ထမင္းမစားပဲ ဝိတ္ေလွ်ာ့ခ်င္သူမ်ား
ကြၽန္ေတာ္တို႔ က ျမန္မာလူမ်ိဳးျဖစ္ေနတဲ့ အတြက္ ထမင္းမစားပဲ ေနဖို႔ဆိုတာ ေတာ္ေတာ္ ေလး ခက္ခဲပါတယ္။ ထမင္းမစားဘဲ ဝိတ္ခ်တယ္ ဆိုရင္လည္း တခ်ိဳ႕တေလ အတြက္ အဆင္ေျပႏိုင္သလို ကြၽန္ေတာ္ အပါအဝင္ ျမန္မာလူမ်ိဳး အမ်ားစု အတြက္ေတာ့ အဆင္မေျပ ႏိုင္ပါ။
ေရတို မွာေတာ့ ထမင္းမစားပဲ ေနၿပီး ဝိတ္ခ်ရင္ တစ္လ တန္သည္ ႏွစ္လတန္သည္ ျဖစ္ႏိုင္ေပမယ့္ အမ်ားစုကေတာ့ တစ္လႏွစ္လ ေလာက္ ထမင္းမစားပဲ European အစားအစာ လိုမ်ိဳးေတြ စားၿပီး ဝိတ္ခ်ၾကၿပီး ေနာက္ ဆက္လည္း မစားျဖစ္ေတာ့ ထမင္းေတြ အမ်ားႀကီး ျပန္စားမိၿပီး က်သြားထက္ ဝိတ္ထက္ ႏွစ္ဆ ေလာက္ ျပန္တက္လာတာေတြ ကို ကြၽန္ေတာ့္ လူနာေတြ ေတာ္ေတာ္ မ်ားမ်ားမွာ ေတြ႕ႀကဳံဖူးပါတယ္။
ဒါက ဘာေၾကာင့္ လဲ ဆို ေတာ့ ဝိတ္ခ်တဲ့ ေနရာ မွာ အလြန္အေရးပါတဲ့ Behavioral Change လို႔ေခၚတဲ့ အမူအက်င့္ ကိုေျပာင္းလဲ ေပးဖို႔ ကို အရင္ မလုပ္ဘဲ ႏိုင္ငံျခားတိုင္းျပည္ေတြ မွာ စားတဲ့ Diet Plan ကို တိုက္႐ိုက္ ကူးယူၿပီး လိုက္စားမိတဲ့ အတြက္ ေၾကာင့္ပါ။ ျမန္မာ လူမ်ိဳး ျဖစ္တဲ့ အတြက္ ထမင္းသည္ အေျခခံ အစားအစာပါ။ ထမင္းလုံးဝ မစားဘဲ ေပါင္မုန႔္စားလာၾကတာ ကိုေတြ႕ရပါတယ္။
ေျပာရမယ္ ဆိုရင္ ထမင္းတ႐ုတ္ ပန္းကန္လုံးတစ္လုံး နဲ႔ ေပါင္မုန႔္ အေသးစား ၃ ခ်ပ္ မွာပါဝင္တဲ့ ကယ္လိုရီ၊ ကာဗိုဟိုက္ဒရိတ္၊ ပမာဏ ေတြ က တူတူပဲ ျဖစ္တဲ့ အတြက္ ထမင္းစားရင္ ဗိုက္ပူမယ္ ဒါေၾကာင့္ ေပါင္မုန႔္ေျပာင္းစားၾကမယ္ဆို ၿပီး ထမင္းအစား ေပါင္မုန႔္ေတြ စားလာပါတယ္။
တကယ့္ တကယ္တမ္းေတာ့ ေပါင္မုန႔္ စားစား ထမင္းစားစား ပမာဏမ်ားရင္ ေတာ့ ပါဝင္တဲ့ ကာဗိုဟိုက္ဒရိတ္ က အဆီ အေနနဲ႔ ေျပာင္းသြားၿပီး ဗိုက္ေခါက္ထြက္ေစပါတယ္။ ဒါတင္မကေသးပါဘူး။ ေပါင္မုန႔္ ထမင္းေတြ မွ ဗိုက္ေခါက္ထြက္ေစတာမဟုတ္ပါဘူး။
