fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အခုတော့အတိုအပြတ်တွေဝတ်လို့ရခဲ့ပြီ

173
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/04/2018
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

(Zawgyi)







https://m.facebook.com/biooilmyanmar/


https://m.facebook.com/biooilmyanmar/

(Unicode)

မာလည်းမာတယ် ရွတ်လည်းရွတ်တယ်..ပျိုမေတွေအတွက်တော့ Nightmare ပါပဲ။ အထူးသဖြင့် အလှအပကို စိတ်ဝင်စားတဲ့မိန်းကလေးတွေမှာဆို ပိုလို့တောင်ဆိုးပါသေးတယ်။ ဘယ်လောက်ပဲ ခန္ဓာကိုယ်ကို ဂရုစိုက်စိုက် ထိခိုက်ဒဏ်ရာဆိုတာ အမြဲမဟုတ်တောင် တစ်ခါတစ်လေရှိကြတာပါပဲ။ ထိခိုက်ဒဏ်ရာတွေ အနာကျက်သွားတဲ့အခါ အမာရွတ်ဖြစ်လာတယ်ဆိုတာ လူ့ခန္ဓာကိုယ် ဇီဝဖြစ်စဉ်တွေရဲ့ သဘာဝပါပဲ။

ဖြစ်လာတဲ့ ထိခိုက်ဒဏ်ရာ အရွယ်အစားပေါ်မူတည်ပြီး အမာရွတ်တွေက အချိန်တိုအတွင်းမှာ ပျောက်သွားတာရှိသလို လနဲ့ချီပြီးအချိန်ယူရတာတွေလည်းရှိပါတယ်။ တချို့ဆို လုံးဝမပျောက်တော့တာတွေလည်းရှိပါတယ်။ အဲ့လို အမာရွတ်တွေပေါ်လာပြီဆိုရင် အလှအပကြိုက်တဲ့ ဆယ်ကျော်သက်လေးတွေအတွက် အလှမပျက်အောင် မျက်နှာက အမာရွတ်တွေနဲ့ လူမြင်နိုင်တဲ့ ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေဆို ဆေးတွေလိမ်း မိတ်ကပ်တွေနဲ့ဖုံးဖိရတာတွေ လုပ်ကြရပါတယ်။

ရှောင်ကြဉ်ရမှာတွေကတော့..
– အမာရွတ်ဖြစ်တဲ့နေရာကို နေရောင် တိုက်ရိုက်မထိဖို့ကာကွယ်ပေးပါ။ နေရောင်ထိလျှင် အမာရွတ်ရဲ့ အရောင်က ပိုရင့်လာ၍ အမာရွတ်ကို ပိုပြီးထင်ရှားလာစေပါတယ်။
– ဖြစ်တဲ့အမာရွတ်က မျက်နှာတစ်ဝိုက် ဝက်ခြံအမာရွတ်များဖြစ်လျှင် လက်နှင့် ခဏခဏကိုင်ခြင်းကို ရှောင်ကြဉ်ပါ။
– တချို့ Accident ကြောင့် အနာအရွယ်အစားကြီးလျှင် အသားမြန်မြန်တက်အောင် Protein တွေ များများစားပေးတာမျိုးရှိကြပါတယ်။Protein များများစားပေးလျှင်အသားတက်တာ မြန်မြန်တက်ရတဲ့အတွက် နောက်ဆုံး အနာကျက်ပြီး ဖြစ်လာတဲ့ အမာရွတ်တွေဟာလည်း မလှမပ မညီမညာဖြစ်နေတတ်ပါတယ်။ ဒါမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ သင့်တင့်မျှတတဲ့ အစားအစာပမာဏသာ စားသုံးပြီး ပုံမှန် အနာကျက်တာကိုပဲစောင့်သင့်ပါတယ်။

အမာရွတ်တွေ အမြန်ပျောက်အောင် ဘယ်လိုလုပ်မလဲ?

