fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

နောင်တမှတ်တမ်း မရေးထိုးစေချင်

81
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/01/2018
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

Unicode

ဆေးမင်ကြောင် ရူးသွပ်မှုက ဗီဇနဲ့ဆိုင်သလား၊ ပတ်ဝန်းကျင်နဲ့ဆိုင်လား ဘယ်သူမှ အပင်ပန်းခံ စဉ်းစားကြမှာ မဟုတ်ပါဘူး။ တိုးတက်လာတဲ့ခေတ်မှာ ပြန်ဖျက်လို့မရတဲ့ ဆေးမင်ကြောင်ထိုးတာ စကြဝဠာယဉ်ကျေးမှုကြီး ဖြစ်လို့နေပါတယ်။

ခန္ဓာကိုယ်ပေါ်က သေရာပါအနုပညာလက်ရာကိုမှ ရူးသွပ်နေတယ်ဆိုရင် ဟန့်တားလို့ရမှာ မဟုတ်ပါဘူး။ ဒီတော့ ဆောင်ရန်ရှောင်ရန်တွေနဲ့ပဲ နှစ်သိမ့်ရမှာပါ။ အဲဒီတော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ဆေးမင်ကြောင်ကိုမှ နှစ်လိုနေရင်လည်း အလွယ်တကူ ထိုးနှံပစ်ဖို့ မလုပ်ပါနဲ့။ ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေကို သိနားလည်ပြီး လုံခြုံစိတ်ချရတဲ့ အခြေအနေတွေ ဖန်တီးပြီးမှ သေရာပါတံဆိပ်ကို ခတ်နှိပ်ကြပါ။

တက်တူးထိုးတာ အရေပြားကို ထိုးဖောက်တာဖြစ်တော့ ရောဂါပိုးဝင်ရောက်တာနဲ့အတူ တခြားအန္တရာယ်တွေ ဖြစ်စေပါတယ်။ တက်တူးမှာသုံးတဲ့ ဆေးအရောင်တွေ အထူးသဖြင့် နီ၊ စိမ်း၊ ဝါ၊ ပြာတွေက အရေပြားမှာ ဓာတ်မတည့်မှု ဖြစ်စေပါတယ်။ ထိုးတဲ့နေရာမှာ နီရဲယားယံလာတာမျိုးတွေက နှစ်တွေအတော်ကြာမှတောင် ထပြီးဖြစ်စေပါတယ်။

ထိုးပြီးစအချိန်တွေမှာ နီရဲလာတာ၊ ရောင်ရဲလာတာ၊ ကိုက်ခဲနာကျင်တာနဲ့ ပြည်တွေထွက်လာတာမျိုး ကြုံရပြီဆိုရင် အရေပြားမှာ ရောဂါပိုးဝင်ရောက်လို့ပါပဲ။ တက်တူးထိုးတဲ့ မင်ရာပတ်ဝန်းကျင်မှာ နီရဲရဲအသားမာကြွတက်နေတာမျိုးတွေ့နိုင်သလို၊ ရုပ်ပျက်ဆင်းပျက် အမာရွတ်လုံးကြွကြီးတွေ ဖြစ်ကျန်ခဲ့တတ်တာ မြင်ဖူးကြမှာပါ။

ရောဂါရှိသူကို ထိုးနှံထားတဲ့ပစ္စည်းတွေကို ပိုးမသတ်ဘဲ နောက်လူအဆက်ဆက် ထိုးမိပြီဆိုမှဖြင့် ရောဂါတွေ သံသရာလည်တော့မှာပါ။ မေးခိုင်ပိုး ဝင်တာကစပြီး အသည်းရောင် အသားဝါနဲ့ အေအိုင်ဒီအက်စ်လို ရောဂါမျိုးတွေအထိ ကူးစက်ပြီး တဖန် ကိုယ့်ဆီကနေလည်း အခြားသူတွေကို ထပ်မံကူးစက်စေတော့မှာပါ။

