သဘာဝဖြစ်တဲ့ပစ္စည်းတွေဟာ ငွေကုန်သက်သာစေတဲ့အပြင် ဓာတ်မတည့်မှုတွေကိုလည်းလျော့ချပေးပါတယ်။ ကရိကထလည်းမများ၊ အလွယ်တကူလည်းပြုလုပ်နိုင်တဲ့ နည်းလမ်းတွေက…
ခရမ်းချဉ်သီး နှစ်လုံး၊ သုံးလုံးလောက်ကိုကြိတ်ပြီး အရည်ညှစ်ချပါ။ ပြီးရင်သံပုရာသီး တစ်စက်၊ နှစ်စက်လောက် ကိုအဲဒီအရည်ထဲကိုထည့်ပြီး မျက်နှာကိုလိမ်းပါ။ ပြီးရင် အခြောက်ခံထားပြီးမိနစ် ၂၀လောက်နေမှ ရေအေးအေး လေးနဲ့ ဆေးကြောသန့်စင်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ်လိမ်းပေးနိုင်ပါတယ်။ ၁၅ ရက်ကနေ ၂၀အတွင်း ဝင်းဝါစို ပြေလာပါလိမ့်မယ်။
ငှက်ပျောသီးနှစ်လုံးကို ကြိတ်ချေပြီး အနှစ်ဖတ်တွေဖြစ်အောင်ပြုလုပ်ပါ။ ဒီနေရာမှာ ငှက်ပျောသီးမှည့်မှည့်လေး ကိုရွေးဖို့တော့လိုအပ်ပါတယ်။ အဲဒီကြိတ်ချေထားတဲ့ ငှက်ပျောသီးထဲကို နွားနို့ (လက်ဖက်ရည်ခွက်ရဲ့ လေးပုံ တစ်ပုံစာ) ရောထည့်ပါ။ သံပုရာရည်နည်းနည်း၊ ဂျုံနှစ်နည်းနည်းထည့်ပါ။ ပျစ်ပျစ်နှစ်နှစ်လေးရပြီဆိုရင် မျက်နှာ ပြင်ရော ခန္ဓာကိုယ်အရေပြားတွေကိုပါ သုတ်လိမ်းပြီး ၁၅မိနစ်လောက်ထားကာ ရေနဲ့သန့်စင်လိုက်ပါ။ ပိုးသား လေးလို နုအိပြီးချောမွတ်တင်းရင်းလာပါလိမ့်မယ်။
ဒီနည်းကနည်းနည်းများ အလုပ်ရှုပ်တယ်လို့ ယူဆသူတွေကတော့ ငှက်ပျောသီးကိုပါးပါးအချပ်လေးတွေ ပြုလုပ် ပြီးမျက်နှာပြင်မှာ ကပ်ပေးနိုင်ပါတယ်။ မိနစ် ၂၀လောက်ထားရင် အရေပြားဆဲလ်ထဲကို ဗီတာမင်တွေစိမ့်ဝင်သွား နိုင်ပါတယ်။ သူကလည်းအသားအရေ ချောမွတ်စေမှုကိုပေးနိုင်ပါတယ်။
လိမ္မော်သီးရဲ့အခွံကို နေပူထဲမှာလှမ်းထားပါ။ လုံးဝခြောက်သွေ့သွားတဲ့အခါ ကြိတ်ပြီးပေါင်ဒါလို အမှုန့်ဖြစ်အောင် ပြုလုပ်ပါ။ ပြီးတဲ့နောက် နို့စိမ်းနဲ့ရောပြီးပျစ်ခဲနေအောင်ဖျော်ပါ။ အဲဒီအရည်ကို အရေပြားကိုလိမ်းပေးပြီး ခြောက် သွေ့သွားတဲ့အခါကျရင် ရေနွေးနွေးလေးနဲ့ဆေးကြောသန့်စင်လိုက်ပါ။ ပျိုမေတို့ရဲ့ အသားအရေကိုဖြူစင်ဝင်း မွတ်စေမှာပါ။
သခွားသီးကို အရည်ဖြစ်သွားအောင် ကြိတ်ချေပြီး စားပွဲတင်ဇွန်းတစ်ဇွန်းစာလောက်ရယူပါ။ ပြီးရင်သံပုရာရည် တစ်စက်နှစ်စက်ရောပါ။ သမအောင်ရောပြီးသွားရင် အဲဒီအရည်ကိုလိမ်းပေးပါ။ နာရီဝက်လောက်ထားပြီး မပူမ အေးရေနွေးနွေးနဲ့ ဆေးကြောသန့်စင်လိုက်ပါ။ အရင်ကထက် အသားအရေပိုပြီး တောက်ပြောင်ရွှန်းလဲ့လာပါ လိမ့်မယ်။
