fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အဆီပြန်သော သင့်အသားအရေကို ဘယ်လိုဂရုစိုက်ရမလဲ။

255
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/05/2018
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

အေရျပားဆိုတာ ကြၽန္ေတာ္တို႔ခႏၶာကိုယ္မွာ အက်ယ္ျပန႔္ဆုံး အဂၤါပါ။ အေရျပားမွာ ေမႊးညင္းေပါက္ (ေခြၽးေပါက္)ေလးေတြ ရွိသလို အဆီဂလင္းေလးေတြလည္း ရွိပါတယ္။ အဆီျပန္တယ္ဆိုတာဟာ အမ်ားအားျဖင့္ေတာ့ ေမြးရာပါ အဆီဂလင္းအေရအတြက္ မ်ားေနတာေၾကာင့္ျဖစ္တာပါ။

သို႔ေသာ္ အစားေသာက္ပုံစံ၊ ေနတဲ့ ပတ္ဝန္းက်င္ရာသီဥတုအေျခအေန၊အသားအေရထိန္းသိမ္းသန႔္စင္မႈ နဲ႔ သုံးတဲ့အလွကုန္ပစၥည္းေတြ စတာေတြအေပၚလိုက္ၿပီးလည္း အဆီဂလင္းေတြက ပုံမွန္ထက္အဆီပိုထုတ္တာေၾကာင့္လည္း အဆီျပန္တာျဖစ္တတ္ပါတယ္။

အဆီျပန္တဲ့အသားအေရပိုင္ရွင္ေတြရဲ႕မ်က္ႏွာဟာ အဆီတဝင္းဝင္းနဲ႔ ေျပာင္လက္ၿပီး ေစးကပ္ကပ္ျဖစ္ေနတတ္ပါတယ္။ အဲ့လိုေစးကပ္ကပ္ျဖစ္ေနတဲ့အတြက္ ပတ္ဝန္းက်င္က အမႈန္ေတြ ဖုန္ေတြဟာ အဆီျပန္တဲ့အသားအေရမွာ ကပ္ၿငိလြယ္ပါတယ္။ ဒါေၾကာင့္ အသားအေရအဆီျပန္ျခင္းကို ဂ႐ုတစိုက္ထိန္းသိမ္းမသန႔္စင္ေပးႏိုင္ဘူးဆိုရင္ မိမိကိုယ္ကထြက္တဲ့အဆီေတြ ပတ္ဝန္းက်င္က လာကပ္တဲ့ဖုန္ေတြ အမႈန္ေတြေၾကာင့္ ေခြၽးေပါက္ေလးေတြပိတ္ၿပီး ပိုးဝင္ကာ ေနာက္ဆက္တြဲအေနနဲ႔ အမည္းကြက္ေတြျဖစ္တာ ဆားဝက္ၿခံေတြထြက္တာ အဆီဖုေတြျဖစ္တာေတြျဖစ္လာႏိုင္ပါတယ္။

ဒါ့အျပင္ ေရရွည္မွာ အသားအေရမြဲညစ္ၾကမ္းတမ္းလာႏိုင္ပါတယ္။ ဒါေၾကာင့္မိမိက အဆီျပန္တဲ့အသားေရပိုင္ရွင္ျဖစ္ခဲ့ရင္ ေနာက္ဆက္တြဲဆိုးက်ိဳးေတြမျဖစ္ေအာင္ မိမိအသားအေရကို ဘယ္လိုထိန္းသိမ္းရမလဲဆိုတဲ့အခ်က္ေလးေတြ သိသေလာက္ေရးသားတင္ျပေပးပါမယ္။

(၁)တေန႔လွ်င္ အမ်ားဆုံး ႏွစ္ႀကိမ္ သို႔မဟုတ္ သုံးႀကိမ္ေလာက္ပဲ မ်က္ႏွာသစ္ပါ။ အဆီျပန္တဲ့ အသားအေရပိုင္ရွင္ေတြအေနနဲ႔ မ်က္ႏွာမသစ္ဘဲလဲ မေနသင့္သလို မ်က္ႏွာသစ္တဲ့အႀကိမ္အေရအတြက္မ်ားရင္လည္း အဆီျပန္တာ ပိုဆိုးႏိုင္ပါတယ္။ မိတ္ကပ္လိမ္းတတ္တဲ့ အမ်ိဳးသမီးေတြဆိုရင္ေတာ့ ညအိပ္ရာဝင္ခါနီးက် မိတ္ကပ္ေသခ်ာ ဖ်က္ၿပီးမွ အိပ္ပါ။

