ဒီေန႔ေခတ္ကာလမွာ မိန္းကေလးငယ္အေတာ္မ်ားမ်ားကိုၾကည့္ရင္ အဆီမ်ား၊ အသားပိုၿပီး အေတာ္ႀကီးကို ဝေနတာေတြ႕ရပါတယ္။ ဒါဘာေၾကာင့္လဲ။
သင္ဘာေၾကာင့္ တစ္ေန႔တစ္ျခား ဝသည္ထက္ဝ၊ အဆီတက္သည္ထက္ တက္ေနရသလဲဆိုတာကို သိထားသင့္ပါတယ္။ မိမိကိုယ္တိုင္ သတိမမူမိတဲ့ က်န္းမာေရးဆိုင္ရာ အခ်က္တခ်ိဳ႕ေၾကာင့္ ဝိတ္မက်လဲ ဝလာေနၿပီဆိုတာကို သိထားသင့္ပါတယ္။ အေျခအေနနဲ႔ အခ်ိန္အခါအရ အခ်ိန္နဲ႔တေျပးညီ အလုပ္လုပ္ေနၾကရတဲ့ မိန္းမသားမ်ား ကေန႔ေခတ္ႀကီးထဲမွာ မ်ားျပားလွပါတယ္။ ဒီလိုမိန္းမသားမ်ားအေနနဲ႔ မိမိတို႔ရဲ႕အိမ္မွာ မိမိတို႔ကိုယ္တိုင္ ခ်က္ျပဳတ္မစားႏိုင္ၾကတာ အျပစ္ေတာ့ျဖင့္မဆိုသာပါ။
သို႔ပါေသာ္လည္း ရယ္ဒီမိတ္ အစားအစာမ်ားနဲ႔ အျပင္ဆိုင္မ်ားမွ အစားအစာမ်ားဟာ မိမိရဲ႕ တစ္ေန႔တာစားရမယ့္ ကယ္လိုရီအေရအတြက္ကို ေက်ာ္လြန္သြားႏိုင္ပါတယ္။ ဒါ့အျပင္ အဆီနဲ႔အခ်ိဳဓာတ္ေတြကိုလည္း လိုသလိုထိန္းခ်ဳပ္ႏိုင္မွာ မဟုတ္ပါဘူး။ ဒီလို အျပင္ဆိုင္ကအစားအေသာက္မ်ားေၾကာင့္ သင္တစ္ေန႔တာ စားေသာက္ရမယ့္ ကယ္လိုရီကိုေက်ာ္လြန္သြားျခင္း၊ အစာမေၾကျခင္း၊ ေသြးလည္ပတ္မႈေႏွးေကြးၿပီး အဆီတတ္ေစျခင္းစတဲ့ မေကာင္းေသာအက်ိဳးေတြကို ေပးႏိုုင္ပါတယ္။ ဒါ့ေၾကာင့္ ျဖစ္ႏိုင္ရင္ အလုပ္ကအျပန္ ဒါမွမဟုတ္ အလုပ္မသြားမီ မိမိကိုယ္တိုင္ခ်က္ျပဳတ္စားေသာက္မႈျပဳႏိုင္ဖို႔ လိုအပ္ပါတယ္။
အိပ္ရာဝင္ခ်ိန္၊ အိပ္ရာထခ်ိန္ ပုံမွန္မထားျခင္း၊ အိပ္ခ်ိန္နည္းျခင္းမ်ားဟာလည္း ဝလြယ္ျခင္းကို ျဖစ္ေပၚေစတဲ့ အဓိကအေၾကာင္းရင္းပဲ ျဖစ္ပါတယ္။ အိပ္ခ်ိန္နည္းသေလာက္ ခႏၶာကိုယ္ရဲ႕လိုအပ္တဲ့ အေျခခံစြမ္းအင္ေတြလည္း နည္းလာပါတယ္။ ကိုယ္ခံအားက်ဆင္းလာတဲ့အတြက္ အဆီမ်ားကို ေလာင္ကြၽမ္းႏိုင္စြမ္းလည္း နည္းလာပါတယ္။ ဒါ့ေၾကာင့္ ေန႔တစ္ေန႔တာရဲ႕ အိပ္ခ်ိန္ဟာ လုံေလာက္ဖို႔လိုပါတယ္။ တစ္ေန႔မွာ ၇ နာရီရေအာင္ အိပ္ေပးပါ။ အိပ္ရာဝင္ခ်ိန္၊ အိပ္ရာထခ်ိန္ကို အလုပ္ဘယ္ေလာက္မ်ားမ်ား မွန္ေအာင္ဂ႐ုစိုက္ေပးပါ။
