(Zawgyi)
“ဟဲ့ ေအးစိန္. ကိုဘခ်စ္အေၾကာင္း နင္ၾကားၿပီးသြားၿပီလား”
ယက္ကန္းစင္တြင္ ေအးစိန္ႏွင့္ ေတြ႕တုန္းေလး လွေမတစ္ေယာက္ လွမ္းေမးလိုက္သည္။
“ေဟ. ကို ဘခ်စ္ ဘာျဖစ္လို႔လဲ”
ေအးစိန္တစ္ေယာက္ လွေမကို ျပန္ေမးလိုက္သည္။ ကိုဘခ်စ္ႏွင့္ မေတြ႕တာၾကာၿပီဆိုေတာ့ ကို ဘခ်စ္ အေၾကာင္းသူမသိ။
“ညည္းကို သူဘာမွ မေျပာဘူးလား”
“ကိုဘခ်စ္နဲ႔မေတြ႕တာၾကာၿပီေလ။ သူအခု ဘာျဖစ္လို႔လဲ”
ကိုဘခ်စ္တစ္ေယာက္ ေအးစိန္ကို တစ္ဖက္သတ္ခ်စ္ေနသည္ကို တစ္႐ြာလုံးနီးပါး သိၾကသည္။ ေအးစိန္ဆီမွ အေျဖကိုလည္း ေစာင့္ေနတုန္းျဖစ္သည္။ ေအးစိန္ကေတာ့ ကိုဘခ်စ္ကို မခ်စ္။
“အံ့ပါ့ေတာ္ ကိုဘခ်စ္ႀကီးဘာျဖစ္မွန္း တစ္႐ြာလုံးသိတယ္။ညည္းမသိဘူး”
လွေမတစ္ေယာက္ အားမလို အားမရျဖစ္၍ ေအးစိန္အား အျပစ္လွမ္းတင္လိုက္သည္။
“ေၾသာ္ ကိုဘခ်စ္ ေနမေကာင္းျဖစ္တာလား။ ငါသိတာေပါ့ေအ။ သူကို ႐ြာက ဆရာေလးက တီဘီ ေရာဂါလို႔ ထင္တယ္။ ဆရာေလးက တိုက္တြန္းတာနဲ႔ ၿမိဳ႕မွာ သြားျပတယ္။ တီဘီေရာဂါလို႔ ၿမိဳ႕က ဆရာဝန္ေတြက္ ေျပာလိုက္တယ္။ ဒါေၾကာင့္ ငါေတာင္ ကိုဘခ်စ္ကို အေတြ႕မခံဘူး။ ေရာဂါကူးမွာ ဆိုးလို႔။သူ႔မွာ တီဘီေရာဂါရွိေနတယ္ေလ။ ေဆးေတြေသာက္ေနရတယ္”
“ဒါ တစ္႐ြာလုံးသိတယ္။ သူ႔ဆီကေန လူေတြကို ေရာဂါကူးမွာ ဆိုးလို႔ ကိုဘခ်စ္တို႔ လူမ်ားမ်ားနဲ႔လည္း မေတြ႕ဘူး။ ဒါကို ေျပာတာမဟုတ္ဘူး။ အခုကေနာက္တစ္ခု”
လွေမတစ္ေယာက္ မေျပာပဲ ခဏရပ္ထားလိုက္သည္။ ေအးစိန္စိတ္ဝင္စားရဲ႕လားလို႔ အကဲခတ္ လိုက္သည္။
“ေနာက္တစ္ခုက ဘာလဲ ေျပာမွာျဖင့္ ေျပာ။ မေျပာခ်င္လည္းမေျပာနဲ႔။ ငါမွာ တစ္ျခားအလုပ္ေတြ ရွိေသးတယ္”
ေျပာခ်င္လြန္းသူ လွေမတစ္ေယာက္ ေအးစိန္ကို မ်က္ေစာင္းထိုးလိုက္သည္။ ကိုယ္က ေျပာခ်င္လြန္းလို႔ တကူးတက လာေျပာရသည္။ ေအးစိန္တို႔က ေဈးကိုင္ေနၿပီ။
“ညည္းကမသိခ်င္ေပမဲ့ ငါက ေျပာခ်င္လြန္းလို႔ပါေအ။ ကိုဘခ်စ္ႀကီး တီဘီေရာဂါက ေတာ္ေတာ္ဆိုးတယ္တဲ့”
“သူ႔ကို႐ြာထဲမွာ ငါျမင္မိပါတယ္။ သြားသြားလာလာပါပဲ”