အမာရွတ်တွေဖြစ်လာပြီဆိုရင် အလှပျက်တဲ့အတွက် ဘယ်သူမဆို အချိန်တိုအတွင်း မြန်မြန်ပျောက်ချင်ပါတယ်။ အမာရွတ်အမြန်ပျောက်အောင်လုပ်ဖို့ဆိုလျှင် အသုံးပြုသောပစ္စည်းများက အန္တရာယ်ကင်းဖို့ လိုအပ်ပါတယ်။ ခုနောက်ပိုင်း City Mart တွေမှာ အလွယ်တကူဝယ်ယူနိုင်တဲ့ Bio Oil ဆိုလျှင် Calendula ပန်းအဆီ၊ Chamomile ပန်းအဆီ၊ Lavender ပန်းအဆီနှင့် Rosemary ပန်းအဆီကို အခြေခံကာ ထုတ်လုပ်ထားပြီး အရေပြားအတွက်အဓိကလိုအပ်သော Vitamin A, E and PurCellin Oil တို့ပါထည့်သွင်းပြုလုပ်ထားပါသည်။

PurCellin Oil ရဲ့ အစွမ်းကတော့ လိမ်းလိုက်တဲ့ မိနစ်ပိုင်းအတွင်းမှာ အသားအရေ အပေါ်ယံအရေပြားထဲသို့ အလွယ်တကူစိမ့်ဝင်ကာ အကြောပြတ်ခြင်းနှင့် အမာရွတ်များကြောင့်ဖြစ်သော အသားအရေ မညီမညာခြင်းများကို တညီတညာနှင့် ချောမွေ့သွားအောင်ပြုလုပ်ပေးနိုင်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ထိခိုက်ဒဏ်ရာ အမာရွတ်တွေသာမက မိခင်တွေမှာ ကလေးမွေးပြီးအကြောပြတ်ခြင်းများတွင် Bio Oil ကို တစ်ရက် ၂ ကြိမ် ၃လဆက်တိုက်ဂရုတစိုက် လိမ်းပေးလျှင် အသားအရေညီညာတင်းရင်းကာ အမာရွတ်နှင့် အကြောပြတ်ခြင်းများ သိသိသာသာ လျော့ပါးလာပါလိမ့်မည်။

အာလူးအစိမ်းကို ပါးပါးလှီးပြီး ညင်သာစွာပွတ်ပေးလျှင်လည်း အမာရွတ်ပျောက်တာကို မြန်စေပါတယ်။ နောက်တစ်ခုကတော့ ခုလိုတိုးတက်လာတဲ့ခေတ်ကြီးမှာ မျက်နှာမှာ အမာရွတ်တွေ ရှိလျှင် Facial Treatment ယူ၍ အလှအပဆိုင်ရာ ဆေးခန်းများတွင် Laser ပစ်၍ဖျောက်ကြပါတယ်။
အဲ့ဒါကြောင့် အမာရွတ်တွေဖြစ်လာပြီဆိုလျှင် မိမိကြိုက်နှစ်သက်ရာနည်းလမ်းကိုရွေး၍ အမြန်ဆုံးပျောက်အောင် ပြုလုပ်၍ရပါသည်။ သို့ပေမဲ့ အသုံးပြုသောနည်းလမ်းများက အန္တရာယ်ကင်းဖို့လိုသည့်အတွက် သဘာဝမှရရှိသော အသီးအနှံ၊ သစ်ဥသစ်ဖုများမှထုတ်လုပ်ထားသော အဆီအနှစ်များကိုသာ အဓိကထား အသုံးပြုဖို့ တိုက်တွန်းရင်း အပြစ်အနာအဆာ ကင်းမဲ့သော အသားအရေလေးများကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ပြောချင်ပါတယ်။

Previous Post

ဝမ်းလျှောရင် ဓာတ်ဆားရည်သောက်ပါ

Next Post

အဖုတွေ့ထွက်တိုင်း ရေယုန်မဟုတ်ပါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
537
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
794

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အဖုတွေ့ထွက်တိုင်း ရေယုန်မဟုတ်ပါ

အဆီပြန်သော သင့်အသားအရေကို ဘယ်လိုဂရုစိုက်ရမလဲ။

ယားယံစေတဲ့ အရေပြားပေါ်က အဖုအပိမ့်တွေ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.