fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

စိတ်ဖိလို့ ကိုယ်မပိရစေဖို့ငှာ

52
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/10/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

အဆင္မေျပမႈေတြ အခက္အခဲ ဒုကၡေတြဆိုတာ လူတိုင္း ေတြ႕ႀကဳံခံစားရသည္သာ။ လူတိုင္း ကိုယ့္ဘဝႏွင့္ကိုယ္ အခက္အခဲေတြ ဒုကၡေတြဆိုတာ ရွိႏိုင္တယ္။ မိမိတစ္ဦးတည္းသာ ေတြ႕ႀကဳံခံစားရသည္မဟုတ္။ အခက္အခဲေတြ ႀကဳံဖန္မ်ားတဲ့အခါ ေက်ာ္လႊားဖို႔ ခက္ခဲတဲ့အခါ စိတ္ဖိစီးမႈ႕ေတြ ရွိလာႏိုင္တယ္။ လူႀကီး ကေလး အ႐ြယ္မေ႐ြး စိတ္ဖိစီးမႈ႕ ဆိုတာ ရွိတယ္။ တခ်ိဳ႕က ကေလးဘဝက ေကာင္းတယ္ ၊ အပူအပင္ကင္းတယ္လို႔ ထင္မွတ္ၾကေပမယ့္ ကေလးတြင္လည္း ကေလးအေလွ်ာက္ စိတ္ဖိစီးမႈ႕ဆိုတာ ရွိတယ္။

စိတ္ဖိစီးမႈ႕ေတြကို လူတိုင္းေတြ႕ႀကဳံေနရေပမယ့္ စိတ္ဖိစီးမႈ႕ေတြရဲ႕ ဆိုးက်ိဳးေတြကိုေတာ့ သိတဲ့လူ အနည္းငယ္ပဲ ရွိတယ္။ ဒါေၾကာင့္ ဒီေဆာင္းပါးေလးမွာ စိတ္ဖိစီးမႈ႕ေတြက က်န္းမာေရးအေပၚ လူမႈ႕အသိုင္းအဝိုင္းအေပၚ ဘယ္လိုဆိုးက်ိဳးေတြ သက္ေရာက္မႈ႕ ရွိႏိုင္တယ္ဆိုတာကို ေျပာျပလိုပါတယ္။

စိတ္ဖိစီးမႈ႕ကို အျဖစ္အမ်ားဆုံး အေၾကာင္းကေတာ့ အလုပ္ေၾကာင့္ပဲ ျဖစ္ပါတယ္။ အလုပ္အရမ္းမ်ားတာ၊ အနားမရတာေတြ အျပင္ အလုပ္မွာ ဖိအားမ်ားလြန္းတာေတြက စိတ္ဖိစီးလာႏိုင္ပါတယ္။ အလုပ္မ်ား႐ုံမကဘဲ အလုပ္မရွိတာေတြကလည္း စိတ္ဖိစီးမႈ႕ေတြ စိတ္ဓာတ္က်မႈ႕ ေတြကို ျဖစ္ေစႏိုင္ပါတယ္။ ေနာက္ထပ္ အျဖစ္မ်ားတဲ့ အရာတစ္ခုကေတာ့ မိသားစုျပႆနာ အခ်စ္ေရးျပႆနာေတြပါပဲ။ အခ်စ္ေရးမွာ အဆင္မေျပရင္ ၊ အသည္းကြဲေနရင္ အရာရာမွာ အာ႐ုံစူးစိုက္ႏိုင္စြမ္းေတြ မရွိဘဲ စိတ္ေတြ ဖိစီးလာႏိုင္ပါတယ္။ ေနရာထိုင္ခင္း ေျပာင္းေ႐ြ႕ရတာေတြ ၊ လူမႈ႕ေရးမွာ အဆင္မေျပမႈ႕ေတြေၾကာင့္လည္း စိတ္ေတြရႈတ္ၿပီး ဖိစီးလာႏိုင္ပါတယ္။ စိတ္ဖိစီးႏိုင္တဲ့ အခ်က္ေတြကေတာ့ ဒုနဲ႔ ေဒးပါပဲ။

