fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဆိုးလိုက္တဲ့ေခ်ာင္း

149
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/01/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အား . . . ကၽြတ္ . . . ကၽြတ္ . . . ။ အေအးႀကိဳက္တတ္တဲ့ ကၽြန္ေတာ္ ဒီေန႔မနက္ အိပ္ရာထေတာ့ လည္ေခ်ာင္းနာေနၿပီေလ။ လည္ေခ်ာင္းစနာၿပီဆိုကတည္းက သူ႕ေနာက္ကလိုက္လာမွာက ေခ်ာင္းဆိုးျခင္းဆိုတာ မလြဲဧကန္ပါပဲ။ ပူေလာင္အိုက္စပ္၊ ကားၾကပ္လွတဲ့ ရန္ကုန္ၿမိဳ႕ႀကီးမွာေနရတဲ့ ကၽြန္ေတာ္ . . . ။ ရန္ကုန္ရာသီဥတုကေတာ့ အျပင္ဘက္မွာဆို ပူခ်က္ကေတာ့ ေျပာမေနပါနဲ႔။ ဒါေပမယ့္ အိမ္ထဲမွာက် ဟန္က်သား။ အျပင္မွာေလာက္ သိပ္မပူေပ။ ထိုထက္တိုက္ခန္းနံရံမွာ ေၾကြျပားကပ္ထားလွ်င္ သိပ္မပူေတာ့ေပ။

ကၽြန္ေတာ္သည္ ညတိုုင္းအိပ္လွ်င္ အက်ၤ ီအပါး သို႔မဟုတ္ စြပ္က်ယ္ဝတ္ၿပီးသာ အိပ္ေလ့ရွိၿပီး အၿမဲလိုလုိ ပန္ကာဖြင့္ထားၿပီးမွ အိပ္ေလ့ရွိသည္။ ရာသီဥတုက ေန႔ဘက္ပူၿပီး ညဘက္ဆို နည္းနည္းေအးတတ္ပါတယ္။ ဒါ့ေၾကာင့္ အခန္႔မသင့္ရင္ အေအးပတ္ၿပီး လည္ေခ်ာင္းစနာပါေတာ့တယ္။ လည္ေခ်ာင္း နာတာကလည္း မနက္ပိုင္းအိပ္ရာထကာစေလာက္ပါပဲ ၿပီးရင္တစ္ေနကုန္ အေကာင္းပါပဲ။ ဒါ့ေၾကာင့္ သတိမထားမိဘဲ ေနာက္ရက္ ညဘက္ေတြလည္း ဒီလိုပဲ အိပ္စက္တတ္ၾကပါတယ္။ ၾကာလာတဲ့အခါ လည္ေခ်ာင္းနာရံုတင္မက သလိပ္ခဲေတြပါ ထြက္လာပါေတာ့တယ္။ ၿပီးတာနဲ႔ အဟြတ္ အဟြတ္ဆိုတဲ့ အသံေတြ စတင္ၾကားလာရပါေတာ့တယ္။ ကဲ အဲဒီမွာ ေခ်ာင္းဆိုးျခင္း စတင္လာပါေတာ့တယ္။

ေခ်ာင္းဆိုးၿပီဆိုတာနဲ႔ ေတာ္ေတာ္မ်ားမ်ားက နာတာရွည္ ဆိုးတတ္ၾကပါတယ္။ ခဏတာဆိုးတာ သိပ္မရွိပါဘူး။ နာတာရွည္ ေခ်ာင္းဆိုးတယ္ဆိုတာ စိတ္အေႏွာက္အယွက္ အေတာ္ေလးျဖစ္ရပါတယ္။ ေခ်ာင္းဆိုးျခင္းေၾကာင့္ ညဘက္ေတာင္ အိပ္မရတာေတြ၊ ေခ်ာင္းဆိုးရလြန္းလို႔ ပင္ပန္းႏြမ္းနယ္မႈထိ ေတာင္ျဖစ္ႏိုင္ပါတယ္။ ေခ်ာင္းဆိုးရံုတင္ မဟုတ္ဘဲ ေခ်ာင္းဆိုးတာနဲ႔အတူ ပ်ိဳ႕အန္ျခင္း၊ ေခါင္းကိုက္ျခင္း၊ စိတ္က်ျခင္း၊ ေနာက္ဆံုး နံရိုးေတာင္က်ိဳးသြားႏိုင္ပါတယ္။ နံရိုးက်ိဳးတယ္ဆိုတာက ေခ်ာင္းတအားဆိုးရင္ပါ။

