fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

Skin Care လုပ်ခြင်း

385
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/02/2018
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

ခုနောက်ပိုင်းမှာ Skin Care ဆိုတဲ့အသံတွေ ကျယ်လောင်လာတာနဲ့အမျှ Skin Care လုပ်တဲ့ပစ္စည်းတွေ တွင်တွင်ကျယ်ကျယ် သုံးလာကြပါတယ်။ Toner အမျိုးမျိုး၊ Moisturizer တွေ၊ Lotion, antiaging cream တွေ၊ နှုတ်ခမ်းအတွက် အလှဆီ Baln နဲ့ Top Coat တွေ၊ ဝက်ခြံထိန်းဆေး cream နဲ့ S.P.F များများပါတဲ့ နေရောင်ကာလိမ်းဆေးတွေကို ဝယ်ယူသုံးစွဲကြပါတယ်။

အမှန်တကယ်လည်း အလှအပ Skin Care ပစ္စည်းတွေက အသားအရေကြည်လင်သန့်စင်မှုကို ပြုပြင်ပေးနိုင်ပါတယ်။ မိမိအသားအရေနဲ့ ဓာတ်တည့်ပြီး အသားအရေအမျိုးအစားအလိုက် ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကိုသုံးရင် အသားလှလာပါတယ်။ စိတ်ရှည်ဖို့နဲ့ မှန်မှန်သုံးစွဲဖို့၊ သုံးစွဲနည်းစနစ် မှန်ကန်ဖို့တော့လိုပါတယ်။

လူတစ်ယောက်နဲ့တစ်ယောက် မျိုးဗီဇရှိပုံမတူညီတဲ့အတွက် အခြားမတူညီမှုပေါင်းများစွာ ဖြစ်ပေါ်ခဲ့တာပါ။ အသားဖြူခြင်း၊ ညိုခြင်း၊ အဆီပြန်ခြင်း၊ ခြောက်သွေ့ခြင်း၊ ကြမ်းတမ်းခြင်း၊ နူးညံ့ခြင်း စတဲ့အရေပြားတည်ရှိပုံတွေ ကွဲပြားကြတာဟာ မျိုးဗီဇမတူညီလု့ိပဲ ဖြစ်ပါတယ်။ ကွဲပြားခြားနားတဲ့ အသားအရေ အမျိုးအစားကို သိထားမှသာ Skin Care product ကိုရွေးချယ်တဲ့နေရာမှာ မှန်ကန်သင့်တော်တဲ့ပစ္စည်းကို ရွေးချယ်တတ်မှာ ဖြစ်ပါတယ်။ ရွေးချယ်တဲ့ပစ္စည်းမမှန်ရင် အသားအရေအန္တရာယ်နဲ့ နီးစပ်ပါတယ်။ အသားအရေနဲ့ ဓာတ်မတည့်ရင် နီရဲရောင်ရမ်းခြင်း၊ ပူစပ်ယားယံခြင်း၊ အညိုကွက် အမည်းကွက်တွေပေါ်လာခြင်းတို့ ဖြစ်တတ်ပါတယ်။
ကွဲပြားခြားနားတဲ့ အသားအရေထဲမှာ အရေးအကြီးဆုံးနဲ့ အထင်ရှားဆုံး အမျိုးအစားတွေကတော့

  1. ခြောက်သွေ့တဲ့အသားအရေ
  2. အဆီပြန်တဲ့ အသားအရေ
  3. နှစ်မျိုးပေါင်းစပ်အသားအရေ
  4. နူးညံ့တဲ့အသားအရေ
  5. ပုံမှန်ကောင်းမွန်တဲ့ အသားအရေတို့ပဲ ဖြစ်ပါတယ်။