စိတ္ေတြ ဖိစီးလာရင္ ဘယ္လိုေတြ ခံစားရႏိုင္လဲ။

စိတ္ဖိစီးလာရင္ စိတ္ပိုင္းဆိုင္ရာသာမက ႐ုပ္ပိုင္းဆိုင္ရာေရာမွာေရာ ျပဳမူေနထိုင္မႈ ပုံစံမွာပါ ထိခိုက္ ပ်က္စီးမႈ႕ေတြ ရွိလာႏိုင္ပါတယ္။ စိတ္ပိုင္းဆိုင္ရာ ခံစားမႈေတြ အေနနဲ႔ စိတ္ေတြရႈတ္ေထြးလာမယ္။ ဂဏာမၿငိမ္ေတြ ျဖစ္လာမယ္။ အာ႐ုံစိုက္လို႔ မရဘူး။ တက္ႂကြမႈ႕ေတြ စိတ္ပါဝင္မႈ႕ေတြ နည္းပါးေနတယ္။ ျပႆနာကို အေျဖရွာမရဘဲ ထပ္ခါထပ္ခါ ေတြးေတာေနတာမ်ိဳးေတြ ရွိေနမယ္။ တခ်ိဳ႕ေတြမွာ စိတ္ေတြ တိုေနတတ္တယ္။ တခ်ိဳ႕ေတြမွာက် စိတ္ဓာတ္က်ေနတာေတြ ၊ ဝမ္းနည္းေနတာေတြ ျဖစ္ေနမယ္။

႐ုပ္ပိုင္းဆိုင္ရာ အေနနဲ႔ေတာ့ ေခါင္းကိုက္တာေတြ ၊ ႂကြက္သားေတြ တင္းၿပီး နာက်င္ကိုက္ခဲေနမယ္၊ ပင္ပန္းႏြမ္းနယ္ေနတတ္တယ္။ ဗိုက္ေအာင့္ ဗိုက္နာလာတာ၊ အစာမေၾကျဖစ္တာေတြ ျဖစ္တတ္တယ္။ တခ်ိဳ႕ေတြမွာဆို ပ်ိဳ႕တာ အန္တာေတြအထိ ျဖစ္တတ္တယ္။ ရင္ဘတ္ေတြ ေအာင့္လာတာ၊ ရင္ေတြ တုန္လာတာေတြ ရွိတယ္။ အရမ္းအိပ္ေနတာေတြ ၊ လုံးဝအိပ္မရတာေတြ ျဖစ္တတ္တယ္။ တခ်ိဳ႕ေတြဆို လိင္မႈ႕ ကိစၥနဲ႔ ပတ္သက္ၿပီး ေျပာင္းလဲေနတာေတြ ရွိတယ္။ စိတ္မပါေတာ့တာေတြ ရွိတတ္သလို တခ်ိဳ႕က အဲဒီကေန ထြက္ေပါက္ရမလား စိတ္နဲ႔ ပိုအားသန္ေနတာေတြလည္း ရွိတတ္တယ္။

ျပဳမူေနထိုင္ပုံနဲ႔ ပတ္သက္ရင္လည္း ေျပာင္းလဲမႈ႕ေတြ ျဖစ္တတ္တယ္။ အရမ္းစားေနတာေတြလည္း ရွိသလို တခ်ိဳ႕က အစားပ်က္ အအိပ္ပ်က္ေတြ ျဖစ္တာမ်ိဳးလည္း ရွိတယ္။ စိတ္မ်ားေပ်ာ္လာမလားဆိုတဲ့ အေတြးနဲ႔ အရက္ေတြ ေဆးလိပ္ေတြ ပိုေသာက္လာတတ္တယ္။ တခ်ဳ႕ိဆို မူးယစ္ေဆးေတြ သုံးလာတာမ်ိဳးေတြေတာင္ ရွိတယ္။ အေပါင္းအသင္းေတြနဲ႔ ေသြဖယ္လာတယ္။ တစ္ေယာက္တည္း ေနခ်င္လာတယ္။ ကိစၥေသးေသးေလး ေတြေပၚေတာင္ ဆူညံေပါက္ကြဲတာမ်ိဳး စိတ္မထိန္းႏိုင္ျဖစ္ေနတာမ်ိဳးေတြလည္း ရွိတယ္။