နာတာရွည္ေခ်ာင္းဆိုး တယ္ဆိုတာ အနည္းဆံုး ၈ ပတ္ေလာက္အထိၾကာတတ္ပါတယ္။ ကေလးေတြမွာေတာ့ ၄ ပတ္ေလာက္ထိ ဆိုးေနတတ္ပါတယ္။ ေခ်ာင္းဆိုးတဲ့လကၡဏာ စခံစားရၿပီဆို သူ႕တစ္ခုတည္း မဟုတ္ပါဘူး။ တျခားဟာေတြနဲ႔ တြဲေနတတ္ပါတယ္။ ႏွာေစးျခင္း၊ ႏွာရည္ယိုျခင္း၊ လည္ေခ်ာင္းယားယံျခင္း၊ လည္ေခ်ာင္းခဏခဏရွင္းရျခင္း၊ အသံကြဲအက္လာျခင္း၊ အသက္ရွဴမဝျခင္း၊ တရႊီရႊီ ျမည္တတ္ျခင္း၊ ရင္ပူျခင္း၊ ပါးစပ္ထဲ ခ်ဥ္စုပ္စုပ္အရသာ ခံစားရျခင္း၊ သလိပ္ထြက္ျခင္း၊ ရင္ဘတ္၊ ဝမ္းဗိုက္ရွိ ၾကြက္သားမ်ား နာက်င္တတ္ပါတယ္။

ဒါဆိုဘာေၾကာင့္ ဒီေခ်ာင္းႀကီးက ဆိုးလာရတာလဲ။ တခါတေလ ေခ်ာင္းဆိုးတာကေတာ့ လည္ေခ်ာင္းထဲ ျပင္ပက ဖုန္တစ္ခုခုဝင္သြားရင္ ျပန္ထုတ္တဲ့ သေဘာအေနနဲ႔ ေခ်ာင္းဆိုးတတ္ပါတယ္။ ဒါေပမယ့္ ေခ်ာင္းဆိုးတာ ၁ ပတ္ေလာက္ရွိေနရင္ေတာ့ အေၾကာင္း တစ္ခုခုရွိေနပါၿပီ။ အဓိကအေၾကာင္းရင္းေတြကေတာ့ ႏွာေစး၊ ႏွာရည္ယိုျခင္းျဖစ္တဲ့အခါ ႏွာရည္ဟာ လည္ေခ်ာင္းထဲ စီးသြားလွ်င္ ေခ်ာင္းဆိုးတတ္ပါတယ္။ ပန္းနာရင္ၾကပ္ရွိေနရင္လည္း ေခ်ာင္းဆိုးတတ္ပါတယ္။ ေနာက္အစာအိမ္ ခ်ဥ္ရည္ျပန္ဆန္တတ္တဲ့ေရာဂါမွာဆိုလည္း အရည္ဟာ လည္ေခ်ာင္းကို လႈံ႕ေဆာ္မႈေၾကာင့္ ေခ်ာင္းဆိုးလာရပါတယ္။

ေလ့လာခ်က္ေတြအရ အထက္ကေျပာခဲ့တဲ့ အခ်က္ ၃ ခ်က္ တစ္ခုခုေၾကာင့္ သို႔မဟုတ္ ေပါင္းစပ္ၿပီးေတာ့ နာတာရွည္ ေခ်ာင္းဆိုးျခင္းကို ၉၀ ရာခိုင္ႏႈန္းေလာက္ထိ ျဖစ္ေစပါတယ္။ အျခားအေၾကာင္းအရာေလးေတြလည္း ရွိပါေသးတယ္။ အေပၚေလလမ္းေၾကာင္းပိုးဝင္ျခင္း၊ နမိုးနီးယားလို႔ေခၚတဲ့ အဆုတ္ေရာင္ေရာဂါေတြမွာလည္း ေခ်ာင္းဆိုးတတ္ပါတယ္။ ေနာက္ ေသြးေပါင္က် ေဆးေတြထဲက ACEI အုပ္စုဝင္ေတြဆိုလည္း တခ်ိဳ႕လူေတြမွာ ေခ်ာင္းဆိုးေစပါတယ္။ နာတာရွည္ ေလျပြန္ေရာင္ ေရာဂါရွိသူေတြ အထူးသျဖင့္ ေဆးလိပ္ေသာက္တဲ့ သူေတြမွာလည္း ေခ်ာင္းဆိုးေစတတ္ပါတယ္။

