ေတာ္ေတာ္စိတ္ဒုကၡေပးႏိုင္တဲ့ အေရျပားေရာဂါေတြဆိုတဲ့ ေခါင္းစဥ္နဲ႔ အျဖစ္မ်ားတတ္တဲ့၊ ခံစားေနရတဲ့သူေတြ စိတ္ဖိအားမ်ားေစတဲ့၊ အေရျပားေရာဂါေတြရဲ႕အေၾကာင္း ေဆာင္းပါးေတြ ေရးခဲ့တာ ၆ လဝန္းက်င္ေလာက္ ရွိပါၿပီ။ အဲဒီအရင္ကလည္း အေရျပားေရာဂါေတြရဲ႕အေၾကာင္း ေဆာင္းပါးေတြေရးေနခဲ့ပါတယ္။ မ်ားေသာအားျဖင့္ေတာ့ အျဖစ္မ်ားတဲ့ အေရျပားေရာဂါေတြရဲ႕ အေၾကာင္းပါ။ အဲဒီလို ေရးေနရင္းနဲ႔ တခါတေလမွာ ေျပာျပခ်င္မိတာေလးေတြက အဲဒီေပးထားတဲ့ ေခါင္းစဥ္နဲ႔ သိပ္မလိုက္ဖက္ဘူးလို႔ ထင္ရတာေလးေတြ ေပၚေပါက္လာတတ္ပါတယ္။
အေရျပားအေၾကာင္း ျဖစ္ေပမယ့္ သဘာဝအရ ေျပာင္းလဲမႈေတြ၊ သိပ္ၿပီး အျဖစ္မမ်ားေပမယ့္ တိုက္ဆိုင္တာေလးေတြရွိလို႔ ေျပာျပခ်င္မိတဲ့ အေရျပားေရာဂါေတြ စသည္ျဖင့္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဟိုဟိုဒီဒီ စိတ္ကူးေပၚရာ ေရးႏိုင္တဲ့ ေခါင္းစဥ္ ေျပာင္းဖို႔အႀကံျဖစ္ပါတယ္။ ဒီတစ္ပါတ္မွာေတာ့ အေရျပားနဲ႔ပတ္သက္ၿပီး ေျပာျပခ်င္မိတာေတြ ဆိုတဲ့ ေခါင္းစဥ္အသစ္နဲ႔ အေရျပားေျခာက္ေသြ႕တဲ့ အေၾကာင္းကို စၿပီးေျပာျပခ်င္ပါတယ္။
အေရျပားေျခာက္ေသြ႕တဲ့အေၾကာင္းဟာ အမွန္တကယ္ဆိုရင္ေတာ့ ေျပာခဲ့ေရးခဲ့ဖူးတဲ့ အေၾကာင္းအရာတစ္ခုပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ရာသီစာလိုမ်ိဳး ေဆာင္းရာသီမွာ အျဖစ္မ်ားတဲ့ အေရျပားေျခာက္ေသြ႕တဲ့အေၾကာင္းကို သိရွိၿပီး ႀကိဳတင္ကာကြယ္ႏိုင္ၾကေစဖို႔ ထပ္ၿပီးေျပာျပခ်င္မိပါတယ္။
အေရျပားေျခာက္ေသြ႕တာဟာ တစ္နည္းအားျဖင့္ ေျပာရရင္ေတာ့ အေရျပားထဲမွာ အဆီနည္းေနတာလို႔ ေျပာရင္ရႏိုင္ပါတယ္။ ေျခာက္ေသြ႕လာတဲ့အခါမွာ အေရျပားဟာ ပုံမွန္ႏူးညံ့ေခ်ာေမြ႕ေနတဲ့ မ်က္ႏွာျပင္ အေနအထားကေန ေျခာက္ေသြ႕ၿပီး ၾကမ္းလာပါတယ္။ ဒီလို အေရျပားကို ေျခာက္ေသြ႕ေစတဲ့ အေၾကာင္းရင္းေတြထဲမွာ ကိုယ္ခႏၶာတြင္းကျဖစ္တဲ့ အေၾကာင္းရင္းေတြေရာ၊ ပတ္ဝန္းက်င္ကေနျဖစ္ေစတဲ့ အေၾကာင္းရင္းေတြေရာ ပါဝင္ေနတာျဖစ္ပါတယ္။