အသားအရေကိုဖြူဝင်းလှပစေတဲ့ သဘာဝပစ္စည်းတစ်မျိုးကတော့ နနွင်းပဲဖြစ်ပါတယ်။ အိပ်ရာမဝင်ခင် တစ်နာရီ လောက်အလိုမှာ နွားနို့နွေးနွေးတစ်ဖန်ခွက်ထဲကို နနွင်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဝက်လောက်ထည့်ပြီး သောက် သုံးပေးပါ။ ချိုမှ သောက်သုံးတတ်တယ်ဆိုရင်တော့ သကြားအနည်းငယ်ထည့် (နည်းလေကောင်းလေပါပဲ) ပြီး သောက်ပါ။ လအနည်းငယ်အတွင်း သိသိသာသာဖြူဝင်းလာပါလိမ့်မယ်။ တစ်ခုသတိထားရမှာက နနွင်းဟာ ကိုယ်တွင်းအပူရှိန်ကို မြင့်မားစေတာမို့ ပူပြင်းတဲ့ရာသီဥတုမျိုးမှာ ဒီနည်းလမ်းကိုအသုံးမပြုစေချင်ပါဘူး။
အပူလောင်ခံထားရတဲ့အသားအရေတွေအတွက်လည်း နနွင်းမှုန့်နဲ့သံပုရာရည်ကိုရောပြီး လိမ်းပေးနိုင်ပါတယ်။
သင်္ဘောသီးမှည့်ကို ကြိတ်ချေပြီးအနှစ်ပျစ်ပျစ်ထုတ်ယူပါ။ ပြီးရင် စားပွဲတင်ဇွန်းနှစ်ဇွန်းရယူကာ ပျားရည်စစ်စစ် စားပွဲတင်ဇွန်းတစ်ဇွန်းတို့ကို ရောပြီးလိမ်းပေးပါ။ မြင်းခွာရွက်ကြိတ်ပြီးထည့်နိုင်ရင် ပိုကောင်းပါတယ်။ မိနစ် ၂၀ လောက်နေမှ ရေနဲ့ပြန်ဆေးချပါ။ နဖူးနဲ့မျက်နှာပေါ်က အရေးအကြောင်းတွေပျောက်ကင်းပြီး တင်းတင်းရင်းရင်း နဲ့လှပစိုပြေတဲ့ အသားအရေကိုပိုင်ဆိုင်နိုင်မှာပါ။
အသားညိုသူတွေဟာ ဖြူချင်တာတစ်ခုကိုပဲသိပြီး အသားဖြူစေတယ်လို့ကြော်ငြာတဲ့ အလှကုန်မှန်သမျှဝယ်ယူ အသုံးပြုတတ်ပါတယ်။ ဒီအချက်ကိုသတိထားပြီး ရှောင်ကြဉ်ပါ။ Whiting Product များမှာသတိထားသင့်တဲ့အ ချက်တွေရှိပါတယ်။ ပျိုမေတို့အနေနဲ့ မဝယ်ခင်မှာ မိမိရဲ့အသားအရေအမျိုးအစားကိုသိထား ဖို့တော့လိုပါတယ်။ ဒါမှသာအဆီပြန်တဲ့ အသားအရေမျိုးအတွက် ထုတ်လုပ်တဲ့အသားဖြူပစ္စည်း၊ ခြောက်သွေ့တဲ့အသားအရေအ တွက်ထုတ်လုပ်တဲ့ပစ္စည်းဆိုပြီး ခွဲခြားဝယ်ယူနိုင်မှာဖြစ်ပါတယ်။
နောက်တစ်ခုက အစားအသောက်ပါပူစပ်တဲ့ အစားအစာတွေ၊ ဆီကြော်အစားအစာတွေနဲ့ အဆီများတဲ့အစားအ စာတွေကိုလည်း မစားပါနဲ့။ ဒီအစားအစာတွေဟာ အရေပြားပေါ်ကရေဓာတ်ခြောက်ခမ်းမှုကို ဖြစ်ပေါ်စေပြီးအ ရေပြားကို ခြောက်သွေ့မည်းကွက်လာစေပါတယ်။ ရေများများသောက်ပါ။
ကာယအလှလေ့ကျင့်ခန်းကို နေ့စဉ်မှန်မှန်ပြုလုပ်ပေးခြင်းအားဖြင့် သွေးလေလည်ပတ်မှုကောင်းမွန်စေပြီးအသုံး ပြုမယ့် အသားဖြူစေနိုင်တဲ့ ပစ္စည်းတွေကိုအသားထဲကို ပိုမိုမြန်ဆန်စွာစိမ့်ဝင်နိုင်ပါတယ်။ မျက်နှာပြင်နဲ့ ခန္ဓာ ကိုယ်အသားအရေဖြူစင်ပြီး ကြည်လင်လာအောင်ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သိလောက်ပြီလို့ထင်ပါ တယ်။ ဒီနည်းလမ်းဟာ ပျိုမေတို့အတွက်တင်မက အမျိုးသားတွေလည်း ပြုလုပ်နိုင်တယ်ဆိုတာသိစေချင်ပါ တယ်။ သဘာဝကပေးတဲ့အလှလက်ဆောင်နဲ့ ဖြူစင်တင့်တယ် လှပနိုင်ကြပါစေ။
Author – အာကာကျော် (Vol -7/ No-40) Healthcare Journal