မျက်နှာသန့်စင်ခြင်းဟာ Skin Care လုပ်တဲ့နေရာမှာ အဓိကကျပါတယ်။ မိတ်ကပ်လိမ်းရင် အရေပြားထဲအထိ အလှကုန်တွေဝင်ရောက်သလို မျက်နှာသန့်စင်ပစ္စည်းတွေဟာ မိတ်ကပ်ထက်နက်ရှိုင်းအောင် အတွင်းထဲအထိရောက်ပါတယ်။
အရေပြားထဲဝင်သွားတဲ့ မျက်နှာသန့်စင်တဲ့ပစ္စည်း (ဆပ်ပြာ၊ Facial Foam, Cleanser) တွေဟာ အရေပြားထဲမှာဝင်ရောက်နေတဲ့ ဖုန့်မှုန့်၊ အညစ်အကြေး၊ မိတ်ကပ် အညစ်အကြေးတွေကို အရည်ပျော်စေပြီး ရေဆေးချတဲ့အခါမှာ ပါသွားပါတယ်။ အဲဒီအချိန်မှာ မျက်နှာအတွက် လိုအပ်တဲ့အဆီတွေ ပါမသွားအောင် သတိထားရပါမယ်။ အရေပြားထဲမှာရှိနေတဲ့ အဆီအချို့ဟာ အသားအရေစိုပြည်မှု ဖြစ်စေပါတယ်။ အပူချိန်ကိုထိန်းညှိပေးပြီး ဆဲလ်အသေတွေ ကွာကျတဲ့အခိုက်မှာ အပြင်ကဘက်တီးရီးယားပိုးတွေ မဝင်နိုင်အောင် အဆီလွှာက ထိန်းပေးပါတယ်။ နက်ရှိုင်းတဲ့ အရေပြားအောက်လွှာအထိ အလှကုန်ထဲက ဓာတုပစ္စည်းတွေ မဝင်နိုင်အောင် တားဆီးပေးပါတယ်။
မျက်နှာသစ်တဲ့အခါ သန့်စင်ချင်လို့ သစ်တာဖြစ်ပေမယ့် အကြိမ်များစွာသစ်ရင် အဆီတွေပါသွားပြီး ခြောက်သွေ့တတ်ပါတယ်။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် အလွန်ဆုံးသုံးကြိမ်သစ်ရင် လုံလောက်ပါပြီ။ ပထမအဆင့် မျက်နှာကို ရေနွေးနွေးလေးနဲ့ ဆေးကြောပြီး မိတ်ကပ်တွေဖျက်ပါ။ Make up Remover နဲ့ ညင်သာစွာပွတ်ပြီး ဖယ်ရှားပါ။ Eye Make Up ကိုလည်း Remover နဲ့ ဖျက်ပေးပါ။ mascara ကိုလည်း ဒီလိုပဲဖျက်ပေးပါ။ မျက်ခုံးအတွင်းက မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေကို ဖယ်ရှားပစ်ရပါမယ်။ မိတ်ကပ် လိမ်းမထားရင် Remover သုံးစရာမလိုပါဘူး။
မိတ်ကပ်ဖျက်ပြီးရင် သုံးစွဲမယ့် မျက်နှာသန့်စင်ဆေး Cleanser ကိုယူပြီး မျက်နှာတစ်ပြင်လုံး လက်နဲ့လူးပေးပါ။ အနည်းငယ် နှိပ်နယ်ပေးရင် အသားအရေနဲ့ ချွေးပေါက်တွေထဲအထိ စိမ့်ဝင်သွားပါတယ်။ ခဏကြာရင် ရေနွေးနွေးနဲ့ သန့်စင်ဖယ်ရှားပေးပါ။ အားလုံးသန့်စင်သွားပြီးရင် ရေအေးနဲ့ဆေးချပါ။ စောစောကရေနွေးကြောင့် ပွင့်နေတဲ့ချွေးပေါက်တွေဟာ ရေအေးကြောင့် ပြန်ပိတ်သွားပါတယ်။ ချွေးပေါက်ကျဉ်းချင်ရင် Toner လိမ်းရင် တင်းရင်းအေးမြသွားပါလိမ့်မယ်။ အရေပြားအတွင်းထဲအထိ မျက်နှာသန့်စင် Foam တွေဝင်ရောက်ပြီး အညစ်အကြေးဖယ်ရှားတဲ့အတွက် အသားအရေနဲ့ ဓာတ်တည့်တဲ့ပစ္စည်း ဖြစ်ရပါမယ်။
ရေဓာတ်ပြည့်ဝနေမှ စိုပြည်ကျန်းမာမှာဖြစ်လို့ မျက်နှာသစ်ပြီးတိုင်း ရေဓာတ်ဖြည့်ဆေး Moistrizer လိမ်းပေးရပါမယ်။ ရေများများသောက်ရပါမယ်။ တစ်နေ့ကို ဖန်ခွက် ၈ ခွက်အထိသောက်ပါ။ အသီးဖျော်ရည်တွေနဲ့ ရေများများသောက်ပြီး အရည်ရွှမ်းတဲ့ အသီးအရွက်တွေစားပေးပါ။
ဆေးလိပ်၊ အရက် ရှောင်ကြဉ်ခြင်းဖြင့် ကျန်းမာမှုနဲ့ပြည့်စုံတဲ့ Life Style နဲ့နေခြင်း၊ စိတ်ဖိစီးမှုကင်းဝေးခြင်း၊ နေရောင်ခြည်ကာကွယ်ခြင်း၊ ပြင်းထန်တဲ့လေ၊ ဓာတ်ငွေ့ရန်ကရှောင်ကြဉ်ခြင်းတို့ဟာလည်း အရေးကြီးပါတယ်။
နုနယ်ဝင်းပ စိုပြည်လှပတဲ့ မျက်နှာပိုင်ရှင်လေး ဖြစ်ပါစေ။ ။

Author: ရွှေနန်းစံ, Healthcare Journal, Vol 9,no 2 (12.1.18) 7

Previous Post

ခရီးထွက်ခြင်းရဲ့အကျိုး

Next Post

ပန်းအိုးလေးများမကွဲစေဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
537
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
794

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပန်းအိုးလေးများမကွဲစေဖို့

သားအိမ်တွင်း ပစ္စည်းထည့်ခြင်း အကြောင်း

အရေပြားနဲ့ပတ်သက်ပြီး ပြောပြချင်မိတာတွေ အပိုင်း (၁)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.