အသက္အ႐ြယ္ႀကီးလာတာဟာ ကိုယ္ခႏၶာ ေျပာင္းလဲလို႔ျဖစ္တဲ့ အေရျပားေျခာက္ေသြ႕မႈရဲ႕ အေၾကာင္းရင္းတစ္ခုျဖစ္ၿပီး ပတ္ဝန္းက်င္ ေလထုထဲမွာ ေရေငြ႕ပါဝင္မႈနည္းေနတာကေတာ့ ပတ္ဝန္းက်င္ေၾကာင့္ျဖစ္တဲ့ အေရျပားေျခာက္ေသြ႕ေစတဲ့ အေၾကာင္းရင္းတစ္ခု ျဖစ္ပါတယ္။ အေရျပားဟာ ေျခာက္ေသြ႕လာတဲ့အခါမွာ သူ႔ရဲ႕အဓိက လုပ္ငန္းတာဝန္တစ္ခုျဖစ္တဲ့ ျပင္ပပစၥည္းေတြကို ကိုယ္ခႏၶာတြင္း မဝင္ေရာက္ဖို႔ တားဆီးတဲ့ လုပ္ငန္းတာဝန္ ပ်က္ယြင္းလာပါတယ္။ အေရျပားေျခာက္ေသြ႕တာဟာ ယားယံမႈနဲ႔လဲ တြဲဖက္ေနႏိုင္ၿပီး ေနာက္ဆက္တြဲ ႏွင္းခူျဖစ္လာတာမ်ိဳးလည္း ေတြ႕ရတတ္ပါတယ္။
အေရျပားေျခာက္တာကို ဒီေလာက္ အေရးတႀကီး စဥ္းစားစရာလိုသလားဆိုၿပီး ေမးခြန္းထုတ္ႏိုင္ပါတယ္။ အေရျပားေျခာက္တာဟာ မသိလိုက္မသိဘာသာ ျဖစ္သြားတာမ်ိဳးလည္း ျဖစ္ႏိုင္ေပမယ့္ တစ္ခ်ိဳ႕သူေတြမွာေတာ့ အေတာ္ေလး ကသိကေအာက္ျဖစ္ေစတဲ့ အိပ္ေရးပ်က္ေစတဲ့အထိ ျဖစ္ေစႏိုင္တဲ့ အေျခအေနမ်ိဳးအထိ ျဖစ္ႏိုင္တာပါ။ အေရျပားေျခာက္ေသြ႕ၿပီး ယားယံေနလို႔ အိပ္မရျဖစ္ေနတဲ့ အဖိုးအဖြားေတြကို မၾကာခဏေတြ႕ရတတ္ပါတယ္။ ယခုလို ေဆာင္းရာသီမွာ အထူးသျဖင့္ ေတြ႕ရပါတယ္။
ဒါ့ေၾကာင့္လည္း ဒီရာသီမွာ အေရျပား ေျခာက္ေသြ႕တဲ့အေၾကာင္းကို ေရးမိတာျဖစ္ပါတယ္။ အေရျပားေျခာက္ေသြ႕တာဟာ အေတာ္ေလးအျဖစ္မ်ားတဲ့ အေျခအေနျဖစ္ၿပီး အသက္အ႐ြယ္ ႀကီးတဲ့သူေတြမွာ ပုံမွန္ဇီဝကမၼေျပာင္းလဲမႈျဖစ္စဥ္ရဲ႕ တစ္စိတ္တစ္ပိုင္းလို႔ေတာင္ ေျပာလို႔ရတဲ့ အေျခအေနပါ။ အသက္ ၇၀ ေက်ာ္ေတြမွာဆိုရင္ အားလုံးလိုလိုဟာ အနည္းႏွင့္အမ်ား အေရျပားေျခာက္ေသြ႕မႈ ရွိေနတယ္လို႔ ဆိုၾကပါတယ္။ အသက္ပိုႀကီးလာတာနဲ႔အမွ် အေရျပားေျခာက္ေသြ႕တာဟာ ပိုဆိုးလာမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အေရျပားေျခာက္ေသြ႕တာဟာ အဖိုးအဖြားအားလုံးႀကဳံရတဲ့ အေျခအေန တစ္ခုလို႔ ေျပာလို႔ရပါတယ္။