ျပႆနာေတြကို မေျဖရွင္းဘဲ ထြက္ေျပးခ်င္ေနတာမ်ိဳး ၊ ေရွာင္ဖယ္ေနတာမ်ိဳးေတြ လုပ္တတ္တယ္။ စိတ္ေတြပူေနၿပီး ဆုံးျဖတ္ႏိုင္စြမ္းေတြလည္း က်ဆင္းေနတတ္တယ္။ လႈပ္လႈပ္ရွားရွားေတြလည္း မလုပ္ခ်င္ေတာ့ဘူး။ စိတ္ဖိစီးတာ ၾကာလာတဲ့အခါမွာေတာ့ ေသြးတိုးတာေတြ ၊ ကိုယ္ခံအားနည္းၿပီး တျခားေရာဂါ ဝင္လာတာေတြ ျဖစ္တတ္တယ္။

ဒါ့အျပင္ ႏွလုံးေရာဂါေတြ ၊ အဝလြန္ေရာဂါေတြလည္း ျဖစ္လာႏိုင္ေခ်ရွိေသးတယ္။ စိတ္ဖိစီးတာေတြကို ေသခ်ာ မတြန္းလွန္ႏိုင္ရင္ စိတ္ဓာတ္ေတြက်ၿပီး စိတ္က်ေရာဂါျဖစ္တာေတြ ၊ နာတာရွည္ ညအိပ္မေပ်ာ္ ျဖစ္တာေတြ ျဖစ္တတ္တယ္။ ေလ့လာဆန္းစစ္မႈ႕ေတြအရ အ႐ြယ္ေရာက္ၿပီး လူ ၁၀ ေယာက္မွာ ၄ ေယာက္ေလာက္ဟာ စိတ္ဖိစီးေနတာေတြေၾကာင့္ ညဖက္ေကာင္းေကာင္းအိပ္မရဘဲ လန႔္လန႔္ ႏိုးေနတာေတြ ခံစားေနရေၾကာင္း ေတြ႕ရွိရတယ္။ တခ်ိဳ႕ေတြမွာက်ေတာ့လည္း မအိပ္ႏိုင္ဘဲ TV ေရွ႕မွာ ငုတ္တုတ္ထိုင္ရင္း ညအိပ္မယ့္ အခ်ိန္ေတြ ကုန္လြန္သြားတာမ်ိဳးေတြ ရွိတယ္။

ဒီလိုဆို စိတ္ဖိစီးတာေတြကေန လြတ္ေျမာက္ေအာင္ ဘယ္လိုေတြ လုပ္ရမလဲ
1. ပုံမွန္ေလ့က်င့္ခန္း တစ္ခုခု လုပ္ေပးပါ
2. အနားယူေပးပါ ( အသက္ရွဴေလ့က်င့္ခန္း လုပ္တာမ်ိဳး ၊ ေယာဂ ေဆာ့တာမ်ိဳး၊ တရားထိုင္တာမ်ိဳးေတြ လုပ္ေပးသင့္တယ္။ ျပင္းျပင္းထန္ထန္ ႏွိပ္တာမ်ိဳး မဟုတ္တဲ့ အႏွိပ္ခံတာမ်ိဳးလည္း လုပ္လို႔ရတယ္)
3. ဝါသနာပါတဲ့ ကိစၥတစ္ခုခုကို လုပ္တာမ်ိဳး ( ဝါသနာပါတာ မရွိဘူးဆိုလည္း ကိုယ္ႏွစ္သက္တဲ့ အလုပ္ကို လုပ္တာမ်ိဳးေတြ လုပ္လို႔ရတယ္)
4. သူငယ္ခ်င္းေတြ မိတ္ေဆြေတြနဲ႔ သိုက္သိုက္ဝန္းဝန္းေနတာမ်ိဳး လည္း လုပ္သင့္တယ္။
5. လႈပ္လႈပ္ရွားရွား တက္တက္ႂကြႂကြ ေနတာ
6. ကိုယ့္ခံစားမႈ႕ေတြကို ထိန္းခ်ဳပ္ႏိုင္တဲ့ အေလ့အက်င့္ေလးေတြလည္း ေမြးျမဴသင့္တယ္။
7. တျခားသူေတြကို အကူအညီေပးတာေတြလည္း ကိုယ့္ရဲ႕ စိတ္ဖိစီးမႈ႕ေတြကို အတန္အသင့္ ေလ်ာ့နည္းေစႏိုင္တယ္။
8. တစ္ေန႔ကို အိပ္ခ်ိန္ ဝဝအိပ္တာမ်ိဳး ေတြ လုပ္သင့္တယ္။ (အိပ္ခ်ိန္ကို ၇ နာရီက ၉ နာရီအတြင္း ထားရွိသင့္တယ္)
ဒီလို ႐ိုးစင္းလြယ္ကူတဲ့ နည္းလမ္းေတြနဲ႔ ကိုယ့္ရဲ႕စိတ္ဖိစီးမႈ႕ေတြကို တြန္းလွန္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းရင္း ………