အလုပ္မ်ားျခင္း၊ အ႐ြယ္ႀကီးရင့္လာျခင္း စတဲ့အေၾကာင္းျပခ်က္ေတြနဲ႔ ကိုယ္လက္လႈပ္ရွားမႈ ေလ့က်င့္ခန္းေတြ ျပဳလုပ္ျခင္း မရွိတာကို ေတြ႕ရေလ့ရွိပါတယ္။ အားကစားေလ့က်င့္ခန္း မျပဳလုပ္ႏိုင္သူေတြဟာ ႂကြက္သားအားနည္းမႈနဲ႔ ရင္ဆိုင္ရၿပီး ကိုယ္ခံစြမ္းရည္လည္း က်ဆင္းလာပါတယ္။ ဒါ့ေၾကာင့္ အစာေျခႏိုင္တဲ့အခ်ိန္ကလည္း သာမာန္ထက္ ပိုၾကာလာပါတယ္။ ဒီလိုျဖစ္စဥ္ေတြေၾကာင့္ ခႏၶာကိုယ္တြင္းမွာ အဆီေတြ ပိုမ်ားလာပါတယ္။ ႂကြက္သားေတြ သန္စြမ္းက်န္းမာၿပီး အဆီပိုေတြ ဖယ္ရွားေပးႏိုင္ဖို႔အတြက္ ေန႔စဥ္ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္း၊ အားကစားနည္းနည္း လမ္းေလွ်ာက္ျခင္းတို႔ကို တစ္ခုမဟုတ္တစ္ခု ေ႐ြးခ်ယ္ၿပီး ျပဳလုပ္ေပးပါ။
ဝေနတဲ့ ခႏၶာကိုယ္တြင္းမွာ က်န္းမာေရးအတြက္ အေႏွာက္အယွက္ေပးမယ့္ အဆိပ္အေတာက္ေတြ ရွိေနပါတယ္။ တစ္ေန႔ကို ႏွစ္လီတာေလာက္အထိ ေရေသာက္ေပးမွ မလိုလားအပ္တဲ့ အဆိပ္အေတာက္ေတြ ေလ်ာ့နည္းေစမွာပါ။
မနက္စာ မစားျခင္းဟာ သင့္ကိုဝေစႏိုင္မယ့္ အႏၲရာယ္ဆိုးပါ။ တစ္ေန႔တာအတြက္ လိုအပ္တဲ့ အားအင္မ်ားကို မနက္စာစားျခင္းက ျဖည့္တင္းေပးႏိုင္တာမို႔ ဘယ္လိုပဲ အလုပ္ရႈပ္ေနပါေစ၊ မနက္စာစားဖို႔ မေမ့ပါနဲ။
မနက္၊ ေန႔လယ္၊ ညစာမ်ားကို အခ်ိန္မွန္စြာ စားသုံးမေပးရင္ေတာ့ ဘယ္လိုမွ ထိန္းမရေအာင္ ဝလာမွာပါပဲ။ ညစာကိုလည္း ျဖစ္ႏိုင္ရင္ ေစာႏိုင္သမွ်ေစာေအာင္ စားေပးပါ။ စားခ်ိန္မမွန္ျခင္းေၾကာင့္ အစာေျခဖ်က္ စနစ္မ်ားမ်က္စိလည္ၿပီး အဆီပိုတက္ျခင္း၊ အဝတိုးျခင္းမ်ား ျဖစ္လာတာေပါ့။
တစ္ေန႔တာေနထိုင္မႈေတြကို နည္းစနစ္က်က်နဲ႔ စားေသာက္ေနထိုင္ၾကမယ္ဆိုရင္ အမ်ိဳးသမီးတိုင္း ႏုပ်ိဳလွပက်န္းမာၿပီး အဝလြန္ေရာဂါမ်ား ကင္းေဝးမွာ ျဖစ္ပါတယ္။ သင့္ရဲ႕ေနထိုင္မႈပုံစံေတြကို ေလ့လာၿပီး အခ်ိန္ယူစိတ္ရွည္စြာ ေျပာင္းလဲပစ္လိုက္ပါ။ သင့္ခႏၶာကိုယ္ရဲ႕ ထူးျခားမႈဟာ သင့္ရဲ႕လိုက္နာမႈအေပၚမွာ မူတည္ပါတယ္။
Author: ေ႐ႊနန္းစံ, Healthcare Journal, Vol 8,no 48 (15.12.17) Pg 7
Unicode
ဒီနေ့ခေတ်ကာလမှာ မိန်းကလေးငယ်အတော်များများကိုကြည့်ရင် အဆီများ၊ အသားပိုပြီး အတော်ကြီးကို ဝနေတာတွေ့ရပါတယ်။ ဒါဘာကြောင့်လဲ။
