(Zawgyi)
ဒီဘက္ေခတ္မွာ လူေနမႈပုံစံေျပာင္းလာတာ စိတ္ဖိစီးမႈေတြမ်ားလာတာ၊ အသင့္စားအစားအေသာက္ေတြ မ်ား လာတာ စတာေတြေၾကာင့္ ေသြးတိုး၊ ႏွလုံး၊ ဆီးခ်ိဳေရာဂါေတြ အျဖစ္မ်ားလာၾကပါတယ္။ ဒီအထဲကမွ ဆီးခ်ိဳဘာ ေၾကာင့္ျဖစ္လဲ စဥ္းစားၾကည့္ၾကရေအာင္။
ကိုယ္ခႏၶာမွာသၾကားဓာတ္ကို ထိန္းေပးေနတာက အင္ဆူလင္ေဟာ္မုန္းပါ။ Pancreas လို႔ေခၚတဲ့ မုန႔္ခ်ိဳအိတ္က ေနထုတ္ပါတယ္။ အင္ဆူလင္ လုံးဝမထြက္တာျဖစ္ေစ၊ အထြက္နည္းတာျဖစ္ေစ၊ ဆီးခ်ိဳျဖစ္ႏိုင္တယ္။ အင္ဆူ လင္လုံးဝမထြက္လို႔ ျဖစ္တဲ့ ဆီးခ်ိဳေရာဂါက အသက္ငယ္ငယ္မွာကတည္းက ေတြ႕ရတတ္တယ္။ အင္ဆူလင္ ထုတ္ေပးတဲ့ ဆဲလ္ေတြပ်က္စီးလို႔ ျဖစ္ရတာပါ။ အဲဒါမ်ိဳးမွာ အင္ဆူလင္ျပန္တိုးေပးဖို႔ လိုပါတယ္။ ေသာက္ေဆးနဲ႔ ထိန္းေပးလို႔မရပါဘူး။
ေနာက္တစ္မ်ိဳးကေတာ့ အင္ဆူလင္ထြက္ေပမယ့္ နည္းတဲ့အခါ၊ အင္ဆူလင္ကို ခံႏိုင္ရည္အားမ်ားေနတာ ေၾကာင့္ ျဖစ္တတ္ပါတယ္။ မ်ားေသာအားျဖင့္ အသက္၄၀ ေက်ာ္မွ ျဖစ္တတ္ေပမယ့္ ဒီထက္ငယ္တဲ့သူေတြမွာ လည္း ျဖစ္ႏိုင္တယ္။ ဝတဲ့သူေတြ၊ ကိုယ္လက္လႈပ္ရွားမႈနည္းတဲ့သူေတြ၊ အစားမ်ားတဲ့သူေတြ၊ အရက္ေသာက္ တတ္တဲ့သူေတြမွာ ေတြ႕ရတတ္တယ္။ မ်ိဳး႐ိုးရွိရင္လည္း ဆက္ျဖစ္တတ္တယ္။
ဆီးခ်ိဳျဖစ္ေစတဲ့ တျခားအေၾကာင္းေတြလည္း ရွိပါတယ္။
Steroid ေဟာ္မုန္းေဆးေတြ၊ ဆီးေဆး (Thiazide)၊ စိတ္ပိုင္းဆိုင္ရာေဆးဝါးမ်ား၊ ART ေဆးေတြ စြဲေသာက္ေနရ သူမ်ား
Pancreas ခြဲစိတ္ထာျခင္း၊ ထိခိုက္ထားျခင္း၊ ကင္ဆာျဖစ္ျခင္းမ်ား
ကိုယ္ဝန္ေဆာင္သည္ အခ်ိဳ႕
ေဟာ္မုန္းဆိုင္ရာ တစ္ခ်ိဳ႕ေရာဂါရွိသူေတြမွာ ျဖစ္တတ္ပါတယ္။
လူတစ္ေယာက္ ေရအရမ္းငတ္လာတာ၊ ဆီးခဏခဏသြားေနတာ အထူးသျဖင့္ ညဘက္ေတြမွာ ႏုန္းလာတာ၊ အသားေတြယားလာတာ၊ အနာမက်က္တာ စတာေတြခံစားရရင္ ဆီးခ်ိဳလည္းစစ္ၾကည့္ပါ။ ဆီးခ်ိဳစစ္ၾကည့္တဲ့အ ခါည (၁၀) နာရီေနာက္ပိုင္း ဘာမွမစားဘဲ ေနာက္တစ္ေန႔ မနက္အေစာႀကီး စစ္တာလည္းရွိပါတယ္။ ဒါမွမဟုတ္ အစာစားၿပီး ႏွစ္နာရီအၾကာမွာ စစ္တာလည္းရွိတယ္။ လိုအပ္ရင္ လြန္ခဲ့တဲ့သုံးလအတြင္းက သၾကားဓာတ္ကိုျပ တဲ့ HO A/C စစ္ရပါတယ္။ လူနာခံစားရတာေတြ၊ ေသြးစစ္တဲ့အေျဖေတြအေပၚ မူတည္ၿပီး ဆီးခ်ိဳရွိမရွိ သိႏိုင္ပါ တယ္။
ဆီးခ်ိဳရွိေနရင္ေတာ့ အေနအထိုင္၊ အစားအေသာက္ပုံစံျပင္တာ၊ ေလ့က်င့္ခန္းလုပ္တာ၊ ေဆးေသာက္တာ၊ ေဆးထိုးတာ စသျဖင့္လုပ္ဖို႔ လိုပါတယ္။ ဆီးခ်ိဳေရာဂါ မေပ်ာက္ပါ။ ေတာက္ေလွ်ာက္ထိန္းေနရတာပါ။ သက္ ဆိုင္ရာ ဆရာဝန္ေတြနဲ႔လည္း ပုံမွန္ရက္ခ်ိန္းျပၿပီး တိုင္ပင္ေနဖို႔လိုပါတယ္။
Author – Dr. CST
(Unicode)
