( Zawgyi )
ဆီးထဲေသြးပါတယ္ဆို အရင္ဆုံးသိရမွာက ဆီးတစ္ခုလုံးနီတာလား၊ နီတာမဟုတ္ရင္ေတာင္ ေရေႏြးၾကမ္းအ ေရာင္လား၊ Cocacola လိုအေရာင္လား ဆိုတာရယ္၊ ဆီးထဲေသြးစပါတာလား၊ ေသြးေတြက ဆီးအစမွာလား၊ ေတာက္ေလွ်ာက္လား၊ ၿပီးခါနီးမွလား ဆိုတာသိဖို႔လိုပါတယ္။
ဆီးတစ္ခုလုံးနီတာေတြက ေက်ာက္ကပ္ေရာင္ျခင္းမ်ား၊ ဆီးက်ိတ္ေရာင္ျခင္းမ်ား၊ ဆီးလမ္းေၾကာင္းကင္ဆာမ်ားမွာ ျဖစ္တတ္တယ္။ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း၊ ျပင္းထန္တဲ့ ေလ့က်င့္ခန္းမ်ားျပဳလုပ္ျခင္း၊ အမ်ိဳးသမီးမ်ား ရာသီေသြးေပၚျခင္း၊ လိင္ဆက္ဆံျခင္းေတြ ေၾကာင့္လည္း တစ္ခါတစ္ေလျဖစ္တတ္ပါတယ္။
ဆီးနီတာေတြက ဆီးလမ္းေၾကာင္းျပႆနာတင္မကဘူး တခ်ိဳ႕ေသြးေရာဂါေတြမွာ ျဖစ္တတ္တယ္။ ဆီးနီတာမ်ိဳး မဟုတ္ဘဲ cocacola အေရာင္လိုသြားတာလည္း ရွိတတ္တယ္။ ေသြးအားနည္းလို႔ ျဖဴဖတ္ျဖဴေလ်ာ္ ျဖစ္ေနတာ လည္းေတြ႕ရႏိုင္တယ္။ ေသြးဥမႊားေတြ နည္းတဲ့အခါ ပုံမမွန္တာေတြေၾကာင့္လည္း ျဖစ္ႏိုင္တယ္။ ဆီးနီ႐ုံတင္မ ကဘဲ တျခားေသြးထြက္တဲ့ လကၡဏာေတြပါရွိႏိုင္တယ္။ ေရာဂါပိုးေတြေၾကာင့္လည္း ျဖစ္တတ္တယ္။ ဌက္ဖ်ား ေရာဂါ၊ ေသြးလြန္တုပ္ေကြးေရာဂါ၊ E Bola ေရာဂါ၊ Schistosomiasis လို႔ေခၚတဲ့ တုတ္ေကာင္ေၾကာင့္လည္း ျဖစ္ တတ္တယ္။
ဆီးသြားနည္းတာေတြေၾကာင့္ ေရေသာက္နည္းတာေတြေၾကာင့္လည္း ဆီးအေရာင္ရင့္တတ္တယ္။ ေသြးပါတာ ေတာ့မဟုတ္ဘူး။ တခ်ိဳ႕ေဆးေတြေသာက္ထားရင္လည္း ဆီးနီတတ္တယ္။ ဥပမာ- TB ေဆးေတြ၊ အတက္က် ေဆးေတြနဲ႔ တခ်ိဳ႕ပိုးသတ္ေဆးေတြက ျဖစ္တတ္ပါတယ္။ ဆီးထဲေသြးပါတာေတြဆို ေတာက္ေလ်ာက္ပါေနရင္ အေပၚမွာေျပာထားတာေတြ အျပင္ ေက်ာက္ကပ္မွာ ဆီးေက်ာက္တည္တာကိုလည္း စဥ္းစားတယ္။ အစမွာပဲ ပါေနရင္ ဆီးလမ္းေၾကာင္းအစမွာ ေက်ာက္တည္တာ၊ အနာျဖစ္တာ၊ ထိခိုက္ဒဏ္ရာရတာေတြ ျဖစ္ႏိုင္တယ္။ ၿပီးခါနီးမွ ပါတာဆို ဆီးအိမ္ထဲက ျပႆနာကို စဥ္းစားတယ္။
ဘယ္လိုပဲျဖစ္ျဖစ္ေတာ့ ဆီးထဲေသြးပါေနၿပီဆိုရင္ အနည္းဆုံးေတာ့ ဆီးစစ္ရတယ္။ ေရာဂါျဖစ္ႏိုင္ေခ်ေပၚမူတည္ ၿပီး တျခားလိုအပ္တာေတြ ထပ္စစ္ရတယ္။ သက္ဆိုင္ရာ ဆရာဝန္ေတြနဲ႔ ျပရပါတယ္။
Author – Dr. CST
( Unicode )