အမ်ိဳးသားေတြမွာ အေရျပားေျခာက္ေသြ႕တာဟာ အမ်ိဳးသမီးေတြထက္ နည္းနည္း ပိုၿပီး မ်ားတယ္လို႔ဆိုၾကပါတယ္။ အေရျပားေျခာက္ေသြ႕တာဟာ တစ္ကမာၻလုံးမွာ၊ လူမ်ိဳးအားလုံးမွာေတြ႕ရတဲ့ အေရျပား အေျခအေနတစ္ခုျဖစ္ပါတယ္။ အသက္ငယ္တဲ့သူေတြမွာ ဆိုရင္ေတာ့ အသားအေရာင္ရင့္တဲ့သူေတြဟာ အေရျပားေျခာက္ေသြ႕မႈ ပိုျဖစ္ႏိုင္ေျခရွိတယ္ လို႔ဆိုပါတယ္။ အေရျပားေျခာက္ေသြ႕တာနဲ႔တြဲၿပီး ေတြ႕ရတတ္တဲ့ အျခားေသာ အေျခအေနေတြထဲမွာေတာ့ အာဟာရမျပည့္ဝတာ၊ ခ်ိဳ႕တဲ့တာ၊ ဆီးခ်ိဳ၊ ေသြးခ်ိဳရွိေနတာ၊ ေက်ာက္ကပ္အားနည္းေနတာ၊ ေက်ာက္ကပ္ေဆးေနရတာ စတဲ့ အေျခအေနေတြ ပါဝင္ပါတယ္။
အေရျပား ေျခာက္ေသြ႕တာကို တိုင္းတာဖို႔အတြက္ TEWL Transepidermal Water Loss ဆိုတဲ့ အေရျပားကို ျဖစ္ၿပီးအဆီ ဘယ္ေလာက္ဆုံးရႈံးေနရမလဲ ဆိုတာမ်ိဳးကို တိုင္းတာအသုံးျပဳၾကပါတယ္။ အသားေရာင္ မည္းတဲ့သူေတြ၊ အာဖရိကသားေတြ)မွာ အဲဒီ TEWL မ်ားေနတာေၾကာင့္ အထက္မွာ ေျပာခဲ့သလို အသားအေရာင္မည္းတဲ့သူေတြဟာ အေရျပားေျခာက္ေသြ႕ဖို႔ ပိုၿပီးနီးစပ္တယ္လို႔ ယူဆၾကတာျဖစ္ပါတယ္။ အေရျပားရဲ႕ ျပင္ပပစၥည္းေတြကို ကိုယ္ခႏၶာထဲမဝင္ေအာင္ တားဆီးႏိုင္စြမ္းနည္းေနတဲ့ အေျခအေနေတြမွာ ဆိုရင္လည္း ဒီ TEWL ဟာ မ်ားေနတာကို ေတြ႕ၾကရပါတယ္။
အရင္တုန္းကေတာ့ အေရျပားေျခာက္ေသြ႕တာရဲ႕ အေၾကာင္းရင္းဟာ အသက္ႀကီးလာတာနဲ႔အမွ် အဆီဂလင္းေတြကေန အဆီထုတ္လုပ္မႈ နည္းလာလို႔ လို႔ယူဆခဲ့ၾကပါတယ္။ အခုေနာက္ပိုင္းမွာ ေတြ႕ရွိလာၾကတာကေတာ့ ေျခာက္ေသြ႕တဲ့အေရျပားထဲမွာ ပါဝင္ေနတဲ့အဆီေတြႏွင့္ အျခားပစၥည္းေတြရဲ႕ ပါဝင္မႈအခ်ိဳးအစား ေျပာင္းလဲလာတာ ျဖစ္ပါတယ္။ အဲဒီအတြက္ အေရျပားအေပၚယံလႊာရဲ႕ လုပ္ေဆာင္မႈေတြဟာလည္း လိုက္ေျပာင္းလာတယ္လို႔ ယူဆၾကပါတယ္။ အမ်ိဳးသမီးေတြမွာ ဆိုရင္ေတာ့ အီစႀထိဳဂ်င္ေဟာ္မုန္းဟာ အေရျပားေျခာက္ေသြ႕တာကို သက္သာေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အေရျပားေျပာင္းလဲမႈေတြမွာ ေဟာ္မုန္းေတြလည္း ပါဝင္ပတ္သက္ေနတယ္လို႔ ေျပာျပတာျဖစ္ပါတယ္။