Author : Dr. ေမ

(Unicode)

အဆင်မပြေမှုတွေ အခက်အခဲ ဒုက္ခတွေဆိုတာ လူတိုင်း တွေ့ကြုံခံစားရသည်သာ။ လူတိုင်း ကိုယ့်ဘဝနှင့်ကိုယ် အခက်အခဲတွေ ဒုက္ခတွေဆိုတာ ရှိနိုင်တယ်။ မိမိတစ်ဦးတည်းသာ တွေ့ကြုံခံစားရသည်မဟုတ်။ အခက်အခဲတွေ ကြုံဖန်များတဲ့အခါ ကျော်လွှားဖို့ ခက်ခဲတဲ့အခါ စိတ်ဖိစီးမှု့တွေ ရှိလာနိုင်တယ်။ လူကြီး ကလေး အရွယ်မရွေး စိတ်ဖိစီးမှု့ ဆိုတာ ရှိတယ်။ တချို့က ကလေးဘဝက ကောင်းတယ် ၊ အပူအပင်ကင်းတယ်လို့ ထင်မှတ်ကြပေမယ့် ကလေးတွင်လည်း ကလေးအလျှောက် စိတ်ဖိစီးမှု့ဆိုတာ ရှိတယ်။

စိတ်ဖိစီးမှု့တွေကို လူတိုင်းတွေ့ကြုံနေရပေမယ့် စိတ်ဖိစီးမှု့တွေရဲ့ ဆိုးကျိုးတွေကိုတော့ သိတဲ့လူ အနည်းငယ်ပဲ ရှိတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ စိတ်ဖိစီးမှု့တွေက ကျန်းမာရေးအပေါ် လူမှု့အသိုင်းအဝိုင်းအပေါ် ဘယ်လိုဆိုးကျိုးတွေ သက်ရောက်မှု့ ရှိနိုင်တယ်ဆိုတာကို ပြောပြလိုပါတယ်။

စိတ်ဖိစီးမှု့ကို အဖြစ်အများဆုံး အကြောင်းကတော့ အလုပ်ကြောင့်ပဲ ဖြစ်ပါတယ်။ အလုပ်အရမ်းများတာ၊ အနားမရတာတွေ အပြင် အလုပ်မှာ ဖိအားများလွန်းတာတွေက စိတ်ဖိစီးလာနိုင်ပါတယ်။ အလုပ်များရုံမကဘဲ အလုပ်မရှိတာတွေကလည်း စိတ်ဖိစီးမှု့တွေ စိတ်ဓာတ်ကျမှု့ တွေကို ဖြစ်စေနိုင်ပါတယ်။ နောက်ထပ် အဖြစ်များတဲ့ အရာတစ်ခုကတော့ မိသားစုပြဿနာ အချစ်ရေးပြဿနာတွေပါပဲ။ အချစ်ရေးမှာ အဆင်မပြေရင် ၊ အသည်းကွဲနေရင် အရာရာမှာ အာရုံစူးစိုက်နိုင်စွမ်းတွေ မရှိဘဲ စိတ်တွေ ဖိစီးလာနိုင်ပါတယ်။ နေရာထိုင်ခင်း ပြောင်းရွေ့ရတာတွေ ၊ လူမှု့ရေးမှာ အဆင်မပြေမှု့တွေကြောင့်လည်း စိတ်တွေရှုတ်ပြီး ဖိစီးလာနိုင်ပါတယ်။ စိတ်ဖိစီးနိုင်တဲ့ အချက်တွေကတော့ ဒုနဲ့ ဒေးပါပဲ။

