fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အစာအိမ်ရောင်ရမ်းခြင်းဝေဒနာ

153
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/12/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အစာအိမ္ေယာင္ရမ္းျခင္းေ၀ဒနာ

လူစည္ကားရာ ပ်ံက် ရပ္ကြက္မွာ ေဆးခန္းေလးဖြင့္ထားတဲ့ ကြၽန္ေတာ္အတြက္ တစ္ခါတစ္ေလမွာ လူနာေတြကို က်န္းမာေရး ေစာင့္ေရွာက္မႈေတြ ေပးရတာ ေပ်ာ္စရာလည္းေကာင္းသလို တစ္ခါတစ္ေလက် ရယ္စရာလည္းေကာင္းေနတတ္ပါတယ္

ခုလည္း ကြၽန္ေတာ္ ေဆးခန္းေလး ဖြင့္႐ုံရွိေသး ေဆးခန္းေဘးမွာေနတဲ့ ရခိုင္အေဒၚႀကီးတစ္ေယာက္ ေအာ္ဟစ္ၿပီး ေရာက္လာေလရဲ႕

“ဆရာေရ ၊ လုပ္ပါဦး”

“လာ အေဒၚ၊ ဘာျဖစ္လာသလဲ”

သူ႔ဗိုက္ႀကီးကို ပုတ္ျပၿပီး “ကြၽန္မဗိုက္ထဲ “ဘုန္းဘုန္း… ဘုန္း”ႀကီး ျဖစ္ေနတယ္ဆရာ”

“ဟုတ္လား ျပပါဦး စမ္းၾကည့္ရေအာင”္

စမ္းသပ္ၾကည့္ေတာ့လည္း ဟုတ္တယ္။ ဗိုက္ႀကီးကတင္းေတာင့္ေနတယ္ ၊ ဝမ္းဗိုက္ကို ဖိၿပီး စမ္းသပ္ၾကည့္တိုင္းမွာ ေလေတြက တဂြီဂြီနဲ႔

ရင္ၫႊန႔္နားမွာလည္း နာက်င္မႈေလး အနည္းငယ္ရွိေနတယ္

“အျခား ဘာျဖစ္ေသးလဲ အေဒၚ ၊ အန္ေသးလား ၊ ေလခ်ဥ္တက္တာ ပ်ိဳ႕တာေတြ ဘာေတြေကာ ရွိေသးလား”

“အန္ေတာ့ မအန္ဘူးဆရာ ။ ပ်ိဳ႕ေတာ့ ပ်ိဳ႕တယ္။ ေလခ်ဥ္လည္း တက္တယ္ဆရာ”

“ဗိုက္ေအာင့္ ဗိုက္နာေတြ ဘာေတြေကာ ရွိေသးလား ၊ အစာစားၿပီးသြားရင္ အစာမေၾကတာတို႔ ဘာတို႔ေကာရွိလား”

“ရွိတယ္ဆရာ၊ ေလထိုးတာပဲလားေတာ့မသိပါဘူး ဆရာရယ္။ အရင္ကလိုလဲ သိပ္မစားႏိုင္ဘူးရယ္ ၊ နည္းနည္းေလးစားလိုက္တာနဲ႔ ဗိုက္ႀကီးက တင္းတင္းသြားတယ္ ။ ဘာျဖစ္တာမွန္းကို မသိေတာ့ပါဘူးဆရာရယ္”

“အေဒၚေရာဂါက အစာအိမ္ေရာင္ေနတာ ၊ အစားအေသာက္အေနအထိုင္ ဆင္ျခင္ဖို႔ေတာ့ လိုလိမ့္မယ္

အေဒၚႀကိဳက္တဲ့ အစပ္ေတြလည္း ေလ်ာ့စားဖို႔ လိုလိမ့္မယ္”

“အစာအိမ္ေရာင္တာ !!! အေဒၚေတာ့ တစ္ခါမွ မျဖစ္ဘူးပါဘူးကြယ္။ အဲဒီဟာႀကီးက ဘာလို႔ျဖစ္ရတာတုန္း ဆရာရယ္”

“အစာအိမ္ေရာင္တယ္လုပ္ပါအေဒၚရယ္၊ ဘယ္ႏွယ့္ အဲဟာႀကီးတုန္း

အစာအိမ္ေရာင္တယ္ဆိုတာ အစာအိမ္အတြင္းပိုင္းမွာ ရွိတဲ့ နံရံေတြ ေရာင္ရမ္းသြားလို႔ျဖစ္ရတာ