ေခ်ာင္းဆိုးမႈေၾကာင့္ ေနာက္ဆက္တြဲ ဆိုးက်ိဳးဝင္တတ္ပါတယ္။ ေခ်ာင္းဆိုးျခင္းေၾကာင့္ ေခါင္းကိုက္ျခင္း၊ ေခါင္းထဲၿငီးစီစီျဖစ္ျခင္း၊ မတရားအန္ျခင္း၊ ဆီးမထိန္းႏိုင္ျခင္း၊ ေနာက္ဆံုး နံရိုးပါ က်ိဳးသြားႏိုင္ပါတယ္။

နာတာရွည္ေခ်ာင္းဆိုးတဲ့ အေၾကာင္းကို ရွာေဖြဖို႔အတြက္ စစ္ေဆးျခင္းအခိ်ဳ႕ ျပဳလုပ္နိုင္ပါတယ္။ ရင္ဘတ္ဓာတ္မွန္ ရိုက္ၾကည့္ျခင္း၊ အဆုတ္အလုပ္တာဝန္ ေကာင္းမေကာင္းစစ္ျခင္း၊ သလိပ္နာမူနာ ယူ၍စစ္ေဆးျခင္း၊ မွန္ေျပာင္းၾကည့္ျခင္း ေတြျပဳလုပ္ႏိုင္ပါတယ္။

ကုသတဲ့အခါမွာေတာ့ အဓိကျဖစ္ေစတဲ့ အေၾကာင္းကို ရႏိုင္ရင္ အေကာင္းဆံုးပါပဲ။ ဒါေပမယ့္ လူနာေတာ္ေတာ္မ်ားမ်ားမွာက တစ္ခုထက္ ပိုေနတတ္ၾကပါတယ္။ အသံုးျပဳႏိုင္တဲ့ေဆးေတြကေတာ့ ႏွာေစးေပ်ာက္ေဆးေတြ၊ ပန္းနာရင္ၾကပ္ရွဴေဆးေတြ၊ ပိုးသတ္ေဆးေတြ၊ အစာအိမ္ေဆးေတြ၊ ေခ်ာင္းဆိုးေပ်ာက္ေဆးေတြ ေသာက္သံုးလို႔ ရပါတယ္။ ေသာက္ေဆးေတြကေတာ့ ေခ်ာင္းဆိုးရတဲ့ အေၾကာင္းရင္းေပၚ မူတည္ၿပီး ေျပာင္းလဲသြားပါတယ္။

အိမ္တြင္းကုထံုးနည္းေတြလည္း တခ်ိဳ႕ အသံုးျပဳၾကပါတယ္။ တခ်ိဳ႕က ပ်ားရည္တစ္ဇြန္းကို ေရေႏြးနဲ႔ေရာၿပီး ေသာက္ၾကတယ္။ တခ်ိဳ႕က ဂ်င္းျပဳတ္ရည္ပူပူေသာက္ၾကတယ္။ တခ်ိဳ႕က လ်က္ဆားရယ္၊ သံပရာရည္ ေရာေသာက္တယ္။ တခ်ိဳ႕ လ်က္ဆားရယ္၊ သံပရာရည္ရယ္၊ ပ်ားရည္ရယ္၊ ဂ်င္းရယ္ ေရာေသာက္တတ္ၾကပါတယ္။ တကယ္ေပ်ာက္လား မေပ်ာက္လားေတာ့ ေသခ်ာမသိပါ။