အသားငါး ပဲ စတဲ့ အသားဓါတ္ ေတြ မ်ားမ်ား စားၿပီး ေလ့က်င့္ခန္းေကာင္းေကာင္း မလုပ္ႏိုင္ဘူးဆိုရင္ လည္း ေနာက္ဆုံးေတာ့ အဲ့ဒီ အသားဓါတ္ေတြ ကို ခႏၶာကိုယ္ က အဆီ အေနနဲ႔ ေျပာင္းသိမ္းေပးလိုက္ၿပီး အစမွာ ဗိုက္ပူလာေစၿပီး အခ်ိန္ၾကာလာတာႏွင့္ အမွ် တကိုယ္လုံး ေနရာ အႏွံ႔ မွာ အဆီပိုေတြ စုလာေစပါတယ္။
ဒီေနရာ မွာ အဓိကေျပာခ်င္တာ က ဝိတ္ခ်တဲ့ေနရာ မွာ အေနာက္ႏိုင္ငံ ေတြမွာ အသုံးျပဳေနတဲ့ နည္းလမ္းေတြကိုတိုက္႐ိုက္ ကူးယူၿပီး လိုက္လုပ္မိတယ္ဆိုရင္ တစ္ပါတ္ ႏွစ္ပါတ္ထက္ ပိုၿပီး လိုက္မလုပ္ႏိုင္ပါဘူး။ ေနထိုင္ စားေသာက္တဲ့ အက်င့္ကို မျပင္ႏိုင္ေသးသေ႐ြ႕ ဝိတ္က က်လိုက္ ျပန္တက္လိုက္ ျဖစ္ေနအုံးမွာပါပဲ။
ဘယ္လို အေလ့အက်င့္ ေတြကို ျပင္ၾကမလဲ????
ကြၽန္ေတာ္ တို႔က ထမင္းကို အဓိက ထားစားတဲ့ ျမန္မာလူမ်ိဳးေတြ ျဖစ္တဲ့အတြက္ ဝိတ္ခ်ခ်င္တယ္ ဆို ရင္ ထမင္းကို မိမိ အတြက္ သင့္ေတာ့္မယ့္ လုံေလာက္မယ့္ ပမာဏကို တြက္ခ်က္စားေပးရပါမယ္။
ေနာက္ၿပီး ကြၽန္ေတာ္ တို႔ ပာင္း အႏွစ္ ေတြ စားတဲ့ ေနရာ မွာ နည္းနည္း ျပင္ဖို႔လိုပါတယ္။ ဘယ္လိုျပင္ရမလဲ ဆိုေတာ့ အသားပာင္းစားတဲ့ အသားမွာ ကပ္ပါလာတဲ့ အႏွစ္ ကို ပဲ ထည့္စားပါ။ ပာင္းအႏွစ္ကို သက္သက္ ထပ္မထည့္ပါႏွင့္။
ထမင္း စ မစားခင္မွာ အရည္ေသာက္ ပာင္းခ်ိဳ တစ္ခုခု ကို တစ္ခြက္ ကုန္ေအာင္ေသာက္ေပးပါ။
အသီးအ႐ြက္ ကို ထမင္းစမစားခင္မွာ မ်ားမ်ား အရင္စားေပးပါ။ ထမင္းစားေနတုန္းလဲ အ႐ြက္ေၾကာ္ မ်ားမ်ား ထည့္စားေပးပါ။ အသားကို လုံေလာက္တဲ့ ပမာဏ စားေပးပါ။
ေန႔လည္စာ အဆာေျပ ေနရာမွာ အသင့္စား အစားအစာ ေတြ စားမယ့္ အစား အသီးအႏွံ စားတတ္တဲ့ အက်င့္လုပ္ပါ။ အသင့္ေသာက္ အခ်ိဳရည္ေတြ အစား အသီးေဖ်ာ္ရည္စစ္စစ္ ေသာက္တတ္တဲ့ အက်င့္ကို လုပ္ေပးပါ။ ေန႔လည္စာ၊ ညစာ စားရင္ ၁၅ မိနစ္ ေလာက္ အခ်ိန္ေပးၿပီးစားေပးပါ။
ေလးစားစြာျဖင့္
ေဒါက္တာ ညီညီေက်ာ္
ထမင်းမစားပဲ ဝိတ်လျှော့ချင်သူများ