အေရျပားေျခာက္ေသြ႕တာဟာ ေဆာင္းရာသီမွာ ပိုၿပီးေတြ႕ရတတ္ပါတယ္။ ပတ္ဝန္းက်င္ေလထုထဲမွာ ေရေငြ႕ပါဝင္မႈနည္းၿပီး အခန္းေတြထဲမွာလည္း ေလပူေပးစက္ေတြနဲ႔ ေနထိုင္ၾကလို႔ျဖစ္ပါတယ္။ ဒီပတ္ဝန္းက်င္အေျခအေနေတြဟာ အေရျပားေျခာက္ေသြ႕တာကိုျဖစ္ေစတဲ့ အေၾကာင္းရင္းေတြထဲမွာ ပါဝင္ပါတယ္။
အေရျပားရဲ႕ အေပၚဆုံးအလႊာကို ဒဏ္ျဖစ္ေစတဲ့ ဆပ္ျပာတို႔၊ သန႔္စင္ေဆးရည္တို႔နဲ႔ တရားလြန္ထိေတြ႕မႈေတြ၊ မၾကာခဏ ေရခ်ိဳးတာ၊ အၾကာႀကီး ေရခ်ိဳးတာ၊ စတာေတြဟာလည္း အေရျပား ေျခာက္ေသြ႕တာကို ပိုၿပီးျဖစ္ႏိုင္တဲ့ အခ်က္ေတြျဖစ္ပါတယ္။ ေသြးဆုံးၿပီးတဲ့ အမ်ိဳးသမီးေတြမွာေတာ့ အီစႀထိဳဂ်င္ ေဟာ္မုန္းမရွိတာဟာ အေရျပား ေျခာက္ေသြ႕မႈကို ပိုျဖစ္ေစတဲ့ အေၾကာင္းတစ္ခုအျဖစ္ ယူဆၾကပါတယ္။ တခ်ိဳ႕ေသာ ကင္ဆာေဆးေတြဟာလည္း အေရျပားေျခာက္ေသြ႕မႈကို ပိုဆိုးေစတယ္လို႔ ယူဆၾကတာလည္း ရွိပါတယ္။
Author: ေဒါက္တာေက,Healthcare Journal,Vol 8, no 49 (22.12.2017) Pg 14
Unicode
တော်တော်စိတ်ဒုက္ခပေးနိုင်တဲ့ အရေပြားရောဂါတွေဆိုတဲ့ ခေါင်းစဉ်နဲ့ အဖြစ်များတတ်တဲ့၊ ခံစားနေရတဲ့သူတွေ စိတ်ဖိအားများစေတဲ့၊ အရေပြားရောဂါတွေရဲ့အကြောင်း ဆောင်းပါးတွေ ရေးခဲ့တာ ၆ လဝန်းကျင်လောက် ရှိပါပြီ။ အဲဒီအရင်ကလည်း အရေပြားရောဂါတွေရဲ့အကြောင်း ဆောင်းပါးတွေရေးနေခဲ့ပါတယ်။ များသောအားဖြင့်တော့ အဖြစ်များတဲ့ အရေပြားရောဂါတွေရဲ့ အကြောင်းပါ။ အဲဒီလို ရေးနေရင်းနဲ့ တခါတလေမှာ ပြောပြချင်မိတာလေးတွေက အဲဒီပေးထားတဲ့ ခေါင်းစဉ်နဲ့ သိပ်မလိုက်ဖက်ဘူးလို့ ထင်ရတာလေးတွေ ပေါ်ပေါက်လာတတ်ပါတယ်။
အရေပြားအကြောင်း ဖြစ်ပေမယ့် သဘာဝအရ ပြောင်းလဲမှုတွေ၊ သိပ်ပြီး အဖြစ်မများပေမယ့် တိုက်ဆိုင်တာလေးတွေရှိလို့ ပြောပြချင်မိတဲ့ အရေပြားရောဂါတွေ စသည်ဖြင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဟိုဟိုဒီဒီ စိတ်ကူးပေါ်ရာ ရေးနိုင်တဲ့ ခေါင်းစဉ် ပြောင်းဖို့အကြံဖြစ်ပါတယ်။ ဒီတစ်ပါတ်မှာတော့ အရေပြားနဲ့ပတ်သက်ပြီး ပြောပြချင်မိတာတွေ ဆိုတဲ့ ခေါင်းစဉ်အသစ်နဲ့ အရေပြားခြောက်သွေ့တဲ့ အကြောင်းကို စပြီးပြောပြချင်ပါတယ်။