ေခ်ာင္းဆိုးေနသူဟာ အေနအထိုင္ ဆင္ျခင္ရပါမယ္။ ဖုန္ထူထပ္တဲ့ေနရာ သြားလာျခင္း၊ လူထူထပ္တဲ့ေနရာသြားလာျခင္း ေရွာင္ၾကဥ္ပါ။ ေဆးလိပ္ေသာက္သူဆိုလွ်င္ ေဆးလိပ္ျဖတ္ပါ။ မေသာက္သူဆိုလွ်င္ ေဆးလိပ္ေငြ႕ေဝးေဝးေရွာင္ပါ။ အစာစားလွ်င္ နည္းနည္းနဲ႔ ခဏခဏစားေပးပါ။ အစာစားၿပီး ၃ နာရီ၊ ၄ နာရီေလာက္ၾကာမွ လွဲေပးပါ။ ညအိပ္လွ်င္ ေခါင္းအံုးျမင့္ျမင့္ထားအိပ္ပါ။

Author: ေဒါက္တာ ဇြဲေကာင္းခ်စ္, Healthcare Journal, Vol 8, no 49 (22.12.17)

Unicode

အား . . . ကျွတ် . . . ကျွတ် . . . ။ အအေးကြိုက်တတ်တဲ့ ကျွန်တော် ဒီနေ့မနက် အိပ်ရာထတော့ လည်ချောင်းနာနေပြီလေ။ လည်ချောင်းစနာပြီဆိုကတည်းက သူ့နောက်ကလိုက်လာမှာက ချောင်းဆိုးခြင်းဆိုတာ မလွဲဧကန်ပါပဲ။ ပူလောင်အိုက်စပ်၊ ကားကြပ်လှတဲ့ ရန်ကုန်မြို့ကြီးမှာနေရတဲ့ ကျွန်တော် . . . ။ ရန်ကုန်ရာသီဥတုကတော့ အပြင်ဘက်မှာဆို ပူချက်ကတော့ ပြောမနေပါနဲ့။ ဒါပေမယ့် အိမ်ထဲမှာကျ ဟန်ကျသား။ အပြင်မှာလောက် သိပ်မပူပေ။ ထိုထက်တိုက်ခန်းနံရံမှာ ကြွေပြားကပ်ထားလျှင် သိပ်မပူတော့ပေ။

ကျွန်တော်သည် ညတိုုင်းအိပ်လျှင် အင်္ကျ ီအပါး သို့မဟုတ် စွပ်ကျယ်ဝတ်ပြီးသာ အိပ်လေ့ရှိပြီး အမြဲလိုလို ပန်ကာဖွင့်ထားပြီးမှ အိပ်လေ့ရှိသည်။ ရာသီဥတုက နေ့ဘက်ပူပြီး ညဘက်ဆို နည်းနည်းအေးတတ်ပါတယ်။ ဒါ့ကြောင့် အခန့်မသင့်ရင် အအေးပတ်ပြီး လည်ချောင်းစနာပါတော့တယ်။ လည်ချောင်း နာတာကလည်း မနက်ပိုင်းအိပ်ရာထကာစလောက်ပါပဲ ပြီးရင်တစ်နေကုန် အကောင်းပါပဲ။ ဒါ့ကြောင့် သတိမထားမိဘဲ နောက်ရက် ညဘက်တွေလည်း ဒီလိုပဲ အိပ်စက်တတ်ကြပါတယ်။ ကြာလာတဲ့အခါ လည်ချောင်းနာရုံတင်မက သလိပ်ခဲတွေပါ ထွက်လာပါတော့တယ်။ ပြီးတာနဲ့ အဟွတ် အဟွတ်ဆိုတဲ့ အသံတွေ စတင်ကြားလာရပါတော့တယ်။ ကဲ အဲဒီမှာ ချောင်းဆိုးခြင်း စတင်လာပါတော့တယ်။

ချောင်းဆိုးပြီဆိုတာနဲ့ တော်တော်များများက နာတာရှည် ဆိုးတတ်ကြပါတယ်။ ခဏတာဆိုးတာ သိပ်မရှိပါဘူး။ နာတာရှည် ချောင်းဆိုးတယ်ဆိုတာ စိတ်အနှောက်အယှက် အတော်လေးဖြစ်ရပါတယ်။ ချောင်းဆိုးခြင်းကြောင့် ညဘက်တောင် အိပ်မရတာတွေ၊ ချောင်းဆိုးရလွန်းလို့ ပင်ပန်းနွမ်းနယ်မှုထိ တောင်ဖြစ်နိုင်ပါတယ်။ ချောင်းဆိုးရုံတင် မဟုတ်ဘဲ ချောင်းဆိုးတာနဲ့အတူ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ကျခြင်း၊ နောက်ဆုံး နံရိုးတောင်ကျိုးသွားနိုင်ပါတယ်။ နံရိုးကျိုးတယ်ဆိုတာက ချောင်းတအားဆိုးရင်ပါ။