ရှားရှားပါးပါး နောက်ပိုင်းတွေ့လာရတဲ့ အချက်တစ်ခုကတော့ သံလိုက်ရောင်ခြည်ဓာတ်မှန် MRI ရိုက်တဲ့အခါ တက်တူးရဲ့ မင်တွေက အနှောက်အယှက်ဖြစ်စေပြီး ရောဂါခန့်မှန်းမှုကို ခက်ခဲစေပါတယ်။ တက်တူးကြောင့် အန္တရာယ်ဖြစ်လာပြီဆိုရင်တော့ ဆေးကုသမှုတွေ လုပ်ရမှာဖြစ်သလို ဓာတ်မတည့်တာနဲ့ တက်တူးနေရာတဝိုက် ပိုးဝင်တာမျိုးတွေ ဖြစ်ပြီဆိုရင်တော့ ပြန်ပြီးဖျက်ပယ်ပစ်တဲ့အထိ ကုသရပါလိမ့်မယ်။

တက်တူးထိုးရာမှာ လုံခြုံစိတ်ချ အန္တရာယ်ကင်းစေဖို့ဆိုရင် ကြုံရာနေရာမှာ ထိုးတာမျိုး မလုပ်ပါနဲ့။ အမှန်တကယ် တက်တူးထိုးနည်းကို သေချာစွာ သင်ယူတတ်မြောက်ပြီး အသက်မွေးဝမ်းကျောင်း ပီပီပြင်ပြင်လုပ်နေသူထံမှာသာ ထိုးပါ။ ဒါပေမဲ့ ရွှေပြည်ကြီးမှာ တက်တူးနဲ့ပတ်သက်ပြီး လိုင်စင်တို့ဘာတို့ ဆိုင်ရာဥပဒေတွေလည်း ရှိသေးပုံမရလေတော့ ဘုရားပွဲတွေမှာ မှိုလိုပေါက်အောင် ထိုးနေကြတာက အများအပြားပဲ။

ဘာပဲဖြစ်ဖြစ် အရေးကြီးဆုံးကတော့ တက်တူးထိုးရာမှာသုံးမယ့် အရေပြားကို ထိုးဖောက်မယ့်ပစ္စည်းတွေက ပိုးသတ်ထားရဲ့လားဆိုတာပါပဲ။ တစ်ခါသုံးကိရိယာတွေသုံးတယ်။ စနစ်တကျပေါင်းအိုး၊ ပိုးသတ်ဆေးတွေသုံးပြီး ပိုးသတ်သန့်စင်တယ်ဆိုမှ စိတ်ချလက်ချ ထိုးသင့်ပါတယ်။

တက်တူးထိုးပြီးရင် ဒဏ်ရာကို ပတ်တီးလေးအုပ်ထားပြီး ၂၄ နာရီအကြာမှာ ဖယ်ပစ်ပါ။ ပိုးသတ်ဆေးအဆီလေးတစ်ခုခု လိမ်းထားပါ။ တက်တူးထိုးထားတဲ့ အရေပြားကို သန့်ရှင်းနေအောင် ဂရုစိုက်ပါ။ ဆပ်ပြာနဲ့ရေသုံးပြီးတို့ပေးပါ။ မပွတ်ပါနဲ့။ အရေပြားစိုစွတ်စေမယ့် ဆေးရည်တစ်မျိုးမျိုး ခဏခဏစွတ်ပေးပါ။ ရက်သတ္တပတ်အနည်းငယ်လောက် နေရောင်လုံးဝ မထိမိစေပါနဲ့။ ရေချိုးတာ၊ ရေကူးတာ၊ ရေစိမ်တာတွေ မလုပ်မိပါစေနဲ့။ အနည်းဆုံး နှစ်ပတ်လောက်တော့ အနာကျက်အောင် အချိန်ပေးပြီး အဲဒီအတွင်းမှာ အနာဖေးခွာတာ၊ ဆိတ်တာဆွတာတွေ မလုပ်ဖို့ အထူးဂရုစိုက်ပါ။

တက်တူးထိုးထားတဲ့နေရာမှာ ပိုးဝင်တဲ့ လက္ခဏာရှိတယ်လို့ သံသယဖြစ်ရင် အနာမကျက်ရင် အရေပြား အထူးကုဆရာဝန်ဆီသာ ပြေးပါတော့။
တက်တူးထိုးတော့မယ်ဆိုရင် ကိုယ်တကယ်ပဲ ဒီသေရာပါ အမှတ်အသားကြီးကို မရမနေနိုင် ရူးသွပ်စွဲလမ်းနေတာ သေချာပြီလားလို့ ကိုယ့်ဘာသာ အချိန်ယူမေးမြန်းပါ။ ဇဝေဇဝါဖြစ်နေရင် နောင်တစ်ချိန်မှာ နောင်တရစရာ ဖြစ်နေမယ်ဆိုရင်တော့ အဲဒီဆန္ဒကို အလွယ်တကူ စွန့်လိုက်ပါ။ စိတ်ဖိအားတစ်ခုလိုမျိုး မဖြစ်ပါစေနဲ့။

