အခဲရှိပါကလည်း စိတ်ကျွမ်းကျင်ဆရာဝန်ကို ပြောပြပါ။
လူနာ မိသားစု အသိုင်းအဝိုင်းကလည်း လူနာကို ပြစ်တင်ခြင်း၊ ဆူပူခြင်း လုံးဝအရောမဝင်ခြင်းတွေ မလုပ်ပါနဲ့။ လူနာကိုဖေးမကူညီပြီး သင့်တင့်သော အလုပ်များပြုလုပ်ခိုင်းခြင်းဖြင့် ရောဂါသက်သာစေနိုင်ပါတယ်။ စိတ်ကျွမ်းကျင် ဆရာဝန်နဲ့မပြသဘဲ တခြားပယောဂဆရာများနဲ့ ပြသကာ ရိုက်နှက်ခြင်း၊ချုပ်နှောင်ထားခြင်း၊ ပိတ်လှောင်ထားခြင်းတွေ လုပ်ပါက ရောဂါကို ပိုဆိုးသွားစေနိုင်ပါတယ်။
အဆုံးသတ်အနေနဲ့ ပြောရရင် စိတ်ရောဂါဆိုတာဟာ မည်သူမဆို မည်သည့်အသက်ရွယ်မှာမဆို ဖြစ်နိုင်တဲ့ရောဂါပါ။ စိတ်ကျွမ်းကျင်ဆရာဝန်နဲ့ သေချာကုသမှုခံယူရင် ပျောက်ကင်းပါတယ်။ သို့သော် ကုသမှုခံယူပြီး ပျောက်ကင်းသွားပါက အိပ်ရေးပျက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အရက်သေစာ သောက်စားခြင်းတွေကို မဖြစ်အောင် ရှောင်ကြဉ်ဂရုစိုက်ဖို့လိုပါတယ်။ အဲ့လိုမရှောင်ပါက စိတ်ရောဂါပြန်ဖြစ်နိုင်လို့ပါ။ ရေရှည်ရောဂါပျောက်ကင်းဖို့ရန်အတွက် လူနာရဲ့မိသားစုအသိုင်းအဝိုင်းက လူနာအပေါ်နားလည်မှုရှိရန်၊ ဖေးမကူညီရန်လည်း လိုပါတယ်။
Author : Dr. 528