သောက်—ခြောက်လို့ အမည်ပေးရခြင်းမှာ GAYများကို ဆိုလိုခြင်း မဟုတ်ပါ။ အိမ်သူဇနီးများ မိမိလင်ယောကျာၤးခြောက်သွားပါသဖြင့် OnDoctor မှာ အကူအညီတောင်း မေးမြန်းသောကြောင့် ဖြစ်ပါတယ်။ တစ်မျိုး မထင်ကြပါနဲ့။ မိမိယောကျာၤး အသောက်များ၍ အသည်းခြောက်သွား၍ အရေးတကြီး မေးကြခြင်းပင်ဖြစ်ပါတယ်။
(1)အသည်း?
အသည်းဆိုသည်မှာ ကိယ်ခန္ဓာအတွက် အရေးကြီးသော အလုပ်များ ပြုလုပ်ပေးသော ကြီးမားသောအင်္ဂါအစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ သွေးထဲရှိ အဆိပ်အတောက်များ ဖယ်ရှားခြင်း၊ အသားဓာတ်ဖြိုခွဲ ပြီး သည်းခြေရည်ထုတ်ပြီး အဆီကို စုပ်ယူမှု အားပေးပါတယ်။ နှစ်ပေါင်းများစွာ အရက်သောက်သူများအဖို့ ကိုယ်ခန္ဓာသည် ကောင်းသောအသည်းတစ်ရူးများကို ဖယ်ရှားဖြစ်ကာ အမာရွတ်တစ်ရူးများဖြစ်လာပါတယ်။ ထိုအခြေအနေကို အသည်းခြောက်သည်ဟု ခေါ်ပါတယ်။ တဖြေးဖြေး အသည်းခြောက်လေလေ အသည်းလုပ်ဆောင်မှု လျော့နည်းလေလေဖြစ်ကာ ရပ်ဆိုင်းသွားပါလိမ့်မယ်။ အရက်သောက်သူများတွင် ပထမဦးဆုံး အသည်းအဆီဖုံးခြင်း ထိုမှတဆင့် အသည်းရောင်ကာ အသည်းခြောက်ခြင်း အဆင့်သို့ ရောက်ရှိလာပါလိမ့်မယ်။
(2)အသည်းခြောက်ခြင်း လက္ခဏာများကတော့
-အသားဝါခြင်း
-အသည်းတွင်းရှိ သွေးကြောသွေးတိုးခြင်း
-ယားယံခြင်း
(3)ဖြစ်စေသော အကြောင်းအရာများကတော့ အရက်အလွန်အကျွံ စွဲမြဲစွာ သောက်သုံးခြင်းကြောင့်အသည်းပျက်ဆီးရာက စပါတယ်။ အဆိပ်အတောက်များလည်း မဖယ်ရှားနိုင်တော့ပါ။ အရက်ကြောင့်မဟုတ်သော အသည်းခြောက်စေသော အကြောင်းရင်းများလည်း ရှိပါတယ်။ အသည်းစီပိုးရှိသူသည်အရက်သောက်ပါက အသည်းခြောက်ခြင်းသို့ အလျင်အမြန် ရောက်ရှိစေပါတယ်။
(4)ရောဂါရှာဖွေမှု
အသည်းခြောက်သူများရဲ့သွေးစစ်ချက်များတွင်
-သွေးအားနည်းမှု
-သွေးတွင်းအမိုနီးယားပမာဏများမှု
-သွေးတွင်းအချိုဓာတ်များမှု
-သွေးဖြူဥများမှု တွေ့ရတတ်ပါတယ်။
-အသားစယူစစ်ဆေးပါက အသည်းတစ်ရူးပျက်ဆီးမှု
-အသည်းအင်ဇိုင်းများများခြင်း
-ပိုတက်ဆီယမ်/ဆိုဒီယမ် နှင့်မက်ဂနီစီယမ်ဓာတ်သွေးတွင်းနည်းခြင်း
-အသည်းသွေးကြောသွေးဖိအားများခြင်း
-အတ်ထရာဆောင်းရိုက်လျှင် အသည်းခြောက်ခြင်းစသည်တို့ကို စမ်းသပ်တွေ့ရှိတတ်ပါတယ်။
(5)နောက်ဆက်တွဲဆိုးကျိုးများ
အရက်ကြောင့် အသည်းခြောက်ခြင်းကြောင့် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ ခံစားရတတ်ပါတယ်။
-ရေဖျင်းစွဲခြင်း
-ဦးနှောက်ထိခိုက်ခြင်း
-ကိုယ်တွင်းသွေးယိုစိမ့်ခြင်း
-အသားဝါခြင်း
-အသည်းကင်ဆာဖြစ်ခြင်း စသည့်တို့ပဲ ဖြစ်ပါတယ်။
အသည်းခြောက်ခြင်း အဆင့်ဆိုးရွားပါက အသည်းအစားထိုး ကုသည်အထိ ပြုလုပ်ရပါတယ်။ အသည်းအစားထိုး ကုသပါက ၇၀% သက်တမ်း၅နှစ် ထိ နေနိုင်ပါလိမ့်မယ်။
(6)ကုသမှုများ
အချို့အသည်းရောဂါများသည် ဆေးဝါးကုသမှု ခံယူလျှင် ပြန်လည်ကောင်းမွန်နိုင်သော်လည်း အရက်သောက်ခြင်းကြောင့် အသည်းခြောက်ခြင်းသည် ပြန်မကောင်းနိုင်တော့ပါ။ ကုသမှုသည် ရောဂါပိုးဆိုးမှု မရှိရန်နှင့် နောက်ဆက်တွဲ ဆိုးကျိုးမဝင်ရန်သာ ပြုလုပ်နိုင်ပါသည်။
ပထမဦးစွာ အရက်ဖြတ်ရန် လိုအပ်ပါတယ်။ လိုအပ်လျှင် ဆေးရုံတက်ဖြတ်ပါ။
-ဆေးဝါးကုသခြင်း
-အာဟာရဓာတ် ဖြည့်တင်းခြင်း
-အသားဓာတ်ဖြည့်တင်းခြင်း စသည်တို့ဖြင့် ကုသမှုခံယူရပါမည်။
-နောက်ဆုံးတွင်အသည်းအစားထိုးကုသမှုကို ပြုလုပ်ရပါမည်။
ထို့ကြောင့်အရက်သောက်သုံးသူများတွင် အရက်ကြောင့်အသည်းခြောက်ပါက အရက်ဖြတ်၍ ဆေးကုသမှုကို စောလျင်စွာ ခံယူသင့်ပါက နောက်ဆက်တွဲ အန္တရာယ်ကင်းဝေးနိုင်ပါလိမ့်မယ်။
Author : Dr. ပြည့်ရှင်း