သင်ဘာကြောင့် တစ်နေ့တစ်ခြား ဝသည်ထက်ဝ၊ အဆီတက်သည်ထက် တက်နေရသလဲဆိုတာကို သိထားသင့်ပါတယ်။ မိမိကိုယ်တိုင် သတိမမူမိတဲ့ ကျန်းမာရေးဆိုင်ရာ အချက်တချို့ကြောင့် ဝိတ်မကျလဲ ဝလာနေပြီဆိုတာကို သိထားသင့်ပါတယ်။ အခြေအနေနဲ့ အချိန်အခါအရ အချိန်နဲ့တပြေးညီ အလုပ်လုပ်နေကြရတဲ့ မိန်းမသားများ ကနေ့ခေတ်ကြီးထဲမှာ များပြားလှပါတယ်။ ဒီလိုမိန်းမသားများအနေနဲ့ မိမိတို့ရဲ့အိမ်မှာ မိမိတို့ကိုယ်တိုင် ချက်ပြုတ်မစားနိုင်ကြတာ အပြစ်တော့ဖြင့်မဆိုသာပါ။
သို့ပါသော်လည်း ရယ်ဒီမိတ် အစားအစာများနဲ့ အပြင်ဆိုင်များမှ အစားအစာများဟာ မိမိရဲ့ တစ်နေ့တာစားရမယ့် ကယ်လိုရီအရေအတွက်ကို ကျော်လွန်သွားနိုင်ပါတယ်။ ဒါ့အပြင် အဆီနဲ့အချိုဓာတ်တွေကိုလည်း လိုသလိုထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီလို အပြင်ဆိုင်ကအစားအသောက်များကြောင့် သင်တစ်နေ့တာ စားသောက်ရမယ့် ကယ်လိုရီကိုကျော်လွန်သွားခြင်း၊ အစာမကြေခြင်း၊ သွေးလည်ပတ်မှုနှေးကွေးပြီး အဆီတတ်စေခြင်းစတဲ့ မကောင်းသောအကျိုးတွေကို ပေးနိုုင်ပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်ရင် အလုပ်ကအပြန် ဒါမှမဟုတ် အလုပ်မသွားမီ မိမိကိုယ်တိုင်ချက်ပြုတ်စားသောက်မှုပြုနိုင်ဖို့ လိုအပ်ပါတယ်။
အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန် ပုံမှန်မထားခြင်း၊ အိပ်ချိန်နည်းခြင်းများဟာလည်း ဝလွယ်ခြင်းကို ဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းပဲ ဖြစ်ပါတယ်။ အိပ်ချိန်နည်းသလောက် ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့ အခြေခံစွမ်းအင်တွေလည်း နည်းလာပါတယ်။ ကိုယ်ခံအားကျဆင်းလာတဲ့အတွက် အဆီများကို လောင်ကျွမ်းနိုင်စွမ်းလည်း နည်းလာပါတယ်။ ဒါ့ကြောင့် နေ့တစ်နေ့တာရဲ့ အိပ်ချိန်ဟာ လုံလောက်ဖို့လိုပါတယ်။ တစ်နေ့မှာ ၇ နာရီရအောင် အိပ်ပေးပါ။ အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်ကို အလုပ်ဘယ်လောက်များများ မှန်အောင်ဂရုစိုက်ပေးပါ။
