ခံရခက္ေသာ မ်က္စိယားယံျခင္းေဝဒနာ
မ်က္စိယားယံျခင္းကို လူတိုင္းနီးပါး ျဖစ္ဖူးၾကပါလိမ့္မယ္။ မ်က္စိယားယံျခင္းျဖစ္ၿပီဆိုလွ်င္ အမ်ားအားျဖင့္ သူသူကိုယ္ကိုယ္ လက္နဲ႔အလြယ္တကူ ပြတ္ၾကေလ့ရွိသည္။ အနည္းငယ္ စိတ္အေႏွာင့္အယွက္ျဖစ္႐ုံပဲ ယားယံၿပီး ေပ်ာက္သြားသူမ်ားလည္း ရွိသကဲ့သို႔ မေပ်ာက္ဘဲ မ်က္လုံးနီရဲေရာင္ရမ္းကာ မ်က္စိေဆးခန္းျပရသူမ်ားလည္း ရွိသည္။
မ်က္စိယားယံျခင္းကိုျဖစ္ေစတဲ့အေၾကာင္းေတြအမ်ားႀကီးရွိပါတယ္။ အျဖစ္မ်ားတဲ့ အေၾကာင္းေတြကေတာ့
၁။ဓါတ္မတည့္တာတစ္ခုခုမ်က္စိနဲ႔ထိမိေသာေၾကာင့္ ယားယံျခင္း
မ်က္စိထဲကို ပတ္ဝန္းက်င္မွ အမႈန္မ်ား၊ ပန္းဝတ္မႈန္မ်ား၊ အိမ္ေမြးတိရစာၦန္မ်ားတြင္ တြယ္ကပ္ေနေသာ မႊားမ်ား၊ ေလွးမ်ားဝင္ေရာက္ျခင္း၊ ေရကူးရင္းနဲ႔ ကလိုရင္းခပ္ထားေသာေရနဲ႔ မ်က္စိနဲ႔ ထိမိျခင္း စတာရွိခဲ့ရင္ေတြ ဓါတ္မတည့္မႈကိုျဖစ္ေစၿပီး မ်က္စိယားယံျခင္းကိုျဖစ္လာႏိုင္ပါတယ္။
ေနာက္ၿပီး မိမိနဲ႔ဓါတ္မတည့္တဲ့ အလွကုန္ပစၥည္း(မ်က္ႏွာသစ္ခရင္၊ဆပ္ျပာ၊မိတ္ကပ္)သုံးမိခဲ့ရင္လည္းမ်က္စိယားယံတတ္ပါတယ္။ ဒါေၾကာင့္မ်က္စိယားယံၿပီဆိုရင္ ဖုန္ထူတဲ့ေနရာသြားခဲ့မိလား၊ ေရကူးမိေသးလား သို႔မဟုတ္ မိမိသုံးေနက် မဟုတ္တဲ့ အလွကုန္ပစၥည္းတစ္မ်ိဳးမ်ိဳးသုံးခဲ့မိလား စသျဖင့္ ျပန္စဥ္းစားဖို႔လိုပါတယ္။
၂။ မ်က္ကပ္မွန္တပ္ျခင္းေၾကာင့္ မ်က္စိယားယံျခင္း
မ်က္ကပ္မွန္မ်ားေၾကာင့္လည္း မ်က္စိယားယံႏိုင္ပါတယ္။ အထူးသျဖင့္ မ်က္ကပ္မွန္ဟာ မ်က္စိနဲ႔အံဝင္ခြင္က် မရွိရင္၊ မ်က္ကပ္မွန္ ယိုယြင္းေနလွ်င္၊ သန႔္ရွင္းမႈ မရွိေသာမ်က္ကပ္မွန္ကို တပ္ရင္ ပိုျဖစ္ႏိုင္ပါတယ္။
၃။တစ္ကိုယ္ရည္ သန႔္ရွင္းမႈ အားနည္းျခင္း
လက္ကို မၾကာမၾကာေဆးေၾကာမႈမရွိျခင္း၊ အိပ္ရာခင္းေတြ၊ေစာင္ေတြ ကို သန႔္ရွင္းမႈမရွိျခင္းစတဲ့ တစ္ကိုယ္ရည္ သန႔္ရွင္းမႈ အားနည္းတာေတြေၾကာင့္လည္း မ်က္စိယားယံျခင္းျဖစ္ႏိုင္ပါတယ္။
၄။မ်က္ရည္ခမ္းေျခာက္ျခင္း