ေအးစိန္တစ္ေယာက္ လွေမကို အကဲပိုလြန္းသည္ဟု အၾကည့္ျဖင့္ၾကည့္လိုက္သည္။
“ေအး သြားသြားလာလာေတာ့ သြားသြားလာလာပဲ။ ျဖစ္တဲ့ တီဘီေရာဂါအတြက္ ေသာက္ရမဲ့ေဆးေတြက ေဈးႀကီးတယ္တဲ့။ အဲ့ဒီ ေဆးေတြကို ဝယ္ဖို႔လည္း မျဖစ္ႏိုင္ဘူးတဲ့။ အဲဒါ ေဆးေသာက္ဖို႔အတြက္ ရန္ကုန္ သြားရမယ္တဲ့။”
“ရန္ကုန္မွာပဲေဆးကရတာလား။”
“ဟုတ္တယ္။ရန္ကုန္မွာတီဘီေရာဂါသည္ေတြအတြက္ ဖြင့္ထားတဲ့ ေဆး႐ုံရွိတယ္။ အဲဒီေဆး႐ုံမွာ သြားျပရမယ္။ ေဆး႐ုံနဲ႔နီးနီးမွာ အိမ္ငွားေနၿပီး ေဆးထုတ္မွာတဲ့။”
“ဒါဆိုပိုက္ဆံကုန္မွာေပါ့။အိမ္ငွားေနရမယ္ဆိုေတာ့”
“ဘယ္ေလာက္ကုန္မလဲေတာ့ မသိဘူး။ အိမ္ငွားေနတဲ့ စရိတ္ စားစရိတ္ေတြက ေဈးသက္သာေသးတယ္။ အခုျဖစ္ေနတဲ့ တီဘီေရာဂါကို ကုဖို႔ ေဆးေတြက ပိုေဈးႀကီးတယ္တဲ့။ “
“ဘယ္ေလာက္ေဈးႀကီးလို႔လဲ။ အရင္ က ငါတို႔႐ြာက ကို လွမိုးႀကီးလည္း တီဘီေရာဂါ ျဖစ္တုန္းက ေဆးေသာက္ခဲ့တာပဲေလ။ ေဈးႀကီးတယ္လို႔ မၾကားမိပါဘူး။ သူလည္း ဒီလိုပဲ ေဆးထုတ္ေနတာပါပဲ”
“ကိုလွမိုးႀကီးျဖစ္တဲ့ တီဘီေရာဂါနဲ႔ အခုျဖစ္တဲ့ တီဘီေရာဂါ မတူဘူးတဲ့”
လွေမတစ္ေယာ္က ေအးစိန္ကို စိတ္ရွည္ရွည္ႏွင့္ ရွင္းျပေနသည္။
“ကိုလွမိုးျဖစ္တာက အရပ္စကားနဲ႔ေျပာရင္ ႐ိုး႐ိုးတီဘီေရာဂါကုတဲ့ေဆးနဲ႔ကုလို႔ရတယ္တဲ့။ အခု ကိုဘခ်စ္ျဖစ္တဲ့ တီဘီေရာဂါ က ေဆးယဥ္ပါး တီဘီေရာဂါတဲ့။ အဲဒီ ေဆးယဥ္ပါးတီဘီေရာဂါအတြက္ ကုတဲ့ေဆးေတြက ေဈးႀကီးတယ္တဲ့။”
“ေၾသာ္။”
ေအးစိန္တစ္ေယာက္ ကိုဘခ်စ္ကို မခ်စ္ေပမဲ့ ဒီလိုမ်ိဳးက်ေတာ့ ဂ႐ုဏာသက္မိသည္။
“ၿပီးေတာ့ ကိုဘခ်စ္ဆီကျဖစ္တဲ့ေရာဂါကို ကူးစက္မိရင္ သူ႔လိုမ်ိဳးပဲ ေဆးယဥ္ပါးတီဘီျဖစ္မွာတဲ့”
“ေဟ..အဲ့ဒါဆိုဒုကၡပဲ”
“ေအး ဟုတ္တယ္။ အဲဒါနဲ႔ ကိုဘခ်စ္ကိုယ္တိုင္ေတာင္ သူ႔မိသားစုဝင္ေတြကို ကူးမွာစိုးလို႔ ယာထဲက အိမ္မွာသြားေနေနတယ္”
“ျဖစ္ရေလဟယ္”
ဒီလိုဆိုေတာ့လည္း ကိုဘခ်စ္ကို သနားမိသည္။
“ၿမိဳ႕မွာ သူ႔အစ္ကိုနဲ႔ႏွစ္ေယာက္သြားေနဖို႔ စီစဥ္ေနတယ္”
