fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး
အကြောပြတ်ခြင်းကြောင့် စိတ်မညစ်ရလေအောင်
383
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/05/2018
in အလှအပနှင့်ကျန်းမာရေး
1 min read
A A
(Zawgyi)
https://www.facebook.com/biooilmyanmar/
https://www.facebook.com/biooilmyanmar/
Dr 528
(Unicode)
အကြောပြတ်ခြင်းကြောင့် စိတ်မညစ်ရလေအောင်
အကြောပြတ်တယ်ဆိုတာ အရေပြားပေါ်မှာ မျဉ်းပြိုင်အစင်းကြောင်းလေးတွေ ပေါ်လာကိုပြောတာပါ။ အချိန်ကြာလာတာနဲ့အမျှ အစင်းကြောင်းများဟာ ခရမ်းရောင်၊အနီရောင်စသဖြင့် အသားအရောင်နဲ့လိုက်ပြီး ပြောင်းသွားကာ နောက်ဆုံးမှာ အကြောပြတ်ဒဏ်ရာအဖြစ်သို့ရောက်ရှိသွားပါတယ်။အဲ့မျဉ်းပြိုင်အစင်းကြောင်းလေးတွေကို လက်ချောင်းလေးတွေနဲ့ကိုင်ကြည့်ရင် အနည်းငယ် အထစ်ထစ်လေးဖြစ်တဲ့ ခံစားမှုမျိုး ခံစားရနိုင်ပါတယ်။ တခါတရံမှာ အစင်းကြောင်း အကြောပြတ်ဒဏ်ရာတွေကယားတာ နာတာတွေ ဖြစ်တတ်တာမျိုးလည်း ရှိပါတတယ်။
အကြောပြတ်ခြင်းကို ဆေးပညာအရ striae distensae လို့ခေါ်ပါတယ်။ အကြောင်းတခုခုကြောင့် အရေပြားအတွင်းပိုင်းအလွှာဟာ အပေါ်ယံအရေပြား အလွှာထက် ပိုမိုလျင်မြန်စွာကြီးထွားလာတဲ့အခါမှာ အရေပြားမှာရှိတဲ့ ကော်လာဂျင်နဲ့ အီလက်စတင်အမျှင်များဟာ ဆွဲဆန့်ခံရပြီး ပြတ်ကွဲလာရပါတယ်။ရလဒ်အနေနဲ့ကတော့ အပေါ်ယံအရေပြားပေါ်မှာ အစင်းကြောင်းတွေပေါ်လာပြီး အကြောပြတ်ဒဏ်ရာကိုဖြစ်ပေါ်စေပါတယ်။ ကျား၊မ မရွေး လူတိုင်း အကြောပြတ်ဒဏ်ရာ ဖြစ်ပေါ်နိုင်ပါတယ်။
ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အများဆုံးအရွယ်ဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်တွေ၊ ပိန်ရာကနေ ရုတ်တရက် တအားဝလာတဲ့သူတွေ၊ ဝနေရာကနေ ရုတ်တရက် တအားပိန်သွားတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ၊ ကော်တီကို စတီးရွိုက် (Corticosteriod) ပါတဲ့လိမ်းဆေး၊ သောက်ဆေးတွေ ရေရှည်မကြာခဏ လိမ်းနေသောက်နေတဲ့သူတွေ၊ Cushing’s syndrome၊ Margan’s Syndrome၊ Ehlers-Danlos Sydrome စတဲ့ ရောဂါအခံတွေရှိတဲ့သူတွေဟာဆိုရင် အကြောပြတ်ဒဏ်ရာ ဖြစ်နိုင်ခြေ ပိုများတဲ့သူတွေပါ။ ဒါ့အပြင် ကြီးထွားဖွံဖြိုးစ အရွယ်ဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်တွေမှာလည်း ပိုဖြစ်နိုင်ချေ ရှိပါတယ်။
အများအားဖြင့်တော့ အကြောပြတ်ဒဏ်ရာဟာ ဘာအန္တရာယ်မှမရှိပါဘူး။ အချိန်တွေကြာလာရင် အကြောပြတ်ဒဏ်ရာတွေဟာ တဖြည်းဖြည်းနဲ့ မှေးမှိန်သွားနိုင်ပါတယ်။ အချိန်ဘယ်လောက်ကြာမလဲကတော့ ခန့်မှန်းပြောဖို့မလွယ်ပါ။ အကြောပြတ်ဒဏ်ရာတွေက အချိန်ကြာလာတာနဲ့အမျှ မှေးမှိန်တာပဲရှိတာပါ။ ယတိပြတ် အရှင်းပျောက်ပြီး ပကတိအသားအရေအတိုင်းပြန်မဖြစ်နိုင်ပါဘူး။အခုနောက်ပိုင်းမှာ Pulsed dye laser therapy တို့ Fractional photothermolysis တို့စတဲ့ရောင်ခြည်နဲ့ကုတဲ့ကုထုံးတွေရှိပေမယ့်လို့ ဈေးကြီးတဲ့အပြင် အရှင်းပျောက်မယ်လို့ အာမခံပေးတာမျိုးလည်းမရှိပါဘူး။
