fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

Autoimmune ရောဂါများ

379
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/01/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

လူရဲ႕ ခႏၶာကိုယ္ထဲမွာ ေရာဂါေတြကို ခုခံကာကြယ္ေပးေနတဲ့ ခုခံအားစနစ္ႀကီး ရွိပါတယ္။ Immune system လို႔ေခၚပါတယ္။ ဒီစနစ္ႀကီးထဲမွာ Antibody လို႔ ေခၚတဲ့ ေရာဂါေတြကို ျပန္တိုက္ေပးေနတဲ့ ခုခံအားေလးေတြ အမ်ားႀကီးရွိပါတယ္။

ဒီခုခံအားစနစ္မွာ တစ္ခါတစ္ေလမွာ ေျပာင္းလဲမႈေတြ ျဖစ္လာတတ္ပါတယ္။ Autoimmnue ေရာဂါေတြဆိုတာ တစ္ခ်ိဳ႕တစ္ခ်ိဳ႕ေသာ Antibody ေတြက ခုခံအားစနစ္ကို ျပန္တိုက္ခိုက္တဲ့ အေျခအေနမ်ိဳးေတြကို ေျပာတာပါ။

Autoimmune ေရာဂါေတြအမ်ားႀကီးပါ။ လူသိမ်ားတဲ့ေရာဂါျဖစ္တဲ့ အေရျပားေလးဘက္နာလို႔ေခၚတဲ့ SLE , ေသြးေလးဘက္နာ RA, Psoriasis, ဆီးခ်ိဳအမ်ိဳးအစားတစ္ နဲ႔ သိုင္း႐ိုက္ဆိုင္ရာ ျပႆနာေတြရွိသလို လူသိနည္းတဲ့ Multiple sclerosis လို႔ေခၚတဲ့ အာ႐ုံေၾကာထိခိုက္တဲ့ေရာဂါ, အသည္းေရာင္ျခင္း,ႂကြက္သားနဲ႔ဆိုင္တဲ့ ေရာဂါေတြလည္းအမ်ားႀကီးရွိၾကပါတယ္။

Autoimmune ေရာဂါအမ်ားစုက အသက္ ၂၀ေက်ာ္ ၃၀အ႐ြယ္မွာ ေရာဂါလကၡဏာကို စတင္ခံစားရတတ္ပါတယ္။ အမ်ိဳးသမီးေတြက အမ်ိဳးသားေတြထက္ ပိုၿပီးျဖစ္တတ္ၾကပါတယ္။ တစ္ခ်ိဳ႕ေသာ Autoimmune ေရာဂါေတြဆိုရင္ တစ္မ်ိဳးတည္းမဟုတ္ဘဲ ေရာဂါႏွစ္မ်ိဳး သုံးမ်ိဳးေပါင္းေနတဲ့ အတြဲလိုက္ေတြ ျဖစ္ေနတတ္တယ္။

Autoimmune ေရာဂါေတြက စျဖစ္ၿပီဆိုတာနဲ႔ ေရာဂါရဲ႕ ျဖစ္စဥ္တိုင္းက ေတာက္ေလွ်ာက္လႈပ္ရွား အသက္ဝင္ေနမွာပါ။ ေရာဂါက တစ္ျဖည္းျဖည္းပိုပိုဆိုးလာမွာပါ။ အသက္အႏၲရာယ္ ထိခိုက္ေစႏိုင္တာလည္းျဖစ္ႏိုင္ပါတယ္။

Autoimmune ေရာဂါသည္ေတြက ကိုယ္တိုင္ ခံစားေနရတယ္ဆိုမွ ျဖစ္ေနတဲ့ေရာဂါအေၾကာင္း ေသခ်ာသိလာၾကတာပါ။ အစပိုင္းမွာေတာ့ အမႈမဲ့အမွတ္မဲ့ျဖစ္ေနတတ္ေပမယ့္ ေရာဂါလကၡဏာေတြ တစ္ျဖည္းျဖည္း ျပည့္စုံလာတဲ့အခါမွ ကုသမႈအတြက္ ေသခ်ာဂ႐ုစိုက္ ျဖစ္လာတတ္ၾကပါတယ္။