ဆီးထဲသွေးပါတယ်ဆို အရင်ဆုံးသိရမှာက ဆီးတစ်ခုလုံးနီတာလား၊ နီတာမဟုတ်ရင်တောင် ရေနွေးကြမ်းအ ရောင်လား၊ Cocacola လိုအရောင်လား ဆိုတာရယ်၊ ဆီးထဲသွေးစပါတာလား၊ သွေးတွေက ဆီးအစမှာလား၊ တောက်လျှောက်လား၊ ပြီးခါနီးမှလား ဆိုတာသိဖို့လိုပါတယ်။
ဆီးတစ်ခုလုံးနီတာတွေက ကျောက်ကပ်ရောင်ခြင်းများ၊ ဆီးကျိတ်ရောင်ခြင်းများ၊ ဆီးလမ်းကြောင်းကင်ဆာများမှာ ဖြစ်တတ်တယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ အမျိုးသမီးများ ရာသီသွေးပေါ်ခြင်း၊ လိင်ဆက်ဆံခြင်းတွေ ကြောင့်လည်း တစ်ခါတစ်လေဖြစ်တတ်ပါတယ်။
ဆီးနီတာတွေက ဆီးလမ်းကြောင်းပြဿနာတင်မကဘူး တချို့သွေးရောဂါတွေမှာ ဖြစ်တတ်တယ်။ ဆီးနီတာမျိုး မဟုတ်ဘဲ cocacola အရောင်လိုသွားတာလည်း ရှိတတ်တယ်။ သွေးအားနည်းလို့ ဖြူဖတ်ဖြူလျော် ဖြစ်နေတာ လည်းတွေ့ရနိုင်တယ်။ သွေးဥမွှားတွေ နည်းတဲ့အခါ ပုံမမှန်တာတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ဆီးနီရုံတင်မ ကဘဲ တခြားသွေးထွက်တဲ့ လက္ခဏာတွေပါရှိနိုင်တယ်။ ရောဂါပိုးတွေကြောင့်လည်း ဖြစ်တတ်တယ်။ ဌက်ဖျား ရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ E Bola ရောဂါ၊ Schistosomiasis လို့ခေါ်တဲ့ တုတ်ကောင်ကြောင့်လည်း ဖြစ် တတ်တယ်။
ဆီးသွားနည်းတာတွေကြောင့် ရေသောက်နည်းတာတွေကြောင့်လည်း ဆီးအရောင်ရင့်တတ်တယ်။ သွေးပါတာ တော့မဟုတ်ဘူး။ တချို့ဆေးတွေသောက်ထားရင်လည်း ဆီးနီတတ်တယ်။ ဥပမာ- TB ဆေးတွေ၊ အတက်ကျ ဆေးတွေနဲ့ တချို့ပိုးသတ်ဆေးတွေက ဖြစ်တတ်ပါတယ်။ ဆီးထဲသွေးပါတာတွေဆို တောက်လျောက်ပါနေရင် အပေါ်မှာပြောထားတာတွေ အပြင် ကျောက်ကပ်မှာ ဆီးကျောက်တည်တာကိုလည်း စဉ်းစားတယ်။ အစမှာပဲ ပါနေရင် ဆီးလမ်းကြောင်းအစမှာ ကျောက်တည်တာ၊ အနာဖြစ်တာ၊ ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်နိုင်တယ်။ ပြီးခါနီးမှ ပါတာဆို ဆီးအိမ်ထဲက ပြဿနာကို စဉ်းစားတယ်။
ဘယ်လိုပဲဖြစ်ဖြစ်တော့ ဆီးထဲသွေးပါနေပြီဆိုရင် အနည်းဆုံးတော့ ဆီးစစ်ရတယ်။ ရောဂါဖြစ်နိုင်ချေပေါ်မူတည် ပြီး တခြားလိုအပ်တာတွေ ထပ်စစ်ရတယ်။ သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ ပြရပါတယ်။
Author – Dr. CST