အရေပြားခြောက်သွေ့တဲ့အကြောင်းဟာ အမှန်တကယ်ဆိုရင်တော့ ပြောခဲ့ရေးခဲ့ဖူးတဲ့ အကြောင်းအရာတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရာသီစာလိုမျိုး ဆောင်းရာသီမှာ အဖြစ်များတဲ့ အရေပြားခြောက်သွေ့တဲ့အကြောင်းကို သိရှိပြီး ကြိုတင်ကာကွယ်နိုင်ကြစေဖို့ ထပ်ပြီးပြောပြချင်မိပါတယ်။
အရေပြားခြောက်သွေ့တာဟာ တစ်နည်းအားဖြင့် ပြောရရင်တော့ အရေပြားထဲမှာ အဆီနည်းနေတာလို့ ပြောရင်ရနိုင်ပါတယ်။ ခြောက်သွေ့လာတဲ့အခါမှာ အရေပြားဟာ ပုံမှန်နူးညံ့ချောမွေ့နေတဲ့ မျက်နှာပြင် အနေအထားကနေ ခြောက်သွေ့ပြီး ကြမ်းလာပါတယ်။ ဒီလို အရေပြားကို ခြောက်သွေ့စေတဲ့ အကြောင်းရင်းတွေထဲမှာ ကိုယ်ခန္ဓာတွင်းကဖြစ်တဲ့ အကြောင်းရင်းတွေရော၊ ပတ်ဝန်းကျင်ကနေဖြစ်စေတဲ့ အကြောင်းရင်းတွေရော ပါဝင်နေတာဖြစ်ပါတယ်။
အသက်အရွယ်ကြီးလာတာဟာ ကိုယ်ခန္ဓာ ပြောင်းလဲလို့ဖြစ်တဲ့ အရေပြားခြောက်သွေ့မှုရဲ့ အကြောင်းရင်းတစ်ခုဖြစ်ပြီး ပတ်ဝန်းကျင် လေထုထဲမှာ ရေငွေ့ပါဝင်မှုနည်းနေတာကတော့ ပတ်ဝန်းကျင်ကြောင့်ဖြစ်တဲ့ အရေပြားခြောက်သွေ့စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ အရေပြားဟာ ခြောက်သွေ့လာတဲ့အခါမှာ သူ့ရဲ့အဓိက လုပ်ငန်းတာဝန်တစ်ခုဖြစ်တဲ့ ပြင်ပပစ္စည်းတွေကို ကိုယ်ခန္ဓာတွင်း မဝင်ရောက်ဖို့ တားဆီးတဲ့ လုပ်ငန်းတာဝန် ပျက်ယွင်းလာပါတယ်။ အရေပြားခြောက်သွေ့တာဟာ ယားယံမှုနဲ့လဲ တွဲဖက်နေနိုင်ပြီး နောက်ဆက်တွဲ နှင်းခူဖြစ်လာတာမျိုးလည်း တွေ့ရတတ်ပါတယ်။
အရေပြားခြောက်တာကို ဒီလောက် အရေးတကြီး စဉ်းစားစရာလိုသလားဆိုပြီး မေးခွန်းထုတ်နိုင်ပါတယ်။ အရေပြားခြောက်တာဟာ မသိလိုက်မသိဘာသာ ဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်ပေမယ့် တစ်ချို့သူတွေမှာတော့ အတော်လေး ကသိကအောက်ဖြစ်စေတဲ့ အိပ်ရေးပျက်စေတဲ့အထိ ဖြစ်စေနိုင်တဲ့ အခြေအနေမျိုးအထိ ဖြစ်နိုင်တာပါ။ အရေပြားခြောက်သွေ့ပြီး ယားယံနေလို့ အိပ်မရဖြစ်နေတဲ့ အဖိုးအဖွားတွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ယခုလို ဆောင်းရာသီမှာ အထူးသဖြင့် တွေ့ရပါတယ်။