အချုပ်သဘောဆိုရရင် ယာယီနှစ်သက်မှုကို တစ်သက်တာ အမှတ်အသားအဖြစ် စွဲထင်စေတာက တစ်ချိန်မှာ နောင်တနဲ့ ကြုံရနိုင်ပါတယ်။ မိမွေးတိုင်း ဖမွေးတိုင်းအပေါ်မှာ ဆင်လိုက်တဲ့ ဒီဇိုင်းတွေက အမြင်မရိုင်းမှ နောက်ဆက်တွဲဆိုးကျိုးတွေ ကင်းမှသာ ကာယကံရှင်လည်း စိတ်ချမ်းမြေ့ရဖို့ အန္တရာယ်ကင်း စိတ်ချရစေဖို့ အဓိကတွေးဆပြီး ကျွမ်းကျင်သူနဲ့ တိုင်ပင်လို့သာ ထိုးနှံပါ။

Author: ညီညီကျော်, Healthcare Journal, Vol 8,no 47 (8.12.17) Pg 14

Zawgyi

ေဆးမင္ေၾကာင္ ႐ူးသြပ္မႈက ဗီဇနဲ႔ဆိုင္သလား၊ ပတ္ဝန္းက်င္နဲ႔ဆိုင္လား ဘယ္သူမွ အပင္ပန္းခံ စဥ္းစားၾကမွာ မဟုတ္ပါဘူး။ တိုးတက္လာတဲ့ေခတ္မွာ ျပန္ဖ်က္လို႔မရတဲ့ ေဆးမင္ေၾကာင္ထိုးတာ စၾကဝဠာယဥ္ေက်းမႈႀကီး ျဖစ္လို႔ေနပါတယ္။
ခႏၶာကိုယ္ေပၚက ေသရာပါအႏုပညာလက္ရာကိုမွ ႐ူးသြပ္ေနတယ္ဆိုရင္ ဟန႔္တားလို႔ရမွာ မဟုတ္ပါဘူး။ ဒီေတာ့ ေဆာင္ရန္ေရွာင္ရန္ေတြနဲ႔ပဲ ႏွစ္သိမ့္ရမွာပါ။ အဲဒီေတာ့ ကိုယ့္ဆုံးျဖတ္ခ်က္နဲ႔ကိုယ္ ေဆးမင္ေၾကာင္ကိုမွ ႏွစ္လိုေနရင္လည္း အလြယ္တကူ ထိုးႏွံပစ္ဖို႔ မလုပ္ပါနဲ႔။ ျဖစ္ႏိုင္ေျခရွိတဲ့ အႏၲရာယ္ေတြကို သိနားလည္ၿပီး လုံၿခဳံစိတ္ခ်ရတဲ့ အေျခအေနေတြ ဖန္တီးၿပီးမွ ေသရာပါတံဆိပ္ကို ခတ္ႏွိပ္ၾကပါ။
တက္တူးထိုးတာ အေရျပားကို ထိုးေဖာက္တာျဖစ္ေတာ့ ေရာဂါပိုးဝင္ေရာက္တာနဲ႔အတူ တျခားအႏၲရာယ္ေတြ ျဖစ္ေစပါတယ္။ တက္တူးမွာသုံးတဲ့ ေဆးအေရာင္ေတြ အထူးသျဖင့္ နီ၊ စိမ္း၊ ဝါ၊ ျပာေတြက အေရျပားမွာ ဓာတ္မတည့္မႈ ျဖစ္ေစပါတယ္။ ထိုးတဲ့ေနရာမွာ နီရဲယားယံလာတာမ်ိဳးေတြက ႏွစ္ေတြအေတာ္ၾကာမွေတာင္ ထၿပီးျဖစ္ေစပါတယ္။
ထိုးၿပီးစအခ်ိန္ေတြမွာ နီရဲလာတာ၊ ေရာင္ရဲလာတာ၊ ကိုက္ခဲနာက်င္တာနဲ႔ ျပည္ေတြထြက္လာတာမ်ိဳး ႀကဳံရၿပီဆိုရင္ အေရျပားမွာ ေရာဂါပိုးဝင္ေရာက္လို႔ပါပဲ။ တက္တူးထိုးတဲ့ မင္ရာပတ္ဝန္းက်င္မွာ နီရဲရဲအသားမာႂကြတက္ေနတာမ်ိဳးေတြ႕ႏိုင္သလို၊ ႐ုပ္ပ်က္ဆင္းပ်က္ အမာ႐ြတ္လုံးႂကြႀကီးေတြ ျဖစ္က်န္ခဲ့တတ္တာ ျမင္ဖူးၾကမွာပါ။