ဒီဘက်ခေတ်မှာ လူနေမှုပုံစံပြောင်းလာတာ စိတ်ဖိစီးမှုတွေများလာတာ၊ အသင့်စားအစားအသောက်တွေ များ လာတာ စတာတွေကြောင့် သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါတွေ အဖြစ်များလာကြပါတယ်။ ဒီအထဲကမှ ဆီးချိုဘာ ကြောင့်ဖြစ်လဲ စဉ်းစားကြည့်ကြရအောင်။
ကိုယ်ခန္ဓာမှာသကြားဓာတ်ကို ထိန်းပေးနေတာက အင်ဆူလင်ဟော်မုန်းပါ။ Pancreas လို့ခေါ်တဲ့ မုန့်ချိုအိတ်က နေထုတ်ပါတယ်။ အင်ဆူလင် လုံးဝမထွက်တာဖြစ်စေ၊ အထွက်နည်းတာဖြစ်စေ၊ ဆီးချိုဖြစ်နိုင်တယ်။ အင်ဆူ လင်လုံးဝမထွက်လို့ ဖြစ်တဲ့ ဆီးချိုရောဂါက အသက်ငယ်ငယ်မှာကတည်းက တွေ့ရတတ်တယ်။ အင်ဆူလင် ထုတ်ပေးတဲ့ ဆဲလ်တွေပျက်စီးလို့ ဖြစ်ရတာပါ။ အဲဒါမျိုးမှာ အင်ဆူလင်ပြန်တိုးပေးဖို့ လိုပါတယ်။ သောက်ဆေးနဲ့ ထိန်းပေးလို့မရပါဘူး။
နောက်တစ်မျိုးကတော့ အင်ဆူလင်ထွက်ပေမယ့် နည်းတဲ့အခါ၊ အင်ဆူလင်ကို ခံနိုင်ရည်အားများနေတာ ကြောင့် ဖြစ်တတ်ပါတယ်။ များသောအားဖြင့် အသက်၄၀ ကျော်မှ ဖြစ်တတ်ပေမယ့် ဒီထက်ငယ်တဲ့သူတွေမှာ လည်း ဖြစ်နိုင်တယ်။ ဝတဲ့သူတွေ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့သူတွေ၊ အစားများတဲ့သူတွေ၊ အရက်သောက် တတ်တဲ့သူတွေမှာ တွေ့ရတတ်တယ်။ မျိုးရိုးရှိရင်လည်း ဆက်ဖြစ်တတ်တယ်။
ဆီးချိုဖြစ်စေတဲ့ တခြားအကြောင်းတွေလည်း ရှိပါတယ်။
- Steroid ဟော်မုန်းဆေးတွေ၊ ဆီးဆေး (Thiazide)၊ စိတ်ပိုင်းဆိုင်ရာဆေးဝါးများ၊ ART ဆေးတွေ စွဲသောက်နေရ သူများ
- Pancreas ခွဲစိတ်ထာခြင်း၊ ထိခိုက်ထားခြင်း၊ ကင်ဆာဖြစ်ခြင်းများ
- ကိုယ်ဝန်ဆောင်သည် အချို့
- ဟော်မုန်းဆိုင်ရာ တစ်ချို့ရောဂါရှိသူတွေမှာ ဖြစ်တတ်ပါတယ်။
လူတစ်ယောက် ရေအရမ်းငတ်လာတာ၊ ဆီးခဏခဏသွားနေတာ အထူးသဖြင့် ညဘက်တွေမှာ နုန်းလာတာ၊ အသားတွေယားလာတာ၊ အနာမကျက်တာ စတာတွေခံစားရရင် ဆီးချိုလည်းစစ်ကြည့်ပါ။ ဆီးချိုစစ်ကြည့်တဲ့အ ခါည (၁၀) နာရီနောက်ပိုင်း ဘာမှမစားဘဲ နောက်တစ်နေ့ မနက်အစောကြီး စစ်တာလည်းရှိပါတယ်။ ဒါမှမဟုတ် အစာစားပြီး နှစ်နာရီအကြာမှာ စစ်တာလည်းရှိတယ်။ လိုအပ်ရင် လွန်ခဲ့တဲ့သုံးလအတွင်းက သကြားဓာတ်ကိုပြ တဲ့ HO A/C စစ်ရပါတယ်။ လူနာခံစားရတာတွေ၊ သွေးစစ်တဲ့အဖြေတွေအပေါ် မူတည်ပြီး ဆီးချိုရှိမရှိ သိနိုင်ပါ တယ်။
ဆီးချိုရှိနေရင်တော့ အနေအထိုင်၊ အစားအသောက်ပုံစံပြင်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ဆေးသောက်တာ၊ ဆေးထိုးတာ စသဖြင့်လုပ်ဖို့ လိုပါတယ်။ ဆီးချိုရောဂါ မပျောက်ပါ။ တောက်လျှောက်ထိန်းနေရတာပါ။ သက် ဆိုင်ရာ ဆရာဝန်တွေနဲ့လည်း ပုံမှန်ရက်ချိန်းပြပြီး တိုင်ပင်နေဖို့လိုပါတယ်။
Author – Dr. CST