(၁) နနွင်းမျက်နှာဖုံးနှင့် ဝက်ခြံအရေပြားတွန့်ရှုံ့ခြင်း၊ ဦးရေပြားနှင့်အသားမည်းခြင်းကုသမှု
ဝက်ခြံ၊ အရေပြားတွန့်ရှုံ့ခြင်း၊ အရေပြားအနာဖေးများ၊ အသားမည်း၊ အသားနေလောင်ခြင်းများက အိမ်မက် ခြောက်တွေမက်စေတယ်။ ယင်းပြဿနာတွေကဖျက်ဖို့ မျက်နှာနဲ့အသားအရေလှဖို့ အရေပြားမထိခိုက်ဖို့လုပ် ဆောင်ကြရတယ်။ အလှကုန်ပစ္စည်းတွေနဲ့ အသားမည်းခြင်း၊ နေလောင်ခြင်းနဲ့ အရေပြားတွန့်ရှုံ့ခြင်းစတာတွေ ကို နနွင်းမျက်နှာဖုံးလိုတပ်ပြီး ဖုံးကွယ်ခြယ်သပေးကြတယ်။
(၂) မျက်နှာဝက်ခြံနဲ့ အရေပြားအလှအပအတွက်နနွင်းမျက်နှာဖုံးဘယ်လိုလုပ်
ဝက်ခြံပေါက်တာဟာ အမေရိကန်လူမျိုး သန်း ၅၀ကျော်ခံစားရတဲ့ အရေပြားပြဿနာဖြစ်တယ်လို့ အမေရိကန် အရေပြား၊ အကယ်ဒမီကဆိုတယ်။ နာတာရှည်ဝက်ခြံရောင်ရမ်းမှုမှာ မျက်နှာ၊ လည်ပင်း၊ ပါး၊ နောက်ကျောပြင်၊ လက်မောင်းနဲ့လက်များမှာ တွေ့ရတတ်ပါတယ်။ အချို့မှာ မျိုးရိုးနဲ့သက်ဆိုင်နေတယ်။
(၃) ဦးရေပြားဝက်ခြံမရှိစေဖို့ (How to Get rid of Acne on Scalp)
ဦးရေပြားဝက်ခြံဟာ မျက်နှာ၊ ခန္ဓာကိုယ်အခြားအစိတ်အပိုင်းက ဝက်ခြံများလို ဖြစ်ပေါ်တတ်ပါတယ်။ ယင်းဝက် ခြံကြောင့်လူငယ်ရော၊ လူကြီးတွေပါစိတ်အနှောင့်အယှက်တွေ့ရပါတယ်။ ဆံပင်ပေါက်တဲ့ ဦးရေပြားကနေ အဆီ ထွက်တဲ့နေရာမှာ ဝက်ခြံမဖြစ်ဘဲ၊ ပိတ်နေတဲ့နေရာမှာဝက်ခြံဖြစ်တယ်။ လက်မသန့်ရှင်းတဲ့ ပစ္စည်းနဲ့ညှစ်ယူ၊ ဖိယူ မယ်ဆိုရင် ယင်းလက်များမှ ဘက်တီးရီးယားကဝင်ရောက်ကာ နာကျင်မှုဖြစ်စေတယ်။
(၄) ဝက်ခြံပုန်းနဲ့ ပတ်သက်တဲ့အမှန်သိ
ဝက်ခြံပုန်းဟာ မျက်နှာမှာဖြစ်ရင်အခံရခက်ဆုံးဖြစ်တယ်။ ဝက်ခြံပုန်းဟာ ပျော့အိပြီး အရည်အချို့နဲ့ပြည့်နေကာ အကျိတ်ငယ်လေးအဖြစ် အရေပြားပေါ်မှာရှိနေတယ်။ ဝက်ခြံပုန်းပေါက်သွားရင် နာကျင်မှု၊ အရေပြားပျက်စီးမှု၊ အရေပြားအမာရွတ်ထင်ကျန်မှုတို့ ကြုံရနိုင်ပါတယ်။ ဝက်ခြံတိုင်း ဂရုစိုက်ဖို့လိုပါတယ်။
(၅) မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ဝက်ခြံ
ဝက်ခြံဟာ အရေပြားပြဿနာ Acne Vulgaris ရောဂါဖြစ်တယ်။ ကြီးကောင်ဝင်စအရွယ်နဲ့ ငယ်ရွယ်သူများလူ ငယ်တွေမှာပိုပြီး တွေ့ရတတ်တယ်။ အမေရိကန်ပြည်ထောင်စုလူငယ် ၁၇သန်းမှာပိုပြီးတွေ့ရတတ်တယ်။ အမေရိ ကန်ပြည်ထောင်စုလူငယ် ၁၇သန်းမှာသူတို့ဘဝရဲ့ အချိန်တစ်ခုခုမှာ ဝက်ခြံပေါက်ဖူးကြတယ်။ အချို့မီးဖိုချောင် သုံးအသီးအနှံ၊ အဆီ၊ အခွံတွေနဲ့ ဝက်ခြံမထွက်အောင် ကြိုတင်ကာကွယ်ထားကြတယ်။ ဥပမာ သခွားသီးလှီးပြီး ယင်းအစေးနဲ့ပေါင်းတင်ခြင်း၊ ဟင်းသီးဟင်းရွက်များများစားခြင်း၊ ဝမ်းချုပ်မခံခြင်း၊ အချဉ်စားပေးခြင်းတို့က ဝက် ခြံမှုကာကွယ်နိုင်ပါတယ်။
(၆) ဝက်ခြံအယူအဆများ
ဝက်ခြံဟာ အရေပြားမှာတွေ့မြင်နေကျဖြစ်ပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဆယ်ကျော်သက်တွေမှာ ဟော်မုန်းပြောင်းလဲမှုနှင့်အတူ ဝက်ခြံဖြစ်လာတယ်။ အိပ်ရေးပျက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ မပျော်ရွှင်တဲ့ဘဝ၊ အသားစားများခြင်း၊ ဟင်းသီးဟင်းရွက်အစားနည်းခြင်းတို့က ဝက်ခြံဖြစ်စေတယ်။ ဒါတွေရှိနေရင် မျက်နှာ၊ ရင် ဘတ်စတဲ့အရေပြားတွေမှာ ဝက်ခြံပေါက်လိမ့်မယ်။
Author – ဒေါက်တာလွင်သန့် (Vol-7 / No-16) Healthcare Journal