တီဘီ အရေပြား ကြွက်နို့သည် ရိုးရိုး ကြွက်နို့နဲ့ မတူပါ။ အဖြစ်နည်းသော်လည်း သိထားသင့်ပါတယ်။
ဘယ်သူတွေမှာ ဖြစ်သလဲ
-တီဘီပိုးပါတဲ့ အရာတွေကို ထိတွေ့ ကိုင်တွယ်မိသူများ
(ဥပမာ- သလိပ်စစ်ဆေးရသည့် ဓာတ်ခွဲ ဆရာများ ၊ ဆရာဝန်များ ၊ တီဘီပိုး ရှိမှန်း မသိဘဲ မိမိသလိပ်ကို မိမိဘာသာ ကိုင်တွယ်မိသူများ ၊ ကစားကွင်းများတွင် တီဘီပိုးရှိသည့် အရာများကို ကိုင်တွယ်ဆော့ကစားမိသည့် ကလေးများ)
ဘယ်နေရာတွေမှာ ဖြစ်တတ်သလဲ
-လက် ၊ခြေဖဝါး ၊ တင်ပါးစတဲ့ နေရာများ
ဘယ်လို လက္ခဏာတွေ ပြသလဲ
-တီဘီပိုး စဝင်တဲ့နေရာမှာ မာကြမ်းကြမ်း အဖု စတွေ့
-တဖြည်းဖြည်းနဲ့ အဖုလေးကနေ အသားမာချက်ဖြစ်လာ
-အသားမာရဲ့ အနားသတ်ဟာ မညီမညာ ဖြစ်တတ် ၊ အနားသတ်ဘေးနားက အရေပြားဟာ နီရဲနေတတ် ၊ ခရမ်းရောင်သမ်းနေတတ်
-အသားမာရဲ့ အလယ်ဟာ တဖြည်းဖြည်း ကွဲအက်ကာ ပြည်တည်တတ်
-အနာတွေ ကွဲအက်တဲ့အခါ နာတတ်
-ပြန်ရည် အကျိတ်များ မကြီးတတ်
ဘယ်လို ကုသလို့ ရမလဲ
-အဓိက က တီဘီ ဆေးသောက်ရမယ်
-တီဘီ အရေပြား ကြွက်နို့ မကြီးသေးက ခွဲစိတ်ပေးနိုင်တယ်
Author: ခေတ်သစ် ဇီဝက
ဘယ်သူတွေမှာ ဖြစ်သလဲ
ဘယ်လို ကုသလို့ ရမလဲ
Author: ခေတ်သစ် ဇီဝက