Autoimmune ေရာဂါအားလုံးနီးပါးက ကုသလို႔မရတာမ်ားပါတယ္။ ေရွ႕ဆက္သြားေနတဲ့ ေရာဂါျဖစ္စဥ္ကို ဟန႔္တားႏိုင္ဖို႔အတြက္ေတာ့ Antibody ကိုျပန္တိုက္တဲ့ ေဆးတစ္ခ်ိဳ႕ ကို အသုံးျပဳၾကပါတယ္။ ေရာဂါေၾကာင့္ျဖစ္တဲ့ လကၡဏာေတြ သက္သာဖို႔အတြက္ ေဆးေတြသုံးၾကတယ္။ ေရာဂါရဲ႕ေနာက္ဆက္တြဲေတြ မျဖစ္ေအာင္ တစ္ခ်ိဳ႕ေဆးဝါးေတြကို စြဲေသာက္ၾကရတယ္။

Autoimmune ေရာဂါတစ္မ်ိဳးမ်ိဳးရွိတဲ့သူေတြက ေဆးေတြအျပင္ အစားအေသာက္ အေနအထိုင္ေတြပါ ဂ႐ုတစိုက္ ျပဳျပင္ထိန္းသိမ္းဖို႔ လိုတတ္ပါတယ္။ ေရာဂါရဲ႕ လကၡဏာေတြကို သက္သာေစဖို႔အတြက္ရယ္ ေရာဂါရဲ႕ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြ ေစာေစာစီးစီးမျဖစ္ပြားေစဖို႔ရယ္ အတြက္ပါ။

Autoimmune ေရာဂါ ရွိသူေတြက အိမ္ေထာင္ျပဳၿပီး ကေလးယူလို႔ရလား ဆိုတာလည္း ေမးခြန္းတစ္ခုပါပဲ။ ကေလးယူဖို႔အတြက္ကေတာ့ ျဖစ္ေနတဲ့ လက္ရွိေရာဂါအေျခအေနရယ္ ေသာက္ေနတဲ့ ေဆးဝါးေတြရယ္ အေပၚမူတည္ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ေတာ့ Autoimmune ေရာဂါရွိသူေတြက ေရာဂါမေပ်ာက္ႏိုင္ေပမယ့္ စိတ္ဓာတ္မက်ေစခ်င္ပါဘူး။ ျဖစ္ေနတဲ့ ေရာဂါအလိုက္ သက္ဆိုင္ရာ ဆရာဝန္ႀကီးေတြနဲ႔ ေသခ်ာေဆးကုသမႈ ခံယူမယ္ ရက္ခ်ိန္းေတြပုံမွန္ျပမယ္ ဆိုရင္ ေရာဂါကို ေသခ်ာထိန္းထားႏိုင္တာမ်ားပါတယ္။

Author : Dr. CST

Unicode

လူရဲ့ ခန္ဓာကိုယ်ထဲမှာ ရောဂါတွေကို ခုခံကာကွယ်ပေးနေတဲ့ ခုခံအားစနစ်ကြီး ရှိပါတယ်။ Immune system လို့ခေါ်ပါတယ်။ ဒီစနစ်ကြီးထဲမှာ Antibody လို့ ခေါ်တဲ့ ရောဂါတွေကို ပြန်တိုက်ပေးနေတဲ့ ခုခံအားလေးတွေ အများကြီးရှိပါတယ်။

ဒီခုခံအားစနစ်မှာ တစ်ခါတစ်လေမှာ ပြောင်းလဲမှုတွေ ဖြစ်လာတတ်ပါတယ်။ Autoimmnue ရောဂါတွေဆိုတာ တစ်ချို့တစ်ချို့သော Antibody တွေက ခုခံအားစနစ်ကို ပြန်တိုက်ခိုက်တဲ့ အခြေအနေမျိုးတွေကို ပြောတာပါ။

Autoimmune ရောဂါတွေအများကြီးပါ။ လူသိများတဲ့ရောဂါဖြစ်တဲ့ အရေပြားလေးဘက်နာလို့ခေါ်တဲ့ SLE , သွေးလေးဘက်နာ RA, Psoriasis, ဆီးချိုအမျိုးအစားတစ် နဲ့ သိုင်းရိုက်ဆိုင်ရာ ပြဿနာတွေရှိသလို လူသိနည်းတဲ့ Multiple sclerosis လို့ခေါ်တဲ့ အာရုံကြောထိခိုက်တဲ့ရောဂါ, အသည်းရောင်ခြင်း,ကြွက်သားနဲ့ဆိုင်တဲ့ ရောဂါတွေလည်းအများကြီးရှိကြပါတယ်။

