အေရျပားဟာ ေျခာက္ေသြ႕လာတဲ့အခါမွာ အေၾကးခြံထလာတတ္ပါတယ္။ မ်ားေသာအားျဖင့္ေတာ့ အေရျပားဟာ စေျခာက္လာၿပီးေနာက္ အေၾကးခြံထလာၿပီးတဲ့အခါမွာ ယားယံတာ တြဲပါလာတတ္ပါတယ္။ ယားယံတာဟာ တစ္ခ်ိဳ႕သူေတြမွာ သိပ္ၿပီးမယားတတ္ေပမယ့္ တစ္ခ်ိဳ႕သူေတြမွာေတာ့ အေတာ္ေလးကို ယားယံႏိုင္ပါတယ္။ အိပ္မရႏိုင္ေလာက္တဲ့အထိ ယားယံတာ၊ အလုပ္အကိုင္ပ်က္နဲ႔ စိတ္ဖိစီးမႈမ်ားေစတဲ့အထိ ယားယံတာမ်ိဳးလည္း ေတြ႕ရတတ္ပါတယ္။ ဒါ့ေၾကာင့္ အေရျပားေျခာက္တာဟာ တစ္ခ်ိဳ႕ေသာသူေတြမွာ အေတာ္ေလး ကသိကေအာက္ ျဖစ္ေစႏိုင္တဲ့ အေရျပား အေျခအေနတစ္မ်ိဳးျဖစ္ပါတယ္။
အေရျပားေျခာက္တာကို အေတြ႕ရအမ်ားဆုံး ကိုယ္အဂၤါ အစိတ္အပိုင္းကေတာ့ ေျခသလုံးေတြ ျဖစ္ပါတယ္။ တစ္ခ်ိဳ႕သူေတြမွာဆိုရင္ ေျခသလုံးသက္သက္မွာပဲ အေရျပားေျခာက္ေနတာမ်ိဳးေတာင္ ေတြ႕ရတတ္ပါတယ္။ တျဖည္းျဖည္းနဲ႔ တစ္ျခားကိုယ္အဂၤါ အစိတ္အပိုင္းေတြက အေရျပားေတြပါ ေျခာက္လာတာေတြ႕ရတတ္ပါတယ္။ မ်ားေသာအားျဖင့္ အေရျပားေျခာက္ေသြ႕တဲ့ေနရာမွာ မပါဝင္တဲ့ ကိုယ္အဂၤါ အစိတ္အပိုင္းေတြကေတာ့ မ်က္ႏွာ၊ လည္ပင္းႏွင့္ ေျခဖဝါး၊ လက္ဖဝါးေတြျဖစ္ပါတယ္။ ေျခာက္ေသြ႕မြဲေျခာက္ေနတဲ့အသြင္ကို ေဆာင္ေနမွာပါ။ အေၾကးခြံအဖုေလးေတြ ရွိေနတတ္ၿပီး ကုတ္လိုက္ဖဲ့လိုက္ရင္ အဲဒီအေၾကးခြံကေလးေတြ ကြာက်သြားမွာပါ။ နည္းနည္း ပိုဆိုးလာရင္ေတာ့ ေျခာက္ေသြ႕ေနတဲ့ အေရျပားမွာ အက္ကြဲေၾကာင္းေလးေတြ ေပၚေနတတ္ပါတယ္။ လယ္ကြင္းေတြ ပက္ၾကားအက္သလိုမ်ိဳး ေတြ႕ရတတ္တာပါ။ အဲဒီလို အေျခအေနမ်ိဳးကို ၿပီးခဲ့တဲ့ ႏွင္းခူအေၾကာင္းေဆာင္းပါးေတြမွာ ေျပာျပခဲ့တဲ့ အေရျပားေျခာက္ေသြ႕လို႔ျဖစ္တဲ့ ႏွင္းခူအမ်ိဳးအစားမွာ ေတြ႕ရတာပါ။ ႏွင္းခူအေျခအေနအထိ ျဖစ္သြားခဲ့ရင္ အေရျပားေျခာက္ေသြ႕တာဟာ ပိုဆိုးလာတဲ့သေဘာ ျဖစ္ပါတယ္။
အေရျပားေျခာက္ေသြ႕တဲ့ အေျခအေနဟာ အထက္မွာေျပာျပခဲ့တာေတြက သဘာဝ ေျပာင္းလဲမႈျဖစ္စဥ္အရ အသက္ႀကီးလာတဲ့အခါမွာ အေရျပားမွာျဖစ္လာတဲ့ ေျပာင္းလဲမႈကို အဓိက ေျပာျပခဲ့တာပါ။ အေရျပားေျခာက္ေသြ႕မႈကို တြဲၿပီးေတြ႕ရတတ္တဲ့ အေရျပားေရာဂါေတြ၊ အေျခအေနေတြလည္း ရွိပါေသးတယ္ Ichthyosis ဆိုတဲ့ ငါးအေၾကးခြံေတြလိုမ်ိဳးအေရျပားကို ေတြ႕ရတဲ့ေရာဂါမွာဆိုရင္ မ်ိဳး႐ိုးဗီဇအရျဖစ္တဲ့ အေရျပားေျခာက္ေသြ႕တာကို ေတြ႕ရတာပါ။ Atopic dermatitis ဆိုတဲ့အေရျပားေရာင္ရမ္းတဲ့ အေျခအေနမွာဆိုရင္လည္း အေရျပားေျခာက္ေသြ႕ေနတာကို ေရာဂါလကၡဏ တစ္ခုအျဖစ္ ေတြ႕ရမွာျဖစ္ပါတယ္။ အဲဒီလို တျခားအေရျပားေရာဂါေတြနဲ႔ တြဲၿပီးေတြ႕ရတဲ့ အေရျပားေျခာက္ေသြ႕မႈဟာ အသက္အ႐ြယ္ငယ္တဲ့ သူေတြမွာေတြ႕ရဖို႔ ပိုမ်ားပါတယ္။ သဘာဝ ေျပာင္းလဲမႈေၾကာင့္ျဖစ္တဲ့ အေရျပားေျခာက္ေသြ႕တာကေတာ့ အသက္အ႐ြယ္ႀကီးတဲ့သူေတြမွာ ပိုၿပီးေတြ႕ရမွာ ျဖစ္ပါတယ္။
အေရျပားေျခာက္ေသြ႕တာဟာ စျဖစ္တဲ့အခ်ိန္မွာ ေဆာင္းရာသီေလာက္မွာပဲျဖစ္တာမ်ိဳး ျဖစ္ရာကေန တခါျဖည္းျဖည္းပိုမ်ားလာၿပီး ပိုဆိုးလာတတ္ပါတယ္။ အသက္အ႐ြယ္ႀကီးလာတာနဲ႔အမွ် ပိုဆိုးလာတတ္ၿပီး ေပ်ာက္ဖို႔လည္း ခက္ခဲလာတတ္ပါတယ္။ ယားယံမႈဟာလည္း ပိုလာတတ္ပါတယ္။ ဒါ့ေၾကာင့္ အသက္အ႐ြယ္ႀကီးတဲ့သူေတြ ေတာက္ေလွ်ာက္ယားယံေနတယ္ဆိုရင္ အေရျပားေျခာက္လို႔ ယားေနတာလားဆိုတာကို ထည့္သြင္း စဥ္းစားရမွာ ျဖစ္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ အေရျပားကို ယားယံေစႏိုင္တဲ့ တျခားေသာ အေျခအေနေတြ (ဥပမာ – ဝဲ)ကိုလည္း ထည့္သြင္းစဥ္းစားၿပီး ကုသမႈေပးၾကရမွာ ျဖစ္ပါတယ္။
အေရျပား ေျခာက္ေသြ႕တာကို ကုသတဲ့ေနရာမွာ အဓိက အခ်က္ကေတာ့ အေရျပားေျခာက္ေသြ႕မႈကို ျဖစ္ေစတဲ့ ဒါမွမဟုတ္ ပိုဆိုးေစတဲ့အခ်က္ေတြကို ဖယ္ရွားဖို႔၊ သင့္ေတာ္ေအာင္ ျပဳျပင္ဖို႔ ျဖစ္ပါတယ္။ အေရျပားထိခိုက္မႈကို ျဖစ္ေစတဲ့ အျပဳအမူေတြကိုလည္း ေရွာင္ရွားျပဳျပင္ရမွာ ျဖစ္ပါတယ္။ ေလေအးစက္ ဒါမွမဟုတ္ ေလပူစက္ ၾကာရွည္ဖြင့္ထားတဲ့အခန္းမွာ ေနမယ္ဆိုရင္ ေလထုထဲက ေရေငြ႕ထုတ္စက္သုံးတာ ဒါမွမဟုတ္ ေရကို ပန္းကန္ျပားထဲထည့္ၿပီး ေလေအးစက္၊ ေလပူစက္နားမွာထားတာ စတာေတြကိုပါ တြဲၿပီးျပဳလုပ္သင့္ပါတယ္။