ေရာင္ရမ္းေစတဲ့ အဓိကအေၾကာင္းအရာေတြကေတာ့

အရက္ေသာက္သုံးတာ၊ စိတ္ဖိစီးမႈမ်ားတာ ၊ အကိုက္အခဲေပ်ာက္ေဆးမ်ားကို ၾကာရွည္စြဲေသာက္တာနဲ႔ H.pylori လို႔ေခၚတဲ့ ပိုးေၾကာင့္လည္းျဖစ္တတ္ေသးတယ္”

“ဆရာေျပာသလိုဆို ဟုတ္ေလာက္တယ္ဆရာ ။ ကြၽန္မ အခုတေလာ စိတ္ညစ္စရာေတြ အရမ္းမ်ားေနတယ္ဆရာ၊ စိတ္ဖိစီးတယ္ပဲေျပာရမွာေပါ့။”

“အစာအိမ္ေရာင္ရင္ အျခားဘယ္လိုခံစားရႏိုင္ေသးလဲဆရာ။”

“အစာအိမ္ေရာင္တဲ့အခါ ပ်ိဳ႕အန္တာ၊ ေလထိုးေလေအာင့္တာ၊ ဗိုက္ေအာင့္တာ၊ အန္တာ၊ အစာမေၾကတာ၊ အစာစားခ်ိန္တစ္ခ်ိန္နဲ႔ တစ္ခ်ိန္ၾကားေတြ ၊ ညေတြမွာ ရင္ပူတာေတြ ျဖစ္တတ္တယ္။ ဒါ့အျပင္ က်ိဳ႕ထိုးတာတို႔ အစာစားခ်င္စိတ္မရွိေတာ့တာေတြလည္းျဖစ္တယ္။

ေရာဂါလကၡဏာ အရမ္းဆိုးဝါးတဲ့အခါမွာ ေကာ္ဖီေရာင္အန္တာ ၊ ေသြးအန္တာ ၊ ကတၱရာစီးလို ဝမ္းမဲမဲေတြသြားတာမ်ိဳးေတြ ထိျဖစ္ႏိုင္တယ္”

“ေသြးအန္တာတို႔ ဘာတို႔ မရွိေသးဘူးဆိုေတာ့ ကြၽန္မ အရမ္းမဆိုးေသးဘူးမို႔လားဆရာ ။ဘယ္လိုလုပ္ရင္ ေပ်ာက္ႏိုင္မလဲ ဆရာ”

“ကြၽန္ေတာ္ေပးတဲ့ ေဆးမွန္မွန္ေသာက္ရမယ္။ အစားအစာကို နည္းနည္းနဲ႔ မၾကာခဏစားေပးရမယ္။ အပူအစပ္ေတြ ေရွာင္ရမယ္။အဆီအစိမ့္မ်ားတဲ့ အစားအစာေတြ ေရွာင္ရမယ္။ေနာက္ အခ်ဥ္ဓာတ္ပါတဲ့ အသီးအႏွံေတြလည္း ေရွာင္ရမယ္။”

“ဆရာ ဒီအစာအိမ္ေရာင္တာက ေနာက္ဆက္တြဲဆိုးက်ိဳးေတာ့ မရွိပါဘူးေနာ္”

“ေနာက္ဆက္တြဲ ဆိုးက်ိဳးျဖစ္တာ ရွိတာေပါ့။ ဒါေပမယ့္ အနည္းအက်ဥ္းမွာပဲ ရွိတာပါ။

တခ်ိဳ႕လူအနည္းအက်ဥ္းမွာေတာ့ နာတာရွည္အစာအိမ္ေရာင္တာ၊ အစာအိမ္အနာျဖစ္တာ၊ ေသြးယိုတာေတြျဖစ္တတ္တယ္။

“ဟုတ္ကဲ့ပါဆရာ ၊ ဒါနဲ႔ကြၽန္မဘာစားလို႔ရလဲဆရာ”

“ဒီညေတာ့ ဆန္ျပဳတ္ပဲေသာက္လိုက္ပါဗ်ာ ။ သက္သာမွ ထမင္းစားေပါ့။”

“ဟုတ္ကဲ့ပါဆရာ။ ေသာက္ဆိုေတာ့လဲ ေသာက္ရေတာ့မွာေပါ့ဆရာရယ္

ခုလိုရွင္းျပတာ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ဆရာ။ အိမ္က သားလည္းအခုတေလာ အရက္ေတြ အရမ္းေသာက္ေသာက္ေနတာ။ဆရာေျပာသလိုဆို သူလဲအစာအိမ္ေရာင္ေရာဂါျဖစ္ႏိုင္ေခ်ရွိတာေပါ့ေနာ္”