ဒါ့ကြောင့်လည်း ဒီရာသီမှာ အရေပြား ခြောက်သွေ့တဲ့အကြောင်းကို ရေးမိတာဖြစ်ပါတယ်။ အရေပြားခြောက်သွေ့တာဟာ အတော်လေးအဖြစ်များတဲ့ အခြေအနေဖြစ်ပြီး အသက်အရွယ် ကြီးတဲ့သူတွေမှာ ပုံမှန်ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလို့တောင် ပြောလို့ရတဲ့ အခြေအနေပါ။ အသက် ၇၀ ကျော်တွေမှာဆိုရင် အားလုံးလိုလိုဟာ အနည်းနှင့်အများ အရေပြားခြောက်သွေ့မှု ရှိနေတယ်လို့ ဆိုကြပါတယ်။ အသက်ပိုကြီးလာတာနဲ့အမျှ အရေပြားခြောက်သွေ့တာဟာ ပိုဆိုးလာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အရေပြားခြောက်သွေ့တာဟာ အဖိုးအဖွားအားလုံးကြုံရတဲ့ အခြေအနေ တစ်ခုလို့ ပြောလို့ရပါတယ်။
အမျိုးသားတွေမှာ အရေပြားခြောက်သွေ့တာဟာ အမျိုးသမီးတွေထက် နည်းနည်း ပိုပြီး များတယ်လို့ဆိုကြပါတယ်။ အရေပြားခြောက်သွေ့တာဟာ တစ်ကမ္ဘာလုံးမှာ၊ လူမျိုးအားလုံးမှာတွေ့ရတဲ့ အရေပြား အခြေအနေတစ်ခုဖြစ်ပါတယ်။ အသက်ငယ်တဲ့သူတွေမှာ ဆိုရင်တော့ အသားအရောင်ရင့်တဲ့သူတွေဟာ အရေပြားခြောက်သွေ့မှု ပိုဖြစ်နိုင်ခြေရှိတယ် လို့ဆိုပါတယ်။ အရေပြားခြောက်သွေ့တာနဲ့တွဲပြီး တွေ့ရတတ်တဲ့ အခြားသော အခြေအနေတွေထဲမှာတော့ အာဟာရမပြည့်ဝတာ၊ ချို့တဲ့တာ၊ ဆီးချို၊ သွေးချိုရှိနေတာ၊ ကျောက်ကပ်အားနည်းနေတာ၊ ကျောက်ကပ်ဆေးနေရတာ စတဲ့ အခြေအနေတွေ ပါဝင်ပါတယ်။
အရေပြား ခြောက်သွေ့တာကို တိုင်းတာဖို့အတွက် TEWL Transepidermal Water Loss ဆိုတဲ့ အရေပြားကို ဖြစ်ပြီးအဆီ ဘယ်လောက်ဆုံးရှုံးနေရမလဲ ဆိုတာမျိုးကို တိုင်းတာအသုံးပြုကြပါတယ်။ အသားရောင် မည်းတဲ့သူတွေ၊ အာဖရိကသားတွေ)မှာ အဲဒီ TEWL များနေတာကြောင့် အထက်မှာ ပြောခဲ့သလို အသားအရောင်မည်းတဲ့သူတွေဟာ အရေပြားခြောက်သွေ့ဖို့ ပိုပြီးနီးစပ်တယ်လို့ ယူဆကြတာဖြစ်ပါတယ်။ အရေပြားရဲ့ ပြင်ပပစ္စည်းတွေကို ကိုယ်ခန္ဓာထဲမဝင်အောင် တားဆီးနိုင်စွမ်းနည်းနေတဲ့ အခြေအနေတွေမှာ ဆိုရင်လည်း ဒီ TEWL ဟာ များနေတာကို တွေ့ကြရပါတယ်။