မ်က္စိအတြင္း မ်က္ရည္ထြက္မႈနည္းပါးၿပီး မ်က္စိစိုစြတ္မႈ ေလ်ာ့နည္းလာေသာေၾကာင့္လည္း မ်က္စိယားယံျခင္းျဖစ္ႏိုင္ပါတယ္။ အသက္ႀကီးတဲ့သူေတြ၊ ေလဆာေရာင္ျခည္နဲ႔ မ်က္စိ ခြဲစိတ္ကုသမႈ ခံယူထားသူေတြ၊ ႏွာေခါင္းနဲ႔ လည္ေခ်ာင္းပိတ္ဆို႔မႈမ်ားကို ပြင့္ေစတတ္ေသာေဆးမ်ားကိုေရရွည္စြဲေသာက္ေနတဲ့သူေတြ၊ စိတ္က်ေရာဂါကုေဆးမ်ားကို ေရရွည္စြဲေသာက္ေနရသူေတြမွာဆိုရင္ မ်က္စိအတြင္းမ်က္ရည္ထြက္မႈေလ်ာ့နည္းလာၿပီး မ်က္စိစိုစြတ္မႈနည္းလာကာ မ်က္စိယားယံျခင္း ပိုျဖစ္ႏိုင္ေျခမ်ားပါတယ္။
ဒါ့အျပင္ ေဆးလိပ္ေသာက္ျခင္း၊ ပတ္ဝန္းက်င္ေလထု ေျခာက္ေသြ႕လြန္းျခင္း၊ မ်က္ေတာင္မခတ္ဘဲ တခုခုအၾကာႀကီးအာ႐ုံစိုက္ျခင္း ( ဥပမာ ဂိမ္းေဆာ့တာ၊ဇာတ္လမ္းၾကည့္တာ) စတဲ့အေၾကာင္းမ်ားေၾကာင့္လည္း မ်က္လုံးတြင္းမွမ်က္ရည္မ်ားအေငြ႕ပ်ံလြယ္ကာ မ်က္ရည္ခမ္းေျခာက္ၿပီး မ်က္စိယားယံျခင္းကိုျဖစ္ေစႏိုင္ပါေသးတယ္။
ကုသမႈအေနနဲ႔ကေတာ့ မ်က္စိဆိုတာ ခႏၶာကိုယ္မွာ အေရးပါတဲ့အဂၤါပါ။ မ်က္စိအဆုံး နားအရႈံးဆိုတဲ့စကားပုံလည္းရွိတာေၾကာင့္ တစ္ရက္ေလာက္ေစာင့္ၾကည့္လို႔မွ ယားတာမသက္သာရင္ သို႔မဟုတ္ ပိုဆိုးလာရင္ေဆးခန္းျပသင့္ပါတယ္။
မ်က္စိယားယားျခင္းလုပ္ႏိုင္တာေတြကေတာ့
ဓါတ္မတည့္လို႔ယားတာဆိုရင္ အယားသက္သာေစရန္ ေရခဲဖတ္ ၊ေရခဲဝတ္ ကပ္ေပးပါ ။ မိနစ္ အနည္းငယ္ၾကာေအာင္ကပ္ေပးပါ။ ေရသန႔္ခဲကို အဝတ္သန႔္သန႔္ ျဖင့္ထုပ္ၿပီး ကပ္ပါ။ normal saline အရည္ခပ္တာ၊ ယားယံျခင္းကို သက္သာေစတဲ့ Antihistamine ( ဥပမာ ဘာမီတြန္ ) ေသာက္တာ ေတြလည္း လုပ္ႏိုင္ပါတယ္။ မ်က္ရည္ခမ္းေျခာက္လို႔ယားတာဆိုရင္ မ်က္ရည္အတု (Artificial tears) ခပ္ႏိုင္ပါတယ္။
ေရွာင္ရမွာေတြကေတာ့ မ်က္စိယားတဲ့အခ်ိန္မွာ မ်က္ကပ္မွန္ တပ္တာမ်ိဳးကို ေရွာင္ပါ။ လက္နဲ႔မ်က္လုံးကို သြားသြားၿပီး ခဏခဏပြတ္ျခင္းမ်ိဳးကို ေရွာင္ပါ။ အဲ့လို ခဏခဏလက္နဲ႔ပြတ္ျခင္းျဖင့္ ပိုဆိုးၿပီး ပိုးဝင္သြားႏိုင္လို႔ပါ။ ကိုယ္သုံးေနက် မဟုတ္တဲ့ အလွကုန္ပစၥည္းေတြ သုံးေနရင္ ဆက္မသုံးပါနဲ႔။ ေနပူထဲကို ခဏခဏမထြက္ပါနဲ႔။ ဖုန္ထူတဲ့ေနရာေတြကို သြားျခင္း၊ ေရကူးကန္ထဲ ေရကူးျခင္းေတြကိုလည္းေရွာင္ပါ။
Author : Dr. 528
ခံရခက်သော မျက်စိယားယံခြင်းဝေဒနာ