နာတာရှည်ချောင်းဆိုး တယ်ဆိုတာ အနည်းဆုံး ၈ ပတ်လောက်အထိကြာတတ်ပါတယ်။ ကလေးတွေမှာတော့ ၄ ပတ်လောက်ထိ ဆိုးနေတတ်ပါတယ်။ ချောင်းဆိုးတဲ့လက္ခဏာ စခံစားရပြီဆို သူ့တစ်ခုတည်း မဟုတ်ပါဘူး။ တခြားဟာတွေနဲ့ တွဲနေတတ်ပါတယ်။ နှာစေးခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းယားယံခြင်း၊ လည်ချောင်းခဏခဏရှင်းရခြင်း၊ အသံကွဲအက်လာခြင်း၊ အသက်ရှူမဝခြင်း၊ တရွှီရွှီ မြည်တတ်ခြင်း၊ ရင်ပူခြင်း၊ ပါးစပ်ထဲ ချဉ်စုပ်စုပ်အရသာ ခံစားရခြင်း၊ သလိပ်ထွက်ခြင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်ရှိ ကြွက်သားများ နာကျင်တတ်ပါတယ်။

ဒါဆိုဘာကြောင့် ဒီချောင်းကြီးက ဆိုးလာရတာလဲ။ တခါတလေ ချောင်းဆိုးတာကတော့ လည်ချောင်းထဲ ပြင်ပက ဖုန်တစ်ခုခုဝင်သွားရင် ပြန်ထုတ်တဲ့ သဘောအနေနဲ့ ချောင်းဆိုးတတ်ပါတယ်။ ဒါပေမယ့် ချောင်းဆိုးတာ ၁ ပတ်လောက်ရှိနေရင်တော့ အကြောင်း တစ်ခုခုရှိနေပါပြီ။ အဓိကအကြောင်းရင်းတွေကတော့ နှာစေး၊ နှာရည်ယိုခြင်းဖြစ်တဲ့အခါ နှာရည်ဟာ လည်ချောင်းထဲ စီးသွားလျှင် ချောင်းဆိုးတတ်ပါတယ်။ ပန်းနာရင်ကြပ်ရှိနေရင်လည်း ချောင်းဆိုးတတ်ပါတယ်။ နောက်အစာအိမ် ချဉ်ရည်ပြန်ဆန်တတ်တဲ့ရောဂါမှာဆိုလည်း အရည်ဟာ လည်ချောင်းကို လှုံ့ဆော်မှုကြောင့် ချောင်းဆိုးလာရပါတယ်။

လေ့လာချက်တွေအရ အထက်ကပြောခဲ့တဲ့ အချက် ၃ ချက် တစ်ခုခုကြောင့် သို့မဟုတ် ပေါင်းစပ်ပြီးတော့ နာတာရှည် ချောင်းဆိုးခြင်းကို ၉၀ ရာခိုင်နှုန်းလောက်ထိ ဖြစ်စေပါတယ်။ အခြားအကြောင်းအရာလေးတွေလည်း ရှိပါသေးတယ်။ အပေါ်လေလမ်းကြောင်းပိုးဝင်ခြင်း၊ နမိုးနီးယားလို့ခေါ်တဲ့ အဆုတ်ရောင်ရောဂါတွေမှာလည်း ချောင်းဆိုးတတ်ပါတယ်။ နောက် သွေးပေါင်ကျ ဆေးတွေထဲက ACEI အုပ်စုဝင်တွေဆိုလည်း တချို့လူတွေမှာ ချောင်းဆိုးစေပါတယ်။ နာတာရှည် လေပြွန်ရောင် ရောဂါရှိသူတွေ အထူးသဖြင့် ဆေးလိပ်သောက်တဲ့ သူတွေမှာလည်း ချောင်းဆိုးစေတတ်ပါတယ်။

ချောင်းဆိုးမှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုးဝင်တတ်ပါတယ်။ ချောင်းဆိုးခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ ခေါင်းထဲငြီးစီစီဖြစ်ခြင်း၊ မတရားအန်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ နောက်ဆုံး နံရိုးပါ ကျိုးသွားနိုင်ပါတယ်။

