ချေးချွတ်မယ် ပေါင်းတင်မယ်
အသားအရေညစ် ညိုမဲနေသော Ondr ပရိသတ်အမျိုးသမီးများအတွက် ငွေမကုန် လူမပမ်းအိမ်တွင်း ချေးချွတ်နည်းလေး ရေးသားပေးလိုက်ပါတယ်။ အသားအရေ ကြည်ကြည်လင်လင်နှင့် စိုပြေစေရန် တလတခါခန့် ပြုလုပ်ပေးသင့်ပါတယ်။ တကိုယ်လုံး ချေးချွတ်ပေါင်းတင်ရန် ဆိုင်မှာ ပြုလုပ်လျှင် ငွေကုန်လူပင်ပန်းနိုင်ပါတယ်။ အိမ်တွင်းနည်းလမ်းများ အသုံးပြုခြင်းဖြင့် ငယ်ရွယ်နုပျိုကြည်လင်သော အသားအရေ ရရှိစေနိုင်ပါတယ်။
၁) ကော်ဖီနှင့် သကြား
ကော်ဖီစေ့ ၄ ပုံ ၁ ပုံ ၊သကြား ၄ ပုံ ၁ ပုံ ၊ သံလွင်ဆီ ၂ ဇွန်းနှင့် vit e ၃ တောင့် ရောမွှေကာ ကိုယ်ခန္ဓာပေါ် သုတ်လိမ်းပေးပါ။ ၅မိနစ် ၁၀ မိနစ်ခန့် နှိပ်နယ်ချေးချွတ်ပေးပါ။ ထို့နောက် ရေဓာတ်ပြည့်ဝသော ဆပ်ပြာအသုံးပြု၍ ရေနွေးနှင့် ရေချိုးပေးပါ။ ကော်ဖီမှာပါသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် ဆဲလ်သေများကွာကျပြီး သံလွင်ဆီကြောင့် အသားအရေစိုပြေစေပါတယ်။
(၂) ပင်လယ်ဆား
ဆားနှင့် သံလွင်ဆီရောမွှေကာ သုတ်လိမ်းချေးချွတ်ပါ။ အသားအရေ ကြမ်းတမ်းခြောက်သွေ့မှုသက်သာကာ အမာရွတ်သက်သာပျောက်ကင်း ချောမွတ်စေပါတယ်။
(၃) အုန်းဆီနှင့် သကြား
အုန်းဆီခွက်တဝက်နှင့် သကြားတဝက် ရောလိမ်းပါ။ အဆိုပါ နည်းလမ်းသည် မိတ်ကပ်ဖျက်ရာတွင်လည်း အသုံးဝင်ပါတယ်။
(၄) သံလွင်ဆီ၊ ပူစီနံနှင့် သကြား
သံလွင်ဆီ၊ ပူစီနံဆီ ၁၅ စက်နှင့် သကြားရောမွှေ လိမ်းပါ၊ ၁၀ မိနစ်ခန့်အကြာ ရေဆေးချပါ။ အသားအရေ ကြည်လင်ဝင်းပမှုကို ရရှိစေနိုင်ပါတယ်။
(၅) ကွေကာအုပ်မှုန့်နှင့် သကြား၊ ပျားရည်၊ ထောပတ်ဆီ၊ လဘန်ဒါဆီ
အဆိုပါ ပစ္စည်းများရောမွှေကာ ကိုယ်ခန္ဓာပေါ်လိမ်းကျံချေးချွတ်ပါကာ ချေးညော်ကင်းစင်ချောမွတ်စေနိုင်ပါတယ်။
(၆) ဒိန်ချဉ်၊ သံလွင်ဆီ၊ ပျားရည်နှင့် သကြား
အဆိုပါပစ္စည်းများဖြင့် ချေးချွတ်ပါက အသားအရေကြည်လင်၍ ဆဲလ်သေများ ဖယ်ရှားပေးကာ အသားအရေစိုပြေစေပါတယ်။
(၇) ဗနီလာနှင့် သကြား
ဗနီလာ၊ သကြားဖြူ၊ သကြားညို၊ သံလွင်ဆီနှင့် ဗနီလာကိုရောမွှေကာ ကိုယ်ခန္ဓာပေါ်လိမ်ကျံကာ နှိပ်နယ်ပေးပါ။ ၅ မိနစ် – ၁၀ မိနစ်ခန့်အကြာ ရေဆေးချပါက ပျက်ဆီးနေသော အသားအရေမှ နုပျိုစိုဝင်းတင်းရင်းသော အသားအရေအဖြစ်သို့ ပြောင်းလဲတောက်ပသွားပါလိမ့်မယ်။
(၈) နနွင်း
အိမ်ရှိနနွင်းကို သကြား၊ အုန်းဆီနှင့် ရောမွှေလိမ်ကျံ နှိပ်နယ်ပေးပါ။ ပြီးရင်ရေဆေးချပါ။နနွင်းမှ ပါဝင်သောပိုးသေစေနိုင်သောသတ္တိကြောင့် ငယ်ရွယ်နုပျိုသောအသားအရေကို ထိန်းနိုင်ပါလိမ့်မယ်။
(၉) လီမွန်နှင့် သကြား
လီမွန်၊ သကြား၊ ပျားရည်ရောလိမ်းခြင်း အစွမ်းကလည်း အံမခန်းပါ။ လိမ္မော်ရဲ့အစွမ်းကြောင့် အသားအရေကြည်လင်ကာ Vit c ပါဝင်သောကြောင့် ရေဓာတ်ကို ထိန်းထားနိုင်ပါလိမ့်မယ်။ အသားအရေစိုပြေ ချောမွတ်နေပါလိမ့်မယ်။
အဆိုပါ အိမ်တွင်းနည်းလမ်းများကို တပတ်တကြိမ် ပုံမှန်အသုံးပြုပါက ငွေကုန်အချိန်ကုန်သက်သာပြီး ပျက်စီးနေသော သင့်အသားအရေသည် အချိန်တိုအတွင်း အလျင်မြန်ဆုံး ကြည်လင်တင်းရင်းလှပသည်မှာ အသေချာဆုံးပင် ဖြစ်ပါတယ်။
Dr. ပြည့်ရှင်း