စိတ်တွေ ဖိစီးလာရင် ဘယ်လိုတွေ ခံစားရနိုင်လဲ။

စိတ်ဖိစီးလာရင် စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာရောမှာရော ပြုမူနေထိုင်မှု ပုံစံမှာပါ ထိခိုက် ပျက်စီးမှု့တွေ ရှိလာနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ အနေနဲ့ စိတ်တွေရှုတ်ထွေးလာမယ်။ ဂဏာမငြိမ်တွေ ဖြစ်လာမယ်။ အာရုံစိုက်လို့ မရဘူး။ တက်ကြွမှု့တွေ စိတ်ပါဝင်မှု့တွေ နည်းပါးနေတယ်။ ပြဿနာကို အဖြေရှာမရဘဲ ထပ်ခါထပ်ခါ တွေးတောနေတာမျိုးတွေ ရှိနေမယ်။ တချို့တွေမှာ စိတ်တွေ တိုနေတတ်တယ်။ တချို့တွေမှာကျ စိတ်ဓာတ်ကျနေတာတွေ ၊ ဝမ်းနည်းနေတာတွေ ဖြစ်နေမယ်။

ရုပ်ပိုင်းဆိုင်ရာ အနေနဲ့တော့ ခေါင်းကိုက်တာတွေ ၊ ကြွက်သားတွေ တင်းပြီး နာကျင်ကိုက်ခဲနေမယ်၊ ပင်ပန်းနွမ်းနယ်နေတတ်တယ်။ ဗိုက်အောင့် ဗိုက်နာလာတာ၊ အစာမကြေဖြစ်တာတွေ ဖြစ်တတ်တယ်။ တချို့တွေမှာဆို ပျို့တာ အန်တာတွေအထိ ဖြစ်တတ်တယ်။ ရင်ဘတ်တွေ အောင့်လာတာ၊ ရင်တွေ တုန်လာတာတွေ ရှိတယ်။ အရမ်းအိပ်နေတာတွေ ၊ လုံးဝအိပ်မရတာတွေ ဖြစ်တတ်တယ်။ တချို့တွေဆို လိင်မှု့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောင်းလဲနေတာတွေ ရှိတယ်။ စိတ်မပါတော့တာတွေ ရှိတတ်သလို တချို့က အဲဒီကနေ ထွက်ပေါက်ရမလား စိတ်နဲ့ ပိုအားသန်နေတာတွေလည်း ရှိတတ်တယ်။

ပြုမူနေထိုင်ပုံနဲ့ ပတ်သက်ရင်လည်း ပြောင်းလဲမှု့တွေ ဖြစ်တတ်တယ်။ အရမ်းစားနေတာတွေလည်း ရှိသလို တချို့က အစားပျက် အအိပ်ပျက်တွေ ဖြစ်တာမျိုးလည်း ရှိတယ်။ စိတ်များပျော်လာမလားဆိုတဲ့ အတွေးနဲ့ အရက်တွေ ဆေးလိပ်တွေ ပိုသောက်လာတတ်တယ်။ တချု့ိဆို မူးယစ်ဆေးတွေ သုံးလာတာမျိုးတွေတောင် ရှိတယ်။ အပေါင်းအသင်းတွေနဲ့ သွေဖယ်လာတယ်။ တစ်ယောက်တည်း နေချင်လာတယ်။ ကိစ္စသေးသေးလေး တွေပေါ်တောင် ဆူညံပေါက်ကွဲတာမျိုး စိတ်မထိန်းနိုင်ဖြစ်နေတာမျိုးတွေလည်း ရှိတယ်။

ပြဿနာတွေကို မဖြေရှင်းဘဲ ထွက်ပြေးချင်နေတာမျိုး ၊ ရှောင်ဖယ်နေတာမျိုးတွေ လုပ်တတ်တယ်။ စိတ်တွေပူနေပြီး ဆုံးဖြတ်နိုင်စွမ်းတွေလည်း ကျဆင်းနေတတ်တယ်။ လှုပ်လှုပ်ရှားရှားတွေလည်း မလုပ်ချင်တော့ဘူး။ စိတ်ဖိစီးတာ ကြာလာတဲ့အခါမှာတော့ သွေးတိုးတာတွေ ၊ ကိုယ်ခံအားနည်းပြီး တခြားရောဂါ ဝင်လာတာတွေ ဖြစ်တတ်တယ်။