ကျွန်တော်တို့ က မြန်မာလူမျိုးဖြစ်နေတဲ့ အတွက် ထမင်းမစားပဲ နေဖို့ဆိုတာ တော်တော် လေး ခက်ခဲပါတယ်။ ထမင်းမစားဘဲ ဝိတ်ချတယ် ဆိုရင်လည်း တချို့တလေ အတွက် အဆင်ပြေနိုင်သလို ကျွန်တော် အပါအဝင် မြန်မာလူမျိုး အများစု အတွက်တော့ အဆင်မပြေ နိုင်ပါ။
ရေတို မှာတော့ ထမင်းမစားပဲ နေပြီး ဝိတ်ချရင် တစ်လ တန်သည် နှစ်လတန်သည် ဖြစ်နိုင်ပေမယ့် အများစုကတော့ တစ်လနှစ်လ လောက် ထမင်းမစားပဲ European အစားအစာ လိုမျိုးတွေ စားပြီး ဝိတ်ချကြပြီး နောက် ဆက်လည်း မစားဖြစ်တော့ ထမင်းတွေ အများကြီး ပြန်စားမိပြီး ကျသွားထက် ဝိတ်ထက် နှစ်ဆ လောက် ပြန်တက်လာတာတွေ ကို ကျွန်တော့် လူနာတွေ တော်တော် များများမှာ တွေ့ကြုံဖူးပါတယ်။
ဒါက ဘာကြောင့် လဲ ဆို တော့ ဝိတ်ချတဲ့ နေရာ မှာ အလွန်အရေးပါတဲ့ Behavioral Change လို့ခေါ်တဲ့ အမူအကျင့် ကိုပြောင်းလဲ ပေးဖို့ ကို အရင် မလုပ်ဘဲ နိုင်ငံခြားတိုင်းပြည်တွေ မှာ စားတဲ့ Diet Plan ကို တိုက်ရိုက် ကူးယူပြီး လိုက်စားမိတဲ့ အတွက် ကြောင့်ပါ။ မြန်မာ လူမျိုး ဖြစ်တဲ့ အတွက် ထမင်းသည် အခြေခံ အစားအစာပါ။ ထမင်းလုံးဝ မစားဘဲ ပေါင်မုန့်စားလာကြတာ ကိုတွေ့ရပါတယ်။
ပြောရမယ် ဆိုရင် ထမင်းတရုတ် ပန်းကန်လုံးတစ်လုံး နဲ့ ပေါင်မုန့် အသေးစား ၃ ချပ် မှာပါဝင်တဲ့ ကယ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်၊ ပမာဏ တွေ က တူတူပဲ ဖြစ်တဲ့ အတွက် ထမင်းစားရင် ဗိုက်ပူမယ် ဒါကြောင့် ပေါင်မုန့်ပြောင်းစားကြမယ်ဆို ပြီး ထမင်းအစား ပေါင်မုန့်တွေ စားလာပါတယ်။
တကယ့် တကယ်တမ်းတော့ ပေါင်မုန့် စားစား ထမင်းစားစား ပမာဏများရင် တော့ ပါဝင်တဲ့ ကာဗိုဟိုက်ဒရိတ် က အဆီ အနေနဲ့ ပြောင်းသွားပြီး ဗိုက်ခေါက်ထွက်စေပါတယ်။ ဒါတင်မကသေးပါဘူး။ ပေါင်မုန့် ထမင်းတွေ မှ ဗိုက်ခေါက်ထွက်စေတာမဟုတ်ပါဘူး။