အလုပ်များခြင်း၊ အရွယ်ကြီးရင့်လာခြင်း စတဲ့အကြောင်းပြချက်တွေနဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်း မရှိတာကို တွေ့ရလေ့ရှိပါတယ်။ အားကစားလေ့ကျင့်ခန်း မပြုလုပ်နိုင်သူတွေဟာ ကြွက်သားအားနည်းမှုနဲ့ ရင်ဆိုင်ရပြီး ကိုယ်ခံစွမ်းရည်လည်း ကျဆင်းလာပါတယ်။ ဒါ့ကြောင့် အစာခြေနိုင်တဲ့အချိန်ကလည်း သာမာန်ထက် ပိုကြာလာပါတယ်။ ဒီလိုဖြစ်စဉ်တွေကြောင့် ခန္ဓာကိုယ်တွင်းမှာ အဆီတွေ ပိုများလာပါတယ်။ ကြွက်သားတွေ သန်စွမ်းကျန်းမာပြီး အဆီပိုတွေ ဖယ်ရှားပေးနိုင်ဖို့အတွက် နေ့စဉ် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း၊ အားကစားနည်းနည်း လမ်းလျှောက်ခြင်းတို့ကို တစ်ခုမဟုတ်တစ်ခု ရွေးချယ်ပြီး ပြုလုပ်ပေးပါ။
ဝနေတဲ့ ခန္ဓာကိုယ်တွင်းမှာ ကျန်းမာရေးအတွက် အနှောက်အယှက်ပေးမယ့် အဆိပ်အတောက်တွေ ရှိနေပါတယ်။ တစ်နေ့ကို နှစ်လီတာလောက်အထိ ရေသောက်ပေးမှ မလိုလားအပ်တဲ့ အဆိပ်အတောက်တွေ လျော့နည်းစေမှာပါ။
မနက်စာ မစားခြင်းဟာ သင့်ကိုဝစေနိုင်မယ့် အန္တရာယ်ဆိုးပါ။ တစ်နေ့တာအတွက် လိုအပ်တဲ့ အားအင်များကို မနက်စာစားခြင်းက ဖြည့်တင်းပေးနိုင်တာမို့ ဘယ်လိုပဲ အလုပ်ရှုပ်နေပါစေ၊ မနက်စာစားဖို့ မမေ့ပါနဲ။
မနက်၊ နေ့လယ်၊ ညစာများကို အချိန်မှန်စွာ စားသုံးမပေးရင်တော့ ဘယ်လိုမှ ထိန်းမရအောင် ဝလာမှာပါပဲ။ ညစာကိုလည်း ဖြစ်နိုင်ရင် စောနိုင်သမျှစောအောင် စားပေးပါ။ စားချိန်မမှန်ခြင်းကြောင့် အစာခြေဖျက် စနစ်များမျက်စိလည်ပြီး အဆီပိုတက်ခြင်း၊ အဝတိုးခြင်းများ ဖြစ်လာတာပေါ့။
တစ်နေ့တာနေထိုင်မှုတွေကို နည်းစနစ်ကျကျနဲ့ စားသောက်နေထိုင်ကြမယ်ဆိုရင် အမျိုးသမီးတိုင်း နုပျိုလှပကျန်းမာပြီး အဝလွန်ရောဂါများ ကင်းဝေးမှာ ဖြစ်ပါတယ်။ သင့်ရဲ့နေထိုင်မှုပုံစံတွေကို လေ့လာပြီး အချိန်ယူစိတ်ရှည်စွာ ပြောင်းလဲပစ်လိုက်ပါ။ သင့်ခန္ဓာကိုယ်ရဲ့ ထူးခြားမှုဟာ သင့်ရဲ့လိုက်နာမှုအပေါ်မှာ မူတည်ပါတယ်။
Author: ရွှေနန်းစံ, Healthcare Journal, Vol 8,no 48 (15.12.17) Pg 7