“ဟုတ္လား”
“ဟုတ္တယ္ မနက္ျဖန္ မနက္ေစာေစာ ရန္ကုန္သြားၾကမွာတဲ့။ အဲဒါ နင့္ကိုလာေျပာတာ။ နင့္ကိုလာႏႈတ္ဆက္ခ်င္လည္း ဆက္လိမ့္မယ္”
“ေအးပါဟယ္။ လာေျပာေပးတာ ေက်းဇူးတင္ပါတယ္”
ေအးစိန္တစ္ေယာက္ ကိုဘခ်စ္ ရန္ကုန္သြားခါနီး မိမိကို လာႏႈတ္ဆက္မည္ကို စိုးရိမ္ေနသည္။ ကိုကိုယ္တိုင္ကလည္း ကို ဘခ်စ္ကို ခ်စ္ေနသူ မဟုတ္၍ ကိုဘခ်စ္ကို သနားသည္ကလြဲ၍ သိပ္ၿပီး မေတြ႕ခ်င္လွ။ ကိုဘခ်စ္ကလည္း ေအးစိန္သူ႔ကို မေတြ႕ခ်င္မွန္းသိပုံရသည္။ ဒါအျပင္ ခ်စ္သူကို ေရာဂါကူးမွာ စိုးရိမ္ပုံရသည္။ ညေနဖက္ ေအးစိန္ကို လာမႏႈတ္ဆက္။ ရန္ကုန္ကို ေရာဂါကုရန္ထြက္သြားခဲ့သည္။ ေအးစိန္ကေတာ့တစ္ေန႔တာ အလုပ္မ်ားကို ပုံမွန္လုပ္ကိုင္ရင္း ႐ြာမွာ က်န္ရစ္ေနခဲ့သည္။ ကိုဘခ်စ္ႀကီး ျမန္ျမန္ ေနေကာင္းပါေစလို႔ ဘုရားမွာ အၿမဲဆုေတာင္းေနသူက ေတာ့ လွေမတစ္ေယာက္ ျဖစ္သည္ကိုု ဘယ္သူမွ မသိ။ ကိုဘခ်စ္လည္း မသိ။ ေအးစိန္လည္းမသိ။ ႐ြာမွ လူေတြလည္း မသိ။
(Unicode)
“ဟဲ့ အေးစိန်. ကိုဘချစ်အကြောင်း နင်ကြားပြီးသွားပြီလား”
ယက်ကန်းစင်တွင် အေးစိန်နှင့် တွေ့တုန်းလေး လှမေတစ်ယောက် လှမ်းမေးလိုက်သည်။
“ဟေ. ကို ဘချစ် ဘာဖြစ်လို့လဲ”
အေးစိန်တစ်ယောက် လှမေကို ပြန်မေးလိုက်သည်။ ကိုဘချစ်နှင့် မတွေ့တာကြာပြီဆိုတော့ ကို ဘချစ် အကြောင်းသူမသိ။
“ညည်းကို သူဘာမှ မပြောဘူးလား”
“ကိုဘချစ်နဲ့မတွေ့တာကြာပြီလေ။ သူအခု ဘာဖြစ်လို့လဲ”
ကိုဘချစ်တစ်ယောက် အေးစိန်ကို တစ်ဖက်သတ်ချစ်နေသည်ကို တစ်ရွာလုံးနီးပါး သိကြသည်။ အေးစိန်ဆီမှ အဖြေကိုလည်း စောင့်နေတုန်းဖြစ်သည်။ အေးစိန်ကတော့ ကိုဘချစ်ကို မချစ်။
“အံ့ပါ့တော် ကိုဘချစ်ကြီးဘာဖြစ်မှန်း တစ်ရွာလုံးသိတယ်။ညည်းမသိဘူး”
လှမေတစ်ယောက် အားမလို အားမရဖြစ်၍ အေးစိန်အား အပြစ်လှမ်းတင်လိုက်သည်။