အသားငါး ပဲ စတဲ့ အသားဓါတ် တွေ များများ စားပြီး လေ့ကျင့်ခန်းကောင်းကောင်း မလုပ်နိုင်ဘူးဆိုရင် လည်း နောက်ဆုံးတော့ အဲ့ဒီ အသားဓါတ်တွေ ကို ခန္ဓာကိုယ် က အဆီ အနေနဲ့ ပြောင်းသိမ်းပေးလိုက်ပြီး အစမှာ ဗိုက်ပူလာစေပြီး အချိန်ကြာလာတာနှင့် အမျှ တကိုယ်လုံး နေရာ အနှံ့ မှာ အဆီပိုတွေ စုလာစေပါတယ်။
ဒီနေရာ မှာ အဓိကပြောချင်တာ က ဝိတ်ချတဲ့နေရာ မှာ အနောက်နိုင်ငံ တွေမှာ အသုံးပြုနေတဲ့ နည်းလမ်းတွေကိုတိုက်ရိုက် ကူးယူပြီး လိုက်လုပ်မိတယ်ဆိုရင် တစ်ပါတ် နှစ်ပါတ်ထက် ပိုပြီး လိုက်မလုပ်နိုင်ပါဘူး။ နေထိုင် စားသောက်တဲ့ အကျင့်ကို မပြင်နိုင်သေးသရွေ့ ဝိတ်က ကျလိုက် ပြန်တက်လိုက် ဖြစ်နေအုံးမှာပါပဲ။
ဘယ်လို အလေ့အကျင့် တွေကို ပြင်ကြမလဲ????
ကျွန်တော် တို့က ထမင်းကို အဓိက ထားစားတဲ့ မြန်မာလူမျိုးတွေ ဖြစ်တဲ့အတွက် ဝိတ်ချချင်တယ် ဆို ရင် ထမင်းကို မိမိ အတွက် သင့်တော့်မယ့် လုံလောက်မယ့် ပမာဏကို တွက်ချက်စားပေးရပါမယ်။ နောက်ပြီး ကျွန်တော် တို့ ပာင်း အနှစ် တွေ စားတဲ့ နေရာ မှာ နည်းနည်း ပြင်ဖို့လိုပါတယ်။ ဘယ်လိုပြင်ရမလဲ ဆိုတော့ အသားပာင်းစားတဲ့ အသားမှာ ကပ်ပါလာတဲ့ အနှစ် ကို ပဲ ထည့်စားပါ။ ပာင်းအနှစ်ကို သက်သက် ထပ်မထည့်ပါနှင့်။
ထမင်း စ မစားခင်မှာ အရည်သောက် ပာင်းချို တစ်ခုခု ကို တစ်ခွက် ကုန်အောင်သောက်ပေးပါ။ အသီးအရွက် ကို ထမင်းစမစားခင်မှာ များများ အရင်စားပေးပါ။ ထမင်းစားနေတုန်းလဲ အရွက်ကြော် များများ ထည့်စားပေးပါ။ အသားကို လုံလောက်တဲ့ ပမာဏ စားပေးပါ။ နေ့လည်စာ အဆာပြေ နေရာမှာ အသင့်စား အစားအစာ တွေ စားမယ့် အစား အသီးအနှံ စားတတ်တဲ့ အကျင့်လုပ်ပါ။ အသင့်သောက် အချိုရည်တွေ အစား အသီးဖျော်ရည်စစ်စစ် သောက်တတ်တဲ့ အကျင့်ကို လုပ်ပေးပါ။ နေ့လည်စာ၊ ညစာ စားရင် ၁၅ မိနစ် လောက် အချိန်ပေးပြီးစားပေးပါ။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်