အရင်တုန်းကတော့ အရေပြားခြောက်သွေ့တာရဲ့ အကြောင်းရင်းဟာ အသက်ကြီးလာတာနဲ့အမျှ အဆီဂလင်းတွေကနေ အဆီထုတ်လုပ်မှု နည်းလာလို့ လို့ယူဆခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာ တွေ့ရှိလာကြတာကတော့ ခြောက်သွေ့တဲ့အရေပြားထဲမှာ ပါဝင်နေတဲ့အဆီတွေနှင့် အခြားပစ္စည်းတွေရဲ့ ပါဝင်မှုအချိုးအစား ပြောင်းလဲလာတာ ဖြစ်ပါတယ်။ အဲဒီအတွက် အရေပြားအပေါ်ယံလွှာရဲ့ လုပ်ဆောင်မှုတွေဟာလည်း လိုက်ပြောင်းလာတယ်လို့ ယူဆကြပါတယ်။ အမျိုးသမီးတွေမှာ ဆိုရင်တော့ အီစထြိုဂျင်ဟော်မုန်းဟာ အရေပြားခြောက်သွေ့တာကို သက်သာစေနိုင်ပါတယ်။ ဒါ့ကြောင့် အရေပြားပြောင်းလဲမှုတွေမှာ ဟော်မုန်းတွေလည်း ပါဝင်ပတ်သက်နေတယ်လို့ ပြောပြတာဖြစ်ပါတယ်။
အရေပြားခြောက်သွေ့တာဟာ ဆောင်းရာသီမှာ ပိုပြီးတွေ့ရတတ်ပါတယ်။ ပတ်ဝန်းကျင်လေထုထဲမှာ ရေငွေ့ပါဝင်မှုနည်းပြီး အခန်းတွေထဲမှာလည်း လေပူပေးစက်တွေနဲ့ နေထိုင်ကြလို့ဖြစ်ပါတယ်။ ဒီပတ်ဝန်းကျင်အခြေအနေတွေဟာ အရေပြားခြောက်သွေ့တာကိုဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ်။
အရေပြားရဲ့ အပေါ်ဆုံးအလွှာကို ဒဏ်ဖြစ်စေတဲ့ ဆပ်ပြာတို့၊ သန့်စင်ဆေးရည်တို့နဲ့ တရားလွန်ထိတွေ့မှုတွေ၊ မကြာခဏ ရေချိုးတာ၊ အကြာကြီး ရေချိုးတာ၊ စတာတွေဟာလည်း အရေပြား ခြောက်သွေ့တာကို ပိုပြီးဖြစ်နိုင်တဲ့ အချက်တွေဖြစ်ပါတယ်။ သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာတော့ အီစထြိုဂျင် ဟော်မုန်းမရှိတာဟာ အရေပြား ခြောက်သွေ့မှုကို ပိုဖြစ်စေတဲ့ အကြောင်းတစ်ခုအဖြစ် ယူဆကြပါတယ်။ တချို့သော ကင်ဆာဆေးတွေဟာလည်း အရေပြားခြောက်သွေ့မှုကို ပိုဆိုးစေတယ်လို့ ယူဆကြတာလည်း ရှိပါတယ်။
Author: ဒေါက်တာကေ,Healthcare Journal,Vol 8, no 49 (22.12.2017) Pg 14