နာတာရှည်ချောင်းဆိုးတဲ့ အကြောင်းကို ရှာဖွေဖို့အတွက် စစ်ဆေးခြင်းအချို့ ပြုလုပ်နိုင်ပါတယ်။ ရင်ဘတ်ဓာတ်မှန် ရိုက်ကြည့်ခြင်း၊ အဆုတ်အလုပ်တာဝန် ကောင်းမကောင်းစစ်ခြင်း၊ သလိပ်နာမူနာ ယူ၍စစ်ဆေးခြင်း၊ မှန်ပြောင်းကြည့်ခြင်း တွေပြုလုပ်နိုင်ပါတယ်။

ကုသတဲ့အခါမှာတော့ အဓိကဖြစ်စေတဲ့ အကြောင်းကို ရနိုင်ရင် အကောင်းဆုံးပါပဲ။ ဒါပေမယ့် လူနာတော်တော်များများမှာက တစ်ခုထက် ပိုနေတတ်ကြပါတယ်။ အသုံးပြုနိုင်တဲ့ဆေးတွေကတော့ နှာစေးပျောက်ဆေးတွေ၊ ပန်းနာရင်ကြပ်ရှူဆေးတွေ၊ ပိုးသတ်ဆေးတွေ၊ အစာအိမ်ဆေးတွေ၊ ချောင်းဆိုးပျောက်ဆေးတွေ သောက်သုံးလို့ ရပါတယ်။ သောက်ဆေးတွေကတော့ ချောင်းဆိုးရတဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ပြောင်းလဲသွားပါတယ်။

အိမ်တွင်းကုထုံးနည်းတွေလည်း တချို့ အသုံးပြုကြပါတယ်။ တချို့က ပျားရည်တစ်ဇွန်းကို ရေနွေးနဲ့ရောပြီး သောက်ကြတယ်။ တချို့က ဂျင်းပြုတ်ရည်ပူပူသောက်ကြတယ်။ တချို့က လျက်ဆားရယ်၊ သံပရာရည် ရောသောက်တယ်။ တချို့ လျက်ဆားရယ်၊ သံပရာရည်ရယ်၊ ပျားရည်ရယ်၊ ဂျင်းရယ် ရောသောက်တတ်ကြပါတယ်။ တကယ်ပျောက်လား မပျောက်လားတော့ သေချာမသိပါ။

ချောင်းဆိုးနေသူဟာ အနေအထိုင် ဆင်ခြင်ရပါမယ်။ ဖုန်ထူထပ်တဲ့နေရာ သွားလာခြင်း၊ လူထူထပ်တဲ့နေရာသွားလာခြင်း ရှောင်ကြဉ်ပါ။ ဆေးလိပ်သောက်သူဆိုလျှင် ဆေးလိပ်ဖြတ်ပါ။ မသောက်သူဆိုလျှင် ဆေးလိပ်ငွေ့ဝေးဝေးရှောင်ပါ။ အစာစားလျှင် နည်းနည်းနဲ့ ခဏခဏစားပေးပါ။ အစာစားပြီး ၃ နာရီ၊ ၄ နာရီလောက်ကြာမှ လှဲပေးပါ။ ညအိပ်လျှင် ခေါင်းအုံးမြင့်မြင့်ထားအိပ်ပါ။

Author: ဒေါက်တာ ဇွဲကောင်းချစ်, Healthcare Journal, Vol 8, no 49 (22.12.17)

Previous Post

WY အကြောင်း

Next Post

ကိုယ္ဝန္ေဆာင္ခ်ိန္နဲ႔ မီးဖြားၿပီးကာလတြင္ ႀကဳံေတြ႕ရမည့္ ခႏၶာကိုယ္ေျပာင္းလဲမႈမ်ား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
847
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ္ဝန္ေဆာင္ခ်ိန္နဲ႔ မီးဖြားၿပီးကာလတြင္ ႀကဳံေတြ႕ရမည့္ ခႏၶာကိုယ္ေျပာင္းလဲမႈမ်ား

လူငယ်နှင့် ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ( အပိုင်း ၁)

Stop smoking now

လူငယ်နှင့် ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ( အပိုင်း ၂)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.