လိမ္းေဆးအေနနဲ႔ကေတာ့ ေရေငြ႕ထိန္းဆီေတြကို လုံေလာက္ေအာင္ လိမ္းေပးတာနဲ႔တင္ အေတာ္ေလးသက္သာ ေပ်ာက္ကင္းေစႏိုင္တာ ျဖစ္ပါတယ္။ စတီး႐ြိဳက္ လိမ္းေဆးေတြကို ကုသရခက္တဲ့ အေျခအေနေတြ၊ နာတာရွည္ျဖစ္ေနတဲ့ အေျခအေနေတြမွာ အသုံးျပဳႏိုင္ပါတယ္။ ဒါေပမယ့္ စတီး႐ြိဳက္လိမ္းေဆးေတြရဲ႕ ျပင္းအားႏွင့္ လိမ္းတဲ့ကာလကို တတ္ႏိုင္သမွ် နည္းနည္းပဲ ေပးရမွာ ျဖစ္ပါတယ္။ စတီး႐ြိဳက္လိမ္းေဆးေတြကို ၾကာရွည္အသုံး မျပဳသင့္ပါဘူး။ စတီး႐ြိဳက္လိမ္းေဆးေတြနဲ႔ မသက္သာတဲ့သူေတြမွာ Tretinoin လိမ္းေဆးေတြကိုလည္း အသုံးျပဳႏိုင္ပါတယ္။
ယားယံမႈဟာလည္း လိမ္းေဆးေတြလိမ္းရင္းနဲ႔ တခါတည္းသက္သာလာမွာ ျဖစ္ပါတယ္။ လိုအပ္ရင္ေတာ့ ယားယံမႈကို သက္သာေစတဲ့ ေသာက္ေဆးေတြကို အသုံးျပဳႏိုင္ပါတယ္။ ဒါေတြကေတာ့ ရာသီအလိုက္ အျဖစ္မ်ားတတ္တဲ့ အေရျပားေျခာက္ေသြ႕မႈ အေၾကာင္းကို ေျပာျပခဲ့တာျဖစ္ပါတယ္။ အေရျပားေျခာက္ေသြ႕ေနတယ္ဆိုရင္လည္း ေစာေစာ သတိျပဳမိၿပီး ေရေငြ႕ထိန္းဆီေတြ လိုအပ္သလို လိမ္းလို႔၊ ဆိုး႐ြားတဲ့အေျခအေနမေရာက္ခင္ အခ်ိန္မီ ထိန္းသိမ္းကုသႏိုင္ၾကပါေစလို႔ ဆႏၵျပဳလိုက္ပါတယ္။
Author : ေဒါက္တာေက, Healthcare Journal, Vol 8, no 49 (22.12.2017) Pg 14
Unicode
အရေပြားဟာ ခြောက်သွေ့လာတဲ့အခါမှာ အကြေးခွံထလာတတ်ပါတယ်။ များသောအားဖြင့်တော့ အရေပြားဟာ စခြောက်လာပြီးနောက် အကြေးခွံထလာပြီးတဲ့အခါမှာ ယားယံတာ တွဲပါလာတတ်ပါတယ်။ ယားယံတာဟာ တစ်ချို့သူတွေမှာ သိပ်ပြီးမယားတတ်ပေမယ့် တစ်ချို့သူတွေမှာတော့ အတော်လေးကို ယားယံနိုင်ပါတယ်။ အိပ်မရနိုင်လောက်တဲ့အထိ ယားယံတာ၊ အလုပ်အကိုင်ပျက်နဲ့ စိတ်ဖိစီးမှုများစေတဲ့အထိ ယားယံတာမျိုးလည်း တွေ့ရတတ်ပါတယ်။ ဒါ့ကြောင့် အရေပြားခြောက်တာဟာ တစ်ချို့သောသူတွေမှာ အတော်လေး ကသိကအောက် ဖြစ်စေနိုင်တဲ့ အရေပြား အခြေအနေတစ်မျိုးဖြစ်ပါတယ်။
အရေပြားခြောက်တာကို အတွေ့ရအများဆုံး ကိုယ်အင်္ဂါ အစိတ်အပိုင်းကတော့ ခြေသလုံးတွေ ဖြစ်ပါတယ်။ တစ်ချို့သူတွေမှာဆိုရင် ခြေသလုံးသက်သက်မှာပဲ အရေပြားခြောက်နေတာမျိုးတောင် တွေ့ရတတ်ပါတယ်။ တဖြည်းဖြည်းနဲ့ တစ်ခြားကိုယ်အင်္ဂါ အစိတ်အပိုင်းတွေက အရေပြားတွေပါ ခြောက်လာတာတွေ့ရတတ်ပါတယ်။ များသောအားဖြင့် အရေပြားခြောက်သွေ့တဲ့နေရာမှာ မပါဝင်တဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကတော့ မျက်နှာ၊ လည်ပင်းနှင့် ခြေဖဝါး၊ လက်ဖဝါးတွေဖြစ်ပါတယ်။ ခြောက်သွေ့မွဲခြောက်နေတဲ့အသွင်ကို ဆောင်နေမှာပါ။ အကြေးခွံအဖုလေးတွေ ရှိနေတတ်ပြီး ကုတ်လိုက်ဖဲ့လိုက်ရင် အဲဒီအကြေးခွံကလေးတွေ ကွာကျသွားမှာပါ။ နည်းနည်း ပိုဆိုးလာရင်တော့ ခြောက်သွေ့နေတဲ့ အရေပြားမှာ အက်ကွဲကြောင်းလေးတွေ ပေါ်နေတတ်ပါတယ်။ လယ်ကွင်းတွေ ပက်ကြားအက်သလိုမျိုး တွေ့ရတတ်တာပါ။ အဲဒီလို အခြေအနေမျိုးကို ပြီးခဲ့တဲ့ နှင်းခူအကြောင်းဆောင်းပါးတွေမှာ ပြောပြခဲ့တဲ့ အရေပြားခြောက်သွေ့လို့ဖြစ်တဲ့ နှင်းခူအမျိုးအစားမှာ တွေ့ရတာပါ။ နှင်းခူအခြေအနေအထိ ဖြစ်သွားခဲ့ရင် အရေပြားခြောက်သွေ့တာဟာ ပိုဆိုးလာတဲ့သဘော ဖြစ်ပါတယ်။
အရေပြားခြောက်သွေ့တဲ့ အခြေအနေဟာ အထက်မှာပြောပြခဲ့တာတွေက သဘာဝ ပြောင်းလဲမှုဖြစ်စဉ်အရ အသက်ကြီးလာတဲ့အခါမှာ အရေပြားမှာဖြစ်လာတဲ့ ပြောင်းလဲမှုကို အဓိက ပြောပြခဲ့တာပါ။ အရေပြားခြောက်သွေ့မှုကို တွဲပြီးတွေ့ရတတ်တဲ့ အရေပြားရောဂါတွေ၊ အခြေအနေတွေလည်း ရှိပါသေးတယ် Ichthyosis ဆိုတဲ့ ငါးအကြေးခွံတွေလိုမျိုးအရေပြားကို တွေ့ရတဲ့ရောဂါမှာဆိုရင် မျိုးရိုးဗီဇအရဖြစ်တဲ့ အရေပြားခြောက်သွေ့တာကို တွေ့ရတာပါ။ Atopic dermatitis ဆိုတဲ့အရေပြားရောင်ရမ်းတဲ့ အခြေအနေမှာဆိုရင်လည်း အရေပြားခြောက်သွေ့နေတာကို ရောဂါလက္ခဏ တစ်ခုအဖြစ် တွေ့ရမှာဖြစ်ပါတယ်။ အဲဒီလို တခြားအရေပြားရောဂါတွေနဲ့ တွဲပြီးတွေ့ရတဲ့ အရေပြားခြောက်သွေ့မှုဟာ အသက်အရွယ်ငယ်တဲ့ သူတွေမှာတွေ့ရဖို့ ပိုများပါတယ်။ သဘာဝ ပြောင်းလဲမှုကြောင့်ဖြစ်တဲ့ အရေပြားခြောက်သွေ့တာကတော့ အသက်အရွယ်ကြီးတဲ့သူတွေမှာ ပိုပြီးတွေ့ရမှာ ဖြစ်ပါတယ်။
အရေပြားခြောက်သွေ့တာဟာ စဖြစ်တဲ့အချိန်မှာ ဆောင်းရာသီလောက်မှာပဲဖြစ်တာမျိုး ဖြစ်ရာကနေ တခါဖြည်းဖြည်းပိုများလာပြီး ပိုဆိုးလာတတ်ပါတယ်။ အသက်အရွယ်ကြီးလာတာနဲ့အမျှ ပိုဆိုးလာတတ်ပြီး ပျောက်ဖို့လည်း ခက်ခဲလာတတ်ပါတယ်။ ယားယံမှုဟာလည်း ပိုလာတတ်ပါတယ်။ ဒါ့ကြောင့် အသက်အရွယ်ကြီးတဲ့သူတွေ တောက်လျှောက်ယားယံနေတယ်ဆိုရင် အရေပြားခြောက်လို့ ယားနေတာလားဆိုတာကို ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အရေပြားကို ယားယံစေနိုင်တဲ့ တခြားသော အခြေအနေတွေ (ဥပမာ – ဝဲ)ကိုလည်း ထည့်သွင်းစဉ်းစားပြီး ကုသမှုပေးကြရမှာ ဖြစ်ပါတယ်။