“ဒါေပါ့ ျဖစ္ႏိုင္ေခ်ရွိတာေပါ”့

“အဲလိုဆို သူ႔ကိုလည္း ကြၽန္မလို မျဖစ္ေအာင္ ဒီအစာအိမ္ေရာင္ ေရာဂါအေၾကာင္းျပန္ေျပာရမယ္။သြားလိုက္ပါဦးမယ္ဆရာ။”

“ေကာင္းပါၿပီဗ်ာ”

Author : Dr. ေမ

လူစည်ကားရာ ပျံကျ ရပ်ကွက်မှာ ဆေးခန်းလေးဖွင့်ထားတဲ့ ကျွန်တော်အတွက် တစ်ခါတစ်လေမှာ လူနာတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးရတာ ပျော်စရာလည်းကောင်းသလို တစ်ခါတစ်လေကျ ရယ်စရာလည်းကောင်းနေတတ်ပါတယ်

ခုလည်း ကျွန်တော် ဆေးခန်းလေး ဖွင့်ရုံရှိသေး ဆေးခန်းဘေးမှာနေတဲ့ ရခိုင်အဒေါ်ကြီးတစ်ယောက် အော်ဟစ်ပြီး ရောက်လာလေရဲ့

“ဆရာရေ ၊ လုပ်ပါဦး”

“လာ အဒေါ်၊ ဘာဖြစ်လာသလဲ”

သူ့ဗိုက်ကြီးကို ပုတ်ပြပြီး “ကျွန်မဗိုက်ထဲ “ဘုန်းဘုန်း… ဘုန်း”ကြီး ဖြစ်နေတယ်ဆရာ”

“ဟုတ်လား ပြပါဦး စမ်းကြည့်ရအောင”်

စမ်းသပ်ကြည့်တော့လည်း ဟုတ်တယ်။ ဗိုက်ကြီးကတင်းတောင့်နေတယ် ၊ ဝမ်းဗိုက်ကို ဖိပြီး စမ်းသပ်ကြည့်တိုင်းမှာ လေတွေက တဂွီဂွီနဲ့

ရင်ညွှန့်နားမှာလည်း နာကျင်မှုလေး အနည်းငယ်ရှိနေတယ်

“အခြား ဘာဖြစ်သေးလဲ အဒေါ် ၊ အန်သေးလား ၊ လေချဉ်တက်တာ ပျို့တာတွေ ဘာတွေကော ရှိသေးလား”

“အန်တော့ မအန်ဘူးဆရာ ။ ပျို့တော့ ပျို့တယ်။ လေချဉ်လည်း တက်တယ်ဆရာ”

“ဗိုက်အောင့် ဗိုက်နာတွေ ဘာတွေကော ရှိသေးလား ၊ အစာစားပြီးသွားရင် အစာမကြေတာတို့ ဘာတို့ကောရှိလား”

“ရှိတယ်ဆရာ၊ လေထိုးတာပဲလားတော့မသိပါဘူး ဆရာရယ်။ အရင်ကလိုလဲ သိပ်မစားနိုင်ဘူးရယ် ၊ နည်းနည်းလေးစားလိုက်တာနဲ့ ဗိုက်ကြီးက တင်းတင်းသွားတယ် ။ ဘာဖြစ်တာမှန်းကို မသိတော့ပါဘူးဆရာရယ်”

“အဒေါ်ရောဂါက အစာအိမ်ရောင်နေတာ ၊ အစားအသောက်အနေအထိုင် ဆင်ခြင်ဖို့တော့ လိုလိမ့်မယ်

အဒေါ်ကြိုက်တဲ့ အစပ်တွေလည်း လျော့စားဖို့ လိုလိမ့်မယ်”

“အစာအိမ်ရောင်တာ !!! အဒေါ်တော့ တစ်ခါမှ မဖြစ်ဘူးပါဘူးကွယ်။ အဲဒီဟာကြီးက ဘာလို့ဖြစ်ရတာတုန်း ဆရာရယ်”

“အစာအိမ်ရောင်တယ်လုပ်ပါအဒေါ်ရယ်၊ ဘယ်နှယ့် အဲဟာကြီးတုန်း

အစာအိမ်ရောင်တယ်ဆိုတာ အစာအိမ်အတွင်းပိုင်းမှာ ရှိတဲ့ နံရံတွေ ရောင်ရမ်းသွားလို့ဖြစ်ရတာ

ရောင်ရမ်းစေတဲ့ အဓိကအကြောင်းအရာတွေကတော့

အရက်သောက်သုံးတာ၊ စိတ်ဖိစီးမှုများတာ ၊ အကိုက်အခဲပျောက်ဆေးများကို ကြာရှည်စွဲသောက်တာနဲ့ H.pylori လို့ခေါ်တဲ့ ပိုးကြောင့်လည်းဖြစ်တတ်သေးတယ်”