ဒါ့အပြင် နှလုံးရောဂါတွေ ၊ အဝလွန်ရောဂါတွေလည်း ဖြစ်လာနိုင်ချေရှိသေးတယ်။ စိတ်ဖိစီးတာတွေကို သေချာ မတွန်းလှန်နိုင်ရင် စိတ်ဓာတ်တွေကျပြီး စိတ်ကျရောဂါဖြစ်တာတွေ ၊ နာတာရှည် ညအိပ်မပျော် ဖြစ်တာတွေ ဖြစ်တတ်တယ်။ လေ့လာဆန်းစစ်မှု့တွေအရ အရွယ်ရောက်ပြီး လူ ၁၀ ယောက်မှာ ၄ ယောက်လောက်ဟာ စိတ်ဖိစီးနေတာတွေကြောင့် ညဖက်ကောင်းကောင်းအိပ်မရဘဲ လန့်လန့် နိုးနေတာတွေ ခံစားနေရကြောင်း တွေ့ရှိရတယ်။ တချို့တွေမှာကျတော့လည်း မအိပ်နိုင်ဘဲ TV ရှေ့မှာ ငုတ်တုတ်ထိုင်ရင်း ညအိပ်မယ့် အချိန်တွေ ကုန်လွန်သွားတာမျိုးတွေ ရှိတယ်။

ဒီလိုဆို စိတ်ဖိစီးတာတွေကနေ လွတ်မြောက်အောင် ဘယ်လိုတွေ လုပ်ရမလဲ
1. ပုံမှန်လေ့ကျင့်ခန်း တစ်ခုခု လုပ်ပေးပါ
2. အနားယူပေးပါ ( အသက်ရှူလေ့ကျင့်ခန်း လုပ်တာမျိုး ၊ ယောဂ ဆော့တာမျိုး၊ တရားထိုင်တာမျိုးတွေ လုပ်ပေးသင့်တယ်။ ပြင်းပြင်းထန်ထန် နှိပ်တာမျိုး မဟုတ်တဲ့ အနှိပ်ခံတာမျိုးလည်း လုပ်လို့ရတယ်)
3. ဝါသနာပါတဲ့ ကိစ္စတစ်ခုခုကို လုပ်တာမျိုး ( ဝါသနာပါတာ မရှိဘူးဆိုလည်း ကိုယ်နှစ်သက်တဲ့ အလုပ်ကို လုပ်တာမျိုးတွေ လုပ်လို့ရတယ်)
4. သူငယ်ချင်းတွေ မိတ်ဆွေတွေနဲ့ သိုက်သိုက်ဝန်းဝန်းနေတာမျိုး လည်း လုပ်သင့်တယ်။
5. လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ နေတာ
6. ကိုယ့်ခံစားမှု့တွေကို ထိန်းချုပ်နိုင်တဲ့ အလေ့အကျင့်လေးတွေလည်း မွေးမြူသင့်တယ်။
7. တခြားသူတွေကို အကူအညီပေးတာတွေလည်း ကိုယ့်ရဲ့ စိတ်ဖိစီးမှု့တွေကို အတန်အသင့် လျော့နည်းစေနိုင်တယ်။
8. တစ်နေ့ကို အိပ်ချိန် ဝဝအိပ်တာမျိုး တွေ လုပ်သင့်တယ်။ (အိပ်ချိန်ကို ၇ နာရီက ၉ နာရီအတွင်း ထားရှိသင့်တယ်)
ဒီလို ရိုးစင်းလွယ်ကူတဲ့ နည်းလမ်းတွေနဲ့ ကိုယ့်ရဲ့စိတ်ဖိစီးမှု့တွေကို တွန်းလှန်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ………

Author : Dr. မေ

Previous Post

ကလေးမွေးပြီး၊  မီးတွင်းကာလကျန်းမာရေး  စောင့်ရှောက်ခြင်း

Next Post

လူတွေကြောက်တဲ့ ဂနိုဆိုတာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
853
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လူတွေကြောက်တဲ့ ဂနိုဆိုတာ

မီးဖွားပြီးစ လုံမတို့ အမေး အဖုံဖုံ အမျိုးအစားစုံ

အနာသေးသေးလေးကနေ သေတတ်တဲ့ ရောဂါ (သို့မဟုတ်) Scrub Typhus

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.