အရေပြား ခြောက်သွေ့တာကို ကုသတဲ့နေရာမှာ အဓိက အချက်ကတော့ အရေပြားခြောက်သွေ့မှုကို ဖြစ်စေတဲ့ ဒါမှမဟုတ် ပိုဆိုးစေတဲ့အချက်တွေကို ဖယ်ရှားဖို့၊ သင့်တော်အောင် ပြုပြင်ဖို့ ဖြစ်ပါတယ်။ အရေပြားထိခိုက်မှုကို ဖြစ်စေတဲ့ အပြုအမူတွေကိုလည်း ရှောင်ရှားပြုပြင်ရမှာ ဖြစ်ပါတယ်။ လေအေးစက် ဒါမှမဟုတ် လေပူစက် ကြာရှည်ဖွင့်ထားတဲ့အခန်းမှာ နေမယ်ဆိုရင် လေထုထဲက ရေငွေ့ထုတ်စက်သုံးတာ ဒါမှမဟုတ် ရေကို ပန်းကန်ပြားထဲထည့်ပြီး လေအေးစက်၊ လေပူစက်နားမှာထားတာ စတာတွေကိုပါ တွဲပြီးပြုလုပ်သင့်ပါတယ်။
လိမ်းဆေးအနေနဲ့ကတော့ ရေငွေ့ထိန်းဆီတွေကို လုံလောက်အောင် လိမ်းပေးတာနဲ့တင် အတော်လေးသက်သာ ပျောက်ကင်းစေနိုင်တာ ဖြစ်ပါတယ်။ စတီးရွိုက် လိမ်းဆေးတွေကို ကုသရခက်တဲ့ အခြေအနေတွေ၊ နာတာရှည်ဖြစ်နေတဲ့ အခြေအနေတွေမှာ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် စတီးရွိုက်လိမ်းဆေးတွေရဲ့ ပြင်းအားနှင့် လိမ်းတဲ့ကာလကို တတ်နိုင်သမျှ နည်းနည်းပဲ ပေးရမှာ ဖြစ်ပါတယ်။ စတီးရွိုက်လိမ်းဆေးတွေကို ကြာရှည်အသုံး မပြုသင့်ပါဘူး။ စတီးရွိုက်လိမ်းဆေးတွေနဲ့ မသက်သာတဲ့သူတွေမှာ Tretinoin လိမ်းဆေးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။
ယားယံမှုဟာလည်း လိမ်းဆေးတွေလိမ်းရင်းနဲ့ တခါတည်းသက်သာလာမှာ ဖြစ်ပါတယ်။ လိုအပ်ရင်တော့ ယားယံမှုကို သက်သာစေတဲ့ သောက်ဆေးတွေကို အသုံးပြုနိုင်ပါတယ်။ ဒါတွေကတော့ ရာသီအလိုက် အဖြစ်များတတ်တဲ့ အရေပြားခြောက်သွေ့မှု အကြောင်းကို ပြောပြခဲ့တာဖြစ်ပါတယ်။ အရေပြားခြောက်သွေ့နေတယ်ဆိုရင်လည်း စောစော သတိပြုမိပြီး ရေငွေ့ထိန်းဆီတွေ လိုအပ်သလို လိမ်းလို့၊ ဆိုးရွားတဲ့အခြေအနေမရောက်ခင် အချိန်မီ ထိန်းသိမ်းကုသနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
Author : ဒေါက်တာကေ, Healthcare Journal, Vol 8, no 49 (22.12.2017) Pg 14