ကိုယ်ဝန်ဆောင်တွေ နို့တိုက်မိခင်တွေအနေနဲ့လည်း အဲ့နည်းတွေနဲ့မသင့်တော်ပါဘူး။ အကြောပြတ်ဒဏ်ရာကို သက်သာအောင် မြန်မြန်မှေးမှိန်အောင်တော့ အစိုဓါတ်ပါတဲ့ခရင်မ်တမျိုးမျိုးလိမ်းတာ ဗီတာမင်အီး၊ကေက်လာဂျင်၊ အီလက်စတင်၊ မက်မွန်ဆီ စတာတွေပါဝင်တဲ့ အဆီတမျိုးမျိုးလိမ်းတာ၊ သံလွင်ဆီလိမ်းတာ စသဖြင့် လုပ်နိုင်ပါတယ်။ဒီအထိဖတ်ပြီးတဲ့နောက်မှာ စာဖတ်ပရိသတ်တွေအနေနဲ့ အကြောပြတ်တာက အရှင်းပျောက်အောင်လုပ်မရရင် မဖြစ်အောင်ကော ဘယ်လိုကာကွယ်မလဲ ဆရာ ဆိုတဲ့မေးခွန်း မေးစရာရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။
စိတ်မကောင်းစွာနဲ့ပဲပြောရရင် အကြောပြတ်ဒဏ်ရာဟာဖြစ်ရင်လည်း အရှင်းပျောက်အောင်လုပ်လို့မရသလို မဖြစ်အောင်လည်း ပြီးပြည့်စုံစွာ(Completely) ကာကွယ်လို့မရပါဘူး။သို့သော်ဖြစ်ပွားနိုင်ခြေနည်းအောင်တော့လုပ်တဲ့နည်းတွေရှိပါတယ်။အဲ့ဒါတွေကတော့ မိမိရဲ့ကိုယ်အလေးချိန်ကို တအားတက်သွားတာ တအားကျသွားတာမျိုး စတဲ့ ကိုယ်အလေးချိန်အပြောင်းအလဲကြီးကြီးမဖြစ်အောင် ရှိသင့်တဲ့ကိုယ်အလေးချိန်အတွင်းမှာပဲအမြဲရှိအောင် အစားအစာကိုချင့်ချိန်စားတာ၊လေ့ကျင့်ခန်းကို ပုံမှန်နီးပါးလုပ်တာတွေလုပ်တာတွေပါ။
အမျိုးသမီးတွေအနေနဲ့လည်း ကိုယ်ဝန်ဆောင်ပြီဆိုရင် အကြောပြတ်တာဖြစ်နိုင်ခြေနည်းအောင် ကိုယ်ဝန်ဆောင်စဉ်မှာရှိသင့်တဲ့ကိုယ်အလေးချိန်ကို မိမိကိုယ်ဝန်အပ်ထားတဲ့ အိုဂျီ(OG)ဆီမှာ မေးပြီး ထိုထက်ပိုမတက်အောင်ထိန်းသင့်ပါတယ်။ ဆယ်ကျော်သက်တွေ အနေနဲ့ဆိုလည်း အကြောပျက်တာတွေကို ကြိုတင်ကာကွယ်ဖို့အတွက် သံလွင်ဆီ သို့မဟုတ် အပင်မှ ထုတ်လုပ်ထားသော ဆေးဖက်ဝင်ပစ္စည်းများ ဗီတာမင်များ ကြွယ်ဝစွာ ပါဝင်သည့် အဆီတစ်ခုခုကို လိမ်းပေးသင့်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်။
Dr 528
Previous Post
အဖြစ်များတဲ့ ကျောက်ကပ်ကင်ဆာ
Next Post
ကိုယ်ဝန်ဆောင်နှင့် အာထရာဆောင်း အပိုင်း (၂)
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
About liposuction, which is becoming popular
ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း
1 year ago
550
About the biotin you should know
သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း
1 year ago
1.1k
How important is biotin for hair health?
ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?
2 years ago
810
မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း
2 years ago
1.5k
ဆံပင်တွေအရမ်းကျွတ်နေရင်
2 years ago
1.6k
To make the skin clear and white from the inside
အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့
2 years ago
2k
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
ကိုယ်ဝန်ဆောင်နှင့် အာထရာဆောင်း အပိုင်း (၂)
သုက်ရည်တွေ ပြန်ဝင်နေသလား
ဝမ်းကိုက်ခြင်း
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.