ေရာဂါရွိသူကို ထိုးႏွံထားတဲ့ပစၥည္းေတြကို ပိုးမသတ္ဘဲ ေနာက္လူအဆက္ဆက္ ထိုးမိၿပီဆိုမွျဖင့္ ေရာဂါေတြ သံသရာလည္ေတာ့မွာပါ။ ေမးခိုင္ပိုး ဝင္တာကစၿပီး အသည္းေရာင္ အသားဝါနဲ႔ ေအအိုင္ဒီအက္စ္လို ေရာဂါမ်ိဳးေတြအထိ ကူးစက္ၿပီး တဖန္ ကိုယ့္ဆီကေနလည္း အျခားသူေတြကို ထပ္မံကူးစက္ေစေတာ့မွာပါ။
ရွားရွားပါးပါး ေနာက္ပိုင္းေတြ႕လာရတဲ့ အခ်က္တစ္ခုကေတာ့ သံလိုက္ေရာင္ျခည္ဓာတ္မွန္ MRI ႐ိုက္တဲ့အခါ တက္တူးရဲ႕ မင္ေတြက အေႏွာက္အယွက္ျဖစ္ေစၿပီး ေရာဂါခန႔္မွန္းမႈကို ခက္ခဲေစပါတယ္။
တက္တူးေၾကာင့္ အႏၲရာယ္ျဖစ္လာၿပီဆိုရင္ေတာ့ ေဆးကုသမႈေတြ လုပ္ရမွာျဖစ္သလို ဓာတ္မတည့္တာနဲ႔ တက္တူးေနရာတဝိုက္ ပိုးဝင္တာမ်ိဳးေတြ ျဖစ္ၿပီဆိုရင္ေတာ့ ျပန္ၿပီးဖ်က္ပယ္ပစ္တဲ့အထိ ကုသရပါလိမ့္မယ္။
တက္တူးထိုးရာမွာ လုံၿခဳံစိတ္ခ် အႏၲရာယ္ကင္းေစဖို႔ဆိုရင္ ႀကဳံရာေနရာမွာ ထိုးတာမ်ိဳး မလုပ္ပါနဲ႔။ အမွန္တကယ္ တက္တူးထိုးနည္းကို ေသခ်ာစြာ သင္ယူတတ္ေျမာက္ၿပီး အသက္ေမြးဝမ္းေက်ာင္း ပီပီျပင္ျပင္လုပ္ေနသူထံမွာသာ ထိုးပါ။ ဒါေပမဲ့ ေ႐ႊျပည္ႀကီးမွာ တက္တူးနဲ႔ပတ္သက္ၿပီး လိုင္စင္တို႔ဘာတို႔ ဆိုင္ရာဥပေဒေတြလည္း ရွိေသးပုံမရေလေတာ့ ဘုရားပြဲေတြမွာ မႈိလိုေပါက္ေအာင္ ထိုးေနၾကတာက အမ်ားအျပားပဲ။
ဘာပဲျဖစ္ျဖစ္ အေရးႀကီးဆုံးကေတာ့ တက္တူးထိုးရာမွာသုံးမယ့္ အေရျပားကို ထိုးေဖာက္မယ့္ပစၥည္းေတြက ပိုးသတ္ထားရဲ႕လားဆိုတာပါပဲ။ တစ္ခါသုံးကိရိယာေတြသုံးတယ္။ စနစ္တက်ေပါင္းအိုး၊ ပိုးသတ္ေဆးေတြသုံးၿပီး ပိုးသတ္သန႔္စင္တယ္ဆိုမွ စိတ္ခ်လက္ခ် ထိုးသင့္ပါတယ္။
တက္တူးထိုးၿပီးရင္ ဒဏ္ရာကို ပတ္တီးေလးအုပ္ထားၿပီး ၂၄ နာရီအၾကာမွာ ဖယ္ပစ္ပါ။ ပိုးသတ္ေဆးအဆီေလးတစ္ခုခု လိမ္းထားပါ။ တက္တူးထိုးထားတဲ့ အေရျပားကို သန႔္ရွင္းေနေအာင္ ဂ႐ုစိုက္ပါ။ ဆပ္ျပာနဲ႔ေရသုံးၿပီးတို႔ေပးပါ။ မပြတ္ပါနဲ႔။ အေရျပားစိုစြတ္ေစမယ့္ ေဆးရည္တစ္မ်ိဳးမ်ိဳး ခဏခဏစြတ္ေပးပါ။ ရက္သတၱပတ္အနည္းငယ္ေလာက္ ေနေရာင္လုံးဝ မထိမိေစပါနဲ႔။ ေရခ်ိဳးတာ၊ ေရကူးတာ၊ ေရစိမ္တာေတြ မလုပ္မိပါေစနဲ႔။ အနည္းဆုံး ႏွစ္ပတ္ေလာက္ေတာ့ အနာက်က္ေအာင္ အခ်ိန္ေပးၿပီး အဲဒီအတြင္းမွာ အနာေဖးခြာတာ၊ ဆိတ္တာဆြတာေတြ မလုပ္ဖို႔ အထူးဂ႐ုစိုက္ပါ။