Autoimmune ရောဂါအများစုက အသက် ၂၀ကျော် ၃၀အရွယ်မှာ ရောဂါလက္ခဏာကို စတင်ခံစားရတတ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီးဖြစ်တတ်ကြပါတယ်။ တစ်ချို့သော Autoimmune ရောဂါတွေဆိုရင် တစ်မျိုးတည်းမဟုတ်ဘဲ ရောဂါနှစ်မျိုး သုံးမျိုးပေါင်းနေတဲ့ အတွဲလိုက်တွေ ဖြစ်နေတတ်တယ်။

Autoimmune ရောဂါတွေက စဖြစ်ပြီဆိုတာနဲ့ ရောဂါရဲ့ ဖြစ်စဉ်တိုင်းက တောက်လျှောက်လှုပ်ရှား အသက်ဝင်နေမှာပါ။ ရောဂါက တစ်ဖြည်းဖြည်းပိုပိုဆိုးလာမှာပါ။ အသက်အန္တရာယ် ထိခိုက်စေနိုင်တာလည်းဖြစ်နိုင်ပါတယ်။

Autoimmune ရောဂါသည်တွေက ကိုယ်တိုင် ခံစားနေရတယ်ဆိုမှ ဖြစ်နေတဲ့ရောဂါအကြောင်း သေချာသိလာကြတာပါ။ အစပိုင်းမှာတော့ အမှုမဲ့အမှတ်မဲ့ဖြစ်နေတတ်ပေမယ့် ရောဂါလက္ခဏာတွေ တစ်ဖြည်းဖြည်း ပြည့်စုံလာတဲ့အခါမှ ကုသမှုအတွက် သေချာဂရုစိုက် ဖြစ်လာတတ်ကြပါတယ်။

Autoimmune ရောဂါအားလုံးနီးပါးက ကုသလို့မရတာများပါတယ်။ ရှေ့ဆက်သွားနေတဲ့ ရောဂါဖြစ်စဉ်ကို ဟန့်တားနိုင်ဖို့အတွက်တော့ Antibody ကိုပြန်တိုက်တဲ့ ဆေးတစ်ချို့ ကို အသုံးပြုကြပါတယ်။ ရောဂါကြောင့်ဖြစ်တဲ့ လက္ခဏာတွေ သက်သာဖို့အတွက် ဆေးတွေသုံးကြတယ်။ ရောဂါရဲ့နောက်ဆက်တွဲတွေ မဖြစ်အောင် တစ်ချို့ဆေးဝါးတွေကို စွဲသောက်ကြရတယ်။

Autoimmune ရောဂါတစ်မျိုးမျိုးရှိတဲ့သူတွေက ဆေးတွေအပြင် အစားအသောက် အနေအထိုင်တွေပါ ဂရုတစိုက် ပြုပြင်ထိန်းသိမ်းဖို့ လိုတတ်ပါတယ်။ ရောဂါရဲ့ လက္ခဏာတွေကို သက်သာစေဖို့အတွက်ရယ် ရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ စောစောစီးစီးမဖြစ်ပွားစေဖို့ရယ် အတွက်ပါ။

Autoimmune ရောဂါ ရှိသူတွေက အိမ်ထောင်ပြုပြီး ကလေးယူလို့ရလား ဆိုတာလည်း မေးခွန်းတစ်ခုပါပဲ။ ကလေးယူဖို့အတွက်ကတော့ ဖြစ်နေတဲ့ လက်ရှိရောဂါအခြေအနေရယ် သောက်နေတဲ့ ဆေးဝါးတွေရယ် အပေါ်မူတည်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်တော့ Autoimmune ရောဂါရှိသူတွေက ရောဂါမပျောက်နိုင်ပေမယ့် စိတ်ဓာတ်မကျစေချင်ပါဘူး။ ဖြစ်နေတဲ့ ရောဂါအလိုက် သက်ဆိုင်ရာ ဆရာဝန်ကြီးတွေနဲ့ သေချာဆေးကုသမှု ခံယူမယ် ရက်ချိန်းတွေပုံမှန်ပြမယ် ဆိုရင် ရောဂါကို သေချာထိန်းထားနိုင်တာများပါတယ်။

Author : Dr. CST

 

Previous Post

အရက်ရဲ့ဆိုးကျိုးများ

Next Post

ချွေးအနံ့ဆိုးကင်းအောင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
852
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ချွေးအနံ့ဆိုးကင်းအောင်

ကင်ဆာရောဂါအကြောင်း ပြောရအောင်

အရေပြားအကြောင်းသိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.