“သြော် ကိုဘချစ် နေမကောင်းဖြစ်တာလား။ ငါသိတာပေါ့အေ။ သူကို ရွာက ဆရာလေးက တီဘီ ရောဂါလို့ ထင်တယ်။ ဆရာလေးက တိုက်တွန်းတာနဲ့ မြို့မှာ သွားပြတယ်။ တီဘီရောဂါလို့ မြို့က ဆရာဝန်တွေက် ပြောလိုက်တယ်။ ဒါကြောင့် ငါတောင် ကိုဘချစ်ကို အတွေ့မခံဘူး။ ရောဂါကူးမှာ ဆိုးလို့။သူ့မှာ တီဘီရောဂါရှိနေတယ်လေ။ ဆေးတွေသောက်နေရတယ်”
“ဒါ တစ်ရွာလုံးသိတယ်။ သူ့ဆီကနေ လူတွေကို ရောဂါကူးမှာ ဆိုးလို့ ကိုဘချစ်တို့ လူများများနဲ့လည်း မတွေ့ဘူး။ ဒါကို ပြောတာမဟုတ်ဘူး။ အခုကနောက်တစ်ခု”
လှမေတစ်ယောက် မပြောပဲ ခဏရပ်ထားလိုက်သည်။ အေးစိန်စိတ်ဝင်စားရဲ့လားလို့ အကဲခတ် လိုက်သည်။
“နောက်တစ်ခုက ဘာလဲ ပြောမှာဖြင့် ပြော။ မပြောချင်လည်းမပြောနဲ့။ ငါမှာ တစ်ခြားအလုပ်တွေ ရှိသေးတယ်”
ပြောချင်လွန်းသူ လှမေတစ်ယောက် အေးစိန်ကို မျက်စောင်းထိုးလိုက်သည်။ ကိုယ်က ပြောချင်လွန်းလို့ တကူးတက လာပြောရသည်။ အေးစိန်တို့က ဈေးကိုင်နေပြီ။
“ညည်းကမသိချင်ပေမဲ့ ငါက ပြောချင်လွန်းလို့ပါအေ။ ကိုဘချစ်ကြီး တီဘီရောဂါက တော်တော်ဆိုးတယ်တဲ့”
“သူ့ကိုရွာထဲမှာ ငါမြင်မိပါတယ်။ သွားသွားလာလာပါပဲ”
အေးစိန်တစ်ယောက် လှမေကို အကဲပိုလွန်းသည်ဟု အကြည့်ဖြင့်ကြည့်လိုက်သည်။
“အေး သွားသွားလာလာတော့ သွားသွားလာလာပဲ။ ဖြစ်တဲ့ တီဘီရောဂါအတွက် သောက်ရမဲ့ဆေးတွေက ဈေးကြီးတယ်တဲ့။ အဲ့ဒီ ဆေးတွေကို ဝယ်ဖို့လည်း မဖြစ်နိုင်ဘူးတဲ့။ အဲဒါ ဆေးသောက်ဖို့အတွက် ရန်ကုန် သွားရမယ်တဲ့။”
“ရန်ကုန်မှာပဲဆေးကရတာလား။”
“ဟုတ်တယ်။ရန်ကုန်မှာတီဘီရောဂါသည်တွေအတွက် ဖွင့်ထားတဲ့ ဆေးရုံရှိတယ်။ အဲဒီဆေးရုံမှာ သွားပြရမယ်။ ဆေးရုံနဲ့နီးနီးမှာ အိမ်ငှားနေပြီး ဆေးထုတ်မှာတဲ့။”
“ဒါဆိုပိုက်ဆံကုန်မှာပေါ့။အိမ်ငှားနေရမယ်ဆိုတော့”
“ဘယ်လောက်ကုန်မလဲတော့ မသိဘူး။ အိမ်ငှားနေတဲ့ စရိတ် စားစရိတ်တွေက ဈေးသက်သာသေးတယ်။ အခုဖြစ်နေတဲ့ တီဘီရောဂါကို ကုဖို့ ဆေးတွေက ပိုဈေးကြီးတယ်တဲ့။ “
“ဘယ်လောက်ဈေးကြီးလို့လဲ။ အရင် က ငါတို့ရွာက ကို လှမိုးကြီးလည်း တီဘီရောဂါ ဖြစ်တုန်းက ဆေးသောက်ခဲ့တာပဲလေ။ ဈေးကြီးတယ်လို့ မကြားမိပါဘူး။ သူလည်း ဒီလိုပဲ ဆေးထုတ်နေတာပါပဲ”