(၂)လတ္ဆတ္ေသာ ဟင္းသီးဟင္း႐ြက္ နဲ႔ သစ္သီးဝလံမ်ား မ်ားမ်ားစားေပးပါ။ အဆီအဆိမ့္မ်ားေသာ အငန္မ်ားေသာ အစားစာမ်ား သၾကားပါေသာေဖ်ာ္ရည္မ်ား ကိုေတာ့ ေရွာင္ႏိုင္ရင္ ေရွာင္ပါ။ မေရွာင္ႏိုင္ရင္ ေလွ်ာ့စားပါ။

(၃)ကိုယ္ခႏၶာမွ အဆိပ္အေတာက္မ်ားဖယ္ရွားေပးၿပီး အသားေရ အစိုဓါတ္ကိုထိန္းသိမ္းေပးရန္ ေရမ်ားမ်ားေသာက္ေပးပါ။ သို႔ေသာ္ အခ်ိဳရည္မ်ားေသာက္ျခင္းနဲ႔ အရက္(Alcohol)ပါေသာ အရည္မ်ားေသာက္ျခင္းကိုေတာ့ ေရွာင္ပါ။

(၄) ေနပူထဲထြက္ျခင္းကို ေရွာင္ပါ။ မျဖစ္မေန ထြက္ရမယ္ဆိုရင္ ထီး၊ဦးထုပ္ေဆာင္းပါ။ အက်ီလက္ရွည္ ဝတ္သြားပါ။

(၅)သဘာဝပစၥည္းေတြကို အသုံးျပဳၿပီး မ်က္ႏွာေပါင္းတင္တာလည္း လုပ္ႏိုင္ပါတယ္။

ဥပမာသေဘၤာသီး အမွည့္ကို ခပ္ပါးပါးလွီးၿပီး မ်က္ႏွာမွာ မိနစ္ ၂၀ ေလာက္ကပ္ထားၿပီး ေရသန႔္နဲ႔မ်က္ႏွာသစ္ခ်တာ၊ ထို႔အတူ သခြားသီးကို ခပ္ပါးပါးလွီးၿပီး မ်က္ႏွာမွာ မိနစ္၂၀ သို႔မဟုတ္ နာရီဝက္ကပ္ထားၿပီး ေရသန႔္နဲ႔မ်က္ႏွာသစ္ခ်တာ မ်ိဳးေတြပါ။ ထိုသို႔လုပ္ေပးျခင္းျဖင့္ အဆီမ်ားကို ထိေရာက္စြာစုပ္ယူေစႏိုင္သလို ေခြၽးေပါက္မ်ားထဲတြင္ အဆီပိတ္ဆို႔ျခင္းမွလည္း ကာကြယ္ႏိုင္ပါတယ္။

(၆)မ်က္ႏွာသစ္ဆပ္ျပာတို႔ အသားအေရထိန္းသိမ္းတဲ့ပစၥည္းတို႔ စတဲ့ အလွကုန္ေတြသုံးမယ္ဆိုပါက အဆီျပန္တဲ့ အသားအေရအတြက္ သီးသန႔္ထုတ္လုပ္ထားေသာ အလွကုန္ပစၥည္းေတြကို ေ႐ြးခ်ယ္သုံးပါ။

Author : Dr. 528

အရေပြားဆိုတာ ကျွန်တော်တို့ခန္ဓာကိုယ်မှာ အကျယ်ပြန့်ဆုံး အင်္ဂါပါ။ အရေပြားမှာ မွှေးညင်းပေါက် (ချွေးပေါက်)လေးတွေ ရှိသလို အဆီဂလင်းလေးတွေလည်း ရှိပါတယ်။ အဆီပြန်တယ်ဆိုတာဟာ အများအားဖြင့်တော့ မွေးရာပါ အဆီဂလင်းအရေအတွက် များနေတာကြောင့်ဖြစ်တာပါ။

သို့သော် အစားသောက်ပုံစံ၊ နေတဲ့ ပတ်ဝန်းကျင်ရာသီဥတုအခြေအနေ၊အသားအရေထိန်းသိမ်းသန့်စင်မှု နဲ့ သုံးတဲ့အလှကုန်ပစ္စည်းတွေ စတာတွေအပေါ်လိုက်ပြီးလည်း အဆီဂလင်းတွေက ပုံမှန်ထက်အဆီပိုထုတ်တာကြောင့်လည်း အဆီပြန်တာဖြစ်တတ်ပါတယ်။

အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေရဲ့မျက်နှာဟာ အဆီတဝင်းဝင်းနဲ့ ပြောင်လက်ပြီး စေးကပ်ကပ်ဖြစ်နေတတ်ပါတယ်။ အဲ့လိုစေးကပ်ကပ်ဖြစ်နေတဲ့အတွက် ပတ်ဝန်းကျင်က အမှုန်တွေ ဖုန်တွေဟာ အဆီပြန်တဲ့အသားအရေမှာ ကပ်ငြိလွယ်ပါတယ်။ ဒါကြောင့် အသားအရေအဆီပြန်ခြင်းကို ဂရုတစိုက်ထိန်းသိမ်းမသန့်စင်ပေးနိုင်ဘူးဆိုရင် မိမိကိုယ်ကထွက်တဲ့အဆီတွေ ပတ်ဝန်းကျင်က လာကပ်တဲ့ဖုန်တွေ အမှုန်တွေကြောင့် ချွေးပေါက်လေးတွေပိတ်ပြီး ပိုးဝင်ကာ နောက်ဆက်တွဲအနေနဲ့ အမည်းကွက်တွေဖြစ်တာ ဆားဝက်ခြံတွေထွက်တာ အဆီဖုတွေဖြစ်တာတွေဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် ရေရှည်မှာ အသားအရေမွဲညစ်ကြမ်းတမ်းလာနိုင်ပါတယ်။ ဒါကြောင့်မိမိက အဆီပြန်တဲ့အသားရေပိုင်ရှင်ဖြစ်ခဲ့ရင် နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင် မိမိအသားအရေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့အချက်လေးတွေ သိသလောက်ရေးသားတင်ပြပေးပါမယ်။

(၁)တနေ့လျှင် အများဆုံး နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်လောက်ပဲ မျက်နှာသစ်ပါ။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအနေနဲ့ မျက်နှာမသစ်ဘဲလဲ မနေသင့်သလို မျက်နှာသစ်တဲ့အကြိမ်အရေအတွက်များရင်လည်း အဆီပြန်တာ ပိုဆိုးနိုင်ပါတယ်။ မိတ်ကပ်လိမ်းတတ်တဲ့ အမျိုးသမီးတွေဆိုရင်တော့ ညအိပ်ရာဝင်ခါနီးကျ မိတ်ကပ်သေချာ ဖျက်ပြီးမှ အိပ်ပါ။

(၂)လတ်ဆတ်သော ဟင်းသီးဟင်းရွက် နဲ့ သစ်သီးဝလံများ များများစားပေးပါ။ အဆီအဆိမ့်များသော အငန်များသော အစားစာများ သကြားပါသောဖျော်ရည်များ ကိုတော့ ရှောင်နိုင်ရင် ရှောင်ပါ။ မရှောင်နိုင်ရင် လျှော့စားပါ။

(၃)ကိုယ်ခန္ဓာမှ အဆိပ်အတောက်များဖယ်ရှားပေးပြီး အသားရေ အစိုဓါတ်ကိုထိန်းသိမ်းပေးရန် ရေများများသောက်ပေးပါ။ သို့သော် အချိုရည်များသောက်ခြင်းနဲ့ အရက်(Alcohol)ပါသော အရည်များသောက်ခြင်းကိုတော့ ရှောင်ပါ။

(၄) နေပူထဲထွက်ခြင်းကို ရှောင်ပါ။ မဖြစ်မနေ ထွက်ရမယ်ဆိုရင် ထီး၊ဦးထုပ်ဆောင်းပါ။ အကျီလက်ရှည် ဝတ်သွားပါ။

(၅)သဘာဝပစ္စည်းတွေကို အသုံးပြုပြီး မျက်နှာပေါင်းတင်တာလည်း လုပ်နိုင်ပါတယ်။

ဥပမာသင်္ဘောသီး အမှည့်ကို ခပ်ပါးပါးလှီးပြီး မျက်နှာမှာ မိနစ် ၂၀ လောက်ကပ်ထားပြီး ရေသန့်နဲ့မျက်နှာသစ်ချတာ၊ ထို့အတူ သခွားသီးကို ခပ်ပါးပါးလှီးပြီး မျက်နှာမှာ မိနစ်၂၀ သို့မဟုတ် နာရီဝက်ကပ်ထားပြီး ရေသန့်နဲ့မျက်နှာသစ်ချတာ မျိုးတွေပါ။ ထိုသို့လုပ်ပေးခြင်းဖြင့် အဆီများကို ထိရောက်စွာစုပ်ယူစေနိုင်သလို ချွေးပေါက်များထဲတွင် အဆီပိတ်ဆို့ခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။

(၆)မျက်နှာသစ်ဆပ်ပြာတို့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတို့ စတဲ့ အလှကုန်တွေသုံးမယ်ဆိုပါက အဆီပြန်တဲ့ အသားအရေအတွက် သီးသန့်ထုတ်လုပ်ထားသော အလှကုန်ပစ္စည်းတွေကို ရွေးချယ်သုံးပါ။

Author : Dr. 528

Previous Post

အဖုတွေ့ထွက်တိုင်း ရေယုန်မဟုတ်ပါ

Next Post

ယားယံစေတဲ့ အရေပြားပေါ်က အဖုအပိမ့်တွေ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
537
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
794

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ယားယံစေတဲ့ အရေပြားပေါ်က အဖုအပိမ့်တွေ

ခုမှ သိတော့

ဘယ်လိုလာလာ အေးဆေးပါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.