မျက်စိယားယံခြင်းကို လူတိုင်းနီးပါး ဖြစ်ဖူးကြပါလိမ့်မယ်။ မျက်စိယားယံခြင်းဖြစ်ပြီဆိုလျှင် အများအားဖြင့် သူသူကိုယ်ကိုယ် လက်နဲ့အလွယ်တကူ ပွတ်ကြလေ့ရှိသည်။ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ရုံပဲ ယားယံပြီး ပျောက်သွားသူများလည်း ရှိသကဲ့သို့ မပျောက်ဘဲ မျက်လုံးနီရဲရောင်ရမ်းကာ မျက်စိဆေးခန်းပြရသူများလည်း ရှိသည်။
မျက်စိယားယံခြင်းကိုဖြစ်စေတဲ့အကြောင်းတွေအများကြီးရှိပါတယ်။ အဖြစ်များတဲ့ အကြောင်းတွေကတော့
၁။ဓါတ်မတည့်တာတစ်ခုခုမျက်စိနဲ့ထိမိသောကြောင့် ယားယံခြင်း
မျက်စိထဲကို ပတ်ဝန်းကျင်မှ အမှုန်များ၊ ပန်းဝတ်မှုန်များ၊ အိမ်မွေးတိရစ္ဆာန်များတွင် တွယ်ကပ်နေသော မွှားများ၊ လှေးများဝင်ရောက်ခြင်း၊ ရေကူးရင်းနဲ့ ကလိုရင်းခပ်ထားသောရေနဲ့ မျက်စိနဲ့ ထိမိခြင်း စတာရှိခဲ့ရင်တွေ ဓါတ်မတည့်မှုကိုဖြစ်စေပြီး မျက်စိယားယံခြင်းကိုဖြစ်လာနိုင်ပါတယ်။
နောက်ပြီး မိမိနဲ့ဓါတ်မတည့်တဲ့ အလှကုန်ပစ္စည်း(မျက်နှာသစ်ခရင်၊ဆပ်ပြာ၊မိတ်ကပ်)သုံးမိခဲ့ရင်လည်းမျက်စိယားယံတတ်ပါတယ်။ ဒါကြောင့်မျက်စိယားယံပြီဆိုရင် ဖုန်ထူတဲ့နေရာသွားခဲ့မိလား၊ ရေကူးမိသေးလား သို့မဟုတ် မိမိသုံးနေကျ မဟုတ်တဲ့ အလှကုန်ပစ္စည်းတစ်မျိုးမျိုးသုံးခဲ့မိလား စသဖြင့် ပြန်စဉ်းစားဖို့လိုပါတယ်။
၂။ မျက်ကပ်မှန်တပ်ခြင်းကြောင့် မျက်စိယားယံခြင်း
မျက်ကပ်မှန်များကြောင့်လည်း မျက်စိယားယံနိုင်ပါတယ်။ အထူးသဖြင့် မျက်ကပ်မှန်ဟာ မျက်စိနဲ့အံဝင်ခွင်ကျ မရှိရင်၊ မျက်ကပ်မှန် ယိုယွင်းနေလျှင်၊ သန့်ရှင်းမှု မရှိသောမျက်ကပ်မှန်ကို တပ်ရင် ပိုဖြစ်နိုင်ပါတယ်။
၃။တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းခြင်း
လက်ကို မကြာမကြာဆေးကြောမှုမရှိခြင်း၊ အိပ်ရာခင်းတွေ၊စောင်တွေ ကို သန့်ရှင်းမှုမရှိခြင်းစတဲ့ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းတာတွေကြောင့်လည်း မျက်စိယားယံခြင်းဖြစ်နိုင်ပါတယ်။
၄။မျက်ရည်ခမ်းခြောက်ခြင်း