“ဆရာပြောသလိုဆို ဟုတ်လောက်တယ်ဆရာ ။ ကျွန်မ အခုတလော စိတ်ညစ်စရာတွေ အရမ်းများနေတယ်ဆရာ၊ စိတ်ဖိစီးတယ်ပဲပြောရမှာပေါ့။”

“အစာအိမ်ရောင်ရင် အခြားဘယ်လိုခံစားရနိုင်သေးလဲဆရာ။”

“အစာအိမ်ရောင်တဲ့အခါ ပျို့အန်တာ၊ လေထိုးလေအောင့်တာ၊ ဗိုက်အောင့်တာ၊ အန်တာ၊ အစာမကြေတာ၊ အစာစားချိန်တစ်ချိန်နဲ့ တစ်ချိန်ကြားတွေ ၊ ညတွေမှာ ရင်ပူတာတွေ ဖြစ်တတ်တယ်။ ဒါ့အပြင် ကျို့ထိုးတာတို့ အစာစားချင်စိတ်မရှိတော့တာတွေလည်းဖြစ်တယ်။

ရောဂါလက္ခဏာ အရမ်းဆိုးဝါးတဲ့အခါမှာ ကော်ဖီရောင်အန်တာ ၊ သွေးအန်တာ ၊ ကတ္တရာစီးလို ဝမ်းမဲမဲတွေသွားတာမျိုးတွေ ထိဖြစ်နိုင်တယ်”

“သွေးအန်တာတို့ ဘာတို့ မရှိသေးဘူးဆိုတော့ ကျွန်မ အရမ်းမဆိုးသေးဘူးမို့လားဆရာ ။ဘယ်လိုလုပ်ရင် ပျောက်နိုင်မလဲ ဆရာ”

“ကျွန်တော်ပေးတဲ့ ဆေးမှန်မှန်သောက်ရမယ်။ အစားအစာကို နည်းနည်းနဲ့ မကြာခဏစားပေးရမယ်။ အပူအစပ်တွေ ရှောင်ရမယ်။အဆီအစိမ့်များတဲ့ အစားအစာတွေ ရှောင်ရမယ်။နောက် အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေလည်း ရှောင်ရမယ်။”

“ဆရာ ဒီအစာအိမ်ရောင်တာက နောက်ဆက်တွဲဆိုးကျိုးတော့ မရှိပါဘူးနော်”

“နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တာ ရှိတာပေါ့။ ဒါပေမယ့် အနည်းအကျဉ်းမှာပဲ ရှိတာပါ။

တချို့လူအနည်းအကျဉ်းမှာတော့ နာတာရှည်အစာအိမ်ရောင်တာ၊ အစာအိမ်အနာဖြစ်တာ၊ သွေးယိုတာတွေဖြစ်တတ်တယ်။

“ဟုတ်ကဲ့ပါဆရာ ၊ ဒါနဲ့ကျွန်မဘာစားလို့ရလဲဆရာ”

“ဒီညတော့ ဆန်ပြုတ်ပဲသောက်လိုက်ပါဗျာ ။ သက်သာမှ ထမင်းစားပေါ့။”

“ဟုတ်ကဲ့ပါဆရာ။ သောက်ဆိုတော့လဲ သောက်ရတော့မှာပေါ့ဆရာရယ်

ခုလိုရှင်းပြတာ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။ အိမ်က သားလည်းအခုတလော အရက်တွေ အရမ်းသောက်သောက်နေတာ။ဆရာပြောသလိုဆို သူလဲအစာအိမ်ရောင်ရောဂါဖြစ်နိုင်ချေရှိတာပေါ့နော်”

“ဒါပေါ့ ဖြစ်နိုင်ချေရှိတာပေါ”့

“အဲလိုဆို သူ့ကိုလည်း ကျွန်မလို မဖြစ်အောင် ဒီအစာအိမ်ရောင် ရောဂါအကြောင်းပြန်ပြောရမယ်။သွားလိုက်ပါဦးမယ်ဆရာ။”

“ကောင်းပါပြီဗျာ”

Author : Dr. မေ

Previous Post

အမျိုးသမီးရောဂါ

Next Post

အျဖဴဆင္းတယ္ ဆိုရာဝယ္

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
821
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အျဖဴဆင္းတယ္ ဆိုရာဝယ္

ေဆာင္းတြင္းမွာမီးလႈံမယ္ဆိုရင္

နှလုံးတိုက်ခိုက်ခံရမှုမှ(Heart Attack)ကင်းဝေးပြီး နှလုံးသားများကျန်းမာစေရန်အတွက်နည်းလမ်းတချိူ့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.