“ကိုလှမိုးကြီးဖြစ်တဲ့ တီဘီရောဂါနဲ့ အခုဖြစ်တဲ့ တီဘီရောဂါ မတူဘူးတဲ့”
လှမေတစ်ယော်က အေးစိန်ကို စိတ်ရှည်ရှည်နှင့် ရှင်းပြနေသည်။
“ကိုလှမိုးဖြစ်တာက အရပ်စကားနဲ့ပြောရင် ရိုးရိုးတီဘီရောဂါကုတဲ့ဆေးနဲ့ကုလို့ရတယ်တဲ့။ အခု ကိုဘချစ်ဖြစ်တဲ့ တီဘီရောဂါ က ဆေးယဉ်ပါး တီဘီရောဂါတဲ့။ အဲဒီ ဆေးယဉ်ပါးတီဘီရောဂါအတွက် ကုတဲ့ဆေးတွေက ဈေးကြီးတယ်တဲ့။”
“သြော်။”
အေးစိန်တစ်ယောက် ကိုဘချစ်ကို မချစ်ပေမဲ့ ဒီလိုမျိုးကျတော့ ဂရုဏာသက်မိသည်။
“ပြီးတော့ ကိုဘချစ်ဆီကဖြစ်တဲ့ရောဂါကို ကူးစက်မိရင် သူ့လိုမျိုးပဲ ဆေးယဉ်ပါးတီဘီဖြစ်မှာတဲ့”
“ဟေ..အဲ့ဒါဆိုဒုက္ခပဲ”
“အေး ဟုတ်တယ်။ အဲဒါနဲ့ ကိုဘချစ်ကိုယ်တိုင်တောင် သူ့မိသားစုဝင်တွေကို ကူးမှာစိုးလို့ ယာထဲက အိမ်မှာသွားနေနေတယ်”
“ဖြစ်ရလေဟယ်”
ဒီလိုဆိုတော့လည်း ကိုဘချစ်ကို သနားမိသည်။
“မြို့မှာ သူ့အစ်ကိုနဲ့နှစ်ယောက်သွားနေဖို့ စီစဉ်နေတယ်”
“ဟုတ်လား”
“ဟုတ်တယ် မနက်ဖြန် မနက်စောစော ရန်ကုန်သွားကြမှာတဲ့။ အဲဒါ နင့်ကိုလာပြောတာ။ နင့်ကိုလာနှုတ်ဆက်ချင်လည်း ဆက်လိမ့်မယ်”
“အေးပါဟယ်။ လာပြောပေးတာ ကျေးဇူးတင်ပါတယ်”
အေးစိန်တစ်ယောက် ကိုဘချစ် ရန်ကုန်သွားခါနီး မိမိကို လာနှုတ်ဆက်မည်ကို စိုးရိမ်နေသည်။ ကိုကိုယ်တိုင်ကလည်း ကို ဘချစ်ကို ချစ်နေသူ မဟုတ်၍ ကိုဘချစ်ကို သနားသည်ကလွဲ၍ သိပ်ပြီး မတွေ့ချင်လှ။ ကိုဘချစ်ကလည်း အေးစိန်သူ့ကို မတွေ့ချင်မှန်းသိပုံရသည်။ ဒါအပြင် ချစ်သူကို ရောဂါကူးမှာ စိုးရိမ်ပုံရသည်။ ညနေဖက် အေးစိန်ကို လာမနှုတ်ဆက်။ ရန်ကုန်ကို ရောဂါကုရန်ထွက်သွားခဲ့သည်။ အေးစိန်ကတော့တစ်နေ့တာ အလုပ်များကို ပုံမှန်လုပ်ကိုင်ရင်း ရွာမှာ ကျန်ရစ်နေခဲ့သည်။ ကိုဘချစ်ကြီး မြန်မြန် နေကောင်းပါစေလို့ ဘုရားမှာ အမြဲဆုတောင်းနေသူက တော့ လှမေတစ်ယောက် ဖြစ်သည်ကိုု ဘယ်သူမှ မသိ။ ကိုဘချစ်လည်း မသိ။ အေးစိန်လည်းမသိ။ ရွာမှ လူတွေလည်း မသိ။