တက္တူးထိုးထားတဲ့ေနရာမွာ ပိုးဝင္တဲ့ လကၡဏာရွိတယ္လို႔ သံသယျဖစ္ရင္ အနာမက်က္ရင္ အေရျပား အထူးကုဆရာဝန္ဆီသာ ေျပးပါေတာ့။
တက္တူးထိုးေတာ့မယ္ဆိုရင္ ကိုယ္တကယ္ပဲ ဒီေသရာပါ အမွတ္အသားႀကီးကို မရမေနႏိုင္ ႐ူးသြပ္စြဲလမ္းေနတာ ေသခ်ာၿပီလားလို႔ ကိုယ့္ဘာသာ အခ်ိန္ယူေမးျမန္းပါ။ ဇေဝဇဝါျဖစ္ေနရင္ ေနာင္တစ္ခ်ိန္မွာ ေနာင္တရစရာ ျဖစ္ေနမယ္ဆိုရင္ေတာ့ အဲဒီဆႏၵကို အလြယ္တကူ စြန႔္လိုက္ပါ။ စိတ္ဖိအားတစ္ခုလိုမ်ိဳး မျဖစ္ပါေစနဲ႔။
အခ်ဳပ္သေဘာဆိုရရင္ ယာယီႏွစ္သက္မႈကို တစ္သက္တာ အမွတ္အသားအျဖစ္ စြဲထင္ေစတာက တစ္ခ်ိန္မွာ ေနာင္တနဲ႔ ႀကဳံရႏိုင္ပါတယ္။ မိေမြးတိုင္း ဖေမြးတိုင္းအေပၚမွာ ဆင္လိုက္တဲ့ ဒီဇိုင္းေတြက အျမင္မ႐ိုင္းမွ ေနာက္ဆက္တြဲဆိုးက်ိဳးေတြ ကင္းမွသာ ကာယကံရွင္လည္း စိတ္ခ်မ္းေျမ့ရဖို႔ အႏၲရာယ္ကင္း စိတ္ခ်ရေစဖို႔ အဓိကေတြးဆၿပီး ကြၽမ္းက်င္သူနဲ႔ တိုင္ပင္လို႔သာ ထိုးႏွံပါ။

Author: ညီညီေက်ာ္, Healthcare Journal, Vol 8,no 47 (8.12.17) Pg 14

 

Previous Post

အရပ်ရှည်အောင်ဘယ်လိုလုပ်ရမလဲ?

Next Post

Cranberry သီး နှင့် ကျန်းမာရေး အကျိုးကျေးဇူးများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
543
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
801

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Cranberry သီး နှင့် ကျန်းမာရေး အကျိုးကျေးဇူးများ

ပြည့်ဝဆီစားမလား၊ မပြည့်ဝဆီစားမလား ?

ကိုယ်အလေးချိန် လျှော့ချ နေသူများ နှင့် ထိန်းချင်သူများ အတွက် အသုံးဝင်မည့် နည်းလမ်းများ။

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.