မျက်စိအတွင်း မျက်ရည်ထွက်မှုနည်းပါးပြီး မျက်စိစိုစွတ်မှု လျော့နည်းလာသောကြောင့်လည်း မျက်စိယားယံခြင်းဖြစ်နိုင်ပါတယ်။ အသက်ကြီးတဲ့သူတွေ၊ လေဆာရောင်ခြည်နဲ့ မျက်စိ ခွဲစိတ်ကုသမှု ခံယူထားသူတွေ၊ နှာခေါင်းနဲ့ လည်ချောင်းပိတ်ဆို့မှုများကို ပွင့်စေတတ်သောဆေးများကိုရေရှည်စွဲသောက်နေတဲ့သူတွေ၊ စိတ်ကျရောဂါကုဆေးများကို ရေရှည်စွဲသောက်နေရသူတွေမှာဆိုရင် မျက်စိအတွင်းမျက်ရည်ထွက်မှုလျော့နည်းလာပြီး မျက်စိစိုစွတ်မှုနည်းလာကာ မျက်စိယားယံခြင်း ပိုဖြစ်နိုင်ခြေများပါတယ်။
ဒါ့အပြင် ဆေးလိပ်သောက်ခြင်း၊ ပတ်ဝန်းကျင်လေထု ခြောက်သွေ့လွန်းခြင်း၊ မျက်တောင်မခတ်ဘဲ တခုခုအကြာကြီးအာရုံစိုက်ခြင်း ( ဥပမာ ဂိမ်းဆော့တာ၊ဇာတ်လမ်းကြည့်တာ) စတဲ့အကြောင်းများကြောင့်လည်း မျက်လုံးတွင်းမှမျက်ရည်များအငွေ့ပျံလွယ်ကာ မျက်ရည်ခမ်းခြောက်ပြီး မျက်စိယားယံခြင်းကိုဖြစ်စေနိုင်ပါသေးတယ်။
ကုသမှုအနေနဲ့ကတော့ မျက်စိဆိုတာ ခန္ဓာကိုယ်မှာ အရေးပါတဲ့အင်္ဂါပါ။ မျက်စိအဆုံး နားအရှုံးဆိုတဲ့စကားပုံလည်းရှိတာကြောင့် တစ်ရက်လောက်စောင့်ကြည့်လို့မှ ယားတာမသက်သာရင် သို့မဟုတ် ပိုဆိုးလာရင်ဆေးခန်းပြသင့်ပါတယ်။
မျက်စိယားယားခြင်းလုပ်နိုင်တာတွေကတော့
ဓါတ်မတည့်လို့ယားတာဆိုရင် အယားသက်သာစေရန် ရေခဲဖတ် ၊ရေခဲဝတ် ကပ်ပေးပါ ။ မိနစ် အနည်းငယ်ကြာအောင်ကပ်ပေးပါ။ ရေသန့်ခဲကို အဝတ်သန့်သန့် ဖြင့်ထုပ်ပြီး ကပ်ပါ။ normal saline အရည်ခပ်တာ၊ ယားယံခြင်းကို သက်သာစေတဲ့ Antihistamine ( ဥပမာ ဘာမီတွန် ) သောက်တာ တွေလည်း လုပ်နိုင်ပါတယ်။ မျက်ရည်ခမ်းခြောက်လို့ယားတာဆိုရင် မျက်ရည်အတု (Artificial tears) ခပ်နိုင်ပါတယ်။
ရှောင်ရမှာတွေကတော့ မျက်စိယားတဲ့အချိန်မှာ မျက်ကပ်မှန် တပ်တာမျိုးကို ရှောင်ပါ။ လက်နဲ့မျက်လုံးကို သွားသွားပြီး ခဏခဏပွတ်ခြင်းမျိုးကို ရှောင်ပါ။ အဲ့လို ခဏခဏလက်နဲ့ပွတ်ခြင်းဖြင့် ပိုဆိုးပြီး ပိုးဝင်သွားနိုင်လို့ပါ။ ကိုယ်သုံးနေကျ မဟုတ်တဲ့ အလှကုန်ပစ္စည်းတွေ သုံးနေရင် ဆက်မသုံးပါနဲ့။ နေပူထဲကို ခဏခဏမထွက်ပါနဲ့။ ဖုန်ထူတဲ့နေရာတွေကို သွားခြင်း၊ ရေကူးကန်ထဲ ရေကူးခြင်းတွေကိုလည်းရှောင်ပါ။
Author : Dr. 528